[Zawgyi]

Donald Trump ရဲ႕ ‘The Beast’ နဲ႔ Kim Jong-un ရဲ႕ ‘Mercedes’

အေမရိကန္သမၼတႀကီး Donald Trump နဲ႔ ေျမာက္ကုိရီးယားေခါင္းေဆာင္ Kim Jong-un တုိ႔ စကၤာပူႏုိင္ငံ Sentosa Island ေပၚမွာရွိတဲ့ Capella Hotel မွာ ေတြ႕ဆုံခဲ့တဲ့ Trump – Kim Summit (2018 North Korea–United States Summit) ကေတာ့ ဇြန္လ (၁၂) ရက္ေန႔မွာ ၿပီးဆုံးခဲ့ပါၿပီ။ ကုိရီးယားကြ်န္းဆြယ္မွာ ႏ်ဴးကလီးယား ဖ်က္သိမ္းေပးေရး၊ အေမရိကန္နဲ႔ ေျမာက္ကုိရီးယားႏုိင္ငံေတြရဲ႕  စစ္သုံ႔ပန္း (Prisoners of War – POW) နဲ႔ ေပ်ာက္ဆုံးစစ္သည္ (Missing In Action – MIA) ေတြကုိ ျပန္လည္ရွာေဖြေပးေရးအျပင္ အေမရိကန္နဲ႔ ေျမာက္ကုိရီးယားႏွစ္ႏုိင္ငံအတြက္ ၿငိမ္းခ်မ္းေရးနဲ႔ အက်ိဳးစီးပြားကုိ ေဖာ္ေဆာင္ႏုိင္ေရးစတဲ့ အခ်က္ေတြကုိ သေဘာတူညီခဲ့ၾကလုိ႔ သေဘာထားတင္းမာမႈေတြ ေျပေလ်ာ့သြားၿပီလုိ႔ ဆုိခ်င္ပါတယ္။

Donald Trump with Kim Jong Un

Donald Trump with Kim Jong Un

သမၼတႀကီး Donald Trump ဟာ ေဒသစံေတာ္ခ်ိန္ ညေန  ၆နာရီခြဲမွာ စကၤာပူႏုိင္ငံက ထြက္ခြာခဲ့ၿပီး Kim Jong-un ကေတာ့ ည ၁ဝနာရီခြဲမွာ ထြက္ခြာခဲ့ပါတယ္။ Capella Hotel ကေန ေလဆိပ္ကုိ ထြက္ခြာရာလမ္းတစ္ေလ်ွာက္ ႏုိင္ငံေခါင္းေဆာင္ႏွစ္ဦး စီးနင္းခဲ့တဲ့ က်ည္ကာကားႀကီးေတြအေၾကာင္းကုိ ေဖာ္ျပလုိက္ပါတယ္။

The North Korean Motorcade

The North Korean Motorcade

Mercedes S600 Maybach Pullman Guard

ေျမာက္ကုိရီးယားေခါင္းေဆာင္ Kim Jong-un စီးတဲ့ Mercedes S600 Maybach Pullman Guard ကားအေၾကာင္းကုိ အေသးစိတ္မသိရေသးေပမယ့္ Mercedes-Benz S-Class (W221) ျဖစ္ၿပီး ၂ဝဝ၈ ခုႏွစ္က ၂ဝ၁၃ခုႏွစ္အတြင္း ေရာင္းခ်ခဲ့တဲ့ ေမာ္ဒယ္ျဖစ္ပါတယ္။ ျမင္းေကာင္ေရအား ၅၁၇ ရွိၿပီး Bi-turbo V12 Engine တပ္ဆင္ထားတယ္လုိ႔ သိရပါတယ္။

