[Zawgyi]




Display


Good Display Quality

Winner : Galaxy Note 9

Design



Winner : Galaxy Note 9

Performance



Winner : iPhone XS Max

Camera


Cameras?


Comparison 1 (Sample)


Comparison 2


Comparison 3


Comparison 4


Software



Winner: Tie

Galaxy Note 9?



2B (Akhayar)
www.akhayar.com

[Unicode]

ဒေါ်လာ ၁၀၀၀ တန် iPhone XS Max Vs. Galaxy Note 9 ဘယ်ဖုန်း ပိုသာနေမလဲ?

ထာဝရပြိုင်ဖက်လို့ သတ်မှတ်ခံထားရတဲ့ Apple နဲ့ Samsung ၊ ဒီတစ်ခါမှာလည်း iPhone XS Max နဲ့ Galaxy Note 9 ဆိုပြီး မိတ်ဆက်ထားကြပြီမလို့ Flagship စမတ်ဖုန်းတန်းမှာ ဘယ်သူဦးဆောင်နေပြီလဲ? အကောင်းဆုံး Mobile Display ပိုင်ဆိုင်နေတယ်လို့ သတ်မှတ်ခံထားရတဲ့ iPhone XS Max ကြီး၊ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ဆိုသလို Galaxy Note 9 နဲ့ Head-to-head ယှဉ်လိုက်ရင် ဘယ်သူသာမယ်ထင်လဲ?

iPhone XS Max & Galaxy Note 9

Display

ပထမဆုံး ပြောချင်တာတော့ Display ပါ၊ ဖုန်း ၂ မျိုးလုံး Super AMOLED Panel သုံးထားတယ်။ Screen Size ယှဉ်ကြည့်လိုက်မယ်ဆိုရင် XS Max က မဆိုစလောက် 0.1” ပိုကြီးတယ်၊ ဒါက သိသာတယ် မဆိုရပေမယ့် Display Resolution ချင်းသွားယှဉ်လိုက်မယ်ဆိုရင် Galaxy Note 9 ပိုသာနေတယ်။ XS Max မှာ 2688 x 1242 ရှိတဲ့ Super Retina Display သုံးထားတယ်ဆိုမယ့် 2960 x 1440 Resolution ရှိတဲ့ Note 9 ကို မယှဉ်နိုင်ဘူး၊ PPI ကွာတယ်။ ၂ မျိုးလုံး HDR ကိုင်တွယ်နိုင်တယ့် Device တွေဆိုပေမယ့် Display ပိုင်းမှာ Note 9 လောက် XS Max မစွမ်းဆောင်နိုင်ရှာဘူး။

Good Display Quality

အဓိက Notch ပါလာတဲ့အတွက် ဂိမ်းကစားတာ၊ ရုပ်ရှင်ကြည့်တာစတဲ့ Media Content ကိုင်တွယ်တဲ့နေရာမှာ Samsung လောက် Display အားသာချက်တွေ မသုံးနိုင်ဘူး။ အကောင်းဆုံး Mobile Display ပိုင်ဆိုင်ထားတယ်လို့ ကြေညာထားတယ်ဆိုမယ့် Note 9 Display က အစစ အရာရာ ပြည့်စုံတဲ့ အနေထားမှာ ရှိနေတယ်။
Winner : Galaxy Note 9

Design

စမတ်ဖုန်း အသွင်ပြင် ဒီဇိုင်းနဲ့ ပတ်သက်လို့ ပြောရရင် ဖုန်း ၂ မျိုးလုံး ထူးထူးခြားခြား ပြောင်းလဲလာတာမျိုးမရှိပေမယ့် Galaxy Note 9 ပုံစံက လေးထောင့် ကျကျဖြစ်နေတယ်၊ iPhone ကတော့ ထောင့်ကွေးကွေးလေးနဲ့ ပါးပါးလျလျပုံစံလို့ ခံစားရစေတယ်။ Wireless Charging ထောက်ပံ့ထားကြတော့ ကျောဘက်က Glass Body ၊ ရှေ့ဘက်ကိုကျ Stainless Steel သတ္ထုကိုယ်ထည်ကို XS Max အသုံးပြုထားတယ်၊ Note 9 ကျ Alumimnum သားနဲ့ သာမန်ပုံစံအတိုင်း ဒီဇီုင်းဆွဲထားတယ်။

