[Zawgyi]
Note 9 vs S9 Plus
Display
Design & Weight
Note 9 vs S9 Plus
Camera
Battery
2B (Akhayar)
www.akhayar.com
[Unicode]
Galaxy Note 9 ကို S9 Plus နဲ့ Note 8 တို့နဲ့ယှဉ်လိုက်ရင် ဘယ်သူပိုသာမလဲ
Samsung မိတ်ဆက်ထားလိုက်တဲ့ Galaxy Note 9 စမတ်ဖုန်းကေတော့ အောင်မြင်မှုရနေပြီလို့ ပြောရတော့မယ်ထင်ပါတယ်။ ဈေးလေးကြီးနေတာကလွှဲရင် မော်ဒယ်ဟောင်း Galaxy S9 Plus နဲ့ Note 8 ဖုန်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိုက်တဲ့ Note ဆိုရင်လည်း မမှားပါဘူး။ အဓိက အားသာချက်တွေက 4,000 mAh ဘက်ထရီနဲ့ 512GB Storage ပါလာတယ် ဆိုတာထက် Galaxy Note 9 ကို ကွန်ပျူတာတစ်လုံးလို သုံးလို့ရတဲ့အထိ Improve ဖြစ်သွားတဲ့အချက်က တကယ့်ကို ကျေနပ်အားရစရာပါ။။ ဒါကြောင့်မလို့ Galaxy S9 Plus နဲ့ Note 8 တို့နဲ့ ယှဉ်လိုက်ရင် ဘာတွေ ထူးခြားသွားသလဲဆိုတာ ဖော်ပြသွားပါ့မယ်။
Note 9 vs S9 Plus
Display
Display ပိုင်းနဲ့ ပတ်သက်လို့ ထွေထွေထူးထူး ပြောင်းလဲထားတာမျိုး မရှိပေမယ့် Galaxy S9 Plus ရဲ့ ဘေးဘောင်တွေ Note 9 ထက် ပိုကွေးနေတာ သတိထားမိမှာပါ။ ဖုန်းသုံးမျိုးလုံးရဲ့ Screen ကို Corning Gorilla Glass 5 နဲ့ ကာကွယ်ပေးထားပြီး WQHD+ (1440×2960) Resolution သုံးပေးထားပါတယ်။ Samsung အဆိုရ ပြောရမယ်ဆိုရင် S9 Plus ထက် ပိုမိုတောက်ပတဲ့ Screen နဲ့ ပိုမိုတိကျတဲ့ Colour အထောက်အပံ့ Note 9 မှာ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Note 8 နဲ့ ယှဉ်လိုက်ရင်လည်း၂၇ ရာခိုင်နှုန်း ပိုလင်းလာသလို Contrast လည်း ၃၁ ရာခိုင်နှုန်း ပိုကောင်းလာပါပြီး။ နောက်ပြီး Note 9 ကို ဘယ် Viewing Angel ကပဲ ကြည့်လိုက်ကြည့်လိုက် အရောင်ထွက် စိုပြေမှုနဲ့ တိကျမှန်ကန်မှုက သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ထွက်နေတာမလို့ DisplayMate ကတောင် Note 9 ကို အကောင်းဆုံး Display ပိုင်ဆိုင်ထားတယ်လို့ ဆိုထားပါတယ်။
Note 9 inside Logic Board
Design & Weight
ဒီဇိုင်းပိုင်းမှာ အရင် Note 8 မော်ဒယ်နဲ့ အတူတူပဲလို့ ပြောနိုင်ပေမယ့် Note 9 မှာတော့ အတွင်း အစိတ်အပိုင်း ဖွဲ့စည်းပုံတွေ လုံးဝပြောင်းလဲသွားပါပြီ။ Samsung အဆိုအရ 4,000 mAh ဘက်ထရီ ထည့်ဖို့ရယ်၊ နောက်ပြီး Water Cooling ထည့်ဖို့အတွက် Note 8 နဲ့မတူဘဲ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားပုံရပါတယ်။ အဲ့ဒါထက် Note 8 Copper Plate ထက် ပိုမိုထူထည်တဲ့ Copper Plate ပြောင်းသုံးလိုက်တာက အပူစုပ်အားပိုကောင်းသွားစေသလို Weight လည်း ပိုတက်သွားမှာပါ။ ဒါကြောင့်မလို့ S9 Plus ၊ Note 8 တို့နဲ့ အလေးချိန်ချင်း ယှဉ်လိုက်ရင်တော့ မသိမသာ ပိုလေးနေတယ်လို့တော့ ခံစားနေရမှာပါ။ ဆက်လက်ပြီး Stereo Speaker အသံထွက်စနစ်နဲ့ Headphone Port ထည့်သွင်းပေးထားတာကလည်း အခုချိန်မှာ နားကြပ်ပေါက်ပါတဲ့ Flagship စမတ်ဖုန်း လိုက်ရှာနေတယ်ဆိုရင်တော့ Samsung ထုတ် Galaxy S နဲ့ Note စီးရီး စမတ်ဖုန်းတွေက ရွေးချယ်စရာ ဖြစ်နေဦးမှာပါ။
Note 9 vs S9 Plus
