[Zawgyi]

စိတ္ဖိစီးမႈေတြမ်ားတဲ့အခါ ဘယ္မွာနားခိုရမလဲ?

လူသားေတြအားလံုးက အသက္အရြယ္ရလာတာနဲ႔အမွ် စိတ္ညစ္စရာေတြ၊ ျပႆနာေတြနဲ႔ အခက္အခဲေတြကို ရင္မဆိုင္ခ်င္လည္းရင္ဆိုင္လာၾကရတယ္။ အဲဒီကိစၥေတြအားလံုးကို မေျဖရွင္းႏိုင္ခင္မွာ စိုးရိမ္စိတ္ေတြ၊ ပူပန္တဲ့စိတ္ေတြမ်ား့ျပီး စိတ္ဖိစီးလာတတ္ပါတယ္။ ဒီလိုစိတ္ဖိစီးလာတဲ့အခါမွာ ေျဖရွင္းနိုင္ဖို႔နည္းလမ္းကို ဆက္မရွာနိုင္ေတာ့ဘဲ ကိုယ့္ကိုယ္ကို ေခ်ာင္ပိတ္ျပီး ျပႆနာကို မေျဖရွင္းေတာ့ဘဲ ျဖစ္လိုရာျဖစ္ဆိုျပီး ပစ္ထားလိုက္ၾကတယ္။ ဒီအတိုင္းနဲ႔တင္ျပီးသြားေရာလားဆို မဟုတ္ပါဘူး။ ကိုယ္လက္ရွိလုပ္ေနတဲ့ လုပ္ငန္းေဆာင္တာေတြကိုပါ ရပ္တန္႔ပစ္လိုက္တဲ့အထိေတာင္ျဖစ္တတ္ၾကပါတယ္။ စိတ္ဖိစီးမႈဆိုတာ ကိုယ္ကိုယ္တိုင္ ဖက္တြယ္ထားမွသာ ကိုယ့္ကိုဒုကၡျဖစ္ေစတာပါ။ ကိုယ့္ဘက္က ဖက္တြယ္မထားသမွွ်ေတာ့ သူ႔လမ္းသူဆက္ေလွ်ာက္သြားမွာပါ။

ဒါေပမယ့္ဖက္တြယ္ထားတဲ့သူေတြကေတာ့ ႏြံထဲေရာက္ေနသလိုပဲ။ ရုန္းေလ နစ္ေလျဖစ္ေနတတ္ပါတယ္။ ဒီလိုမျဖစ္ရေအာင္ စိတ္ဖိစီးမႈေတြေပ်ာက္ေစမယ့္ နားခိုရာေနရာေလးေတြဆီသြားျပီး ေျဖေဖ်ာက္လိုက္ပါ။

Café Salween

Cafe-Salween

Cafe-Salween

Café Salween ဟာ ေကာ္ဖီခ်စ္သူေတြအတြက္ပဲ တည္ရွိေနတဲ့ေနရာမဟုတ္ခဲ့ပါဘူး။ ဒီဆိုင္ေလးထဲမွာ တရုတ္စကားပန္းပင္နဲ႔ ေဒစီပန္းေလးေတြနဲ႔ ႏွင္းဆီပန္းေလးေတြထားရွိထားပါတယ္။ စိုက္ထားတဲ့ တရုတ္စကားပန္းပင္က ေန႔ခင္းဘက္ ေနေရာင္ရတဲ့အခ်ိန္မွာေတာ့ ေအာက္ဆီဂ်င္ထုတ္ေပးျပီး ညဘက္မွာေတာ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ျပန္ထုတ္ေပးပါတယ္။ ဒါ့အျပင္ အသိပညာဗဟုသုတေတြမ်ားစြာေပးစြမ္းႏိုင္တဲ့ စာအုပ္ေကာင္းေလးေတြလည္း ထားရွိထားပါေသးတယ္။ ခင္းက်င္းထားတဲ့ ပရိေဘာဂေတြအားလံုးကလည္း သစ္သားနဲ႔ ျပဳလုပ္ထားတဲ့ ထိုင္ခံုေလးေတြ၊ စားပြဲေလးေတြအားလံုးက ကိုယ့္ရဲ႕ စိတ္ဖိစီးမႈေတြအားလံုးကို ညင္ညင္သာသာနဲ႔ ေျပေပ်ာက္ႏိုင္ေစမွာျဖစ္ပါတယ္။ အင္တာနက္မွာ ရွာစရာ ေဖြစရာရွိခဲ့ရင္လည္း ေကာ္ဖီသင္းသင္းေလးတစ္ခြက္နဲ႔ စိတ္ေအးလက္ေအးရွာေဖြရင္း၊ ပန္းျခံထဲမွာ ေလေအးေအးေလးနဲ႔ စာအုပ္ေကာင္းေလးေတြလည္း ဖတ္ရင္း ကိုယ့္ရဲ႕ စိတ္ဖိစီးမႈေတြကို ေဖ်ာက္ပစ္လုိက္ပါ။