Fortified by Metallic Body

ဒီလို သတ္ထုကိုယ်ထည်ကိုယ်စီ သုံးထားကျပေမယ့် Drop Test မှာ Note 9 လောက် iPhone အကြမ်းမခံရှာဘူး။ Steel Frame မလို့ နူးညံ့သွားတယ် ထင်ရပေမယ့် အရင် iPhone X ထက်ပိုမာတယ်၊ အကြမ်းခံတယ်။ Galaxy Note 9 ကိုကျ ပိုတောင့်တယ် ပြောရပေမယ့် S9 Plus နဲ့ Note 8 တို့နဲ့ ယှဉ်လိုက်ရင်ကျ လေးထောင့်ကျကျ ဖြတ်ထုတ်ထားတဲ့ Cured Screen ကြောင့် ပုံတုံး နေတယ်လို့ ထင်ရစေတယ်။
Winner : Galaxy Note 9

Performance

စွမ်းဆောင်ရည်ပိုင်းမှာဆိုရင် ထွေထွေထူးထူး ပြောနေစရာမလိုဘူးထင်ပါတယ်။ A12 Bioni Chip ကို အမြန်ဆုံး Mobile Processor လို့ သတ်မှတ်ထားတာဆိုတော့ SD 845 ပဲ သုံးသုံး၊ Exynos ပဲ သုံးသုံး Overall Performance မှာ XS Max ပြတ်ပြတ်သားသား အနိုင်ရထားပါတယ်။ ဒါကြောင့်မလို့ App Scroll လုပ်တာ၊ အဖွင့်ပိတ်လုပ်တာ၊ တစ်ခုနဲ့တစ်ခု Swtich လုပ်တဲ့နေရာမျိုးတွေမှာ အထစ်ငေါ့မရှိ Galaxy Note 9 ထက် ပိုချောချောမွေ့မွေ့ စွမ်းဆောင်နိုင်ပါတယ်။

Which one has better look?

ဘက်ထရီပိုင်းမှာ 4,000 mAh ဘက်ထရီ Galaxy Note 9 သုံးထားတယ်၊ XS Max မှာ 3174 mAh Battery သုံးထားတယ်ဆိုမယ့် အရင် iPhone X ထက် မိနစ် ၉၀ ပိုအသုံးခံမယ်ဆိုထားလို့ OS Optimization ပါထည့်ပေါင်းကြည့်မယ်ဆိုရင် Note 9 နီးနီးအသုံးခံမယ်ထင်ပါတယ်။
Winner : iPhone XS Max

Camera

ကင်မရာပိုင်းမှာ ဖုန်း ၂ မျိုးလုံး သုံးထားတဲ့ Camera ချင်း၊ Feature ချင်း အတူတူနီးပါးပဲ။ Note 9 မှာ f/1.5 ကနေ 2.4 အထိ အတိုးချဲ့ လုပ်ပေးနိုင်တဲ့ 12MP (Dual Pixel) ကင်မရာကို Main ထားထားတယ်၊ XS Max မှာ f/1.8 ရှိတဲ့ 12MP ကိုပဲ သုံးထားတယ်။ Telephoto Lens အတွက် f/2.4 ရှိတဲ့ 12MP ကင်မရာကိုပဲ Note 9 နဲ့ XS Max မှာ သုံးထားတာမလို့ ယေဘူယျ ကြည့်ကြည့်ရင် အတူတူပဲ။

Cameras?

တကယ်တမ်း ကင်မရာစွမ်းဆောင်ရည် နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ Galaxy Note 9 ထက် အစစအရာရာ သာနေတယ်။ Portrait Mode မှာ ဖုန်း ၂ မျိုးလုံး ကောင်းကောင်းရိုက်နိုင်တယ်ဆိုမယ့် Note 9 ပုံမှာ Detail ကျနေပြီး Skin Tone လည်း XS Max လောက် မကောင်းတာ တွေ့ရတယ်။

Comparison 1 (Sample)

Low Light Mode ရိုက်တဲ့အခါမှာလည်း Note 9 ပုံတွေ ကောင်းတယ်ပြောရပေမယ့် XS Max နဲ့ သွားယှဉ်တဲ့အခါ ပုံရိပ်ပိုကြည်တယ်၊ သဘာဝအရောင် ပေးစွမ်းနိုင်တယ်၊ ပိုပြီး Detail ကျနေတာကို သတိထားမိနိုင်တယ်။

Comparison 2

နောက်ပြီး Note 9 ကင်မရာက ပိုပြီး Saturate ဖြစ်တဲ့ ပုံရိပ်တွေ ပေးစွမ်းနေတာကို Sample ပုံတွေကြည့်ပြီး သတိထားမိနိုင်တယ်။ ရှိသင့်တာထက် Colour ပိုစိုနေတာမလို့ XS Max ထက်စာရင် အရောင်တွေ Wash Out ဖြစ်မသွားဘူး၊ Contrast ပိုကောင်းတယ် ပြောရမှာပေါ့။ ဒါပေမယ့်လည်း XS Max နဲ့ ပိုသဘာဝကျတဲ့ ပုံရိပ်တွေ ရိုက်ကူးနိုင်တာမလို့ ဘယ်သူပိုသာတယ် ပြောမရပါဘူး။

