[Zawgyi]

ပရီးမီးယားလိဂ္ ပဲြစဥ္ (၁၂)အၿပီး ေျပးအားအေကာင္းဆုံး ကစားသမားမ်ား

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြကေတာ့ ၿပိဳင္ပဲြကာလ (၃)ပုံ (၁)ပုံနီးပါးကုိ ေရာက္ရွိလာပါၿပီ။ ပဲြစဥ္ (၁၂)ကစားၿပီးခ်ိန္မွာ ပ်မ္းမွ်ေျပးအားအေကာင္းဆုံးျဖစ္ေနတဲ့ ကစားသမား (၁၀)ဦးကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ရပါတယ္ . . .

10 Mohamed Diame – Newcastle – 131.14km

Mohamed-Diame-

Mohamed-Diame-

နယူးကာဆယ္အသင္းရဲ႕ ၀က္စ္ဟမ္းကြင္းလယ္လူေဟာင္း မုိဟာမတ္ဒီယာမီ Mohamed Diame က အခုစာရင္းမွာ အဆင့္(၁၀)ေနရာ ရရွိခဲ့တယ္။ ဒီယာမီရဲ႕ ေျပးအားက စုစုေပါင္း (၁၃၁.၁၂)ကီလုိမီတာ (၈၁မုိင္)အထိ ရွိတာေၾကာင့္ ေျပးအားအေကာင္းဆုံး ကစားသမားစာရင္းထဲမွာ ပါ၀င္ခြင့္ရရွိခဲ့တာပါ။

9 Granit Xhaka – Arsenal – 131.59km

Granit-Xhaka

Granit-Xhaka

ဒီရာသီ နည္းျပသစ္ အူႏုိင္းအမ္မရီ Unai Emery လက္ထက္မွာ ပုံစံေကာင္းျပသေနတဲ့ ကြင္းလယ္လူ ခ်ာကာ Granit Xhaka ဟာ ေျပးအားေကာင္းတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး ပဲြစဥ္(၁၂)အၿပီးအထိ (၁၃၁.၅၉)ကီလုိမီတာ ေျပးခဲ့ပါတယ္။

8 Wilfred Ndidi – Leicester City – 131.71km

Wilfred-Ndidi

Wilfred-Ndidi

ကြန္ေတ N’Golo Kante ရဲ႕ေနရာမွာ အစားထုိးဖုိ႔အတြက္ အန္ဒီဒီ Wilfred Ndidi ကုိ ေခၚယူခဲ့တာျဖစ္ပါတယ္။ အသက္(၂၁)ႏွစ္အရြယ္သာ ရွိေသးတဲ့ အန္ဒီဒီဟာ ကြန္ေတရဲ႕ေျခရာကုိ လုိက္နင္းမယ့္ကစားသမားလုိ႔ပဲ ေျပာရမွာပါ။

7 Philip Billing – Huddersfield – 136.56km

Philip-Billing

Philip-Billing

ဟတ္ဒါဖီးလ္အသင္းဟာ ဒီရာသီမွာ ရလဒ္ေတြ ဆုိးရြားေနေပမယ့္ သူတို႔ရဲ႕ ကြင္းလယ္လူ ဖိလစ္ဘီလ္လင္း Philip Billing ကေတာ့ အသင္းအတြက္ အေကာင္းဆုံး ေျခစြမ္းျပကစားေနသူျဖစ္ပါတယ္။ သူ႔ရဲ႕ ေျပးအားက (၁၃၆.၅၆)ကီလုိမီတာအထိ ရွိေနတာက အံ့အားသင့္စရာပါ။

6 Marcos Alonso – Chelsea – 137.32km

Marcos-Alonso

Marcos-Alonso

ခ်ယ္လ္ဆီး တိုက္စစ္ ဘယ္ဘက္ျခမ္းမွာ ဟာဇက္ Hazard နဲ႔ တဲြဖက္ၿပီး ေျခစြမ္းျပေနသူက မားကုိ႔စ္အလြန္ဆုိ Marcos Alonso ျဖစ္ပါတယ္။ ခံစစ္နဲ႔ တိုက္စစ္ကုိ ဟန္ခ်က္ညီေအာင္ အတက္အဆင္း လုပ္ႏုိင္သူျဖစ္ၿပီး သူ႔ရဲ႕ေျပးအားနဲ႔ပတ္သက္လုိ႔ ပရိသတ္ေတြကုိ အထူးေျပာစရာလုိမယ္ မထင္ပါဘူး။

