[Zawgyi]

ပထမဆံုးခ်ိန္းေတြ႔တဲ့အခ်ိန္မွာ ဘယ္လိုေနရာေတြ သြားသင့္လဲ

ကိုယ့္ရဲ႕ခရက္ရွ္နဲ႔ပဲျဖစ္ျဖစ္၊ အခုမွေျမစမ္းခရမ္းပ်ိဳး အခ်စ္ကိုစၿပီး စိုက္ပ်ိဳးေတာ့မယ့္သူပဲျဖစ္ျဖစ္ ပထမဆံုးဒိတ္ကိုေတာ့ ေက်ာ္ျဖတ္ရမွာေသခ်ာပါတယ္။ ေယာက္်ားေလးေတြအေနနဲ႔ အခုမွစၿပီး ခ်ိန္းေတြ႔မယ့္မိန္းကေလးနဲ႔ အလွဆံုး First Date ေလးျဖစ္ဖို႔ ေနရာအေရြးမမွားဖို႔လိုပါတယ္။ အဲဒါေၾကာင့္ ပထမဆံုးခ်ိန္းေတြ႕တဲ့အခ်ိန္၊ First Date အတြက္ အဆင္ေျပဆံုးျဖစ္မယ့္ေနရာေလးေတြနဲ႔ တစ္ဖက္ကမိန္းကေလးကို တင့္တင့္တယ္တယ္ျဖစ္ေစမယ့္ ေနရာေကာင္းေလးေတြကို ေရြးခ်ယ္ႏိုင္ေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ပထမဆံုး First Date ကို ေပါ့ေပါ့ပါးပါးပံုစံနဲ႔ အစပ်ိဳးရင္လည္းျဖစ္သလို တစ္ခမ္းတစ္နားနဲ႔ တစ္ဖက္ကမိန္းကေလး သေဘာက်သြားေစမယ့္ အျပင္အဆင္မ်ိဳးလည္း ျဖစ္ဖို႔လိုတယ္။ ဒါေပမဲ့ First Date ဆိုတာ မထင္မွတ္ဘဲ Last Date လည္း ျဖစ္သြားႏိုင္တဲ့အတြက္ သိပ္ၿပီးဟဲဗီးႀကီး မစဥ္းစားလည္းျဖစ္ပါတယ္။ အဲဒီေတာ့ သူ႔ကိုေတြ႕ေတာ့ ေတြ႔ၾကည့္မယ္၊ လံုးဝသေဘာက်လား မက်လားဆိုတာလည္း မေသခ်ာေသးဘူးဆိုရင္ေတာ့ ေပါ့ေပါ့ပါးပါး ေအးေအးေဆး လမ္းေလွ်ာက္စကားေျပာလို႔ရမယ့္ေနရာကိုသာ ခ်ိန္းပါ။ ဥပမာ အမ်ားသူငါအပန္းေျဖတဲ့ ေလွ်ာက္လမ္းလိုေနရာပဲျဖစ္ျဖစ္၊ ညေစ်းတန္းလိုေနရာမ်ိဳး၊ ျမစ္ကမ္းနားလိုေနရာမ်ိဳးေတြကိုသာ ေရြးခ်ယ္ဖို႔ အႀကံျပဳခ်င္ပါတယ္။ အဲဒါက တကယ္အႏၱရာယ္ကင္းတဲ့ ဒိတ္မ်ိဳးျဖစ္ေစႏိုင္ပါတယ္။ သူေရာကိုယ္ေရာ လြတ္လြတ္လပ္လပ္စကားေျပာလို႔ရေတာ့ ဘာပဲျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ ရွက္ကိုးရွက္ကန္းျဖစ္တာ၊ အေနအထိုင္ခက္တာေတြ မျဖစ္ေစေတာ့ပါဘူး။

ေနာက္တစ္ခုက ရိႈးပြဲလို၊ ေတးဂီတပြဲလို လူစည္းကားၿပီး ေပ်ာ္လို႔ရမယ့္ေနရာေတြကို ႏွစ္ေယာက္အတူသြားၾကည့္တာမ်ိဳး လုပ္ႏိုင္ပါတယ္။ ဘယ္လိုဂီတအမ်ိဳးအစားပဲျဖစ္ျဖစ္ သူနဲ႔ကိုယ္နဲ႔ၾကားမွာ ခံစားလို႔ရမယ့္ ျမဴးဇစ္က ၾကားခံအေနနဲ႔ရွိေနေတာ့ သူနဲ႔ကိုယ္နဲ႔ ျမဴးဇစ္အေၾကာင္း၊ သီခ်င္းေတြအေၾကာင္း ေဆြးေႏြးရင္း ေျပာစရာစကားရွားတာမ်ိဳး မျဖစ္ေတာ့ပါဘူး။ ေနာက္ၿပီးေတာ့ လူေတြက ျမဴးဇစ္နဲ႔ေတြ႕ရင္ အလိုလိုေပ်ာ္သြားတတ္ၾကတဲ့အတြက္ သက္ေတာင့္သက္သာျဖစ္တဲ့ ဒိတ္ေလးျဖစ္မယ္လို႔ ထင္ပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