Mercedes S600 Maybach Pullman Guard

Mercedes S600 Maybach Pullman Guard

ကားရဲ႕ကာလတန္ေၾကးဟာ အေမရိကန္ေဒၚလာ ၁.၆ သန္းရွိပါတယ္။ က်ည္ကာမွန္ေတြ တပ္ဆင္ထားတဲ့အတြက္ အလြယ္တကူလုပ္ၾကံႏုိင္မွာ မဟုတ္ပါဘူး။ ကုိယ္ထည္ဟာ ခုိင္ခံ့မႈကုိ ဦးစားေပးထားလုိ႔ ကားနဲ႔ ၆ေပခြဲအတြင္းမွာ ဗုံးကြဲမယ္ဆုိရင္ေတာင္ အႏၱရာယ္ျဖစ္မွာ မဟုတ္ပါဘူး။ ကားရဲ႕ Frame တစ္ခုလုံးဟာ စနစ္တက်တည္ေဆာက္ထားတာမုိ႔ ကားရဲ႕ေအာက္တည့္တည့္မွာ ဗုံးကြဲခဲ့မယ္ဆုိရင္ေတာင္ ခရီးသည္ကုိ ထိခုိက္မွာ မဟုတ္ပါဘူး။

The North Korean Motorcade

The North Korean Motorcade

ဒါ့အျပင္ Maybach ကားေတြဟာ ခရီးသည္ခြင့္မျပဳဘဲ ရုတ္တရက္ဖြင့္လုိ႔၊ ပိတ္လုိ႔မရေအာင္ တံခါးမွာ လ်ွပ္စစ္ေမာ္တာေတြလည္း တပ္ထားပါေသးတယ္။ အလ်ား (၂၁) ေပအထိ ရွည္လ်ားတဲ့အတြက္ ကားအတြင္းမွာတင္ မ်က္ႏွာခ်င္းဆုိင္ အစည္းအေဝးလုပ္ႏုိင္တဲ့ အေနအထားပါ။

Mercedes S600 Maybach Pullman Guard

Mercedes S600 Maybach Pullman Guard

လုံျခံဳေရးျမင့္မားတဲ့ က်ည္ကာကားကုိ စိတ္ႀကိဳက္ျပဳျပင္ထားၿပီး ကုိယ္ပုိင္အိမ္သာတစ္လုံးကုိေတာင္ တပ္ဆင္ထားပါေသးတယ္။ ေျမာက္ကုိရီးယားေခါင္းေဆာင္ Kim Jong-un စီးတဲ့ Maybach Pullman Guard ကားရဲ႕အေလးခ်ိန္ဟာ ၅.၁ တန္ (၁၁,၂ဝဝ ေပါင္) ရွိတယ္လုိ႔ သိရပါတယ္။

Mercedes Maybach Inside View

Mercedes Maybach Inside View

Mercedes ကုမၸဏီကုိ ပုိင္ဆုိင္တဲ့ Daimler ေမာ္ေတာ္ကားထုတ္လုပ္ေရးလုပ္ငန္းစုကေတာ့ ကုလသမဂၢရဲ႕စီးပြားေရးပိတ္ဆုိ႔မႈ မူဝါဒအတုိင္း ေျမာက္ကုိရီးယားႏုိင္ငံကုိ ေမာ္ေတာ္ကားတင္သြင္းမႈ ရပ္ဆုိင္းလုိက္တာ (၁၅) ႏွစ္ေက်ာ္ ၾကာျမင့္ၿပီျဖစ္လုိ႔ သူတုိ႔အေနနဲ႔ Kim Jong-un ဆီကုိ ကားမေရာင္းခဲ့ပါဘူးလုိ႔ ျငင္းဆုိသြားပါတယ္။

Mercedes Maybach

Mercedes Maybach

ဒါေပမယ့္ Kim Jong-un ဟာ ကားဝါသနာအုိးတစ္ေယာက္ျဖစ္ၿပီး ခပ္ငယ္ငယ္တည္းက ကားစုေဆာင္းတာ ဝါသနာထုံခဲ့ပါတယ္။ ဇိမ္ခံကား (၁ဝဝ) ေက်ာ္ကုိ ဝယ္ယူထားၿပီး ကားဝယ္စရိတ္တင္ ေဒၚလာ သန္း (၂ဝ) ေလာက္ ကုန္တယ္လုိ႔ သိရပါတယ္။