လိပ္စာ အတိအက်ေလးကေတာ့ ၄၈လမ္းနဲ႔ မဟာဗႏၶဳလမ္းေထာင္မွာရွိတဲ့ Urban Asis Center အထဲမွာ တည္ရွိေနပါတယ္ေနာ္။ မနက္ ၈နာရီကေန ည၈နာရီအထိဖြင့္လွစ္ပါတယ္။

ေရႊေခတ္ | လက္ဆင့္ကမ္းျခင္း Exhibition

ေရႊေခတ္ | လက္ဆင့္ကမ္းျခင္း Exhibition

ေရႊေခတ္ | လက္ဆင့္ကမ္းျခင္း Exhibition

ျမန္မာ့ရုပ္ရွင္ေဟာင္းေတြအေၾကာင္းကို ေလ့လာခ်င္တဲ့သူေတြအတြက္သာမက ဆိတ္ျငိမ္တဲ့ ေနရာေလးတစ္ခုမွာ တည္ရွိေနခ်င္တဲ့သူေတြအတြက္ပါ သြားသင့္တဲ့ေနရာေလးတစ္ခုျဖစ္ပါတယ္။ ေခတ္ေဟာင္း ျမန္မာ့ရုပ္ရွင္ကားေတြကိုျပသေနတဲ့အျပင္ ေခတ္ေဟာင္း ျမန္မာေတးသီခ်င္းေတြကိုလည္း နားဆင္လို႔ရနိုင္တဲ့အတြက္ ကုိယ္ခံစားေနရတဲ့ စိတ္ဖိစီးမႈေတြအားလံုးကို တျဖည္းျဖည္းခ်င္းဖယ္ရွားပစ္ႏိုင္ပါတယ္။ ျမန္မာ့ေခတ္ေဟာင္းရုပ္ရွင္ကားၾကီးေတြကို အခ်ိန္ဇယားနဲ႔ ျပသေနတဲ့အတြက္ အရင္ေခတ္က မိန္းမပ်ိဳေလးေတြရဲ႕ ေနပံုထိုင္ပံုေတြ၊ စကားေျပာဆိုပံုေတြနဲ႔ သိမ္ေမြ႔ျပီး ယဥ္ေက်းလွတဲ့ ၀တ္ပံုစားပံုေတြကို ေလ့လာႏိုင္ပါတယ္။ ဒီလိုေလ့လာျခင္းက ကိုယ့္မွာ ရွိေနတယ္ဆိုတဲ့ စိတ္ဖိစီးမႈေတြကို အာရံုစိုက္ဖို႔ေမ့သြားေစပါလိမ့္မယ္။ ျပပြဲဟာ ဧျပီလ ၂၀ရက္ေန႔အထိဖြင့္လွစ္ထားေၾကာင္းလည္း သိရွိရပါတယ္။

လိပ္စာ အတိအက်ေလးကေတာ့ ယခင္ Burmese Photographer Exhibition ျပသခဲ့တဲ့ ဝန္ၾကီးမ်ားရံုးမွာပဲ ထပ္မံျပသေနတာျဖစ္ပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

Freedom Cafe

Freedom-cafe (Source : Freedom Cafe Facebook Page)

Freedom-cafe (Source : Freedom Cafe Facebook Page)

အားလံုးလည္း ၾကားဖူးၾကမွာပါ။ ေၾကာင္ေလးေတြ၊ ေခြးေလးေတြရွိတဲ့ ေကာ္ဖီဆုိင္ေလးပါ။ Freedom Cafe ဟာ စမ္းေခ်ာင္း ဆိုင္ခြဲနဲ႔ ဗိုလ္တေထာင္ဆိုင္ခြဲနွစ္ခုရွိပါတယ္။ စမ္းေခ်ာင္းဆိုင္ခြဲမွာေတာ့ ေၾကာင္ေလးေတြထားရွိပါတယ္။ ဗိုလ္တေထာင္မွာေတာ့ ေခြးေလးေတြကို ထားရွိပါတယ္။ သားသားမီးမီးေလးေတြကို က်န္းမာေအာင္ ေရခ်ိဳးေပးျပီး လွပေၾကာ႔ေမာ့ေမႊးၾကိဳင္ေနေအာင္လုပ္ထားေပးတယ္။ သူတို႔ေတြနဲ႔ ေဆာ့ကစားဖို႔အရုပ္ေလးေတြထားေပးထားပါေသးတယ္။ မုန္႔ေကြ်းခ်င္လညး္ ေကြ်းလို႔ရပါေသးတယ္တဲ့။ သားသားမီးမီးေလးေတြနဲ႔ ကစားရင္း သူတို႔ရဲ႕ခ်စ္စရာေကာင္းတဲ့အျပဳအမူေလးေတြကို ၾကည့္ရင္း စိတ္ဖိစီးမႈေတြဘယ္ကမာၻေရာက္မမွန္းမသိ၊ ေပ်ာက္ခ်င္းမလွေပ်ာက္သြားေစမွာပါ။

