[Zawgyi]

Galaxy Note 9 က S9 Plus အစားထိုး စမတ္ဖုန္း ျဖစ္လာနိုင္မလား

Galaxy Note 9 စမတ္ဖုန္းအသစ္ကေတာ့ ၾသဂုတ္လ ၉ ရက္ေန႔မွာ က်င္းပခဲ့တဲ့ Galaxy Unpack Event အျပီး မၾကာခင္ ေစ်းကြက္ထဲ ဝင္လာေတာ့မွာပါ။ Samsung အေနနဲ႔ Note 9 ကို Desktop အစားထိုး စမတ္ဖုန္းလို႔ ေၾကြးေၾကာ္ထားျပီဆိုေပမယ့္ ျမင္ေတြ႔လိုက္ရတဲ့ ဒီဇိုင္းကို အရင္ေျပာရမယ္ဆိုရင္ Galaxy S9 Plus နဲ႔ Note 8 ေမာ္ဒယ္ႏွစ္မ်ိဳး ေရာခ်ထားတယ္လို႔ ခံစားရေစပါတယ္။ ဒါေၾကာင့္မလို႔ ဒီဇိုင္းပိုင္း Improve ျဖစ္မလာသလို ထင္ရေစျပီး ကင္မရာပိုင္းမွာလည္း S9 Plus ကင္မရာနဲ႔ သူမသာ ကိုအသုဘ လိုပါပဲ။ အဓိက ကြာျခားသြားတဲ့အခ်က္က Note 9 မွာ Bluetooth သုံးလို႔ရတဲ့ S Pen နဲ႔ 4,000 mAh ဘက္ထရီ ပါဝင္လာတာကလႊဲလို႔ ေက်နပ္အားရစရာ မရွိပါဘူး။

Yellowish S Pen on Note 9

ဒါဆိုရင္ ဘာလို႔ Galaxy Note 9 လို႔ နာမည္တပ္ၿပီး မိတ္ဆက္ေပးလိုက္တာလည္း။ 128GB ပါဝင္တဲ့ ေမာ္ဒယ္ကို ေဒၚလာ 1,000 သတ္မွတ္ထားျပီး ေဒၚလာ 840 က်သင့္မယ့္ S9 Plus နဲ႔ ယွဥ္လိုက္ရင္ စြမ္းေဆာင္ရည္ မတိမ္းမယိမ္းျဖစ္ေနပါတယ္။ အဲ့ဒါထက္ 512GB Storage ပါဝင္တဲ့ ေမာ္ဒယ္ကို ေဒၚလာ 1,250 ေရာင္းမယ္ဆိုေတာ့ Note 9 စမတ္ဖုန္းမွာ Samsung ဘာေတြမ်ား ကြန႔္ထားခဲ့သလဲဆိုတာ စဥ္းစားစရာ ျဖစ္လာေစပါတယ္။ ဒါေၾကာင့္မလို႔ Galaxy Note 9 ကို S9 Plus ေမာ္ဒယ္နဲ႔ ယွဥ္လိုက္ရင္ ဘာေတြမ်ား ေျပာင္းလဲသြားသလဲဆိုတာ ေခါင္းစေျခအဆုံး ႏႈိင္းယွဥ္ေဖာ္ျပသြားပါ့မယ္။

Note 9 vs S9 Plus

Display

Display ပိုင္းနဲ႔ ပတ္သက္လို႔ ေထြေထြထူးထူး ေျပာင္းလဲထားတာမ်ိဳး မရွိေပမယ့္ Galaxy S9 Plus ရဲ႕ ေဘးေဘာင္ေတြ Note 9 ထက္ ပိုေကြးေနတာ သတိထားမိမွာပါ။ ဖုန္းႏွစ္လုံးရဲ႕ Screen ကို Corning Gorilla Glass 5 နဲ႔ ကာကြယ္ေပးထားၿပီး WQHD+ (1440×2960) Resolution သုံးေပးထားပါတယ္။ ဒီေနရာမွာ Note 9 Screen က S9 Plus ထက္ မဆိုစေလာက္ေလး ပိုႀကီးသြားတယ္ဆိုမယ့္ Pixel သိပ္သည္းဆခ်င္းယွဥ္လိုက္ရင္ S9 Plus ထက္ ပိုနည္းသြားမွာပါ။ Samsung အဆိုရ ေျပာရမယ္ဆိုရင္လည္း S9 Plus ထက္ ပိုမိုေတာက္ပတဲ့ Screen နဲ႔ ပိုမိုတိက်တဲ့ Colour အေထာက္အပံ့ Note 9 မွာ ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။

