အနီကတ္ မထိဖူးတဲ့ ကစားသမား (သုိ႔) အသန္႔ရွင္းဆုံး ကစားသမား (၇) ဦး

which-players-have-never-been-sent-off
which-players-have-never-been-sent-off

[Zawgyi]

အနီကတ္ မထိဖူးတဲ့ ကစားသမား (သုိ႔) အသန္႔ရွင္းဆုံး ကစားသမား (၇) ဦး

လူတုိင္းဟာ အမွားမကင္းၾကပါဘူး။ အထူးသျဖင့္ ခြန္အားကုိ အသုံးျပဳၿပီး ကစားရတဲ့ ေဘာလုံးကြင္းထဲမွာေတာ့ မရည္ရြယ္ဘဲနဲ႔လည္း အမွားဆုိတာ ျဖစ္တတ္ပါတယ္။ ကုိယ့္ဘက္က အမွားမက်ဴးလြန္းေပမယ့္လည္း ကြင္းလယ္ဒုိင္ရဲ႕ဆုံးျဖတ္ခ်က္ အမွားေၾကာင့္လည္း ထုတ္ပယ္ခံရတာမ်ိဳး ရွိတတ္ပါတယ္။ အခုေဖာ္ျပမယ့္ ေဘာလုံးသမားေတြက ဘယ္ေတာ့မွ အထုတ္ပယ္မခံရဘူးတဲ့ ေဘာလုံးသမားေတြပဲျဖစ္ပါတယ္။

(၁) ရာအူးလ္ ဂြန္ဇာလက္ (Raúl González)

စပိန္လက္ေရြးစင္ ဂႏၱဝင္တုိက္စစ္မွဴးေဟာင္းႀကီး အူးလ္ ဂြန္ဇာလက္ (Raúl González) ဟာ ရီးရဲလ္မက္ဒရစ္ (Real Madrid) ၊ ေရွာ္ေကး (Schalke) ၊ အယ္ဆက္ (Al Sadd SC) နဲ႔ နယူးေယာက္ေကာ့စ္မုိ႔စ္ (New York Cosmos) အသင္းေတြမွာ ျဖတ္သန္းရင္း (၂၁) ႏွစ္ေက်ာ္ၾကာ ေဘာလုံးကစားခဲ့ေပမယ့္ ဘယ္ေတာ့မွ ထုတ္ပယ္မခံရပါဘူး။ အနီကတ္ဆုိတာ သူမျမင္ဖူးတဲ့အရာပါ။

ရာအူးလ္ ဂြန္ဇာလက္ (Raúl González)
ရာအူးလ္ ဂြန္ဇာလက္ (Raúl González)

(၂) အမ္ဒရီ အင္နီေယစတာ (Andrés Iniesta)

ဘာစီလုိနာ အသင္းေခါင္းေဆာင္ အမ္ဒရီ အင္နီေယစတာ (Andrés Iniesta) ကလည္း အခုခ်ိန္ထိ အနီကတ္မထိေသးတဲ့သူပါ။ ဘာစီလုိနာအသင္းႀကီးနဲ႔ စပိန္လက္ေရြးစင္အသင္းအတြက္ (၁၅) ႏွစ္ေက်ာ္ၾကာေအာင္ ကစားေနေပမယ့္ အခုခ်ိန္ထိ အထုတ္မခံရေသးပါဘူး။ သူဟာ ကစားသမားဘဝမွ အနားမယူေသးတဲ့အတြက္ အနီကတ္ထိသြားခဲ့ရင္ ဒီစာရင္းမွာ ပါမွာမဟုတ္ပါဘူး။

အမ္ဒရီ အင္နီေယစတာ (Andrés Iniesta)
အမ္ဒရီ အင္နီေယစတာ (Andrés Iniesta)

(၃) ကာရင္ ဘန္ဇီမာ (Karim Benzema)

တုိက္စစ္မွဴး ကာရင္ ဘန္ဇီမာ (Karim Benzema) ဟာ ျပင္သစ္လက္ေရြးစင္အသင္းမွာေရာ လက္ရွိ ရီးရဲလ္မက္ဒရစ္အသင္းမွာပါ အနီကတ္ မထိဖူးေသးပါဘူး။ ဒါေၾကာင့္ ဒီစာရင္းထဲမွာ ပါေနတာျဖစ္ပါတယ္။ ကစားသမားဘဝမွ အနားမယူေသးတဲ့အတြက္ အနီကတ္ထိ၊ မထိဆုိတာ မေသခ်ာေသးပါဘူး။

