[Zawgyi]

ဗိုလ္လုပြဲ ေရာက္ခဲ့တဲ့ (၃)ႀကိမ္မွာ ဘယ္ျပင္သစ္အသင္း လူစာရင္းက အေကာင္းဆံုးလဲ

ရုရွားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနတဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြကေတာ့ ေနာက္ဆံုးဗိုလ္လုပြဲအဆင့္ကို ေရာက္ရွိလာခဲ့ပါၿပီ။ ေနာက္ဆံုးဗိုလ္လုပြဲကို ျပင္သစ္အသင္းနဲ႔ ခရိုေအးရွားအသင္းတို႔ တက္ေရာက္ႏိုင္ခဲ့ၿပီး ျပင္သစ္အသင္းဟာ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ တတိယအႀကိမ္ေျမာက္ တက္ေရာက္ႏိုင္ခဲ့တာျဖစ္တယ္။ အရင္ဗိုလ္လုပြဲေရာက္ခဲ့တဲ့ (၂)ႀကိမ္ထဲက ၁၉၉၈ ကမၻာ႔ဖလားမွာ ခ်န္ပီယံဆုကို ရရွိခဲ့ေပမယ့္ ၂၀၀၆ ကမၻာ႔ဖလားမွာေတာ့ အီတလီအသင္းကို ရံႈးနိမ့္ခဲ့ၿပီး ဒုတိယဆုနဲ႔ပဲ ေက်နပ္ခဲ့ရတယ္။ ဗိုလ္လုပြဲေရာက္ခဲ့တဲ့ လူစာရင္းေတြထဲမွာ ဘယ္ကစားသမားေတြ ပါဝင္တဲ့ လူစာရင္းက အေကာင္းဆံုး စြမ္းေဆာင္ေပးခဲ့သလဲ။

2018-line-up

2018-line-up

ဗိုလ္လုပြဲေရာက္ခဲ့တဲ့ ျပင္သစ္အသင္းေတြရဲ႕ တူညီတဲ့ အခ်က္တစ္ခ်က္ကေတာ့ မိနစ္ (၉၀)အတြင္း ရံႈးပြဲလံုးဝမရွိတာပါပဲ။ ၁၉၉၈ ကမၻာ႔ဖလားခ်န္ပီယံ ျပင္သစ္အသင္းဟာ (၇)ပြဲကစားရာမွာ (၇)ပြဲလံုး ရံႈးပြဲမရွိခဲ့ဘဲ (၆)ပြဲႏိုင္၊ (၁)ပြဲသေရ ရလဒ္ေတြရရွိခဲ့တာပါ။ (၁၅)ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ေပးဂိုး (၂)ဂိုးသာ ျပန္လည္ခြင့္ျပဳေပးခဲ့ရတယ္။ ၂၀၀၆ ဗိုလ္လုပြဲေရာက္ခဲ့တဲ့ ျပင္သစ္အသင္းကေတာ့ (၇)ပြဲကစားရာမွာ (၄)ပြဲႏိုင္၊ (၃)ပြဲသေရရလဒ္ ထြက္ေပၚခဲ့ၿပီး သြင္းဂိုး (၉)ဂိုးရရွိခဲ့ကာ ေပးဂိုးက (၃)ဂိုး ခြင့္ျပဳခဲ့ရတယ္။ ၂၀၁၈ ၿပိဳင္ပြဲမွာေတာ့ ဆီမီးဖိုင္နယ္ပြဲစဥ္ေတြအၿပီးမွာ (၆)ပြဲကစား (၅)ပြဲကစား (၁)ပြဲသေရ ရလဒ္ေတြ ထြက္ေပၚထားၿပီး ရဂိုးက (၁၀)ဂိုးအထိ ရရွိထားခဲ့တယ္။ ေပးဂိုးက ဗိုလ္လုပဲြ မကစားခင္ (၄)ဂိုးအထိ ရွိထားခဲ့တယ္။