Note 9 inside Logic Board

Design & Weight

ဒီဇိုင္းပိုင္းမွာ အရင္ Note 8 ေမာ္ဒယ္နဲ႔ အတူတူပဲလို႔ ေျပာႏိုင္ေပမယ့္ Note 9 မွာေတာ့ အတြင္း အစိတ္အပိုင္း ဖြဲ႕စည္းပုံေတြ လုံးဝေျပာင္းလဲသြားပါၿပီ။ Samsung အဆိုအရ 4,000 mAh ဘက္ထရီ ထည့္ဖို႔ရယ္၊ ေနာက္ၿပီး Water Cooling ထည့္ဖို႔အတြက္ Note 8 နဲ႔မတူဘဲ က်စ္က်စ္လစ္လစ္ ဖြဲ႕စည္းထားပုံရပါတယ္။ အဲ့ဒါထက္ Note 8 Copper Plate ထက္ ပိုမိုထူထည္တဲ့ Copper Plate ေျပာင္းသုံးလိုက္တာက အပူစုပ္အားပိုေကာင္းသြားေစသလို Weight လည္း ပိုတက္သြားမွာပါ။ ဒါေၾကာင့္မလို႔ S9 Plus အေလးခ်ိန္နဲ႔ ယွဥ္လိုက္ရင္ေတာ့ မသိမသာ ပိုေလးေနတယ္လို႔ေတာ့ ခံစားေနရမွာပါ။ ဆက္လက္ၿပီး Stereo Speaker အသံထြက္စနစ္နဲ႔ Headphone Port ထည့္သြင္းေပးထားတာကလည္း အခုခ်ိန္မွာ နားၾကပ္ေပါက္ပါတဲ့ Flagship စမတ္ဖုန္း လိုက္ရွာေနတယ္ဆိုရင္ေတာ့ Samsung ထုတ္ Galaxy S နဲ႔ Note စီးရီး စမတ္ဖုန္းေတြက ေ႐ြးခ်ယ္စရာ ျဖစ္ေနဦးမွာပါ။

Note 9 vs S9 Plus

Storage Size & Performance

စြမ္းေဆာင္ရည္ပိုင္းမွာ Snapdragon 845 SoC ဒါမွမဟုတ္ Exynous 9810 သုံးထားတယ္ဆိုမယ့္ Note 9 က ပိုသာတဲ့ အေနအထားမွာ ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ Note 9 မွာ 8GB RAM နဲ႔ 512GB Storage အထိ ေ႐ြးခ်ယ္လို႔ရတာမလို႔ 6GB RAM နဲ႔ 256GB Storage ပဲ ပါတဲ့ S9 Plus နဲ႔ ယွဥ္လိုက္ရင္ Multi-tasking ပိုေကာင္းလာမယ္လို႔ ခန႔္မွန္းၾကည့္ႏိုင္ပါတယ္။

Both support ultra low light camera

Camera

ကင္မရာပိုင္းမွာ “Scene Optimizer” Feature ေလး အဆင့္ျမႇင့္ေပးထားကလြဲလို႔ စြမ္းေဆာင္ရည္ခ်င္း S9 Plus နဲ႔ မတိမ္းမယိမ္း ရွိေနပါတယ္။ စမတ္ဖုန္းႏွစ္မ်ိဳးလုံးမွာ f/1.5 ကေန f/2.4 အထိ အတိုးခ်ဲ႕ ျပဳလုပ္ေပးႏိုင္မယ့္ 12MP ပင္မ ကင္မရာ၊ ေနာက္ၿပီး f/2.4 ရွိတဲ့ 12MP ကင္မရာကိုပဲ Secondary အေနနဲ႔ ေက်ာဖက္မွာ Dual Setup လုပ္ေပးထားမွာပါ။ ထုံးစံအတိုင္း ေရွ႕ကင္မရာကိုေတာ့ f/1.7 ရွိတဲ့ 8MP ကင္မရာကိုပဲ Galaxy S9 Plus နဲ႔ Note 9 မွာ အသုံးျပဳေပးထားပါတယ္။

