[Zawgyi]

Hard Disk ဝယ္ဖုိ႔ စဥ္းစားတဲ့အခါ ဘယ္အခ်က္ေတြ ဦးစားေပး စဥ္းစားရမလဲ

ကြန္ပ်ဴတာဝယ္ဖို႔ စဥ္းစားတဲ့အခါ ေရြးခ်ယ္ရတဲ့ အစိတ္ပိုင္း အေတာ္ေလးမ်ားပါတယ္။ နည္းပညာဆိုတာကလည္း အျမဲလိုလို အသစ္ထြက္ေနတာဆိုေတာ့ အေၾကာင္းမသိထားရင္ ဘုမသိ၊ ဘမသိ ဝယ္မိတတ္ၾကတာ မ်ားပါတယ္။ ဒီလိုဆိုေတာ့ ကြန္ပ်ဴတာထဲက မရွိမျဖစ္ အေရးပါတဲ့ Hard Disk ကို ဘယ္လို ေရြးခ်ယ္ ဝယ္ယူမလဲဆိုတာ ေဖာ္ျပသြားပါ့မယ္။

Hard Disk Drive

Hard Disk ဝယ္တဲ့ေနရာမွာ တိုင္မပတ္ဘူးဆုိေပမယ့္ ကိုယ္သုံးခ်င္တဲ့အေနထားလိုက္ ဦးစားေပးစဥ္းစားရမယ့္ အပိုင္းပါ။ ေနာက္တခ်က္က ေဒတာအားလုံးကို တေနရာထဲမွာပဲ သိမ္းထားရမွာဆိုေတာ့ စိတ္ခ်လုံျခဳံရွိဖို႔လည္း လိုတာေပါ့ေနာ္။ ပုံမွန္အတိုင္း ဘာမွ မထိခိုက္ဘဲ ၁၀ ႏွစ္ေလာက္ အသုံးခံတယ္ဆိုမယ့္ တကယ့္ အသုံးလိုတဲ့ ေဒတာမ်ိဳးကုိက် Hard Disk ထဲဘယ္လို သိမ္းဆည္းထားရင္ စိတ္ခ်လို႔ရမလဲ စသျဖင့္ ထည့္စဥ္းစားရတာပါ။

Actuator Arm

ဒီလိုပဲ ကိုယ္က Entertainment သမားမလို႔ သီခ်င္းေတြ၊ Blu-ray ရုပ္ရွင္ေတြနဲ႔ ဂိမ္းဖိုင္ေတြ သိမ္းခ်င္တယ္၊ Render ခ်ရလို႔ Storage Space မ်ားမ်ား လိုအပ္တယ္ဆိုရင္ေတာ့ Storage မ်ားမ်ားဝင္ဆံ့မယ့္ Hard Disk မ်ိဳးက ေရြးခ်ယ္တာက အသင့္ေတာ္ဆုံး ျဖစ္မွာပါ။ ဒီေနရာမွာ User ေတာ္မ်ားမ်ား Hard Disk ကို Heat Sink ၾကီးေတြခံ အပူသက္သာေအာင္ ပန္ကာထပ္တပ္ျပီး အေအးခံေနတဲ့အခ်က္က ကြဲလႊဲမႈရွိေနပါတယ္။ ဆိုလိုတာက File Operation လုပ္ေဆာင္ေနတဲ့ Hard Disk တလုံးအတြက္ Physical Part ေတြပါေနလို႔ အပူထြက္လာတာ မွန္ေပမယ့္ သပ္သပ္ အေအးေပးဖို႔ မလုိအပ္ပါဘူး။

Larger storage means much more capacity

ဒီေနရာမွာ အေရးၾကီးဆုံးအခ်က္က Hard Disk ကို အာမခံလည္းရွိ ပါဝါေကာင္းေကာင္း ေထာက္ပံ့ထားနိင္မယ့္ Power Supply အသုံးျပဳဖို႔ပါ။ ေနာက္တခ်က္က ေလဝင္၊ ေလထြက္အားေကာင္းတဲ့ Casing မ်ိဳး လိုအပ္ေသးတဲ့အခ်က္က အထူးတလည္ ပိုက္ဆံကုန္စရာ မလိုဘူးလို႔ ကြ်မ္းက်င္သူေတြ ေထာက္ျပထားလို႔ပါ။ ဒီေနရာမွာ အၾကဳံျပဳခ်င္ေသးတာက အေရးၾကီးေဒတာေတြ အျမဲလိုလို သိမ္းဆည္း အသုံးျပဳေနရတယ္ ဆိုရင္ေတာ့ Hard Disk အစား SSD သုံးၾကည့္ဖို႔ပါ။

