ဖုန္းမွာပဲျဖစ္ျဖစ္၊ ကြန္ပ်ဴတာမွာပဲျဖစ္ျဖစ္ Notes ေတြကို အျမဲမွတ္ေနၾကရပါတယ္။ ဖုန္းမွာပါတဲ့ Notes App ေတြထက္ ပိုေကာင္းျပီး တျခားဘယ္ Mobile Devices ဒါမွမဟုတ္ Computer မွာပဲျဖစ္ျဖစ္ ကိုယ့္ Account Sign In ဝင္လုိက္တာနဲ႔ ကုိယ္မွတ္ထားတဲ့ Notes ေတြအကုန္လံုးကို ျမင္ႏုိင္တဲ့အျပင္ အျခား Features, Functions ေတြလည္း အမ်ားၾကီးပါဝင္တဲ့ Notes App ၃ ခုရွိပါတယ္။ ဒါေတြကေတာ့ Microsoft OneNote, Google Keep နဲ႔ Evernote ပါ။ အခု Article မွာေတာ့ ဘယ္ App က အေကာင္းဆံုးလဲဆုိတာကို ေဝဖန္ဆန္းစစ္ေပးသြားမွာျဖစ္ပါတယ္။

Evernote Vs OneNote

Evernote Vs OneNote

Availability

Google Keep

Google Keep

ဒီေနရာမွာေတာ့ Notes app ေတြမွာ နာမည္ၾကီးျဖစ္တဲ့ Evernote နဲ႔ OneNote က Windows ၊ Mac ၊ iOS ၊ Android အကုန္လံုးမွာ ရရွိႏုိင္ျပီးေတာ့ Google Keep ကေတာ့ Android, iOS မွာပဲ App အေနနဲ႔ပဲရရွိႏုိင္မွာျဖစ္ျပီး Mac ၊ Windows (သို႔) အျခား Devices ေတြကေနသံုးခ်င္တယ္ဆုိရင္ေတာ့ keep.google.com ကေန ဝင္သံုးရမွာပါ။

Mobile Version Usage

Google Keep

Google Keep

Mobile Phone App အေနနဲ႔ အသံုးျပဳတဲ့အခ်ိန္မွာေတာ့ Evernote နဲ႔ Keep ကို OneNote က သိပ္မလုိက္ႏုိင္တာကိုေတြ႕ရပါတယ္။ Features အစံုအလင္ဆံုး နဲ႔ အသံုးျပဳရအလြယ္ကူဆံုးကေတာ့ Evernote ျဖစ္ျပီး Notebooks ေတြသီးျခားထားႏုိင္တာ၊ Google Account, Link In Account ေတြနဲ႔ ခ်ိတ္ဆက္ႏုိင္တာ၊ Font size နဲ႔အျခား စိတ္ၾကိဳက္ျပင္ဆင္ႏုိင္တာ၊ Audio Note, Handwriting, Attachment, Reminder, Document Camera စတဲ့ Features ေတြစံုလင္စြာပါဝင္ပါတယ္။ ဒါ့အျပင္ Evernote app မွာ Notes ေတြကို လြယ္ကူစြာ Share ႏုိင္ျပီး Evernote အတူအသံုးျပဳသူအခ်င္းခ်င္း ဆက္သြယ္ႏုိင္မယ့္ Work Chat Function လဲပါဝင္ပါတယ္။ အၾကိဳက္ေတြ႕မိတာကေတာ့ Evernote မွာ Free Basic Plan, Evernote Plus, Evernote Premium Plan ဆုိျပီးခြဲထားေပမယ့္ သာမန္အသံုးျပဳမႈေတြအတြက္ Free Plan ကလံုေလာက္တဲ့အျပင္ ေၾကာ္ျငာမပါဝင္ျခင္း၊ Passcode Lock လုိ Features ေတြကိုပါ Basic Plan မွာပဲ အသံုးျပဳႏုိင္တာပဲျဖစ္ပါတယ္။