5 Abdoulaye Doucoure – Watford – 137.33km

Abdoulaye-Doucoure-

Abdoulaye-Doucoure-

၀က္ဖုိ႔ဒ္အသင္းနည္းျပ ဟာဗီဂါစီယာ Javi Gracia ရဲ႕ ဒီရာသီ စီမံကိန္းေတြထဲမွာ ဒုိကုိေယ Abdoulaye Doucoure က အဓိကေနရာမွာ ပါ၀င္ေနတယ္။ ဒုိကုိေယဟာ ခႏၶာကုိယ္ ႀကံ့ခုိင္႐ုံသာမကဘဲ ေျပးအား၊ တိုးအားလည္း ေကာင္းမြန္သူတစ္ဦးပါ။

4 Jorginho – Chelsea – 137.43km

Jorginho

Jorginho

ဒီစာရငး္မွာ ေယာ္ဂ်င္ဟုိ Jorginho အဆင့္(၄)ေနရာရခဲ့တာက နည္းနည္း အံ့အားသင့္စရာေကာင္တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ခ်ယ္လ္ဆီးအသင္းရဲ႕ ပဲြစဥ္ေတြမွာ ေယာ္ဂင္ဟုိဟာ ၿပိဳင္ဘက္ကြင္းဘက္ျခမ္းမွာ ေျပးလႊားကစားတာကုိ သိပ္မေတြ႕ရလုိ႔ပါပဲ။ ဒါေပမဲ့ ေယာ္ဂ်င္ဟုိရဲ႕ တစ္ပဲြပ်မ္းမွ် ေျပးအားက (၈၅)မိုင္အထိ ရွိခဲ့တာေၾကာင့္ ထိပ္ဆုံး(၄)ဦးအတြင္းမွာ ပါ၀င္ခဲ့တာျဖစ္ပါတယ္။

3 Ruben Neves – Wolves – 138.63km

Ruben-Neves

Ruben-Neves

၀ုလ္ဗ္အသင္းမွာ ထင္ထင္ရွားရွားႀကီးကုိ ေျခစြမ္းျပ ကစားေနသူက ေပၚတူဂီလူငယ္ကစားသမား ႐ူဘင္နီးဗတ္စ္ Ruben Neves ပဲျဖစ္ပါတယ္။ အဆုတ္(၃)ခုနဲ႔ ကစားသမားလုိ႔ တင္စားရေလာက္ေအာင္ သူ႔ရဲ႕ ေျပးအားက ေၾကာက္ခမန္းလိလိပါ။

2 Luka Milivojevic – Crystal Palace – 140.69km

Luka-Milivojevic

Luka-Milivojevic

အသင္းေခါင္းေဆာင္ေကာင္း ပီသစြာနဲ႔ ပဲေလ့စ္အသင္း ကြင္းလယ္ကုိ ဦးေဆာင္ေနၿပီး ပယ္နယ္တီ ကန္သြင္းတဲ့ေနရာမွာလည္း တိက်ေသသပ္သူပါ။ ဒီရာသီ ပရီးမီးယားလိဂ္မွာ ပဲေလ့စ္အသင္း ဆက္လက္ရပ္တည္ဖုိ႔ႏုိင္အတြက္ မီလီဗုိယီဗစ္ Luka Milivojevic ရဲ႕ ေျခစြမ္းက အဓိကေနရာကေန ပါ၀င္ေနတာျဖစ္ပါတယ္။