ကာရင္ ဘန္ဇီမာ (Karim Benzema)
ကာရင္ ဘန္ဇီမာ (Karim Benzema)

(၄) ဒါမီယန္ ဒပ္ဖ္ (Damien Duff)

အုိင္းရစ္နည္းျပ ဒါမီယန္ ဒပ္ဖ္ (Damien Duff) ဟာ ဘလက္ဘန္း၊ ခ်ဲလ္ဆီး၊ နယူးကာဆယ္နဲ႔ ဖူဟမ္အသင္းေတြနဲ႔ အုိင္ယာလန္လက္ေရြးစင္မွာ (၁၉) ႏွစ္တာ က်င္လည္ခဲ့ေပမယ့္ အနီကတ္တစ္ခါမွ မထိဖူးပါဘူး။ ၿပိဳင္ဘက္ေတြကုိ သန္႔သန္႔ရွင္းရွင္း ကစားတတ္ဖုိ႔ ခ်ီးက်ဴးစရာ ေကာင္းတဲ့သူပါ။

ဒါမီယန္ ဒပ္ဖ္ (Damien Duff)
ဒါမီယန္ ဒပ္ဖ္ (Damien Duff)

(၅) မီရွယ္ ပလာတီနီ (Michel Platini)

ကမၻာ့အေကာင္းဆုံးေဘာလုံးသမား (Ballon d’Or) ဆုကုိ ၃ႏွစ္ဆက္တုိက္ ရရွိဖူးတဲ့ ျပင္သစ္ကြင္းလယ္သမားေဟာင္း မီရွယ္ ပလာတီနီ (Michel Platini) ဟာ တစ္ခါမွ အနီကတ္မထိဖူးပါဘူး။ ျပင္သစ္လက္ေရြးစင္အသင္းအျပင္ နန္စီ (Nancy) ၊ စိန္႔အီတင္း (AS Saint-Étienne) နဲ႔ ဂ်ဴဗင္တပ္အသင္းေတြမွာ (၁၅) ႏွစ္တာ ကစားခဲ့ေပမယ့္ တစ္ခါမွ ထုတ္ပယ္မခံရတာျဖစ္ပါတယ္။

မီရွယ္ ပလာတီနီ (Michel Platini)
မီရွယ္ ပလာတီနီ (Michel Platini)

(၆) ဂယ္ရီ လုိင္ကာ (Gary Lineker)

အဂၤလန္လက္ေရြးစင္တုိက္စစ္မွဴးေဟာင္းႀကီး ဂယ္ရီ လုိင္ကာ (Gary Lineker) လည္း အနီကတ္မထိဖူးေသးပါဘူး။ လက္ေရြးစင္အသင္းအျပင္ လက္စတာ၊ အဲဗာတန္၊ ဘာစီလုိနာနဲ႔ စပါးအသင္းေတြမွာ (၁၆) ႏွစ္တာ ကစားခဲ့ေပမယ့္ တစ္ခါမွ ထုတ္ပယ္မခံရဖူးတဲ့သူပါ။

ဂယ္ရီ လုိင္ကာ (Gary Lineker)
ဂယ္ရီ လုိင္ကာ (Gary Lineker)

(၇) ဖိလစ္ လမ္း (Philipp Lahm)

ဂ်ာမဏီအသင္းရဲ႕ ဂႏၱဝင္ေနာက္ခံလူႀကီး ဖိလစ္ လမ္း (Philipp Lahm) ဟာ အနီကတ္မထိဖူးတဲ့သူပါ။ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔ စတုဂတ္အသင္းေတြမွာ (၁၆) ႏွစ္ေက်ာ္ၾကာေအာင္ ကစားခဲ့ေပမယ့္ ဘယ္ေတာ့မွ အထုတ္ပယ္မခံရဖူးပါဘူး။ အသန္႔ရွင္းဆုံး ကစားသမားအေနနဲ႔ အသင္းအတြက္ စြမ္းေဆာင္ရင္း ၂ဝ၁၇ခုႏွစ္ မတ္လ (၂ဝ) ရက္ေန႔မွာ အနားယူခဲ့ပါတယ္။

