[Zawgyi]

ေတာ္ဝင္မိသားစုရဲ႕  ေစ်းအႀကီးဆုံးသတုိ႔သမီးဝတ္စုံေပါင္းခ်ဳပ္

ေတာ္ဝင္မိသားစုဝင္ေတြဆုိတာ ၾသဇာအႀကီးမားဆုံးအသုိင္းအဝုိင္းျဖစ္တာနဲ႔အညီ မီဒီယာေတြရဲ႕ စိတ္ဝင္စားမႈကုိ အခံရဆုံးပါပဲ။ သူတုိ႔ေတြအေနနဲ႔ သြားတာလာတာ ေနတာထုိင္တာကအစ စည္းစနစ္က်ရတယ္။ ေတာ္ဝင္မိသားစုေတြအေနနဲ႔ ေစာင့္ထိန္းရမယ့္ စည္းကမ္းေတြကုိလည္း လုိက္နာရတယ္။ အခုေဆာင္းပါးမွာေတာ့ ေတာ္ဝင္မိသားစုဝင္ေတြရဲ႕  မဂၤလာပြဲေတြထဲကမွ ေစ်းအႀကီးဆုံးဝတ္စုံေတြကုိ ေဖာ္ျပေပးမွာပါ။

(၅) Meghan Markle

၂ဝ၁၈ခုႏွစ္ ေမလ (၁၉) ရက္ေန႔မွာ က်င္းပခဲ့တဲ့ Prince Harry နဲ႔ Meghan Markle တုိ႔ရဲ႕ မဂၤလာစရိတ္က ေဒၚလာသန္း (၄ဝ) ေက်ာ္ကုန္တယ္။ သတုိ႔သမီးေခ်ာ Meghan Markle ရဲ႕ မဂၤလာဝတ္စုံက (၁၃၅,ဝဝဝ) ေဒၚလာ ကုန္က်တယ္။ ဒီပမာဏဟာ သာမန္အေမရိကန္တစ္ေယာက္ရဲ႕လစာထက္ သုံးဆေက်ာ္ပုိမ်ားပါတယ္။

(၄) Princess Diana

၁၉၈၁ခုႏွစ္ ဇူလုိင္လ (၂၉) ရက္ေန႔မွာ က်င္းပခဲ့တဲ့ Prince Charles နဲ႔ Princess Diana ရဲ႕ မဂၤလာပြဲဟာ ရုပ္သံၾကည့္ရႈသူ သန္း (၇၅ဝ) အထိရွိခဲ့တယ္။ သူမရဲ႕ မဂၤလာဝတ္စုံက (၁၅၁,ဝဝ၀) ေဒၚလာအထိရွိခဲ့တယ္။ ကာလေပါက္ေစ်းနဲ႔ဆုိ (၂၅ဝ,ဝဝဝ) ေဒၚလာအထိရွိပါတယ္။

(၃) Princess Eugenie

၂ဝ၁၈ခုႏွစ္ ေအာက္တုိဘာလ (၁၂) ရက္ေန႔မွာ က်င္းပခဲ့တဲ့ Prince Andrew ရဲ႕ သမီးငယ္ Princess Eugenie နဲ႔ Jack Brooksbank တုိ႔ရဲ႕ မဂၤလာပြဲဟာ Prince Harry နဲ႔ Meghan Markle တုိ႔ပြဲေလာက္ နာမည္မႀကီးေပမယ့္ သတုိ႔သမီးဝတ္စုံက တန္ဖုိးပုိႀကီးပါတယ္။ Princess Eugenie ရဲ႕ မဂၤလာဝတ္စုံက (၂၆ဝ,ဝဝဝ) ေဒၚလာအထိ ရွိပါတယ္။

(၂) Kate Middleton

Prince Charles နဲ႔ Princess Diana တုိ႔ရဲ႕ သားႀကီး Prince William နဲ႔ Kate Middleton တုိ႔ရဲ႕မဂၤလာပြဲကုိ ၂ဝ၁၁ခုႏွစ္ ဧၿပီလ (၂၉) ရက္ေန႔မွာ က်င္းပခဲ့ပါတယ္။ Kate Middleton ဝတ္ဆင္ခဲ့တဲ့ သတုိ႔သမီးဝတ္စုံက (၄၃၄,ဝဝဝ) ေဒၚလာအထိ ရွိပါတယ္။

(၁) Queen Elizabeth II

Prince Philip နဲ႔ Queen Elizabeth II တုိ႔ရဲ႕ မဂၤလာပြဲက ၁၉၄၇ခုႏွစ္ ႏုိဝင္ဘာလ (၂ဝ) ရက္ေန႔မွာ က်င္းပခဲ့တယ္။ သူမရဲ႕သတုိ႔သမီးဝတ္စုံက တန္ေၾကးဘယ္ေလာက္ဆုိတာ ေဖာ္ျပမထားပါဘူး။

တကယ္လုိ႔ တန္ဖုိးကုိ ေဖာ္ျပထားမယ္ဆုိရင္ေတာင္ ႏွစ္ (၇ဝ) ေက်ာ္ၾကာၿပီဆုိေတာ့ ကာလတန္ေၾကးနဲ႔ တြက္ခ်က္ဖုိ႔ မလြယ္ပါဘူး။ ဒါေပမယ့္ ဖက္ရွင္ဒီဇုိင္နာႀကီး Norman Hartnell ရဲ႕ လက္ရာနဲ႔အတူ ပုိးသားေတြနဲ႔ ပန္းပြင့္ေဖာ္ထားတယ္။