The Beast (Cadillac One)

သမၼတႀကီး Donald Trump က သူစီးတဲ့ The Beast ကားႀကီးကုိ လုိက္ျပၿပီး Kim Jong-un ကုိ ၾကြားခဲ့ပါေသးတယ္။ အေမရိကန္ႏုိင္ငံသမၼတေတြ စီးတဲ့ကားကုိေတာ့ The Beast (Cadillac One) လုိ႔ ေခၚၾကပါတယ္။ အိမ္ျဖဴေတာ္မွာေတာ့ (၁၂) စီးေလာက္ရွိတယ္လုိ႔ သိရပါတယ္။ အေမရိကန္သမၼတေတြ စီးၾကတဲ့ကားေတြကုိ ဘယ္ကုမၸဏီက ထုတ္လုပ္တယ္ဆုိတာ တရားဝင္ထုတ္ျပန္တာမ်ိဳး မရွိေပမယ့္ Fox News ရဲ႕အဆုိအရ General Motors က ထုတ္လုပ္တယ္လုိ႔ သိရပါတယ္။

The Beast

The Beast

ေသနတ္ဒဏ္ေတြက ကာကြယ္ဖုိ႔ ငါးလက္မထူတဲ့ က်ည္ကာမွန္ေတြကုိ အသုံးျပဳထားတဲ့အျပင္ ကားတံခါးေတြက ရွစ္လက္မအထူရွိတဲ့ သံမဏိေတြနဲ႔ ျပဳလုပ္ထားၿပီး တံခါးတစ္ခ်ပ္ဟာ Boeing 747 ဂ်က္ေလယာဥ္ရဲ႕တံခါးနဲ႔ အေလးခ်ိန္အတူတူပဲလုိ႔ေတာင္ ဆုိထားပါတယ္။

The Beast

The Beast

လမ္းမွာ ေထာင္ထားတဲ့ ဗုံးဒဏ္ကုိ ကာကြယ္ႏုိင္ေစဖုိ႔ Frame ေတြကုိ စနစ္တက်တည္ေဆာက္ထားတဲ့အတြက္ ကားရဲ႕အေလးခ်ိန္က (၈) တန္အထိ ရွိတယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ အျပင္ဘက္မွာ ဓာတုပစၥည္းနဲ႔ တုိက္ခုိက္မယ္ဆုိရင္ေတာင္ ကားအခန္းထဲမွာေနရင္ အႏၱရာယ္ျဖစ္မွာ မဟုတ္ပါဘူး။

The Beast

The Beast

ဆီတုိင္ကီကုိ က်ည္ကာတစ္ထပ္ခံထားတဲ့အတြက္ ဗုံးမွန္မယ္ဆုိရင္ေတာင္ ေပါက္သြားမွာ မဟုတ္ပါဘူး။ ကားရဲ႕အလ်ားဟာ (၁၈) ေပရွည္တယ္လုိ႔ သိရပါတယ္။ အေရးေပၚအေျခအေနမွာ အသုံးျပဳႏုိင္ဖုိ႔ ကားထဲမွာ သမၼတနဲ႔အမ်ိဳးအစားတူတဲ့ ေသြးႏွစ္ပုိင့္ (၉၄၆ မီလီလီတာ) ကုိ သယ္ေဆာင္လာပါတယ္။ မ်က္ရည္ယိုဗုံး၊ ေသနတ္၊ မီးသတ္ေဆးဘူးနဲ႔ ညၾကည့္မ်က္မွန္ေတြ ပါဝင္ပါတယ္။ ကားကုိ ညၾကည့္ကင္မရာနဲ႔ GPS စနစ္ေတြ တပ္ဆင္ထားၿပီး ၿဂိဳလ္တုကေန ကားရဲ႕လမ္းေၾကာင္းကုိ ဌာနခ်ဳပ္ထံ သတင္းပုိ႔ေနတာျဖစ္ပါတယ္။