2.5″ SATA SSD

SSD ဆိုတဲ့ Solid State နည္းပညာက အခုေနာက္ပိုင္း အသုံးမ်ားလာတဲ့ Storage ျဖစ္သလိုသူ႔ရဲ႕ အားသာခ်က္ေတြက Hard Disk ထက္ ပိုအၾကမ္းခံ၊ ျမန္လဲျမန္၊ ပိုလဲ စိတ္ခ်ရတာမလို႔ပါ။ ဒါေၾကာင့္မလို႔လည္း Performance User ေတြနဲ႔ Business ကြန္ပ်ဴတာမွာ SSD အသုံးမ်ားေနတယ္ဆိုရင္ မမွားပါဘူး။ ကိုယ့္အေနနဲ႔လည္း ေငြပိုသုံးႏိုင္တယ္ဆုိရင္ SSD နဲ႔ HDD ႏွစ္မ်ိဳးကို System နဲ႔ ေဒတာ အတြက္ဆိုျပီး Combo တြဲသုံးလို႔ရပါေသးတယ္။

More performance NVMe SSD

အခုလို SSD ပဲဝယ္ဝယ္၊ HDD ပဲဝယ္ဝယ္ စဥ္းစားရမယ့္အခ်က္က Performance နဲ႔ Warranty ပိုင္းကို ေမာ္ဒယ္နဲ႔ Brand ေတြအလိုက္ ေသခ်ာ ဆန္းစစ္ျပီးမွ ဝယ္ယူပါ။ HDD ဝယ္တဲ့အခါ သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို RPM နဲ႔ ဆုံးျဖတ္သလုိ လက္ရွိေစ်းကြက္ထဲ Performance အျမင့္ဆုံး HDD က 7200 RPM ရွိပါတယ္။ Laptop အမ်ားစုကေတာ့ 5400 RPM အထိပဲ ဝယ္လို႔ရေသးလို႔ ဘယ္ HDD ပဲဝယ္ဝယ္  ၂ ႏွစ္၊ ၃ ႏွစ္ စသျဖင့္ အာမခံ မ်ားမ်ားရတဲ့ Brand ကိုမွ ေရြးခ်ယ္ဝယ္ယူပါ။

Upgrade for M.2 SSD or SATA SSD

SSD ဝယ္ဖို႔ စဥ္းစားလို႔ Performance ပိုင္း အဓိက က်ေနတယ္ဆိုရင္ NVMe Express သုံးထားတဲ့ PCIe ဒါမွမဟုတ္ M.2 SSD ေရြးခ်ယ္ပါ။ အဲ့လိုမွမဟုတ္ဘဲ ေဒတာ အကူးေျပာင္း လုပ္ခ်င္ေသးတယ္ဆိုရင္ Consumer Class ျဖစ္တဲ့ 2.5″ SATA SSD ကိုပဲ ဦးစားေပးပါ။ ဒီ SSD ႏွစ္မ်ိဳး စြမ္းေဆာင္ရည္က ေစ်းႏႈန္းအလိုက္ စကားေျပာေနေသးလို႔ ကိုယ္အသုံးခ်င္တဲ့ Type နဲ႔ အံကိုက္ျဖစ္မယ့္ အမ်ိဳးစားကိုပဲ ေရြးခ်ယ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

It is better to have Extra Storage

ဒါဆုိရင္ ကြန္ပ်ဴတာအတြက္ ေဒတာသိမ္းဆည္းဖုိ႔ Hard Disk ဘယ္လို ဝယ္ယူမလဲဆိုတာနဲ႔ ပတ္သက္လို႔ အေရးၾကီးတဲ့အခ်က္ေတြ သိသြားျပီလို႔ ထင္ပါတယ္။ ေနာက္ျပီး ႔ HDD ပဲဝယ္ဝယ္၊ SSD ပဲဝယ္ဝယ္ အေရးတၾကီး Backup လုပ္္ဖို႔ Portable HDD တလုံး ေဆာင္ထားသင့္ပါတယ္။ ဘာလို႔လဲဆိုရင္ မေမွ်ာ္လင့္တဲ့ အႏၱရာယ္မ်ိဳး ၾကံဳလာႏိုင္ေသးတာမလို႔ အပိုေဆာင္ထားလိုက္တာက အသုံးလိုတဲ့အခါ ပိုအက်ိဳးရွိတာ မလို႔ပါ။

