[Zawgyi]

Apple အတြက္ Sky is The Limit ေလလား? MacBook Air Vs Surface Laptop 2

MacBook Air လို႔ေျပာလိုက္တာနဲ႔ စာအိတ္ထဲထည့္သြားျပီး ေပါ့ေပါ့ပါးပါးသယ္သြားႏိုင္တဲ့ Apple Mac ဆိုတာ ခ်က္ခ်င္းမ်က္မွန္းတန္းမိက်မွာပါ။ စင္ျမင့္ေပၚေရာက္လာတာ ၁၀ ႏွစ္ျပည့္သြားခဲ့ျပီဆိုေပမယ့္္ အခုခ်ိန္ထိ Apple စံႏႈန္းကို Windows Laptop ေတြ မလိုက္ႏိုင္က်ေသးပါဘူး။

MacBook Air 2018

ဒီလိုတဖက္သတ္ေျပာလိုက္လို႔ Apple Crazy ျဖစ္မသြားေပမယ့္ 11.6″ MacBook Air မိတ္ဆက္ျပီးေနာက္ျပီး Windows ေတြမွာ Ultrabook လို တကယ့္ Premium Laptop ေတြ အစဥ္လိုက္ ထြက္လာတယ္။ တိုက္ရိုက္ခိုးခ်တယ္လို႔ မစြပ္စြဲရေပမယ့္ Windows ဥကၠဌ Microsoft ကိုယ္တိုင္ေတာင္ Surface ၊ Surface ဆိုျပီး MacBook Air Class ေက်ာင္းသုံး၊ ရုံးသုံးအတြက္ အရည္ေသြးျမင့္ Laptop ေတြကို ကိုယ္ပိုင္ စီးရီးနဲ႔ထုတ္လာတယ္။

Surface Laptop 2

ျပီးေတာ့ Windows Laptop ေတြမွာ Powerful Specs နဲ႔ Display သုံးလာၾကတယ္ဆိုေပမယ့္လို႔ MacBook သုံးရတာေလာက္ Feel မရွိဘူးဆိုတာ လက္ခံရမွာပါ။ Touch စနစ္မပါတာနဲ႔ Game မကစားႏိုင္တာကလြဲလို႔ေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ Mac ေတြက အလုပ္လုပ္ဖို႔အတြက္ Portable ျဖစ္ဖို႔၊ လုိအပ္တဲ့ Software နည္းပညာေထာက္ပံ့ဖုိ႔ အသားေပးထားတာဆိုေတာ့ နားလည္ေပးရမွာေပါ့ေနာ္။

Surface Laptop 2

ကယ္အခု MacBook Air 2018 နဲ႔ Surface Laptop 2 မိတ္ဆက္ထားတယ္၊ ေရာင္းေစ်းက $1,199 နဲ႔ $999 ဆိုျပီး သတ္မွတ္ထားတယ္။ Laptop ၂ မ်ိဳးလုံးရဲ႕ Target က ရုံးသုံး၊ ေက်ာင္းသုံးနဲ႔ ရုပ္ရွင္ၾကည့္၊ ေတးဂီတနားဆင္ဖို႔အတြက္။ ဒီလိုဆိုေတာ့ ဘယ္သူက အေကာင္းဆုံးေရြးခ်ယ္မႈကို ပိုင္ဆိုင္ထားလဲ?

MacBook Air 2018

Display ပိုင္းအရင္စေျပာရမယ္ဆိုရင္ေတာ့ MacBook Air ကို အရႈံးေပးရေတာ့မွာပါ။ အရင္က ဝဲဆြဲျပီး မႈန္ဝါးဝါး 1440×900 Display ကိုစြန္႔ခြာျပီး အဲ့ဒီရဲ႕ ၂ ဆ 2560×1600 Resolution ကိုမွ IPS (In-plane Switch) Panel နဲ႔ျဖစ္သြားျပီ။ Screen Size က 13.3″ ပဲဆုိေတာ့ Pro ေတြနဲ႔ တန္းတူျဖစ္သြားျပီေလ၊ 16:10 Aspect Ratio ၊ 227 ppi (Pixel per inch) ျဖစ္သြားျပီ။

With Gorgeous Display

Surface Laptop 2 ကိုလည္း ေလွ်ာ႔တြက္မရဘူးဗ်၊ ဒီေကာင္ကလည္း 13.5″ Display ကိုမွ 2256×1504 Resolution နဲ႔၊ Air နဲ႔ယွဥ္ရင္ 0.2″ ပိုၾကီးသြားလို႔ 201 ppi ပဲရွိတယ္။ IPS Panel ျဖစ္ေနလုိ႔ Display Quality ခ်င္း သိပ္မကြာဘူးလို႔ဆိုရမယ္ေပါ့ေနာ္၊ Full HD သာဆိုရင္ေတာ့ Air ကိုၾကည့္ျပီးတျခား Display သြားၾကည့္လို႔ အစဥ္ေျပမယ္မထင္။ Display Panel ၂ မ်ိဳးလုံး QHD Resolution ေထာက္ပံ့ထားတယ္ဆိုေပမယ့္ HDR မရဘူး၊ Air မွာ TrueTone Display ပါမလာဘူး။

