ပလတ်စတစ်အိတ်ကို တစ်နေ့တာလှုပ်ရှားမှုမှာ မပါရင် မဖြစ်ဘူးလို့ တွေးဖူးပါသလား။  အဲ့ဒီလိုအတွေးမျိုးရှိရင်တော့ သင်မှားသွားပါလိမ့်မယ်။ ပလတ်စတစ်အိတ်ကို တားမြစ်လိုက်ပြီး သုံးစွဲမှုသိသိသာသာလျော့ကျသွားတဲ့နိုင်ငံတွေက သင့်ရဲ့အတွေးကို Clear ဖြစ်စေပါလိမ့်မယ်။

ဆိုးကျိုးဖြစ်စေတဲ့ ပလတ်စတစ်တွေကို သုံးစွဲတာ တားမြစ်ဖို့အတွက်  တစ်ဦးတစ်ယောက်ခြင်းစီ၊ အဖွဲ့အစည်းတွေကနေပြီးမှ အခုဆိုရင် နိုင်ငံတွေနဲ့ ချီတဲ့အထိ လုပ်ဆောင်လာကြပါတယ်။ အဓိကလုပ်ဆောင်ချက်ကတော့ ပလတ်စတစ်အိတ်သုံးစွဲတာကို တားမြစ်ကြတာပါ။ လေထုညစ်ညမ်းခြင်းဆိုတဲ့ ပြဿနာကို ရင်ဆိုင်နေရတဲ့ ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာကြီးအတွက် ဒါဟာ တစ်ဖက်တစ်လမ်းက ကူညီဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီတော့ ဘယ်နိုင်ငံတွေက တားမြစ်ထားတာလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

အာဖရိက

အာဖရိကတိုက်ဆိုတာ ပလတ်တစ်အိတ်ပြဿနာကို ဆိုးဆိုးရွားရွားကြီးရင်ဆိုင်နေရတဲ့ တိုက်ကြီးတစ်ခုပါ။ ဒီတော့ အာဖရိကတိုက်ရဲ့ (၁၅) နိုင်ငံကျော်ကျော်လောက်မှာ ပလတ်တစ်အိတ်သုံးစွဲမှုကို လုံးလုံးလျားလျား တားမြစ်ထားသလို ဒါမှမဟုတ်လည်း အသုံးပြုခဲ့မယ်ဆိုရင် အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အခုအောက်မှာ ဖော်ပြထားတာတွေကတော့ အာဖရိကတိုက်က ပလတ်စတစ်အိတ်တွေကို သုံးစွဲဖို့ တားမြစ်ထားတဲ့နိုင်ငံတွေ (သို့) အခွန်ကောက်တဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

  • Kenya
  • Mali
  • Cameroon
  • Tanzania
  • Uganda
  • Ethiopia
  • Malawi
  • Morocco
  • South Africa
  • Rwanda
  • Botswana

ဒီလိုတွေတားမြစ်ထားပေမယ့် တစ်ဖက်မှာလည်း Black Market ရှိနေတဲ့အတွက်ကြောင့် တရားမဝင်အသုံးပြုမှုတွေလည်း ရှိနေပါတယ်။ တစ်ခုရှိတာက ဒီလိုတွေ တားမြစ်လိုက်တဲ့အချိန်ကစပြီး တောင်အာဖရိကမှာ ပလတ်စတစ်အိတ်အသုံးပြုမှု ၉၀ ရာခိုင်နှုန်းတောင် လျော့ကျသွားပါတယ်။ တစ်ဖက်မှာလည်း တရားမဝင်အသုံးပြုနေတော့ ရှိနေမြဲပါ။