1 N’Golo Kante – Chelsea – 141.87km

N’Golo-Kante

N’Golo-Kante

ေျပးအားအေကာင္းဆုံး ကစားသမားဘြဲ႕ကုိေတာ့ ခ်ယ္လ္ဆီးကြင္းလယ္လူ ကြန္ေတ N’Golo Kante က အျငင္းပြားဖြယ္မရွိ ပုိင္ဆုိင္ထားတယ္။ ပဲြစဥ္ (၁၂)အၿပီး သူ႔ရဲ႕ေျပးအားက ပ်မ္းမွ် (၈၈)မုိင္အထိရွိၿပီး ဒါဟာ လန္ဒန္ကေန ဘ႐ုိက္တန္ၿမိဳ႕ကုိ အသြားအျပန္အကြာအေ၀းေလာက္ရွိပါတယ္။

REF:dreamteamfc
Photo:The Northern Echo,These Football Times,dreamteamfc
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ် ပွဲစဉ် (၁၂)အပြီး ပြေးအားအကောင်းဆုံး ကစားသမားများ

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ပြိုင်ပွဲကာလ (၃)ပုံ (၁)ပုံနီးပါးကို ရောက်ရှိလာပါပြီ။ ပွဲစဉ် (၁၂)ကစားပြီးချိန်မှာ ပျမ်းမျှပြေးအားအကောင်းဆုံးဖြစ်နေတဲ့ ကစားသမား (၁၀)ဦးကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ရပါတယ် . . .

10 Mohamed Diame – Newcastle – 131.14km

Mohamed-Diame-

Mohamed-Diame-

နယူးကာဆယ်အသင်းရဲ့ ဝက်စ်ဟမ်းကွင်းလယ်လူဟောင်း မိုဟာမတ်ဒီယာမီ Mohamed Diame က အခုစာရင်းမှာ အဆင့်(၁၀)နေရာ ရရှိခဲ့တယ်။ ဒီယာမီရဲ့ ပြေးအားက စုစုပေါင်း (၁၃၁.၁၂)ကီလိုမီတာ (၈၁မိုင်)အထိ ရှိတာကြောင့် ပြေးအားအကောင်းဆုံး ကစားသမားစာရင်းထဲမှာ ပါဝင်ခွင့်ရရှိခဲ့တာပါ။

9 Granit Xhaka – Arsenal – 131.59km

Granit-Xhaka

Granit-Xhaka

ဒီရာသီ နည်းပြသစ် အူနိုင်းအမ်မရီ Unai Emery လက်ထက်မှာ ပုံစံကောင်းပြသနေတဲ့ ကွင်းလယ်လူ ချာကာ Granit Xhaka ဟာ ပြေးအားကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပွဲစဉ်(၁၂)အပြီးအထိ (၁၃၁.၅၉)ကီလိုမီတာ ပြေးခဲ့ပါတယ်။

8 Wilfred Ndidi – Leicester City – 131.71km

Wilfred-Ndidi

Wilfred-Ndidi

ကွန်တေ N’Golo Kante ရဲ့နေရာမှာ အစားထိုးဖို့အတွက် အန်ဒီဒီ Wilfred Ndidi ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အသက်(၂၁)နှစ်အရွယ်သာ ရှိသေးတဲ့ အန်ဒီဒီဟာ ကွန်တေရဲ့ခြေရာကို လိုက်နင်းမယ့်ကစားသမားလို့ပဲ ပြောရမှာပါ။

7 Philip Billing – Huddersfield – 136.56km

Philip-Billing

Philip-Billing

ဟတ်ဒါဖီးလ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပေမယ့် သူတို့ရဲ့ ကွင်းလယ်လူ ဖိလစ်ဘီလ်လင်း Philip Billing ကတော့ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။ သူ့ရဲ့ ပြေးအားက (၁၃၆.၅၆)ကီလိုမီတာအထိ ရှိနေတာက အံ့အားသင့်စရာပါ။

6 Marcos Alonso – Chelsea – 137.32km

Marcos-Alonso

Marcos-Alonso

ချယ်လ်ဆီး တိုက်စစ် ဘယ်ဘက်ခြမ်းမှာ ဟာဇက် Hazard နဲ့ တွဲဖက်ပြီး ခြေစွမ်းပြနေသူက မားကို့စ်အလွန်ဆို Marcos Alonso ဖြစ်ပါတယ်။ ခံစစ်နဲ့ တိုက်စစ်ကို ဟန်ချက်ညီအောင် အတက်အဆင်း လုပ်နိုင်သူဖြစ်ပြီး သူ့ရဲ့ပြေးအားနဲ့ပတ်သက်လို့ ပရိသတ်တွေကို အထူးပြောစရာလိုမယ် မထင်ပါဘူး။