With Stereo Speakers

Hardware ပိုင္းခ်င္းထပ္ယွဥ္ရမယ္ဆိုရင္ Air က ေစ်းပိုၾကီးတယ္၊ ၂ မ်ိဳးလုံး 8th Intel Core i5 Processor ၊ 8GB RAM ၊ 128GB SSD ကို Basic Configuration အေနနဲ႔သုံးေပးထားတာမလို႔ $999 တန္ Surface Laptop 2 က ေစ်းပိုခ်ိဳတယ္၊ အထူးသျဖင့္ Mac သုံးဖို႔မလိုဘူး၊ Windows သုံးရတာႏွစ္ျခိဳက္သူ၊ Free Apps ေတြနဲ႔ DOTA 2 လို ဂိမ္းမ်ိဳးေပါ့ေပါ့ပါးပါး ကစားခ်င္သူေတြက Air ထက္ Surface ကို ေရြးမယ္ထင္တာပဲ။

Surface Laptop 2

ဒါေပမယ့္လို႔ Security ပိုင္းနဲ႔ OS ပိုင္းမွာ Air ကိုယွဥ္လို႔ရမယ္မထင္ပါဘူး၊ Apple T2 Chip က Hacker ေတြ Mic ကတဆင့္ ခိုးနားေထာင္မရေအာင္ ကာကြယ္ေပးႏိုင္တယ္၊ TouchID စနစ္လည္း ေထာက္ပံ့ထားေသးတယ္။ ဒါေၾကာင့္မလို႔ $200 ပိုသုံးလိုက္တာက ဒီအားသာခ်က္ေတြ ပိုင္ဆိုင္ရလာမယ္။ သမာရိုးက် ကြန္ပ်ဴတာသုံးတာထက္ ပိုျပည့္စုံတယ္လို႔ ခံစားရမွာကေတာ့ က်ိန္းေသပါ။

With 2 Type-C Ports on MacBook Air

Keyboard ပိုင္းနဲ႔ပတ္သက္လို႔ ေထြေထြထူးထူးေျပာစရာမရွိေပမယ့္လို႔ အခုခ်ိန္ထိ USB C မပါေသးတဲ့ Surface Laptop က ေခတ္ေနာက္က်ေနျပီလို႔ ဆိုရပါမယ္။ Air မွာ Type-C ၊ Type-A နဲ႔ Thunderbolt 3 ကိုပါ ေထာက္ပံ့ထားတဲ့ USB-C Port ၂ ခုအျပင္ 3.5mm Headphone Port ပါပါေသးလို႔ Media ပိုင္းအတြက္ Portable ဆန္ေသးတယ္လို႔ ဆိုရပါမယ္။

Thinner ၊ Lighter and yet still Powerful enough

ဒီ ေဆာင္းပါးေလးကို အႏွစ္ခ်ဳပ္ရမယ္ဆိုရင္ MacBook Air 2018 ေမာ္ဒယ္က ေပါ့ေပါ့ပါးပါး သုံးခ်င္သူ၊ Display အရည္ေသြးလည္းေကာင္း၊ ဆြဲေဆာင္မႈရွိတဲ့ ဒီဇိုင္းကိုမွလိုခ်င္သူေတြအတြက္ အေကာင္းဆုံးေရြးခ်ယ္မႈျဖစ္လာျပီလို႔ ေျပာရေတာ့မွာပါ။ ဒီလိုျဖစ္လာဖို႔ ၁၀ ႏွစ္ၾကီးမ်ားေတာင္ အခ်ိန္ဆြဲထားကိုေတာ့ မေက်နပ္မိေပမယ့္ Apple Fans ေတြလိုအင္ဆႏၵျပည့္ဝသြားခဲ့ျပီ၊ Ultrabook ေလာကမွာ Dell XPS တို႔ရွိေပမယ့္ OS ပိုင္းေရာ Security ပိုင္းမွာ ယွဥ္မရေသးတာ လက္ခံရမွာပါ။ ဂိမ္းကစားတာမ်ိဳး Mac နဲ႔ မကိုက္ဘူး၊ MacOS က Touch Support မေပးေသးဘူးဆိုေတာ့ ေစ်းလည္းခ်ိဳ စြယ္စုံရ Windows Laptop ေတြကို Apple မယွဥ္ႏိုင္ေသးတာကလည္း တရားေသလိုမ်ိဳးျဖစ္ေနတာဆိုေတာ့ ကိုယ့္လိုအပ္ခ်က္အတိုင္း ေသခ်ာစဥ္းစားျပီးမွ ဝယ္ယူတာ အေကာင္းဆုံးျဖစ္ပါတယ္လို႔ေျပာရင္း နိဂုံးခ်ဳပ္လိုက္ရပါတယ္။