ဖိလစ္ လမ္း (Philipp Lahm)
ဖိလစ္ လမ္း (Philipp Lahm)

အခုေဖာ္ျပခဲ့တဲ့ ကစားသမားေတြက အနီကတ္မထိဖူးေသးတဲ့ နာမည္ေက်ာ္ကစားသမားေတြပါပဲ။ ေပၚတူဂီနဲ႔ မုိနာကုိ ကြင္းလယ္သမား ေမာ္တင္ဟို (Moutinho) ၊ အီတလီနဲ႔ ဂ်ဴဗင္တပ္ ဂႏၱဝင္ေနာက္ခံလူ ဂယ္တာႏုိ ဆုိင္ရီးယား (Gaetano Scirea) ၊ ဂ်ာမဏီနဲ႔ ဝါဒါဘရီမင္ ေနာက္ခံလူေဟာင္း မာကုိ ဘုိဒီ (Marco Bode) နဲ႔ ျပင္သစ္ေနာက္ခံလူေဟာင္း မက္ဇုိင္း ေဘာ့စစ္ (Maxime Bossis) တုိ႔လည္း တစ္ခါမွ အနီကတ္မထိဖူးပါဘူး။

မုိနာကုိ ကြင္းလယ္သမား ေမာ္တင္ဟို (Moutinho)
မုိနာကုိ ကြင္းလယ္သမား ေမာ္တင္ဟို (Moutinho)

ကုိလံဘီယာ ေနာက္ခံလူေဟာင္း ဂီရာဒုိ ဘီဒုိရာ (Gerardo Bedoya) ဟာ အနီကတ္ (၄၆) ကတ္ ၊ ျပင္သစ္ကြင္းလယ္လူေဟာင္း ဆုိင္းရီရူးလ္ (Cyril Rool) ဟာ  အနီကတ္ (၂၇) ကတ္ နဲ႔ နာမည္ေက်ာ္ ေနာက္ခံလူ ဆာဂ်ီယုိ ရာမုိ႔စ္ (Sergio Ramos) ကေတာ့ အနီကတ္ (၂၃) ကတ္နဲ႔ အၾကမ္းတမ္းဆုံးကစားသမားေတြအျဖစ္ ရပ္တည္ေနပါတယ္။

အနီကတ္ ၂၃) ႀကိမ္ ထိဖူးတဲ့ ဆာဂ်ီယုိ ရာမုိ႔စ္ (Sergio Ramos)
အနီကတ္ ၂၃) ႀကိမ္ ထိဖူးတဲ့ ဆာဂ်ီယုိ ရာမုိ႔စ္ (Sergio Ramos)

ေဝးလ္အသင္းရဲ႕ ဂႏၱဝင္ကြင္းလယ္ကစားသမား ရုိင္ယန္ ဂစ္ (Ryan Giggs) ဟာ မန္ယူအသင္းမွာ (၂၄) ႏွစ္ၾကာ ကစားခဲ့ၿပီး တစ္ခါမွ အနီကတ္ မထိဖူးေပမယ့္ ၂ဝဝ၁ခုႏွစ္မွာ ႏုိင္ငံလက္ေရြးစင္အသင္းအတြက္ ေနာ္ေဝးအသင္းနဲ႔ ရင္ဆုိင္တဲ့ ကမၻာ့ဖလားေျခစစ္ပြဲမွာ ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံရဖူးပါတယ္။

ရုိင္ယန္ ဂစ္ (Ryan Giggs)
ရုိင္ယန္ ဂစ္ (Ryan Giggs)