အစားအေသာက္ေကာင္းေကာင္းေလးေတြရၿပီးေတာ့ ရႈခင္းေကာင္းတဲ့ စားေသာက္ဆိုင္ေလးေတြကလည္း ပထမဆံုးခ်ိန္းေတြ႕တဲ့သူေတြအတြက္ ေရြးခ်ယ္သင့္တဲ့ေနရာပါပဲ။ အေနာက္တိုင္းက ရုပ္ရွင္ေတြမွာဆိုရင္ မင္းသားက မင္းသမီးကို စားေသာက္ဆိုင္ေကာင္းေကာင္းမွာေခၚၿပီး ဧည့္ခံတာမ်ိဳးေတြကို ၾကည့္ဖူးျမင္ဖူးၾကမွာပါ။ သူစိမ္းေယာက္်ားတစ္ေယာက္နဲ႔ မိန္းမတစ္ေယာက္အတြက္ အခ်ိန္တိုအတြင္း ရင္းႏွီးမႈရေစတဲ့ ေနရာေကာင္းတစ္ခုပါပဲ။

မ်ားေသာအားျဖင့္ ခ်စ္သူ၊ သမီးရည္းစားေတြျဖစ္သြားေတာ့မွ အတူေစ်းဝယ္ထြက္ေလ့ရွိၾကေပမယ့္ ပထမဆံုးဒိတ္မွာ ေစ်းဝယ္ထြက္တဲ့ အေလ့အက်င့္ကိုေတာ့ သိပ္ၿပီးမလုပ္ျဖစ္ၾကပါဘူး။ ဒါေပမဲ့ သင့္အေနနဲ႔ တစ္ခုခုဝယ္စရာရွိတာကို အေၾကာင္းျပၿပီး ေစ်းတန္းေလွ်ာက္ပတ္ၾကည့္တာမ်ိဳး လုပ္ျခင္းအားျဖင့္ တစ္ဖက္ကမိန္းကေလးက ဘယ္လိုအရာေတြႀကိဳက္တတ္တယ္၊ ဘယ္လိုအရာေတြကိုေတာ့ သေဘာမက်တတ္ဘူး စသျဖင့္ ေလ့လာအကဲခတ္ႏိုင္ပါတယ္။ ၿပီးေတာ့ မိန္းကေလးေတြဆိုတာက ေစ်းဝယ္ထြက္ရတာ ႀကိဳက္တဲ့အမ်ိဳးဆိုေတာ့ ေသခ်ာေပါက္သေဘာက်မွာပါ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ ဘယ်လိုနေရာတွေ သွားသင့်လဲ

ကိုယ့်ရဲ့ခရက်ရှ်နဲ့ပဲဖြစ်ဖြစ်၊ အခုမှမြေစမ်းခရမ်းပျိုး အချစ်ကိုစပြီး စိုက်ပျိုးတော့မယ့်သူပဲဖြစ်ဖြစ် ပထမဆုံးဒိတ်ကိုတော့ ကျော်ဖြတ်ရမှာသေချာပါတယ်။ ယောက်ျားလေးတွေအနေနဲ့ အခုမှစပြီး ချိန်းတွေ့မယ့်မိန်းကလေးနဲ့ အလှဆုံး First Date လေးဖြစ်ဖို့ နေရာအရွေးမမှားဖို့လိုပါတယ်။ အဲဒါကြောင့် ပထမဆုံးချိန်းတွေ့တဲ့အချိန်၊ First Date အတွက် အဆင်ပြေဆုံးဖြစ်မယ့်နေရာလေးတွေနဲ့ တစ်ဖက်ကမိန်းကလေးကို တင့်တင့်တယ်တယ်ဖြစ်စေမယ့် နေရာကောင်းလေးတွေကို ရွေးချယ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