5 Abdoulaye Doucoure – Watford – 137.33km

Abdoulaye-Doucoure-

Abdoulaye-Doucoure-

ဝက်ဖို့ဒ်အသင်းနည်းပြ ဟာဗီဂါစီယာ Javi Gracia ရဲ့ ဒီရာသီ စီမံကိန်းတွေထဲမှာ ဒိုကိုယေ Abdoulaye Doucoure က အဓိကနေရာမှာ ပါဝင်နေတယ်။ ဒိုကိုယေဟာ ခန္ဓာကိုယ် ကြံ့ခိုင်ရုံသာမကဘဲ ပြေးအား၊ တိုးအားလည်း ကောင်းမွန်သူတစ်ဦးပါ။

4 Jorginho – Chelsea – 137.43km

Jorginho

Jorginho

ဒီစာရင်းမှာ ယော်ဂျင်ဟို Jorginho အဆင့်(၄)နေရာရခဲ့တာက နည်းနည်း အံ့အားသင့်စရာကောင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်တွေမှာ ယော်ဂင်ဟိုဟာ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ပြေးလွှားကစားတာကို သိပ်မတွေ့ရလို့ပါပဲ။ ဒါပေမဲ့ ယော်ဂျင်ဟိုရဲ့ တစ်ပွဲပျမ်းမျှ ပြေးအားက (၈၅)မိုင်အထိ ရှိခဲ့တာကြောင့် ထိပ်ဆုံး(၄)ဦးအတွင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

3 Ruben Neves – Wolves – 138.63km

Ruben-Neves

Ruben-Neves

ဝုလ်ဗ်အသင်းမှာ ထင်ထင်ရှားရှားကြီးကို ခြေစွမ်းပြ ကစားနေသူက ပေါ်တူဂီလူငယ်ကစားသမား ရူဘင်နီးဗတ်စ် Ruben Neves ပဲဖြစ်ပါတယ်။ အဆုတ်(၃)ခုနဲ့ ကစားသမားလို့ တင်စားရလောက်အောင် သူ့ရဲ့ ပြေးအားက ကြောက်ခမန်းလိလိပါ။

2 Luka Milivojevic – Crystal Palace – 140.69km

Luka-Milivojevic

Luka-Milivojevic

အသင်းခေါင်းဆောင်ကောင်း ပီသစွာနဲ့ ပဲလေ့စ်အသင်း ကွင်းလယ်ကို ဦးဆောင်နေပြီး ပယ်နယ်တီ ကန်သွင်းတဲ့နေရာမှာလည်း တိကျသေသပ်သူပါ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပဲလေ့စ်အသင်း ဆက်လက်ရပ်တည်ဖို့နိုင်အတွက် မီလီဗိုယီဗစ် Luka Milivojevic ရဲ့ ခြေစွမ်းက အဓိကနေရာကနေ ပါဝင်နေတာဖြစ်ပါတယ်။

1 N’Golo Kante – Chelsea – 141.87km

N’Golo-Kante

N’Golo-Kante

ပြေးအားအကောင်းဆုံး ကစားသမားဘွဲ့ကိုတော့ ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေ N’Golo Kante က အငြင်းပွားဖွယ်မရှိ ပိုင်ဆိုင်ထားတယ်။ ပွဲစဉ် (၁၂)အပြီး သူ့ရဲ့ပြေးအားက ပျမ်းမျှ (၈၈)မိုင်အထိရှိပြီး ဒါဟာ လန်ဒန်ကနေ ဘရိုက်တန်မြို့ကို အသွားအပြန်အကွာအဝေးလောက်ရှိပါတယ်။

REF:dreamteamfc
Photo:The Northern Echo,These Football Times,dreamteamfc
Naing Linn(Akhayar)
www.akhayar.com