Every S & Note have larger storage space

Battery

Note 9 မွာ 4,000 mAh ဘက္ထရီ ပါဝင္လာတာမလို႔ 3,500 mAh ပဲ ပါဝင္တဲ့ S9 Plus ဘက္ထရီထက္ သိုေလွာင္အား 14% ပိုမ်ားလာမွာပါ။ အဲ့ဒီလို 500 mAh ကြာျခားသြားတဲ့အခ်က္က S9 Plus ထက္ ဘက္ထရီ ပိုအသုံးခံမယ္လို႔ ေျပာႏိုင္ပါတယ္။

Expandable up to 1TB Storage

ဒါဆို S9 Plus နဲ႔ ယွဥ္လိုက္ရင္ စြမ္းေဆာင္ရည္ပိုင္း ထူးထူးျခားျခား ကြာျခားသြားတာမ်ိဳးမရွိသလို 8GB RAM ပါဝင္လာတာကလည္း Mult-taking ပိုင္း ပိုေကာင္းလာတာပဲရွိမွာပါ။ Storage ကို 1TB အထိ ထပ္တိုးလို႔ရလာတဲ့အခ်က္ကလည္း ေဒတာမ်ားမ်ား သိမ္းဆည္းခ်င္သူေတြ အတြက္ အစဥ္ေျပေစမယ့္ အခ်က္ပါ။ S9 Plus နဲ႔ ကြာျခားေနတဲ့ အခ်က္က Note ေတြမွာ ပါေနၾက S Pen ကိုပဲ Bluetooth Function ထပ္ထည့္ေပးလိုက္တာပါ။ အဲ့ဒီ S Pen ရဲ႕ အားသာခ်က္က ကင္မရာအတြက္ Remote Shutter အေနနဲ႔ အသုံးျပဳလို႔ရသလို YouTube ဗီဒီယိုၾကည့္တဲ့အခါ Play/Pause ကို အကြာအေဝး တစ္မီတာအတြင္း ထိန္းခ်ဳပ္ထားႏိုင္မွာပါ။ ဒီအခ်က္ေတြက Note စမတ္ဖုန္းေတြရဲ႕ အားသာခ်က္ ျဖစ္ေနတာမလို႔ S Pen နဲ႔ 4,000 mAh ဘက္ထရီမပါလာခဲ့ဘူးဆိုရင္ S9 Plus ေမာ္ဒယ္ အသစ္လို႔ အထင္မွားသြားေစနိုင္ပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

Galaxy Note 9 က S9 Plus အစားထိုး စမတ်ဖုန်း ဖြစ်လာနိုင်မလား

Galaxy Note 9 စမတ်ဖုန်းအသစ်ကတော့ သြဂုတ်လ ၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Galaxy Unpack Event အပြီး မကြာခင် ဈေးကွက်ထဲ ဝင်လာတော့မှာပါ။ Samsung အနေနဲ့ Note 9 ကို Desktop အစားထိုး စမတ်ဖုန်းလို့ ကြွေးကြော်ထားပြီဆိုပေမယ့် မြင်တွေ့လိုက်ရတဲ့ ဒီဇိုင်းကို အရင်ပြောရမယ်ဆိုရင် Galaxy S9 Plus နဲ့ Note 8 မော်ဒယ်နှစ်မျိုး ရောချထားတယ်လို့ ခံစားရစေပါတယ်။ ဒါကြောင့်မလို့ ဒီဇိုင်းပိုင်း Improve ဖြစ်မလာသလို ထင်ရစေပြီး ကင်မရာပိုင်းမှာလည်း S9 Plus ကင်မရာနဲ့ သူမသာ ကိုအသုဘ လိုပါပဲ။ အဓိက ကွာခြားသွားတဲ့အချက်က Note 9 မှာ Bluetooth သုံးလို့ရတဲ့ S Pen နဲ့ 4,000 mAh ဘက်ထရီ ပါဝင်လာတာကလွှဲလို့ ကျေနပ်အားရစရာ မရှိပါဘူး။