Comparison 3

ဒါထက် XS Camera က Dynamic Range ပိုကျယ်တယ်လို့ သတိထားမိနိုင်ပြီး ဒီအချက်ကို အလင်းရောင်များတဲ့ နေရာမျိုးတွေမှာ ဓာတ်ပုံရိုက်ကူးရင် ယှဉ်ကြည့်နိုင်တယ်။

Comparison 4

Apple’s HDR သုံးပြီး ရိုက်ကူးရင် Detail နဲ့ Shadow Effect ပိုကောင်းတာ သတိထားမိနိုင်ပြီး သဘာဝ အတိုင်းပေးစွမ်းနိုင်တာမလို့ Warm ဘက်ရောက်နေတဲ့ Note 9 ကင်မရာထက် ပိုသာနေတယ်။
Winner: iPhone XS Max (105 Vs. 103 : DxOMark 2018)

Software

OS ပိုင်းမှာ Feature အသစ်တွေပါလာကြတယ်၊ Note 9 မှာဆိုရင် Samsung Experience 9.0 Update နဲ့ Bixby လုပ်ဆောင်ချက် ပိုကောင်းလာတယ်၊ Samsung UI ကလည်း Pure Android နီးပါး ကောင်းမွန်တယ်လို့ ပြောနိုင်သလို သူ့ Android OS နဲ့သူ ပြည့်ဝတဲ့ အနေထားရှိနေတယ်။

iPhone XS Max & Galaxy Note 9

ဒီလိုပဲ iPhone XS Max နဲ့အတူ ပွဲထွက်လာတဲ့ iOS 12 မှာဆိုရင် Performance ပိုင်းအသားပေးထားလို့ Application ဖွင့်တာ၊ ကင်မရာဖွင့်တာ အရမ်းသွက်လာတယ်။ အထူးသဖြင့် စာရိုက်ဖို့ Keyboard ပေါ်လာတာကအစ သိသိသာသာ မြန်လာသလို FaceTime လို Group Feature မျိုးနဲ့ လွယ်လင့်တကူ Memojis (Animoji လို Customize) လုပ်နိုင်လာတယ်၊ Notification တွေကို App တခုထဲမှာ စုစည်းဖော်ပြလာပြီး ဖုန်းဘယ်လောက် အသုံးပြုနေသလဲဆိုတာ တွက်ချက်ပေးမယ့် Screen-on-time Feature လည်းပါဝင်လာပါတယ်။
Winner: Tie

Galaxy Note 9?

အနှစ်ချုပ်ပြောရမယ်ဆိုရင် iPhone XS Max ထက် Galaxy Note 9 ကို ရွေးချယ်ဖို့ စဉ်းစားသင့်တဲ့ အချက်တွေ အများကြီးရှိပါတယ်။ Apple မလို့ Samsung မလို့ တိုက်ခိုက်ပြောတာ မဟုတ်ပေမယ့် Note 9 မှာ S-Pen ပါတယ်၊ ဒါက Phablet လို Screen အရွယ်စားကြီး စမတ်ဖုန်းတစ်လုံးအတွက် လိုကိုလိုအပ်တဲ့ Essential လေးပါ။ နောက်ပြီး ပိုဈေးသက်သာတယ်၊ Headphone Jack Port ပါတယ်၊ Dolby Audio ပါတယ်၊ 512GB မော်ဒယ်ဝယ်ထားပြီးရင်တောင် microSD နဲ့ 1TB အထိ ထပ်စိုက်နိုင်တယ်။ XS Max မှာ ပိုကောင်းတဲ့ ကင်မရာပါတယ်၊ စွမ်းဆောင်ရည်ပိုကောင်းတယ်၊ OS Update ချက်ချင်းရ၊ ချက်ချင်းတင်သုံးနိုင်တယ်။ ဒီလို အားသာချက်ရှိနေတယ် ဆိုပေမယ့် Feature လည်းစုံ၊ ပိုလဲ ဈေးသက်သာ၊ iPhone ထက် ပိုစွမ်းဆောင်နိုင်တဲ့ Galaxy Note 9 က သင့်တော်တဲ့ ရွေးချယ်မှုပါ။

Source: Android Authority

2B (Akhayar)
www.akhayar.com