The Beast

The Beast

သမၼတရဲ႕ The Beast ကားဟာ စက္ခ်ိဳ႕ယြင္းဖုိ႔ မလြယ္ကူလွေပမယ့္ ၂ဝ၁၃ခုႏွစ္ ေမလ (၂ဝ) ရက္ေန႔ Barack Obama ရဲ႕ အစၥေရးႏုိင္ငံခရီးစဥ္မွာ ယာဥ္ေမာင္းက ဓာတ္ဆီအစား ဒီဇယ္ဆီကုိ ထည့္ခဲ့မိလုိ႔ ကားပ်က္ဖူးပါေသးတယ္။ အခုေဖာ္ျပခဲ့တဲ့ အခ်က္အလက္ေတြက ႏုိင္ငံေခါင္းေဆာင္ႏွစ္ေယာက္ စီးေနတဲ့ က်ည္ကာကားေတြရဲ႕အေၾကာင္းကုိ လက္လွမ္းမီသေလာက္ တင္ဆင္ေပးသြားတာျဖစ္ပါတယ္။ စာဖတ္သူေတြအေနနဲ႔ သေဘာက်ႏွစ္ခ်ိဳက္ၾကမယ္လုိ႔ သုံးသပ္မိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Donald Trump ရဲ့ ‘The Beast’ နဲ့ Kim Jong-un ရဲ့ ‘Mercedes’

အမေရိကန်သမ္မတကြီး Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ စင်္ကာပူနိုင်ငံ Sentosa Island ပေါ်မှာရှိတဲ့ Capella Hotel မှာ တွေ့ဆုံခဲ့တဲ့ Trump – Kim Summit (2018 North Korea–United States Summit) ကတော့ ဇွန်လ (၁၂) ရက်နေ့မှာ ပြီးဆုံးခဲ့ပါပြီ။ ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယား ဖျက်သိမ်းပေးရေး၊ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေရဲ့  စစ်သုံ့ပန်း (Prisoners of War – POW) နဲ့ ပျောက်ဆုံးစစ်သည် (Missing In Action – MIA) တွေကို ပြန်လည်ရှာဖွေပေးရေးအပြင် အမေရိကန်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရေးစတဲ့ အချက်တွေကို သဘောတူညီခဲ့ကြလို့ သဘောထားတင်းမာမှုတွေ ပြေလျော့သွားပြီလို့ ဆိုချင်ပါတယ်။

Donald Trump with Kim Jong Un

Donald Trump with Kim Jong Un

သမ္မတကြီး Donald Trump ဟာ ဒေသစံတော်ချိန် ညနေ  ၆နာရီခွဲမှာ စင်္ကာပူနိုင်ငံက ထွက်ခွာခဲ့ပြီး Kim Jong-un ကတော့ ည ၁ဝနာရီခွဲမှာ ထွက်ခွာခဲ့ပါတယ်။ Capella Hotel ကနေ လေဆိပ်ကို ထွက်ခွာရာလမ်းတစ်လျှောက် နိုင်ငံခေါင်းဆောင်နှစ်ဦး စီးနင်းခဲ့တဲ့ ကျည်ကာကားကြီးတွေအကြောင်းကို ဖော်ပြလိုက်ပါတယ်။

The North Korean Motorcade

The North Korean Motorcade

Mercedes S600 Maybach Pullman Guard

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un စီးတဲ့ Mercedes S600 Maybach Pullman Guard ကားအကြောင်းကို အသေးစိတ်မသိရသေးပေမယ့် Mercedes-Benz S-Class (W221) ဖြစ်ပြီး ၂ဝဝ၈ ခုနှစ်က ၂ဝ၁၃ခုနှစ်အတွင်း ရောင်းချခဲ့တဲ့ မော်ဒယ်ဖြစ်ပါတယ်။ မြင်းကောင်ရေအား ၅၁၇ ရှိပြီး Bi-turbo V12 Engine တပ်ဆင်ထားတယ်လို့ သိရပါတယ်။