Google Keep ကေတာ့ Features စံုလင္တာထက္ အသံုးျပဳရတာ ရုိးရွင္းျပီး အလြန္ျမန္ဆန္တဲ့ Note App တစ္ခုအျဖစ္သတ္မွတ္ႏုိင္မွာပါ။ အေျခခံ Functions ေတြျဖစ္တဲ့ Notes, List, Handwriting, Audio Note, Camera တုိ႔ပါဝင္မွာျဖစ္ျပီးေတာ့ Notes ေတြကို ျပန္လည္ရွာေဖြရာမွာ အလြန္ျမန္ဆန္တဲ့ Interface တစ္ခုပါရွိပါတယ္။ Notes ေတြကို Labels တပ္ျပီး ခြဲျခားထားႏုိင္ျပီး Archive Folder ထဲလည္းထည့္ထားႏုိင္ပါတယ္။ Note Sharing အလြန္လြယ္ကူျပီး အျခား Google Keep သံုးေနတဲ့သူရဲ႕ Gmail address ထည့္လုိက္ရုံပါပဲ။ အသံုးျပဳရတာပိုျပီးျမန္ဆန္ေအာင္လုပ္ထားတဲ့အတြက္ Font မေရြးခ်ယ္ႏုိင္သလုိ စာလံုးအရြယ္အစား စတဲ့ Font Formatting လည္းပါဝင္မွာမဟုတ္ပါဘူး။

OneNote ကေတာ့ Desktop Version ကိုဦးစားေပးထုတ္ထားတဲ့အတြက္ အခ်ိဳ႕ေသာ Features အေတာ္မ်ားမ်ား Mobile Version မွာပါဝင္လာမွာမဟုတ္ပါဘူး။ Evernote ေလာက္ Features မမ်ားသလုိ Google Keep ေလာက္လဲ မေပါ့ပါး မလွ်င္ျမန္တဲ့အတြက္ သာမန္ Note app ထက္အနည္းငယ္ပုိတယ္လုိ႔ပဲ သတ္မွတ္ႏုိင္မွာပါ။

PC Version Usage

Microsoft OneNote

Microsoft OneNote

PC Version မွာေတာ့ Microsoft OneNote ထက္သာလြန္တဲ့ Note Taking app မရွိဘူးလို႔ေတာင္ေျပာလုိ႔ရပါတယ္။ Microsoft Word ကို အသံုးျပဳတတ္တဲ့သူတိုင္း ရင္းႏွီးမယ့္ Interface နဲ႔ အခ်ိဳ႕ေသာ Microsoft Surface Pro လုိ Touch Screen PC ေတြအတြက္ Drawing Tools မ်ိဳးစံုကို ေရြးခ်ယ္ႏုိင္ဦးမွာျဖစ္ပါတယ္။ Audio Recording, Video Recording ေတြပါ ပါဝင္မွာျဖစ္တဲ့အျပင္ Excel Spreadsheet ေတြပါထည့္သြင္းႏုိင္ဦးမွာျဖစ္ပါတယ္။ Mobile Version မွာ သံုးရအဆင္မေျပတဲ့ OneNote က PC Version မွာေတာ့ အေကာင္းဆံုး Note App ျဖစ္ပါတယ္။

ေနာက္ထပ္ Evernote app ကလည္း PC Version မွာ Features စံုလင္တဲ့ Note app တစ္ခုျဖစ္ပါတယ္။ Mobile Version မွာ ပါဝင္တဲ့ Features ေတြအကုန္ပါဝင္သလုိ Font ကို စိတ္ၾကိဳက္ေရြးခ်ယ္ႏုိင္တာ၊ Presentation Mode ပါဝင္လာတာ စတဲ့ အသံုးဝင္တဲ့ Features ေတြပါ ပါဝင္လာခဲ့ပါတယ္။ ဒါေပမယ့္ User Interface က OneNote နဲ႔ ယွဥ္ရင္ဒိတ္ေအာက္ေနမိလို႔ ခံစားမိေစပါတယ္။

Google Keep ကေတာ့ ယခင္တုန္းက Chrome App တစ္ခုအေနနဲ႔ အသံုးျပဳလုိ႔ရေပမယ့္လည္း အခုအခ်ိန္မွာေတာ့ Google Chrome Web Store မွာ Apps ေတြကို ဖယ္ရွားလုိက္တဲ့အတြက္ www.keep.google.com ကေနပဲ အသံုးျပဳရမွာျဖစ္ပါတယ္။