2B (akhayar)
www.akhayar.com

[Unicode]

Hard Disk ဝယ်ဖို့ စဉ်းစားတဲ့အခါ ဘယ်အချက်တွေ ဦးစားပေး စဉ်းစားရမလဲ

ကွန်ပျူတာဝယ်ဖို့ စဉ်းစားတဲ့အခါ ရွေးချယ်ရတဲ့ အစိတ်ပိုင်း အတော်လေးများပါတယ်။ နည်းပညာဆိုတာကလည်း အမြဲလိုလို အသစ်ထွက်နေတာဆိုတော့ အကြောင်းမသိထားရင် ဘုမသိ၊ ဘမသိ ဝယ်မိတတ်ကြတာ များပါတယ်။ ဒီလိုဆိုတော့ ကွန်ပျူတာထဲက မရှိမဖြစ် အရေးပါတဲ့ Hard Disk ကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲဆိုတာ ဖော်ပြသွားပါ့မယ်။

Hard Disk Drive

Hard Disk ဝယ်တဲ့နေရာမှာ တိုင်မပတ်ဘူးဆိုပေမယ့် ကိုယ်သုံးချင်တဲ့အနေထားလိုက် ဦးစားပေးစဉ်းစားရမယ့် အပိုင်းပါ။ နောက်တချက်က ဒေတာအားလုံးကို တနေရာထဲမှာပဲ သိမ်းထားရမှာဆိုတော့ စိတ်ချလုံခြုံရှိဖို့လည်း လိုတာပေါ့နော်။ ပုံမှန်အတိုင်း ဘာမှ မထိခိုက်ဘဲ ၁၀ နှစ်လောက် အသုံးခံတယ်ဆိုမယ့် တကယ့် အသုံးလိုတဲ့ ဒေတာမျိုးကိုကျ Hard Disk ထဲဘယ်လို သိမ်းဆည်းထားရင် စိတ်ချလို့ရမလဲ စသဖြင့် ထည့်စဉ်းစားရတာပါ။

Actuator Arm

ဒီလိုပဲ ကိုယ်က Entertainment သမားမလို့ သီချင်းတွေ၊ Blu-ray ရုပ်ရှင်တွေနဲ့ ဂိမ်းဖိုင်တွေ သိမ်းချင်တယ်၊ Render ချရလို့ Storage Space များများ လိုအပ်တယ်ဆိုရင်တော့ Storage များများဝင်ဆံ့မယ့် Hard Disk မျိုးက ရွေးချယ်တာက အသင့်တော်ဆုံး ဖြစ်မှာပါ။ ဒီနေရာမှာ User တော်များများ Hard Disk ကို Heat Sink ကြီးတွေခံ အပူသက်သာအောင် ပန်ကာထပ်တပ်ပြီး အအေးခံနေတဲ့အချက်က ကွဲလွှဲမှုရှိနေပါတယ်။ ဆိုလိုတာက File Operation လုပ်ဆောင်နေတဲ့ Hard Disk တလုံးအတွက် Physical Part တွေပါနေလို့ အပူထွက်လာတာ မှန်ပေမယ့် သပ်သပ် အအေးပေးဖို့ မလိုအပ်ပါဘူး။

Larger storage means much more capacity

ဒီနေရာမှာ အရေးကြီးဆုံးအချက်က Hard Disk ကို အာမခံလည်းရှိ ပါဝါကောင်းကောင်း ထောက်ပံ့ထားနိင်မယ့် Power Supply အသုံးပြုဖို့ပါ။ နောက်တချက်က လေဝင်၊ လေထွက်အားကောင်းတဲ့ Casing မျိုး လိုအပ်သေးတဲ့အချက်က အထူးတလည် ပိုက်ဆံကုန်စရာ မလိုဘူးလို့ ကျွမ်းကျင်သူတွေ ထောက်ပြထားလို့ပါ။ ဒီနေရာမှာ အကြုံပြုချင်သေးတာက အရေးကြီးဒေတာတွေ အမြဲလိုလို သိမ်းဆည်း အသုံးပြုနေရတယ် ဆိုရင်တော့ Hard Disk အစား SSD သုံးကြည့်ဖို့ပါ။