Yellowish S Pen on Note 9

ဒါဆိုရင် ဘာလို့ Galaxy Note 9 လို့ နာမည်တပ်ပြီး မိတ်ဆက်ပေးလိုက်တာလည်း။ 128GB ပါဝင်တဲ့ မော်ဒယ်ကို ဒေါ်လာ 1,000 သတ်မှတ်ထားပြီး ဒေါ်လာ 840 ကျသင့်မယ့် S9 Plus နဲ့ ယှဉ်လိုက်ရင် စွမ်းဆောင်ရည် မတိမ်းမယိမ်းဖြစ်နေပါတယ်။ အဲ့ဒါထက် 512GB Storage ပါဝင်တဲ့ မော်ဒယ်ကို ဒေါ်လာ 1,250 ရောင်းမယ်ဆိုတော့ Note 9 စမတ်ဖုန်းမှာ Samsung ဘာတွေများ ကွန့်ထားခဲ့သလဲဆိုတာ စဉ်းစားစရာ ဖြစ်လာစေပါတယ်။ ဒါကြောင့်မလို့ Galaxy Note 9 ကို S9 Plus မော်ဒယ်နဲ့ ယှဉ်လိုက်ရင် ဘာတွေများ ပြောင်းလဲသွားသလဲဆိုတာ ခေါင်းစခြေအဆုံး နှိုင်းယှဉ်ဖော်ပြသွားပါ့မယ်။

Note 9 vs S9 Plus

Display

Display ပိုင်းနဲ့ ပတ်သက်လို့ ထွေထွေထူးထူး ပြောင်းလဲထားတာမျိုး မရှိပေမယ့် Galaxy S9 Plus ရဲ့ ဘေးဘောင်တွေ Note 9 ထက် ပိုကွေးနေတာ သတိထားမိမှာပါ။ ဖုန်းနှစ်လုံးရဲ့ Screen ကို Corning Gorilla Glass 5 နဲ့ ကာကွယ်ပေးထားပြီး WQHD+ (1440×2960) Resolution သုံးပေးထားပါတယ်။ ဒီနေရာမှာ Note 9 Screen က S9 Plus ထက် မဆိုစလောက်လေး ပိုကြီးသွားတယ်ဆိုမယ့် Pixel သိပ်သည်းဆချင်းယှဉ်လိုက်ရင် S9 Plus ထက် ပိုနည်းသွားမှာပါ။ Samsung အဆိုရ ပြောရမယ်ဆိုရင်လည်း S9 Plus ထက် ပိုမိုတောက်ပတဲ့ Screen နဲ့ ပိုမိုတိကျတဲ့ Colour အထောက်အပံ့ Note 9 မှာ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Note 9 inside Logic Board

Design & Weight

ဒီဇိုင်းပိုင်းမှာ အရင် Note 8 မော်ဒယ်နဲ့ အတူတူပဲလို့ ပြောနိုင်ပေမယ့် Note 9 မှာတော့ အတွင်း အစိတ်အပိုင်း ဖွဲ့စည်းပုံတွေ လုံးဝပြောင်းလဲသွားပါပြီ။ Samsung အဆိုအရ 4,000 mAh ဘက်ထရီ ထည့်ဖို့ရယ်၊ နောက်ပြီး Water Cooling ထည့်ဖို့အတွက် Note 8 နဲ့မတူဘဲ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားပုံရပါတယ်။ အဲ့ဒါထက် Note 8 Copper Plate ထက် ပိုမိုထူထည်တဲ့ Copper Plate ပြောင်းသုံးလိုက်တာက အပူစုပ်အားပိုကောင်းသွားစေသလို Weight လည်း ပိုတက်သွားမှာပါ။ ဒါကြောင့်မလို့ S9 Plus အလေးချိန်နဲ့ ယှဉ်လိုက်ရင်တော့ မသိမသာ ပိုလေးနေတယ်လို့တော့ ခံစားနေရမှာပါ။ ဆက်လက်ပြီး Stereo Speaker အသံထွက်စနစ်နဲ့ Headphone Port ထည့်သွင်းပေးထားတာကလည်း အခုချိန်မှာ နားကြပ်ပေါက်ပါတဲ့ Flagship စမတ်ဖုန်း လိုက်ရှာနေတယ်ဆိုရင်တော့ Samsung ထုတ် Galaxy S နဲ့ Note စီးရီး စမတ်ဖုန်းတွေက ရွေးချယ်စရာ ဖြစ်နေဦးမှာပါ။