Synchronization

Devices ေတြအမ်ားအျပားမွာ အသံုးျပဳတဲ့အခါ Device တစ္ခုမွာ ေရးထားတဲ့ Note တစ္ခုကို ေနာက္ထပ္ Device တစ္ခုကေန ခ်က္ျခင္းဖတ္ႏုိင္တဲ့ Synchronization ေနရာမွာေတာ့ Google Keep က အျမန္ဆံုးပါ။ Font Formatting မရွိတာရယ္ ျမန္ဆန္ဖို႔ကို အဓိကထားထားတဲ့ Interface ေၾကာင့္ အျခား OneNote, Evernote တုိ႔နဲ႔ယွဥ္ရင္ ၃၊ ၄ ဆ မက ကို ပိုျပီးျမန္ျမန္ Sync လုပ္ႏုိင္တဲ့အတြက္ အေကာင္းဆံုးလုိ႔ ေျပာလုိ႔ရပါတယ္။

Account

Microsoft OneNote က Microsoft Account နဲ႔ Sign In ဝင္ထားရင္ ပိုအဆင္ေျပျပီးေတာ့ Evernote ကေတာ့ Gmail ကေနတစ္ဆင့္ Account သီးသန္႔ဖြင့္ျပီးပဲျဖစ္ျဖစ္ Google ကေန တန္းဝင္တာပဲျဖစ္ျဖစ္ ျပဳလုပ္ႏုိင္ပါတယ္။ Google Keep ကေတာ့ ဖုန္းထဲမွာ (သို႔) Chrome Browser မွာ Google Account Sign In ဝင္ထားရုံနဲ႔ တစ္ခါတည္း တန္းသံုးႏုိင္မွာျဖစ္တဲ့အတြက္ ဒီေနရာမွာလည္း အသာရတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

Verdict

OneNote Vs Evernote

OneNote Vs Evernote

အခုဒီ Microsoft OneNote, Google Keep နဲ႔ Evernote ကို ျခံဳငံုသံုးသပ္ရမယ္ဆုိရင္ Microsoft OneNote ဟာ Mobile မွာသံုးတာထက္ ကြန္ပ်ဴတာမွာ အသံုးမ်ားသူေတြအတြက္ အေကာင္းဆံုး Notes App လုိ႔ သတ္မွတ္ႏုိင္ျပီး အလားတူ Evernote ကလည္း PC Version ထက္ Mobile Notes App ေတြမွာ အေကာင္းဆံုးလုိ႔ ေျပာလုိ႔ရပါတယ္။ Google Keep ကေတာ့ Features စံုလင္ဖို႔ထက္ အံ့အားသင့္ဖြယ္ Sync လုပ္ႏုိင္တဲ့ အျမန္ႏႈန္းေၾကာင့္ သာမန္ Notes ေတြကို ဖုန္းမွာေရာ၊ ကြန္ပ်ဴတာမွာေရာ အျမဲသံုးေနရတဲ့သူေတြအတြက္ အေကာင္းဆံုး Notes App တစ္ခုလုိ႔ သတ္မွတ္ရင္းနဲ႔ ဒီ Article ကို အဆံုးသတ္လုိက္ပါတယ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

ဖုန်းမှာပဲဖြစ်ဖြစ်၊ ကွန်ပျူတာမှာပဲဖြစ်ဖြစ် Notes တွေကို အမြဲမှတ်နေကြရပါတယ်။ ဖုန်းမှာပါတဲ့ Notes App တွေထက် ပိုကောင်းပြီး တခြားဘယ် Mobile Devices ဒါမှမဟုတ် Computer မှာပဲဖြစ်ဖြစ် ကိုယ့် Account Sign In ဝင်လိုက်တာနဲ့ ကိုယ်မှတ်ထားတဲ့ Notes တွေအကုန်လုံးကို မြင်နိုင်တဲ့အပြင် အခြား Features, Functions တွေလည်း အများကြီးပါဝင်တဲ့ Notes App ၃ ခုရှိပါတယ်။ ဒါတွေကတော့ Microsoft OneNote, Google Keep နဲ့ Evernote ပါ။ အခု Article မှာတော့ ဘယ် App က အကောင်းဆုံးလဲဆိုတာကို ဝေဖန်ဆန်းစစ်ပေးသွားမှာဖြစ်ပါတယ်။