ၿပီးေတာ့ ပုလဲေပါင္း (၁ဝ,ဝဝဝ) ေက်ာ္နဲ႔ သတုိ႔သမီးဝတ္စုံကုိ အလွဆင္ထားတယ္။ ဒ့ါေၾကာင့္ သူမရဲ႕ သတုိ႔သမီးဝတ္စုံကုိ ဒီစာရင္းထဲမွာ ထည့္သြင္းေဖာ္ျပထားတာျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

တော်ဝင်မိသားစုရဲ့  ဈေးအကြီးဆုံးသတို့သမီးဝတ်စုံပေါင်းချုပ်

တော်ဝင်မိသားစုဝင်တွေဆိုတာ သြဇာအကြီးမားဆုံးအသိုင်းအဝိုင်းဖြစ်တာနဲ့အညီ မီဒီယာတွေရဲ့ စိတ်ဝင်စားမှုကို အခံရဆုံးပါပဲ။ သူတို့တွေအနေနဲ့ သွားတာလာတာ နေတာထိုင်တာကအစ စည်းစနစ်ကျရတယ်။ တော်ဝင်မိသားစုတွေအနေနဲ့ စောင့်ထိန်းရမယ့် စည်းကမ်းတွေကိုလည်း လိုက်နာရတယ်။ အခုဆောင်းပါးမှာတော့ တော်ဝင်မိသားစုဝင်တွေရဲ့  မင်္ဂလာပွဲတွေထဲကမှ ဈေးအကြီးဆုံးဝတ်စုံတွေကို ဖော်ပြပေးမှာပါ။

(၅) Meghan Markle

၂ဝ၁၈ခုနှစ် မေလ (၁၉) ရက်နေ့မှာ ကျင်းပခဲ့တဲ့ Prince Harry နဲ့ Meghan Markle တို့ရဲ့ မင်္ဂလာစရိတ်က ဒေါ်လာသန်း (၄ဝ) ကျော်ကုန်တယ်။ သတို့သမီးချော Meghan Markle ရဲ့ မင်္ဂလာဝတ်စုံက (၁၃၅,ဝဝဝ) ဒေါ်လာ ကုန်ကျတယ်။ ဒီပမာဏဟာ သာမန်အမေရိကန်တစ်ယောက်ရဲ့လစာထက် သုံးဆကျော်ပိုများပါတယ်။

(၄) Princess Diana

၁၉၈၁ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့မှာ ကျင်းပခဲ့တဲ့ Prince Charles နဲ့ Princess Diana ရဲ့ မင်္ဂလာပွဲဟာ ရုပ်သံကြည့်ရှုသူ သန်း (၇၅ဝ) အထိရှိခဲ့တယ်။ သူမရဲ့ မင်္ဂလာဝတ်စုံက (၁၅၁,ဝဝဝ) ဒေါ်လာအထိရှိခဲ့တယ်။ ကာလပေါက်ဈေးနဲ့ဆို (၂၅ဝ,ဝဝဝ) ဒေါ်လာအထိရှိပါတယ်။

(၃) Princess Eugenie

၂ဝ၁၈ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့မှာ ကျင်းပခဲ့တဲ့ Prince Andrew ရဲ့ သမီးငယ် Princess Eugenie နဲ့ Jack Brooksbank တို့ရဲ့ မင်္ဂလာပွဲဟာ Prince Harry နဲ့ Meghan Markle တို့ပွဲလောက် နာမည်မကြီးပေမယ့် သတို့သမီးဝတ်စုံက တန်ဖိုးပိုကြီးပါတယ်။ Princess Eugenie ရဲ့ မင်္ဂလာဝတ်စုံက (၂၆ဝ,ဝဝဝ) ဒေါ်လာအထိ ရှိပါတယ်။

(၂) Kate Middleton

Prince Charles နဲ့ Princess Diana တို့ရဲ့ သားကြီး Prince William နဲ့ Kate Middleton တို့ရဲ့မင်္ဂလာပွဲကို ၂ဝ၁၁ခုနှစ် ဧပြီလ (၂၉) ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ Kate Middleton ဝတ်ဆင်ခဲ့တဲ့ သတို့သမီးဝတ်စုံက (၄၃၄,ဝဝဝ) ဒေါ်လာအထိ ရှိပါတယ်။

(၁) Queen Elizabeth II

Prince Philip နဲ့ Queen Elizabeth II တို့ရဲ့ မင်္ဂလာပွဲက ၁၉၄၇ခုနှစ် နိုဝင်ဘာလ (၂ဝ) ရက်နေ့မှာ ကျင်းပခဲ့တယ်။ သူမရဲ့သတို့သမီးဝတ်စုံက တန်ကြေးဘယ်လောက်ဆိုတာ ဖော်ပြမထားပါဘူး။

တကယ်လို့ တန်ဖိုးကို ဖော်ပြထားမယ်ဆိုရင်တောင် နှစ် (၇ဝ) ကျော်ကြာပြီဆိုတော့ ကာလတန်ကြေးနဲ့ တွက်ချက်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဖက်ရှင်ဒီဇိုင်နာကြီး Norman Hartnell ရဲ့ လက်ရာနဲ့အတူ ပိုးသားတွေနဲ့ ပန်းပွင့်ဖော်ထားတယ်။

ပြီးတော့ ပုလဲပေါင်း (၁ဝ,ဝဝဝ) ကျော်နဲ့ သတို့သမီးဝတ်စုံကို အလှဆင်ထားတယ်။ ဒ့ါကြောင့် သူမရဲ့ သတို့သမီးဝတ်စုံကို ဒီစာရင်းထဲမှာ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com