2B (Akhayar)
www.akhayar.com

[Unicode]

Apple အတွက် Sky is The Limit လေလား? MacBook Air Vs Surface Laptop 2

MacBook Air လို့ပြောလိုက်တာနဲ့ စာအိတ်ထဲထည့်သွားပြီး ပေါ့ပေါ့ပါးပါးသယ်သွားနိုင်တဲ့ Apple Mac ဆိုတာ ချက်ချင်းမျက်မှန်းတန်းမိကျမှာပါ။ စင်မြင့်ပေါ်ရောက်လာတာ ၁၀ နှစ်ပြည့်သွားခဲ့ပြီဆိုပေမယ့် အခုချိန်ထိ Apple စံနှုန်းကို Windows Laptop တွေ မလိုက်နိုင်ကျသေးပါဘူး။

MacBook Air 2018

ဒီလိုတဖက်သတ်ပြောလိုက်လို့ Apple Crazy ဖြစ်မသွားပေမယ့် 11.6″ MacBook Air မိတ်ဆက်ပြီးနောက်ပြီး Windows တွေမှာ Ultrabook လို တကယ့် Premium Laptop တွေ အစဉ်လိုက် ထွက်လာတယ်။ တိုက်ရိုက်ခိုးချတယ်လို့ မစွပ်စွဲရပေမယ့် Windows ဥက္ကဌ Microsoft ကိုယ်တိုင်တောင် Surface ၊ Surface ဆိုပြီး MacBook Air Class ကျောင်းသုံး၊ ရုံးသုံးအတွက် အရည်သွေးမြင့် Laptop တွေကို ကိုယ်ပိုင် စီးရီးနဲ့ထုတ်လာတယ်။

Surface Laptop 2

ပြီးတော့ Windows Laptop တွေမှာ Powerful Specs နဲ့ Display သုံးလာကြတယ်ဆိုပေမယ့်လို့ MacBook သုံးရတာလောက် Feel မရှိဘူးဆိုတာ လက်ခံရမှာပါ။ Touch စနစ်မပါတာနဲ့ Game မကစားနိုင်တာကလွဲလို့ပေါ့နော်။ ဘာလို့လဲဆိုတော့ Mac တွေက အလုပ်လုပ်ဖို့အတွက် Portable ဖြစ်ဖို့၊ လိုအပ်တဲ့ Software နည်းပညာထောက်ပံ့ဖို့ အသားပေးထားတာဆိုတော့ နားလည်ပေးရမှာပေါ့နော်။

Surface Laptop 2

ကယ်အခု MacBook Air 2018 နဲ့ Surface Laptop 2 မိတ်ဆက်ထားတယ်၊ ရောင်းဈေးက $1,199 နဲ့ $999 ဆိုပြီး သတ်မှတ်ထားတယ်။ Laptop ၂ မျိုးလုံးရဲ့ Target က ရုံးသုံး၊ ကျောင်းသုံးနဲ့ ရုပ်ရှင်ကြည့်၊ တေးဂီတနားဆင်ဖို့အတွက်။ ဒီလိုဆိုတော့ ဘယ်သူက အကောင်းဆုံးရွေးချယ်မှုကို ပိုင်ဆိုင်ထားလဲ?

MacBook Air 2018

Display ပိုင်းအရင်စပြောရမယ်ဆိုရင်တော့ MacBook Air ကို အရှုံးပေးရတော့မှာပါ။ အရင်က ဝဲဆွဲပြီး မှုန်ဝါးဝါး 1440×900 Display ကိုစွန့်ခွာပြီး အဲ့ဒီရဲ့ ၂ ဆ 2560×1600 Resolution ကိုမှ IPS (In-plane Switch) Panel နဲ့ဖြစ်သွားပြီ။ Screen Size က 13.3″ ပဲဆိုတော့ Pro တွေနဲ့ တန်းတူဖြစ်သွားပြီလေ၊ 16:10 Aspect Ratio ၊ 227 ppi (Pixel per inch) ဖြစ်သွားပြီ။