2006-Line-up

2006-Line-up

ခ်န္ပီယံျဖစ္ခဲ့တဲ့ ၁၉၉၈ ၿပိဳင္ပြဲမွာ သြင္းဂိုး (၁၅)ဂုိးအထိ ရရွိခဲ့လို႔ ဗိုလ္လုပြဲေရာက္ (၃)ႀကိမ္မွာ အေကာင္းဆံုး မွတ္တမ္းျဖစ္ခဲ့တယ္။ ခံစစ္ေၾကာင္းကလည္း ေပးဂိုး (၂)ဂိုးသာ ရွိခဲ့လို႔ အေကာင္းဆံုး ခံစစ္ေၾကာင္းအျဖစ္ သတ္မွတ္ရမွာျဖစ္ပါတယ္။ ၁၉၉၈ ၿပိဳင္ပြဲရဲ႕ ပြဲထြက္လူစာရင္းမွာ ပါဝင္ခဲ့တဲ့ ကစားသမားေတြက ဗိုလ္လုပြဲေရာက္ (၃)သင္းထဲမွာ အေကာင္းဆံုးလို႔ သတ္မွတ္ရမယ့္ အသင္းျဖစ္တယ္။

1998-Line-up

1998-Line-up

ဂိုးသမားေနရာမွာ ဘားသက္ဇ္ပြဲထြက္ကစားေပးခဲ့ၿပီး ေပးဂိုး (၂)ဂိုးသာရွိခဲ့တဲ့ ခံစစ္ေၾကာင္းမွာေတာ့ သူရမ္၊ ဘလန္႔၊ ဒက္ဆာအီနဲ႔ လီဇာရာဇူးတို႔ပါဝင္ခဲ့တယ္။ ကြင္းလယ္ပိုင္းမွာေတာ့ ေဂ်ာ္ကာယက္ဖ္၊ ပီတစ္၊ လက္ရွိအသင္းနည္းျပ ဒက္ခ်မ့္စ္နဲ႔ ကာရမ္ဘာအူတို႔ပါဝင္ခဲ့ၿပီး တိုက္စစ္ပိုင္းမွာေတာ့ ဇီဒန္းနဲ႔ ဂြီဘရက္ရွ္တို႔က ဦးေဆာင္္ခဲ့တာျဖစ္ပါတယ္။ မွတ္တမ္းေတြအရေတာ့ ဗိုလ္လုပြဲေရာက္အသင္းေတြထဲမွာ ၁၉၉၈ ၿပိဳင္ပြဲဝင္ အသင္းရဲ႕ လူစာရင္းက အေကာင္းဆံုး လူစာရင္းအျဖစ္ သတ္မွတ္ရမွာျဖစ္ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားမွာ ျပင္သစ္အသင္း ဗိုလ္စြဲခဲ့ရင္ေတာင္ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ ၁၉၉၈ ခ်န္ပီယံအသင္းက အေကာင္းဆံုးအျဖစ္ သတ္မွတ္ရမွာျဖစ္ပါတယ္။

Photo:Marca, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဗိုလ်လုပွဲ ရောက်ခဲ့တဲ့ (၃)ကြိမ်မှာ ဘယ်ပြင်သစ်အသင်း လူစာရင်းက အကောင်းဆုံးလဲ

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။ နောက်ဆုံးဗိုလ်လုပွဲကို ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ တက်ရောက်နိုင်ခဲ့ပြီး ပြင်သစ်အသင်းဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယအကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာဖြစ်တယ်။ အရင်ဗိုလ်လုပွဲရောက်ခဲ့တဲ့ (၂)ကြိမ်ထဲက ၁၉၉၈ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုကို ရရှိခဲ့ပေမယ့် ၂၀၀၆ ကမ္ဘာ့ဖလားမှာတော့ အီတလီအသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ဗိုလ်လုပွဲရောက်ခဲ့တဲ့ လူစာရင်းတွေထဲမှာ ဘယ်ကစားသမားတွေ ပါဝင်တဲ့ လူစာရင်းက အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သလဲ။