Evernote Vs OneNote

Evernote Vs OneNote

Availability

Google Keep

Google Keep

ဒီနေရာမှာတော့ Notes app တွေမှာ နာမည်ကြီးဖြစ်တဲ့ Evernote နဲ့ OneNote က Windows ၊ Mac ၊ iOS ၊ Android အကုန်လုံးမှာ ရရှိနိုင်ပြီးတော့ Google Keep ကတော့ Android, iOS မှာပဲ App အနေနဲ့ပဲရရှိနိုင်မှာဖြစ်ပြီး Mac ၊ Windows (သို့) အခြား Devices တွေကနေသုံးချင်တယ်ဆိုရင်တော့ keep.google.com ကနေ ဝင်သုံးရမှာပါ။

Mobile Version Usage

Google Keep

Google Keep

Mobile Phone App အနေနဲ့ အသုံးပြုတဲ့အချိန်မှာတော့ Evernote နဲ့ Keep ကို OneNote က သိပ်မလိုက်နိုင်တာကိုတွေ့ရပါတယ်။ Features အစုံအလင်ဆုံး နဲ့ အသုံးပြုရအလွယ်ကူဆုံးကတော့ Evernote ဖြစ်ပြီး Notebooks တွေသီးခြားထားနိုင်တာ၊ Google Account, Link In Account တွေနဲ့ ချိတ်ဆက်နိုင်တာ၊ Font size နဲ့အခြား စိတ်ကြိုက်ပြင်ဆင်နိုင်တာ၊ Audio Note, Handwriting, Attachment, Reminder, Document Camera စတဲ့ Features တွေစုံလင်စွာပါဝင်ပါတယ်။ ဒါ့အပြင် Evernote app မှာ Notes တွေကို လွယ်ကူစွာ Share နိုင်ပြီး Evernote အတူအသုံးပြုသူအချင်းချင်း ဆက်သွယ်နိုင်မယ့် Work Chat Function လဲပါဝင်ပါတယ်။ အကြိုက်တွေ့မိတာကတော့ Evernote မှာ Free Basic Plan, Evernote Plus, Evernote Premium Plan ဆိုပြီးခွဲထားပေမယ့် သာမန်အသုံးပြုမှုတွေအတွက် Free Plan ကလုံလောက်တဲ့အပြင် ကြော်ငြာမပါဝင်ခြင်း၊ Passcode Lock လို Features တွေကိုပါ Basic Plan မှာပဲ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။

Google Keep ကတော့ Features စုံလင်တာထက် အသုံးပြုရတာ ရိုးရှင်းပြီး အလွန်မြန်ဆန်တဲ့ Note App တစ်ခုအဖြစ်သတ်မှတ်နိုင်မှာပါ။ အခြေခံ Functions တွေဖြစ်တဲ့ Notes, List, Handwriting, Audio Note, Camera တို့ပါဝင်မှာဖြစ်ပြီးတော့ Notes တွေကို ပြန်လည်ရှာဖွေရာမှာ အလွန်မြန်ဆန်တဲ့ Interface တစ်ခုပါရှိပါတယ်။ Notes တွေကို Labels တပ်ပြီး ခွဲခြားထားနိုင်ပြီး Archive Folder ထဲလည်းထည့်ထားနိုင်ပါတယ်။ Note Sharing အလွန်လွယ်ကူပြီး အခြား Google Keep သုံးနေတဲ့သူရဲ့ Gmail address ထည့်လိုက်ရုံပါပဲ။ အသုံးပြုရတာပိုပြီးမြန်ဆန်အောင်လုပ်ထားတဲ့အတွက် Font မရွေးချယ်နိုင်သလို စာလုံးအရွယ်အစား စတဲ့ Font Formatting လည်းပါဝင်မှာမဟုတ်ပါဘူး။

OneNote ကတော့ Desktop Version ကိုဦးစားပေးထုတ်ထားတဲ့အတွက် အချို့သော Features အတော်များများ Mobile Version မှာပါဝင်လာမှာမဟုတ်ပါဘူး။ Evernote လောက် Features မများသလို Google Keep လောက်လဲ မပေါ့ပါး မလျှင်မြန်တဲ့အတွက် သာမန် Note app ထက်အနည်းငယ်ပိုတယ်လို့ပဲ သတ်မှတ်နိုင်မှာပါ။