With Gorgeous Display

Surface Laptop 2 ကိုလည်း လျှော့တွက်မရဘူးဗျ၊ ဒီကောင်ကလည်း 13.5″ Display ကိုမှ 2256×1504 Resolution နဲ့၊ Air နဲ့ယှဉ်ရင် 0.2″ ပိုကြီးသွားလို့ 201 ppi ပဲရှိတယ်။ IPS Panel ဖြစ်နေလို့ Display Quality ချင်း သိပ်မကွာဘူးလို့ဆိုရမယ်ပေါ့နော်၊ Full HD သာဆိုရင်တော့ Air ကိုကြည့်ပြီးတခြား Display သွားကြည့်လို့ အစဉ်ပြေမယ်မထင်။ Display Panel ၂ မျိုးလုံး QHD Resolution ထောက်ပံ့ထားတယ်ဆိုပေမယ့် HDR မရဘူး၊ Air မှာ TrueTone Display ပါမလာဘူး။

With Stereo Speakers

Hardware ပိုင်းချင်းထပ်ယှဉ်ရမယ်ဆိုရင် Air က ဈေးပိုကြီးတယ်၊ ၂ မျိုးလုံး 8th Intel Core i5 Processor ၊ 8GB RAM ၊ 128GB SSD ကို Basic Configuration အနေနဲ့သုံးပေးထားတာမလို့ $999 တန် Surface Laptop 2 က ဈေးပိုချိုတယ်၊ အထူးသဖြင့် Mac သုံးဖို့မလိုဘူး၊ Windows သုံးရတာနှစ်ခြိုက်သူ၊ Free Apps တွေနဲ့ DOTA 2 လို ဂိမ်းမျိုးပေါ့ပေါ့ပါးပါး ကစားချင်သူတွေက Air ထက် Surface ကို ရွေးမယ်ထင်တာပဲ။

Surface Laptop 2

ဒါပေမယ့်လို့ Security ပိုင်းနဲ့ OS ပိုင်းမှာ Air ကိုယှဉ်လို့ရမယ်မထင်ပါဘူး၊ Apple T2 Chip က Hacker တွေ Mic ကတဆင့် ခိုးနားထောင်မရအောင် ကာကွယ်ပေးနိုင်တယ်၊ TouchID စနစ်လည်း ထောက်ပံ့ထားသေးတယ်။ ဒါကြောင့်မလို့ $200 ပိုသုံးလိုက်တာက ဒီအားသာချက်တွေ ပိုင်ဆိုင်ရလာမယ်။ သမာရိုးကျ ကွန်ပျူတာသုံးတာထက် ပိုပြည့်စုံတယ်လို့ ခံစားရမှာကတော့ ကျိန်းသေပါ။

With 2 Type-C Ports on MacBook Air

Keyboard ပိုင်းနဲ့ပတ်သက်လို့ ထွေထွေထူးထူးပြောစရာမရှိပေမယ့်လို့ အခုချိန်ထိ USB C မပါသေးတဲ့ Surface Laptop က ခေတ်နောက်ကျနေပြီလို့ ဆိုရပါမယ်။ Air မှာ Type-C ၊ Type-A နဲ့ Thunderbolt 3 ကိုပါ ထောက်ပံ့ထားတဲ့ USB-C Port ၂ ခုအပြင် 3.5mm Headphone Port ပါပါသေးလို့ Media ပိုင်းအတွက် Portable ဆန်သေးတယ်လို့ ဆိုရပါမယ်။

Thinner ၊ Lighter and yet still Powerful enough

ဒီ ဆောင်းပါးလေးကို အနှစ်ချုပ်ရမယ်ဆိုရင် MacBook Air 2018 မော်ဒယ်က ပေါ့ပေါ့ပါးပါး သုံးချင်သူ၊ Display အရည်သွေးလည်းကောင်း၊ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းကိုမှလိုချင်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်လာပြီလို့ ပြောရတော့မှာပါ။ ဒီလိုဖြစ်လာဖို့ ၁၀ နှစ်ကြီးများတောင် အချိန်ဆွဲထားကိုတော့ မကျေနပ်မိပေမယ့် Apple Fans တွေလိုအင်ဆန္ဒပြည့်ဝသွားခဲ့ပြီ၊ Ultrabook လောကမှာ Dell XPS တို့ရှိပေမယ့် OS ပိုင်းရော Security ပိုင်းမှာ ယှဉ်မရသေးတာ လက်ခံရမှာပါ။ ဂိမ်းကစားတာမျိုး Mac နဲ့ မကိုက်ဘူး၊ MacOS က Touch Support မပေးသေးဘူးဆိုတော့ ဈေးလည်းချို စွယ်စုံရ Windows Laptop တွေကို Apple မယှဉ်နိုင်သေးတာကလည်း တရားသေလိုမျိုးဖြစ်နေတာဆိုတော့ ကိုယ့်လိုအပ်ချက်အတိုင်း သေချာစဉ်းစားပြီးမှ ဝယ်ယူတာ အကောင်းဆုံးဖြစ်ပါတယ်လို့ပြောရင်း နိဂုံးချုပ်လိုက်ရပါတယ်။

2B (Akhayar)
www.akhayar.com