2018-line-up

2018-line-up

ဗိုလ်လုပွဲရောက်ခဲ့တဲ့ ပြင်သစ်အသင်းတွေရဲ့ တူညီတဲ့ အချက်တစ်ချက်ကတော့ မိနစ် (၉၀)အတွင်း ရှုံးပွဲလုံးဝမရှိတာပါပဲ။ ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းဟာ (၇)ပွဲကစားရာမှာ (၇)ပွဲလုံး ရှုံးပွဲမရှိခဲ့ဘဲ (၆)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်တွေရရှိခဲ့တာပါ။ (၁၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပေးဂိုး (၂)ဂိုးသာ ပြန်လည်ခွင့်ပြုပေးခဲ့ရတယ်။ ၂၀၀၆ ဗိုလ်လုပွဲရောက်ခဲ့တဲ့ ပြင်သစ်အသင်းကတော့ (၇)ပွဲကစားရာမှာ (၄)ပွဲနိုင်၊ (၃)ပွဲသရေရလဒ် ထွက်ပေါ်ခဲ့ပြီး သွင်းဂိုး (၉)ဂိုးရရှိခဲ့ကာ ပေးဂိုးက (၃)ဂိုး ခွင့်ပြုခဲ့ရတယ်။ ၂၀၁၈ ပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအပြီးမှာ (၆)ပွဲကစား (၅)ပွဲကစား (၁)ပွဲသရေ ရလဒ်တွေ ထွက်ပေါ်ထားပြီး ရဂိုးက (၁၀)ဂိုးအထိ ရရှိထားခဲ့တယ်။ ပေးဂိုးက ဗိုလ်လုပွဲ မကစားခင် (၄)ဂိုးအထိ ရှိထားခဲ့တယ်။

2006-Line-up

2006-Line-up

ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၈ ပြိုင်ပွဲမှာ သွင်းဂိုး (၁၅)ဂိုးအထိ ရရှိခဲ့လို့ ဗိုလ်လုပွဲရောက် (၃)ကြိမ်မှာ အကောင်းဆုံး မှတ်တမ်းဖြစ်ခဲ့တယ်။ ခံစစ်ကြောင်းကလည်း ပေးဂိုး (၂)ဂိုးသာ ရှိခဲ့လို့ အကောင်းဆုံး ခံစစ်ကြောင်းအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ၁၉၉၈ ပြိုင်ပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေက ဗိုလ်လုပွဲရောက် (၃)သင်းထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ရမယ့် အသင်းဖြစ်တယ်။

1998-Line-up

1998-Line-up

ဂိုးသမားနေရာမှာ ဘားသက်ဇ်ပွဲထွက်ကစားပေးခဲ့ပြီး ပေးဂိုး (၂)ဂိုးသာရှိခဲ့တဲ့ ခံစစ်ကြောင်းမှာတော့ သူရမ်၊ ဘလန့်၊ ဒက်ဆာအီနဲ့ လီဇာရာဇူးတို့ပါဝင်ခဲ့တယ်။ ကွင်းလယ်ပိုင်းမှာတော့ ဂျော်ကာယက်ဖ်၊ ပီတစ်၊ လက်ရှိအသင်းနည်းပြ ဒက်ချမ့်စ်နဲ့ ကာရမ်ဘာအူတို့ပါဝင်ခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ ဇီဒန်းနဲ့ ဂွီဘရက်ရှ်တို့က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ မှတ်တမ်းတွေအရတော့ ဗိုလ်လုပွဲရောက်အသင်းတွေထဲမှာ ၁၉၉၈ ပြိုင်ပွဲဝင် အသင်းရဲ့ လူစာရင်းက အကောင်းဆုံး လူစာရင်းအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်း ဗိုလ်စွဲခဲ့ရင်တောင် စွမ်းဆောင်ရည်ပိုင်းမှာတော့ ၁၉၉၈ ချန်ပီယံအသင်းက အကောင်းဆုံးအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။

Photo:Marca, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com