PC Version Usage

Microsoft OneNote

Microsoft OneNote

PC Version မှာတော့ Microsoft OneNote ထက်သာလွန်တဲ့ Note Taking app မရှိဘူးလို့တောင်ပြောလို့ရပါတယ်။ Microsoft Word ကို အသုံးပြုတတ်တဲ့သူတိုင်း ရင်းနှီးမယ့် Interface နဲ့ အချို့သော Microsoft Surface Pro လို Touch Screen PC တွေအတွက် Drawing Tools မျိုးစုံကို ရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။ Audio Recording, Video Recording တွေပါ ပါဝင်မှာဖြစ်တဲ့အပြင် Excel Spreadsheet တွေပါထည့်သွင်းနိုင်ဦးမှာဖြစ်ပါတယ်။ Mobile Version မှာ သုံးရအဆင်မပြေတဲ့ OneNote က PC Version မှာတော့ အကောင်းဆုံး Note App ဖြစ်ပါတယ်။

နောက်ထပ် Evernote app ကလည်း PC Version မှာ Features စုံလင်တဲ့ Note app တစ်ခုဖြစ်ပါတယ်။ Mobile Version မှာ ပါဝင်တဲ့ Features တွေအကုန်ပါဝင်သလို Font ကို စိတ်ကြိုက်ရွေးချယ်နိုင်တာ၊ Presentation Mode ပါဝင်လာတာ စတဲ့ အသုံးဝင်တဲ့ Features တွေပါ ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့် User Interface က OneNote နဲ့ ယှဉ်ရင်ဒိတ်အောက်နေမိလို့ ခံစားမိစေပါတယ်။

Google Keep ကတော့ ယခင်တုန်းက Chrome App တစ်ခုအနေနဲ့ အသုံးပြုလို့ရပေမယ့်လည်း အခုအချိန်မှာတော့ Google Chrome Web Store မှာ Apps တွေကို ဖယ်ရှားလိုက်တဲ့အတွက် www.keep.google.com ကနေပဲ အသုံးပြုရမှာဖြစ်ပါတယ်။

Synchronization

Devices တွေအများအပြားမှာ အသုံးပြုတဲ့အခါ Device တစ်ခုမှာ ရေးထားတဲ့ Note တစ်ခုကို နောက်ထပ် Device တစ်ခုကနေ ချက်ခြင်းဖတ်နိုင်တဲ့ Synchronization နေရာမှာတော့ Google Keep က အမြန်ဆုံးပါ။ Font Formatting မရှိတာရယ် မြန်ဆန်ဖို့ကို အဓိကထားထားတဲ့ Interface ကြောင့် အခြား OneNote, Evernote တို့နဲ့ယှဉ်ရင် ၃၊ ၄ ဆ မက ကို ပိုပြီးမြန်မြန် Sync လုပ်နိုင်တဲ့အတွက် အကောင်းဆုံးလို့ ပြောလို့ရပါတယ်။

Account

Microsoft OneNote က Microsoft Account နဲ့ Sign In ဝင်ထားရင် ပိုအဆင်ပြေပြီးတော့ Evernote ကတော့ Gmail ကနေတစ်ဆင့် Account သီးသန့်ဖွင့်ပြီးပဲဖြစ်ဖြစ် Google ကနေ တန်းဝင်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ Google Keep ကတော့ ဖုန်းထဲမှာ (သို့) Chrome Browser မှာ Google Account Sign In ဝင်ထားရုံနဲ့ တစ်ခါတည်း တန်းသုံးနိုင်မှာဖြစ်တဲ့အတွက် ဒီနေရာမှာလည်း အသာရတယ်လို့ ပြောလို့ရပါတယ်။

Verdict

OneNote Vs Evernote

OneNote Vs Evernote

အခုဒီ Microsoft OneNote, Google Keep နဲ့ Evernote ကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် Microsoft OneNote ဟာ Mobile မှာသုံးတာထက် ကွန်ပျူတာမှာ အသုံးများသူတွေအတွက် အကောင်းဆုံး Notes App လို့ သတ်မှတ်နိုင်ပြီး အလားတူ Evernote ကလည်း PC Version ထက် Mobile Notes App တွေမှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ Google Keep ကတော့ Features စုံလင်ဖို့ထက် အံ့အားသင့်ဖွယ် Sync လုပ်နိုင်တဲ့ အမြန်နှုန်းကြောင့် သာမန် Notes တွေကို ဖုန်းမှာရော၊ ကွန်ပျူတာမှာရော အမြဲသုံးနေရတဲ့သူတွေအတွက် အကောင်းဆုံး Notes App တစ်ခုလို့ သတ်မှတ်ရင်းနဲ့ ဒီ Article ကို အဆုံးသတ်လိုက်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com