ကမၻာ့အေကာင္းဆုံးေဘာလုံးသမားဆုကုိ (၅) ႀကိမ္အထိ ရရွိထားတဲ့ အာဂ်င္တီးနားႏုိင္ငံသား လီယြန္နယ္ မက္ဆီ (Lionel Messi) ဟာ ဘာစီလုိနာအသင္းမွာ တစ္ခါမွ အနီကတ္မထိဖူးပါဘူး။ အႏုိင္ရလုိစိတ္ ျပင္းထန္ေပမယ့္ ၿပိဳင္ဘက္ေတြအေပၚ သန္႔သန္႔ရွင္းရွင္း ကစားတတ္တာျဖစ္ပါတယ္။ ဒါေပမယ့္ ကလပ္အသင္းမွာ ေအာင္ျမင္မႈျမင့္မားသေလာက္ မက္ဆီဟာ အာဂ်င္တီးနားလက္ေရြးစင္အသင္းမွာ ကံမေကာင္းတတ္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ၂ဝဝ၅ခုႏွစ္ ၾသဂုတ္လ (၁၇) ရက္ေန႔မွာ ဟန္ေဂရီအသင္းကုိ ရင္ဆုိင္ကစားခဲ့တဲ့ သူ႕ရဲ႕ႏုိင္ငံတကာပြဲဦးထြက္ပြဲမွာ လူစားဝင္ၿပီး (၂) မိနစ္အၾကာမွာပဲ တုိက္ရုိက္အနီကတ္နဲ႔ အထုတ္ခံလုိက္ရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

[Unicode]

အနီကတ် မထိဖူးတဲ့ ကစားသမား (သို့) အသန့်ရှင်းဆုံး ကစားသမား (၇) ဦး

လူတိုင်းဟာ အမှားမကင်းကြပါဘူး။ အထူးသဖြင့် ခွန်အားကို အသုံးပြုပြီး ကစားရတဲ့ ဘောလုံးကွင်းထဲမှာတော့ မရည်ရွယ်ဘဲနဲ့လည်း အမှားဆိုတာ ဖြစ်တတ်ပါတယ်။ ကိုယ့်ဘက်က အမှားမကျူးလွန်းပေမယ့်လည်း ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက် အမှားကြောင့်လည်း ထုတ်ပယ်ခံရတာမျိုး ရှိတတ်ပါတယ်။ အခုဖော်ပြမယ့် ဘောလုံးသမားတွေက ဘယ်တော့မှ အထုတ်ပယ်မခံရဘူးတဲ့ ဘောလုံးသမားတွေပဲဖြစ်ပါတယ်။

(၁) ရာအူးလ် ဂွန်ဇာလက် (Raúl González)

စပိန်လက်ရွေးစင် ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး အူးလ် ဂွန်ဇာလက် (Raúl González) ဟာ ရီးရဲလ်မက်ဒရစ် (Real Madrid) ၊ ရှော်ကေး (Schalke) ၊ အယ်ဆက် (Al Sadd SC) နဲ့ နယူးယောက်ကော့စ်မို့စ် (New York Cosmos) အသင်းတွေမှာ ဖြတ်သန်းရင်း (၂၁) နှစ်ကျော်ကြာ ဘောလုံးကစားခဲ့ပေမယ့် ဘယ်တော့မှ ထုတ်ပယ်မခံရပါဘူး။ အနီကတ်ဆိုတာ သူမမြင်ဖူးတဲ့အရာပါ။

ရာအူးလ် ဂွန်ဇာလက် (Raúl González)
ရာအူးလ် ဂွန်ဇာလက် (Raúl González)

(၂) အမ်ဒရီ အင်နီယေစတာ (Andrés Iniesta)

ဘာစီလိုနာ အသင်းခေါင်းဆောင် အမ်ဒရီ အင်နီယေစတာ (Andrés Iniesta) ကလည်း အခုချိန်ထိ အနီကတ်မထိသေးတဲ့သူပါ။ ဘာစီလိုနာအသင်းကြီးနဲ့ စပိန်လက်ရွေးစင်အသင်းအတွက် (၁၅) နှစ်ကျော်ကြာအောင် ကစားနေပေမယ့် အခုချိန်ထိ အထုတ်မခံရသေးပါဘူး။ သူဟာ ကစားသမားဘဝမှ အနားမယူသေးတဲ့အတွက် အနီကတ်ထိသွားခဲ့ရင် ဒီစာရင်းမှာ ပါမှာမဟုတ်ပါဘူး။

အမ်ဒရီ အင်နီယေစတာ (Andrés Iniesta)
အမ်ဒရီ အင်နီယေစတာ (Andrés Iniesta)

(၃) ကာရင် ဘန်ဇီမာ (Karim Benzema)