Note 9 vs S9 Plus

Storage Size & Performance

စွမ်းဆောင်ရည်ပိုင်းမှာ Snapdragon 845 SoC ဒါမှမဟုတ် Exynous 9810 သုံးထားတယ်ဆိုမယ့် Note 9 က ပိုသာတဲ့ အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ Note 9 မှာ 8GB RAM နဲ့ 512GB Storage အထိ ရွေးချယ်လို့ရတာမလို့ 6GB RAM နဲ့ 256GB Storage ပဲ ပါတဲ့ S9 Plus နဲ့ ယှဉ်လိုက်ရင် Multi-tasking ပိုကောင်းလာမယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။

Both support ultra low light camera

Camera

ကင်မရာပိုင်းမှာ “Scene Optimizer” Feature လေး အဆင့်မြှင့်ပေးထားကလွဲလို့ စွမ်းဆောင်ရည်ချင်း S9 Plus နဲ့ မတိမ်းမယိမ်း ရှိနေပါတယ်။ စမတ်ဖုန်းနှစ်မျိုးလုံးမှာ f/1.5 ကနေ f/2.4 အထိ အတိုးချဲ့ ပြုလုပ်ပေးနိုင်မယ့် 12MP ပင်မ ကင်မရာ၊ နောက်ပြီး f/2.4 ရှိတဲ့ 12MP ကင်မရာကိုပဲ Secondary အနေနဲ့ ကျောဖက်မှာ Dual Setup လုပ်ပေးထားမှာပါ။ ထုံးစံအတိုင်း ရှေ့ကင်မရာကိုတော့ f/1.7 ရှိတဲ့ 8MP ကင်မရာကိုပဲ Galaxy S9 Plus နဲ့ Note 9 မှာ အသုံးပြုပေးထားပါတယ်။

Every S & Note have larger storage space

Battery

Note 9 မှာ 4,000 mAh ဘက်ထရီ ပါဝင်လာတာမလို့ 3,500 mAh ပဲ ပါဝင်တဲ့ S9 Plus ဘက်ထရီထက် သိုလှောင်အား 14% ပိုများလာမှာပါ။ အဲ့ဒီလို 500 mAh ကွာခြားသွားတဲ့အချက်က S9 Plus ထက် ဘက်ထရီ ပိုအသုံးခံမယ်လို့ ပြောနိုင်ပါတယ်။

Expandable up to 1TB Storage

ဒါဆို S9 Plus နဲ့ ယှဉ်လိုက်ရင် စွမ်းဆောင်ရည်ပိုင်း ထူးထူးခြားခြား ကွာခြားသွားတာမျိုးမရှိသလို 8GB RAM ပါဝင်လာတာကလည်း Mult-taking ပိုင်း ပိုကောင်းလာတာပဲရှိမှာပါ။ Storage ကို 1TB အထိ ထပ်တိုးလို့ရလာတဲ့အချက်ကလည်း ဒေတာများများ သိမ်းဆည်းချင်သူတွေ အတွက် အစဉ်ပြေစေမယ့် အချက်ပါ။ S9 Plus နဲ့ ကွာခြားနေတဲ့ အချက်က Note တွေမှာ ပါနေကြ S Pen ကိုပဲ Bluetooth Function ထပ်ထည့်ပေးလိုက်တာပါ။ အဲ့ဒီ S Pen ရဲ့ အားသာချက်က ကင်မရာအတွက် Remote Shutter အနေနဲ့ အသုံးပြုလို့ရသလို YouTube ဗီဒီယိုကြည့်တဲ့အခါ Play/Pause ကို အကွာအဝေး တစ်မီတာအတွင်း ထိန်းချုပ်ထားနိုင်မှာပါ။ ဒီအချက်တွေက Note စမတ်ဖုန်းတွေရဲ့ အားသာချက် ဖြစ်နေတာမလို့ S Pen နဲ့ 4,000 mAh ဘက်ထရီမပါလာခဲ့ဘူးဆိုရင် S9 Plus မော်ဒယ် အသစ်လို့ အထင်မှားသွားစေနိုင်ပါတယ်။

2B (Akhayar)

www.akhayar.com