အာရှတိုက်

၂၀၀၈ အိုလံပစ်မတိုင်ခင်က အချိန်ကတည်းက တရုတ်နိုင်ငံမှာ ပလတ်စတစ်အိတ်တွေကို တားမြစ်ဖို့အတွက် စတင်ခဲ့ပါတယ်။ တရုတ်အစိုးရတွေရဲ့ ပြောကြားချက်အရဆိုရင် ဒီလိုမျိုးတားမြစ်လိုက်တဲ့အတွက် ပလတ်စတစ်သုံးစွဲမှုက သုံးပုံမှာ နှစ်ပုံအထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ အာရှတိုက်ရဲ့ တခြားနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်ဝမ်တို့မှာလည်း ပလတ်စတစ်အိတ်သုံးရင် အခွန်ကောက်တာတွေနဲ့ လုံးဝမသုံးစွဲဖို့ကို တားမြစ်တာတွေထိ လုပ်ဆောင်လျက်ရှိပါတယ်။

Australia

Australia နိုင်ငံတစ်ခုလုံးအနေနဲ့တော့ ပလတ်စတစ်အိတ်တွေကို တားမြစ်ထားတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမယ် တောင်ပိုင်း Australia နဲ့ Tasmania တို့လို ပြည်နယ်တော်တော်များများနဲ့ နယ်မြေတချို့တွေမှာတော့ သုံးစွဲဖို့ တားမြစ်တာတွေ ရှိလာပါပြီ။

ဥရောပ

ပလတ်စတစ်အိတ်တွေကို သုံးစွဲဖို့ ဆန့်ကျင်တဲ့နေရာမှာ ဥရောပက အတက်ကြွဆုံး တိုက်ကြီးတစ်တိုက်ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်၊ ဒိန်းမတ်နိုင်ငံမှာ ပလတ်စတစ်အိတ်သုံးစွဲမှုအပေါ် ပထမဆုံး  အခွန်ကောက်ခံဖို့ စတင်ခဲ့ပါတယ်။ ဒီလိုလုပ်ပြီးနောက်ပိုင်းမှာတော့ တစ်နှစ်ကို ပလတ်စတစ်အိတ်သုံးစွဲမှု သန်း ၈၀၀ နီးပါးကနေ သန်း ၄၀၀ အထိ လျော့ကျသွားခဲ့ပါတယ်။ အိုင်ယာလန်နိုင်ငံမှာလည်း ၂၀၀၂ ခုနှစ်မှာ ဒိန်းမတ်နိုင်ငံလို ကျင့်သုံးခဲ့ပြီး ပလတ်စတစ်အိတ်သုံးစွဲမှုနဲ့ စွန့်ပစ်မှု ၉၀ ရာခိုင်နှုန်းလျော့ကျသွားတဲ့အထိ အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။

မြောက်အမေရိက

ဝမ်းနည်းစရာတစ်ခုကတော့ United States မှာ ပလတ်စတစ်အိတ်ကို သုံးစွဲဖို့ တားမြစ်ထားပေမယ့် အကျိုးသက်ရောက်မှု မရှိတာပါပဲ။ တခြားနေရာတွေဖြစ်တဲ့

  • Hawaii
  • District of Columbia
  • Seattle
  • Maine
  • New York
  • Rhode Island
  • Puerto Rico စတဲ့နေရာတွေမှာ ပလတ်စတစ်အိတ်ကို သုံးစွဲဖို့ တားမြစ်တာ၊ အခွန်ကောက်ခံတာ၊ Recycle လုပ်တဲ့ Program တွေ အသီးသီးလုပ်ဆောင်နေကြပါတယ်။

ကမ္ဘာနိုင်ငံတွေအထိပါ ချီပြီး ငြင်းဆန်နေကြတဲ့ ဒီပလတ်စတစ်အိတ်ကိုလည်း အခရာပရိသတ်ကြီးလည်း အခုချိန်ကစပြီး ငြင်းပယ်လိုက်မယ်ဆိုရင် အနာအဆာတွေနဲ့ ဖြစ်နေတဲ့ကမ္ဘာကြီးကို ကူညီကုသပေးရာရောက်တာပေါ့ မဟုတ်ဘူးလား။

Reference: study.com

Photo Credit

NSC

www.akhayar.com