ပထမဆုံး First Date ကို ပေါ့ပေါ့ပါးပါးပုံစံနဲ့ အစပျိုးရင်လည်းဖြစ်သလို တစ်ခမ်းတစ်နားနဲ့ တစ်ဖက်ကမိန်းကလေး သဘောကျသွားစေမယ့် အပြင်အဆင်မျိုးလည်း ဖြစ်ဖို့လိုတယ်။ ဒါပေမဲ့ First Date ဆိုတာ မထင်မှတ်ဘဲ Last Date လည်း ဖြစ်သွားနိုင်တဲ့အတွက် သိပ်ပြီးဟဲဗီးကြီး မစဉ်းစားလည်းဖြစ်ပါတယ်။ အဲဒီတော့ သူ့ကိုတွေ့တော့ တွေ့ကြည့်မယ်၊ လုံးဝသဘောကျလား မကျလားဆိုတာလည်း မသေချာသေးဘူးဆိုရင်တော့ ပေါ့ပေါ့ပါးပါး အေးအေးဆေး လမ်းလျှောက်စကားပြောလို့ရမယ့်နေရာကိုသာ ချိန်းပါ။ ဥပမာ အများသူငါအပန်းဖြေတဲ့ လျှောက်လမ်းလိုနေရာပဲဖြစ်ဖြစ်၊ ညဈေးတန်းလိုနေရာမျိုး၊ မြစ်ကမ်းနားလိုနေရာမျိုးတွေကိုသာ ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ အဲဒါက တကယ်အန္တရာယ်ကင်းတဲ့ ဒိတ်မျိုးဖြစ်စေနိုင်ပါတယ်။ သူရောကိုယ်ရော လွတ်လွတ်လပ်လပ်စကားပြောလို့ရတော့ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်တာ၊ အနေအထိုင်ခက်တာတွေ မဖြစ်စေတော့ပါဘူး။

နောက်တစ်ခုက ရှိုးပွဲလို၊ တေးဂီတပွဲလို လူစည်းကားပြီး ပျော်လို့ရမယ့်နေရာတွေကို နှစ်ယောက်အတူသွားကြည့်တာမျိုး လုပ်နိုင်ပါတယ်။ ဘယ်လိုဂီတအမျိုးအစားပဲဖြစ်ဖြစ် သူနဲ့ကိုယ်နဲ့ကြားမှာ ခံစားလို့ရမယ့် မြူးဇစ်က ကြားခံအနေနဲ့ရှိနေတော့ သူနဲ့ကိုယ်နဲ့ မြူးဇစ်အကြောင်း၊ သီချင်းတွေအကြောင်း ဆွေးနွေးရင်း ပြောစရာစကားရှားတာမျိုး မဖြစ်တော့ပါဘူး။ နောက်ပြီးတော့ လူတွေက မြူးဇစ်နဲ့တွေ့ရင် အလိုလိုပျော်သွားတတ်ကြတဲ့အတွက် သက်တောင့်သက်သာဖြစ်တဲ့ ဒိတ်လေးဖြစ်မယ်လို့ ထင်ပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

အစားအသောက်ကောင်းကောင်းလေးတွေရပြီးတော့ ရှုခင်းကောင်းတဲ့ စားသောက်ဆိုင်လေးတွေကလည်း ပထမဆုံးချိန်းတွေ့တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့နေရာပါပဲ။ အနောက်တိုင်းက ရုပ်ရှင်တွေမှာဆိုရင် မင်းသားက မင်းသမီးကို စားသောက်ဆိုင်ကောင်းကောင်းမှာခေါ်ပြီး ဧည့်ခံတာမျိုးတွေကို ကြည့်ဖူးမြင်ဖူးကြမှာပါ။ သူစိမ်းယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်အတွက် အချိန်တိုအတွင်း ရင်းနှီးမှုရစေတဲ့ နေရာကောင်းတစ်ခုပါပဲ။

များသောအားဖြင့် ချစ်သူ၊ သမီးရည်းစားတွေဖြစ်သွားတော့မှ အတူဈေးဝယ်ထွက်လေ့ရှိကြပေမယ့် ပထမဆုံးဒိတ်မှာ ဈေးဝယ်ထွက်တဲ့ အလေ့အကျင့်ကိုတော့ သိပ်ပြီးမလုပ်ဖြစ်ကြပါဘူး။ ဒါပေမဲ့ သင့်အနေနဲ့ တစ်ခုခုဝယ်စရာရှိတာကို အကြောင်းပြပြီး ဈေးတန်းလျှောက်ပတ်ကြည့်တာမျိုး လုပ်ခြင်းအားဖြင့် တစ်ဖက်ကမိန်းကလေးက ဘယ်လိုအရာတွေကြိုက်တတ်တယ်၊ ဘယ်လိုအရာတွေကိုတော့ သဘောမကျတတ်ဘူး စသဖြင့် လေ့လာအကဲခတ်နိုင်ပါတယ်။ ပြီးတော့ မိန်းကလေးတွေဆိုတာက ဈေးဝယ်ထွက်ရတာ ကြိုက်တဲ့အမျိုးဆိုတော့ သေချာပေါက်သဘောကျမှာပါ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။