2.5″ SATA SSD

SSD ဆိုတဲ့ Solid State နည်းပညာက အခုနောက်ပိုင်း အသုံးများလာတဲ့ Storage ဖြစ်သလိုသူ့ရဲ့ အားသာချက်တွေက Hard Disk ထက် ပိုအကြမ်းခံ၊ မြန်လဲမြန်၊ ပိုလဲ စိတ်ချရတာမလို့ပါ။ ဒါကြောင့်မလို့လည်း Performance User တွေနဲ့ Business ကွန်ပျူတာမှာ SSD အသုံးများနေတယ်ဆိုရင် မမှားပါဘူး။ ကိုယ့်အနေနဲ့လည်း ငွေပိုသုံးနိုင်တယ်ဆိုရင် SSD နဲ့ HDD နှစ်မျိုးကို System နဲ့ ဒေတာ အတွက်ဆိုပြီး Combo တွဲသုံးလို့ရပါသေးတယ်။

More performance NVMe SSD

အခုလို SSD ပဲဝယ်ဝယ်၊ HDD ပဲဝယ်ဝယ် စဉ်းစားရမယ့်အချက်က Performance နဲ့ Warranty ပိုင်းကို မော်ဒယ်နဲ့ Brand တွေအလိုက် သေချာ ဆန်းစစ်ပြီးမှ ဝယ်ယူပါ။ HDD ဝယ်တဲ့အခါ သူ့ရဲ့ စွမ်းဆောင်ရည်ကို RPM နဲ့ ဆုံးဖြတ်သလို လက်ရှိဈေးကွက်ထဲ Performance အမြင့်ဆုံး HDD က 7200 RPM ရှိပါတယ်။ Laptop အများစုကတော့ 5400 RPM အထိပဲ ဝယ်လို့ရသေးလို့ ဘယ် HDD ပဲဝယ်ဝယ်  ၂ နှစ်၊ ၃ နှစ် စသဖြင့် အာမခံ များများရတဲ့ Brand ကိုမှ ရွေးချယ်ဝယ်ယူပါ။

Upgrade for M.2 SSD or SATA SSD

SSD ဝယ်ဖို့ စဉ်းစားလို့ Performance ပိုင်း အဓိက ကျနေတယ်ဆိုရင် NVMe Express သုံးထားတဲ့ PCIe ဒါမှမဟုတ် M.2 SSD ရွေးချယ်ပါ။ အဲ့လိုမှမဟုတ်ဘဲ ဒေတာ အကူးပြောင်း လုပ်ချင်သေးတယ်ဆိုရင် Consumer Class ဖြစ်တဲ့ 2.5″ SATA SSD ကိုပဲ ဦးစားပေးပါ။ ဒီ SSD နှစ်မျိုး စွမ်းဆောင်ရည်က ဈေးနှုန်းအလိုက် စကားပြောနေသေးလို့ ကိုယ်အသုံးချင်တဲ့ Type နဲ့ အံကိုက်ဖြစ်မယ့် အမျိုးစားကိုပဲ ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။

It is better to have Extra Storage

ဒါဆိုရင် ကွန်ပျူတာအတွက် ဒေတာသိမ်းဆည်းဖို့ Hard Disk ဘယ်လို ဝယ်ယူမလဲဆိုတာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့အချက်တွေ သိသွားပြီလို့ ထင်ပါတယ်။ နောက်ပြီး ့ HDD ပဲဝယ်ဝယ်၊ SSD ပဲဝယ်ဝယ် အရေးတကြီး Backup လုပ်ဖို့ Portable HDD တလုံး ဆောင်ထားသင့်ပါတယ်။ ဘာလို့လဲဆိုရင် မမျှော်လင့်တဲ့ အန္တရာယ်မျိုး ကြုံလာနိုင်သေးတာမလို့ အပိုဆောင်ထားလိုက်တာက အသုံးလိုတဲ့အခါ ပိုအကျိုးရှိတာ မလို့ပါ။

2B (akhayar)
www.akhayar.com