Mercedes S600 Maybach Pullman Guard

Mercedes S600 Maybach Pullman Guard

ကားရဲ့ကာလတန်ကြေးဟာ အမေရိကန်ဒေါ်လာ ၁.၆ သန်းရှိပါတယ်။ ကျည်ကာမှန်တွေ တပ်ဆင်ထားတဲ့အတွက် အလွယ်တကူလုပ်ကြံနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ထည်ဟာ ခိုင်ခံ့မှုကို ဦးစားပေးထားလို့ ကားနဲ့ ၆ပေခွဲအတွင်းမှာ ဗုံးကွဲမယ်ဆိုရင်တောင် အန္တရာယ်ဖြစ်မှာ မဟုတ်ပါဘူး။ ကားရဲ့ Frame တစ်ခုလုံးဟာ စနစ်တကျတည်ဆောက်ထားတာမို့ ကားရဲ့အောက်တည့်တည့်မှာ ဗုံးကွဲခဲ့မယ်ဆိုရင်တောင် ခရီးသည်ကို ထိခိုက်မှာ မဟုတ်ပါဘူး။

The North Korean Motorcade

The North Korean Motorcade

ဒါ့အပြင် Maybach ကားတွေဟာ ခရီးသည်ခွင့်မပြုဘဲ ရုတ်တရက်ဖွင့်လို့၊ ပိတ်လို့မရအောင် တံခါးမှာ လျှပ်စစ်မော်တာတွေလည်း တပ်ထားပါသေးတယ်။ အလျား (၂၁) ပေအထိ ရှည်လျားတဲ့အတွက် ကားအတွင်းမှာတင် မျက်နှာချင်းဆိုင် အစည်းအဝေးလုပ်နိုင်တဲ့ အနေအထားပါ။

Mercedes S600 Maybach Pullman Guard

Mercedes S600 Maybach Pullman Guard

လုံခြုံရေးမြင့်မားတဲ့ ကျည်ကာကားကို စိတ်ကြိုက်ပြုပြင်ထားပြီး ကိုယ်ပိုင်အိမ်သာတစ်လုံးကိုတောင် တပ်ဆင်ထားပါသေးတယ်။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un စီးတဲ့ Maybach Pullman Guard ကားရဲ့အလေးချိန်ဟာ ၅.၁ တန် (၁၁,၂ဝဝ ပေါင်) ရှိတယ်လို့ သိရပါတယ်။

Mercedes Maybach Inside View

Mercedes Maybach Inside View

Mercedes ကုမ္ပဏီကို ပိုင်ဆိုင်တဲ့ Daimler မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းစုကတော့ ကုလသမဂ္ဂရဲ့စီးပွားရေးပိတ်ဆို့မှု မူဝါဒအတိုင်း မြောက်ကိုရီးယားနိုင်ငံကို မော်တော်ကားတင်သွင်းမှု ရပ်ဆိုင်းလိုက်တာ (၁၅) နှစ်ကျော် ကြာမြင့်ပြီဖြစ်လို့ သူတို့အနေနဲ့ Kim Jong-un ဆီကို ကားမရောင်းခဲ့ပါဘူးလို့ ငြင်းဆိုသွားပါတယ်။

Mercedes Maybach

Mercedes Maybach

ဒါပေမယ့် Kim Jong-un ဟာ ကားဝါသနာအိုးတစ်ယောက်ဖြစ်ပြီး ခပ်ငယ်ငယ်တည်းက ကားစုဆောင်းတာ ဝါသနာထုံခဲ့ပါတယ်။ ဇိမ်ခံကား (၁ဝဝ) ကျော်ကို ဝယ်ယူထားပြီး ကားဝယ်စရိတ်တင် ဒေါ်လာ သန်း (၂ဝ) လောက် ကုန်တယ်လို့ သိရပါတယ်။

The Beast (Cadillac One)