တိုက်စစ်မှူး ကာရင် ဘန်ဇီမာ (Karim Benzema) ဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာရော လက်ရှိ ရီးရဲလ်မက်ဒရစ်အသင်းမှာပါ အနီကတ် မထိဖူးသေးပါဘူး။ ဒါကြောင့် ဒီစာရင်းထဲမှာ ပါနေတာဖြစ်ပါတယ်။ ကစားသမားဘဝမှ အနားမယူသေးတဲ့အတွက် အနီကတ်ထိ၊ မထိဆိုတာ မသေချာသေးပါဘူး။

ကာရင် ဘန်ဇီမာ (Karim Benzema)
ကာရင် ဘန်ဇီမာ (Karim Benzema)

(၄) ဒါမီယန် ဒပ်ဖ် (Damien Duff)

အိုင်းရစ်နည်းပြ ဒါမီယန် ဒပ်ဖ် (Damien Duff) ဟာ ဘလက်ဘန်း၊ ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ ဖူဟမ်အသင်းတွေနဲ့ အိုင်ယာလန်လက်ရွေးစင်မှာ (၁၉) နှစ်တာ ကျင်လည်ခဲ့ပေမယ့် အနီကတ်တစ်ခါမှ မထိဖူးပါဘူး။ ပြိုင်ဘက်တွေကို သန့်သန့်ရှင်းရှင်း ကစားတတ်ဖို့ ချီးကျူးစရာ ကောင်းတဲ့သူပါ။

ဒါမီယန် ဒပ်ဖ် (Damien Duff)
ဒါမီယန် ဒပ်ဖ် (Damien Duff)

(၅) မီရှယ် ပလာတီနီ (Michel Platini)

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား (Ballon d’Or) ဆုကို ၃နှစ်ဆက်တိုက် ရရှိဖူးတဲ့ ပြင်သစ်ကွင်းလယ်သမားဟောင်း မီရှယ် ပလာတီနီ (Michel Platini) ဟာ တစ်ခါမှ အနီကတ်မထိဖူးပါဘူး။ ပြင်သစ်လက်ရွေးစင်အသင်းအပြင် နန်စီ (Nancy) ၊ စိန့်အီတင်း (AS Saint-Étienne) နဲ့ ဂျူဗင်တပ်အသင်းတွေမှာ (၁၅) နှစ်တာ ကစားခဲ့ပေမယ့် တစ်ခါမှ ထုတ်ပယ်မခံရတာဖြစ်ပါတယ်။

မီရှယ် ပလာတီနီ (Michel Platini)
မီရှယ် ပလာတီနီ (Michel Platini)

(၆) ဂယ်ရီ လိုင်ကာ (Gary Lineker)

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းကြီး ဂယ်ရီ လိုင်ကာ (Gary Lineker) လည်း အနီကတ်မထိဖူးသေးပါဘူး။ လက်ရွေးစင်အသင်းအပြင် လက်စတာ၊ အဲဗာတန်၊ ဘာစီလိုနာနဲ့ စပါးအသင်းတွေမှာ (၁၆) နှစ်တာ ကစားခဲ့ပေမယ့် တစ်ခါမှ ထုတ်ပယ်မခံရဖူးတဲ့သူပါ။

ဂယ်ရီ လိုင်ကာ (Gary Lineker)
ဂယ်ရီ လိုင်ကာ (Gary Lineker)

(၇) ဖိလစ် လမ်း (Philipp Lahm)

ဂျာမဏီအသင်းရဲ့ ဂန္တဝင်နောက်ခံလူကြီး ဖိလစ် လမ်း (Philipp Lahm) ဟာ အနီကတ်မထိဖူးတဲ့သူပါ။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စတုဂတ်အသင်းတွေမှာ (၁၆) နှစ်ကျော်ကြာအောင် ကစားခဲ့ပေမယ့် ဘယ်တော့မှ အထုတ်ပယ်မခံရဖူးပါဘူး။ အသန့်ရှင်းဆုံး ကစားသမားအနေနဲ့ အသင်းအတွက် စွမ်းဆောင်ရင်း ၂ဝ၁၇ခုနှစ် မတ်လ (၂ဝ) ရက်နေ့မှာ အနားယူခဲ့ပါတယ်။

