
MIUI 10


MIUI 10 Portrait on MI 5



MIUI 10 Portrait


MIUI 10


Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Xiaomi ကနေမနေ့တုန်းက သူတို့ရဲ့ MIUI 10 Operating System အသစ်ကို Redmi Y2 စမတ်ဖုန်းနဲ့အတူ Global အနေနဲ့ ထုတ်ပြန်ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။

MIUI 10

အခုဒီ MIUI 10 ဟာ Android Version ကို Update ဖြစ်သွားစေမှာတော့မဟုတ်ပေမယ့် Xiaomi ဖုန်းတွေကို အဆင့်တိုးတက်သွားစေမယ့် Feature တစ်ခုတော့ပါဝင်နေပါတယ်။ အဲ့ဒါကတော့ Single Camera ပါဝင်နေပေမယ့်လည်း Portrait ရိုက်ကူးနိုင်စေတာပဲဖြစ်ပါတယ်။

MIUI 10 Portrait on MI 5

Xiaomi ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Dual Camera တွေမလိုအပ်ပဲနဲ့ Single Camera နဲ့ပဲ Portrait ရိုက်ကူးနိုင်အောင် ဓါတ်ပုံပေါင်း ၁ သိန်းကျော်ကို AI နည်းပညာနဲ့လေ့လာထားတယ်လို့ သိရပါတယ်။

အခုလိုမျိုး MIUI 10 ကို Update လုပ်ပြီးတာနဲ့ Single Camera Portrait ရရှိမယ့် Xiaomi စမတ်ဖုန်းတွေကတော့ Mi Mix 2 ၊ Mi 5s/Mi 5s Plus ၊ Mi 5 ၊ Mi Note 2 ၊ Mi Max ၊ Mi Max 2 ၊ Redmi Note 4 ၊ Redmi Note 4X ၊ Redmi Note 3 ၊ Redmi 5 နဲ့ Redmi 4/4X ဖုန်းတွေပဲဖြစ်ပါတယ်။

MIUI 10 Portrait

အခုဖုန်းတွေက Back Camera မှာ Portrait Feature ရရှိလာမှာဖြစ်ပြီးတော့ Front Selfie Camera Portrait ကတော့ Mi 6 နဲ့ Redmi Note 5 စမတ်ဖုန်းတွေပဲ အစောပိုင်းအနေနဲ့ ရရှိလာဦးမှာဖြစ်ပါတယ်။

MIUI 10

ဘာပဲဖြစ်ဖြစ် MIUI 10 ဟာ Xiaomi ဖုန်းတွေအတွက်တော့ အကောင်းဆုံး OS တစ်ခုဖြစ်လာဦးမှာပါ။

Zawyè (Akhayar) 

www.akhayar.com