Storage Size & Performance
စွမ်းဆောင်ရည်ပိုင်းမှာ Snapdragon 845 SoC ဒါမှမဟုတ် Exynous 9810 သုံးထားတယ်ဆိုမယ့် Note 9 က ပိုသာတဲ့ အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ Note 9 မှာ 8GB RAM နဲ့ 512GB Storage အထိ ရွေးချယ်လို့ရတာမလို့ 6GB RAM နဲ့ 256GB Storage ပဲ ပါတဲ့ S9 Plus နဲ့ ယှဉ်လိုက်ရင် Multi-tasking ပိုကောင်းလာမယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။
Both support ultra low light camera
Camera
ကင်မရာပိုင်းမှာဆိုရင် အတော်လေး ပြည့်စုံသွားပြီလို့ ပြောရပါမယ်။ ဖုန်းသုံးမျိုးလုံး f/1.5 ကနေ f/2.4 အထိ အတိုးချဲ့ ပြုလုပ်ပေးနိုင်မယ့် 12MP ပင်မ ကင်မရာနဲ့  f/2.4 ရှိတဲ့ 12MP ကင်မရာကိုပဲ Secondary အနေနဲ့ Dual Setup လုပ်ပေးထားပါတယ်။ ထုံးစံအတိုင်း ရှေ့ကင်မရာကိုတော့ f/1.7 ရှိတဲ့ 8MP ကင်မရာကိုပဲ ဖုန်းသုံးမျိုးလုံးမှာ သုံးပေးထားပါတယ်။ ဒါပေမယ့် Galaxy S9 Plus နဲ့ Note 9 တို့မှာ Dual Aperture Lens နည်းပညာ ပါဝင်လာခဲ့ပါပြီ၊ အဲ့ဒါက ပတ်ဝန်းကျင်အလင်းရောင် အနည်း၊ အများအလိုက် ကင်မရာ Lens က လူမျက်လုံးလို အကျဉ်း၊ အချဲ့ Auto ပြောင်းပေးနိုင်မှာပါ။ နောက်ပြီး Scene Optimizer လို ရိုက်ကူးလိုက်တဲ့ အနေအထားလိုက် အကောင်းဆုံး ပုံရိပ်ရနိုင်ဖို့ Camera Setting ကို အလိုအလျှောက် ချိန်ညှိပေးနိုင်မယ့် A.I Feature မျိုး Note 9 မှာ ပါဝင်လာခဲ့ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က Note 9 Camera က မျက်စိမှိတ်လိုက်တာမျိုး၊ အလင်းစူးနေတာမျိုး ဓာတ်ပုံရိုက်တဲ့အခါ လာရှုပ်နေရင် သတိပေးမယ့်အချက်ပါ။
Every S & Note have larger storage space
Battery
Note 9 မှာ 4,000 mAh ဘက်ထရီ ပါဝင်လာတာမလို့ 3,500 mAh နဲ့ 3,300 mAh ပဲ ပါဝင်တဲ့ S9 Plus နဲ့  Note 8 ဘက်ထရီထက် သိုလှောင်အား 14% ပိုများလာမှာပါ။ အဲ့ဒီလို 500 mAh ကွာခြားသွားတဲ့အချက်က S9 Plus ထက် ဘက်ထရီ ပိုအသုံးခံမယ်လို့ ပြောနိုင်ပါတယ်။
Expandable up to 1TB Storage
ဒါဆို S9 Plus နဲ့ Note 8 တို့နဲ့ ယှဉ်လိုက်ရင် စွမ်းဆောင်ရည်ပိုင်း ထူးထူးခြားခြား ကွာခြားသွားတာမျိုးမရှိသလို 8GB RAM ပါဝင်လာတာကလည်း Mult-taking ပိုင်း ပိုကောင်းလာတာပဲရှိမှာပါ။ Storage ကို 1TB အထိ ထပ်တိုးလို့ရလာတဲ့အချက်ကလည်း ဒေတာများများ သိမ်းဆည်းချင်သူတွေ အတွက် အစဉ်ပြေစေမယ့် အချက်ပါ။ S9 Plus နဲ့ ကွာခြားနေတဲ့ အချက်က Note တွေမှာ ပါနေကြ S Pen ကိုပဲ Bluetooth Function ထပ်ထည့်ပေးလိုက်တာပါ။ အဲ့ဒီ S Pen ရဲ့ အားသာချက်က ကင်မရာအတွက် Remote Shutter အနေနဲ့ အသုံးပြုလို့ရသလို YouTube ဗီဒီယိုကြည့်တဲ့အခါ Play/Pause ကို အကွာအဝေး တစ်မီတာအတွင်း ထိန်းချုပ်ထားနိုင်မှာပါ။ ဘက်ထရီကို 4,000 mAh အထိ တိုးပေးလိုက်တာက ကျေနပ်စရာဆိုပေမယ့် 0.1” ပိုကြီးသွားတဲ့ Note 9 Screen အနားသတ်တွေ မပါးပါးအောင် ဖြတ်ထုတ်ပစ်လိုက်တာက Galaxy S9 Plus နဲ့ Note 8 တို့နဲ့ သွားယှဉ်လိုက်တဲ့အခါ ပုံတုန်းကြီးဖြစ်သွားသလို ခံစားရပါတယ်။
2B (Akhayar)
www.akhayar.com