ဖိလစ် လမ်း (Philipp Lahm)
ဖိလစ် လမ်း (Philipp Lahm)

အခုဖော်ပြခဲ့တဲ့ ကစားသမားတွေက အနီကတ်မထိဖူးသေးတဲ့ နာမည်ကျော်ကစားသမားတွေပါပဲ။ ပေါ်တူဂီနဲ့ မိုနာကို ကွင်းလယ်သမား မော်တင်ဟို (Moutinho) ၊ အီတလီနဲ့ ဂျူဗင်တပ် ဂန္တဝင်နောက်ခံလူ ဂယ်တာနို ဆိုင်ရီးယား (Gaetano Scirea) ၊ ဂျာမဏီနဲ့ ဝါဒါဘရီမင် နောက်ခံလူဟောင်း မာကို ဘိုဒီ (Marco Bode) နဲ့ ပြင်သစ်နောက်ခံလူဟောင်း မက်ဇိုင်း ဘော့စစ် (Maxime Bossis) တို့လည်း တစ်ခါမှ အနီကတ်မထိဖူးပါဘူး။

မိုနာကို ကွင်းလယ်သမား မော်တင်ဟို (Moutinho)
မိုနာကို ကွင်းလယ်သမား မော်တင်ဟို (Moutinho)

ကိုလံဘီယာ နောက်ခံလူဟောင်း ဂီရာဒို ဘီဒိုရာ (Gerardo Bedoya) ဟာ အနီကတ် (၄၆) ကတ် ၊ ပြင်သစ်ကွင်းလယ်လူဟောင်း ဆိုင်းရီရူးလ် (Cyril Rool) ဟာ  အနီကတ် (၂၇) ကတ် နဲ့ နာမည်ကျော် နောက်ခံလူ ဆာဂျီယို ရာမို့စ် (Sergio Ramos) ကတော့ အနီကတ် (၂၃) ကတ်နဲ့ အကြမ်းတမ်းဆုံးကစားသမားတွေအဖြစ် ရပ်တည်နေပါတယ်။

အနီကတ် ၂၃) ကြိမ် ထိဖူးတဲ့ ဆာဂျီယို ရာမို့စ် (Sergio Ramos)
အနီကတ် ၂၃) ကြိမ် ထိဖူးတဲ့ ဆာဂျီယို ရာမို့စ် (Sergio Ramos)

ဝေးလ်အသင်းရဲ့ ဂန္တဝင်ကွင်းလယ်ကစားသမား ရိုင်ယန် ဂစ် (Ryan Giggs) ဟာ မန်ယူအသင်းမှာ (၂၄) နှစ်ကြာ ကစားခဲ့ပြီး တစ်ခါမှ အနီကတ် မထိဖူးပေမယ့် ၂ဝဝ၁ခုနှစ်မှာ နိုင်ငံလက်ရွေးစင်အသင်းအတွက် နော်ဝေးအသင်းနဲ့ ရင်ဆိုင်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရဖူးပါတယ်။

ရိုင်ယန် ဂစ် (Ryan Giggs)
ရိုင်ယန် ဂစ် (Ryan Giggs)

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို (၅) ကြိမ်အထိ ရရှိထားတဲ့ အာဂျင်တီးနားနိုင်ငံသား လီယွန်နယ် မက်ဆီ (Lionel Messi) ဟာ ဘာစီလိုနာအသင်းမှာ တစ်ခါမှ အနီကတ်မထိဖူးပါဘူး။ အနိုင်ရလိုစိတ် ပြင်းထန်ပေမယ့် ပြိုင်ဘက်တွေအပေါ် သန့်သန့်ရှင်းရှင်း ကစားတတ်တာဖြစ်ပါတယ်။ ဒါပေမယ့် ကလပ်အသင်းမှာ အောင်မြင်မှုမြင့်မားသလောက် မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ကံမကောင်းတတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၅ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့မှာ ဟန်ဂေရီအသင်းကို ရင်ဆိုင်ကစားခဲ့တဲ့ သူ့ရဲ့နိုင်ငံတကာပွဲဦးထွက်ပွဲမှာ လူစားဝင်ပြီး (၂) မိနစ်အကြာမှာပဲ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။