သမ္မတကြီး Donald Trump က သူစီးတဲ့ The Beast ကားကြီးကို လိုက်ပြပြီး Kim Jong-un ကို ကြွားခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံသမ္မတတွေ စီးတဲ့ကားကိုတော့ The Beast (Cadillac One) လို့ ခေါ်ကြပါတယ်။ အိမ်ဖြူတော်မှာတော့ (၁၂) စီးလောက်ရှိတယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတတွေ စီးကြတဲ့ကားတွေကို ဘယ်ကုမ္ပဏီက ထုတ်လုပ်တယ်ဆိုတာ တရားဝင်ထုတ်ပြန်တာမျိုး မရှိပေမယ့် Fox News ရဲ့အဆိုအရ General Motors က ထုတ်လုပ်တယ်လို့ သိရပါတယ်။

The Beast

The Beast

သေနတ်ဒဏ်တွေက ကာကွယ်ဖို့ ငါးလက်မထူတဲ့ ကျည်ကာမှန်တွေကို အသုံးပြုထားတဲ့အပြင် ကားတံခါးတွေက ရှစ်လက်မအထူရှိတဲ့ သံမဏိတွေနဲ့ ပြုလုပ်ထားပြီး တံခါးတစ်ချပ်ဟာ Boeing 747 ဂျက်လေယာဉ်ရဲ့တံခါးနဲ့ အလေးချိန်အတူတူပဲလို့တောင် ဆိုထားပါတယ်။

The Beast

The Beast

လမ်းမှာ ထောင်ထားတဲ့ ဗုံးဒဏ်ကို ကာကွယ်နိုင်စေဖို့ Frame တွေကို စနစ်တကျတည်ဆောက်ထားတဲ့အတွက် ကားရဲ့အလေးချိန်က (၈) တန်အထိ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အပြင်ဘက်မှာ ဓာတုပစ္စည်းနဲ့ တိုက်ခိုက်မယ်ဆိုရင်တောင် ကားအခန်းထဲမှာနေရင် အန္တရာယ်ဖြစ်မှာ မဟုတ်ပါဘူး။

The Beast

The Beast

ဆီတိုင်ကီကို ကျည်ကာတစ်ထပ်ခံထားတဲ့အတွက် ဗုံးမှန်မယ်ဆိုရင်တောင် ပေါက်သွားမှာ မဟုတ်ပါဘူး။ ကားရဲ့အလျားဟာ (၁၈) ပေရှည်တယ်လို့ သိရပါတယ်။ အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်ဖို့ ကားထဲမှာ သမ္မတနဲ့အမျိုးအစားတူတဲ့ သွေးနှစ်ပိုင့် (၉၄၆ မီလီလီတာ) ကို သယ်ဆောင်လာပါတယ်။ မျက်ရည်ယိုဗုံး၊ သေနတ်၊ မီးသတ်ဆေးဘူးနဲ့ ညကြည့်မျက်မှန်တွေ ပါဝင်ပါတယ်။ ကားကို ညကြည့်ကင်မရာနဲ့ GPS စနစ်တွေ တပ်ဆင်ထားပြီး ဂြိုလ်တုကနေ ကားရဲ့လမ်းကြောင်းကို ဌာနချုပ်ထံ သတင်းပို့နေတာဖြစ်ပါတယ်။

The Beast

The Beast

သမ္မတရဲ့ The Beast ကားဟာ စက်ချို့ယွင်းဖို့ မလွယ်ကူလှပေမယ့် ၂ဝ၁၃ခုနှစ် မေလ (၂ဝ) ရက်နေ့ Barack Obama ရဲ့ အစ္စရေးနိုင်ငံခရီးစဉ်မှာ ယာဉ်မောင်းက ဓာတ်ဆီအစား ဒီဇယ်ဆီကို ထည့်ခဲ့မိလို့ ကားပျက်ဖူးပါသေးတယ်။ အခုဖော်ပြခဲ့တဲ့ အချက်အလက်တွေက နိုင်ငံခေါင်းဆောင်နှစ်ယောက် စီးနေတဲ့ ကျည်ကာကားတွေရဲ့အကြောင်းကို လက်လှမ်းမီသလောက် တင်ဆင်ပေးသွားတာဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့ သဘောကျနှစ်ချိုက်ကြမယ်လို့ သုံးသပ်မိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com