လိပ္စာ အတိအက်ေလးကေတာ့ စမ္းေခ်ာင္းဆိုင္ခြဲဆိုရင္ေတာ့ အာရွေတာဝင္ေရွ႕က လမ္းၾကားေလးျဖစ္တဲ့ ပန္းလိႈင္လမ္းေလးထဲမွာ တည္ရွိပါတယ္။

ဗိုလ္တေထာင္ဆိုင္ခြဲလိပ္စာကေတာ့ ဗိုလ္တေထာင္ဘုရားလမ္းေပၚမွာတည္ရွိပါတယ္တဲ့။ ဆိုင္ဖြင့္ခ်ိန္ကေတာ့ တနလာၤေန႔ကေန ၾကာသပေတးေန႔အထိကို မနက္ ၉း၃၀ကေနစျပီး ည ၉ နာရီအထိ၊ ေသာၾကာေန႔နဲ စေနေန႔ဆိုရင္ မနက္ ၉ နာရီ ကေန ည ၉နာရီအထိ၊ တနဂၤေႏြေန႔ဆိုရင္ေတာ့ မနက္ ၉း၃၀ကေန ည ၉နာရီအထိ ဖြင့္လွစ္ပါတယ္။

The Brunch Society

The Brunch Society (Source : The Brunch Society Facebook Page)

The Brunch Society (Source : The Brunch Society Facebook Page)

အစားအေသာက္ဆိုတာ လူတစ္ေယာက္အတြက္ Energy တစ္ခုပါ။ အစားအေသာက္လည္းေကာင္း စိတ္လည္းအပန္းေျပေအာင္အထိ ျပဳလုပ္ေပးႏိုင္တယ္ဆို ပိုမေကာင္းေပဘူးလား။ The Brunch Society က ကိုယ္လိုခ်င္တဲ့အခ်က္ေတြအားလံုးကို ျဖည့္ဆည္းေပးနိုင္တဲ့ေနရာေလးတစ္ခုပဲျဖစ္ပါတယ္။ အစားအေသာက္ေတြကို လိုေလေသးမရွိဖန္တီးေပးနိုင္တယ္။ ေတာင္းဆိုတဲ့အတိုင္း တစ္သေဝမတိမ္းျဖည့္ဆည္းေပးၾကပါတယ္။ သီခ်င္းေအးေအးေလးေတြနဲ႔ လွ်ာလည္သြားေလာက္ေစနိုင္တဲ့အစားအစာေတြနဲ႔ ကိုယ္ရဲ႕စိတ္ဖိစီးမႈေတြကို ေျဖေဖ်ာက္ၾကည့္ပါ။ အာဟာရလည္းရ စိတ္လည္းရွင္းေတာ့ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ အက်ိဳးနွစ္ခုကို တစ္ျပိဳင္နက္တည္းမွာ ရရွိနုိင္တယ္ေလ။ လာေရာက္စားသံုးတဲ့သူေတြအားလံုးကလည္း အျခားဆိုင္ေတြလို စကားေအာ္ေျပာတာမ်ိဳး၊ ဆိုင္အတြင္းမွာ ဆူဆူညံညံလုပ္တာမ်ိဳးေတြမရွိတဲ့အတြက္ တကယ့္ကို ပင္ပန္းတဲ့အခါမွာ နားခိုလို႔ေကာင္းတဲ့ေနရာတစ္ခုပါပဲ။

လိပ္စာေလးကေတာ့ ဆူးေလဘုရားလမ္း၊ ဆူးေလဘုရားမီးသတ္ရံုးေဘးမွာ တည္ရွိပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

စိတ္ဖိစီးမႈေတြအရမ္းမ်ားလာတဲ့အခါမွာ အျပင္ထြက္ဖို႔စိတ္မပါတာမ်ိဳးျဖစ္တတ္ၾကပါတယ္။ ဘယ္လိုပဲျဖစ္ေနပါေစဦးေတာ့ အေပၚမွာေျပာခဲ့တဲ့ ဆိုင္ေလးေတြအေၾကာင္းဖတ္ျပီးတဲ့အခါမွာေတာ့ အဲဒီစိတ္ေတြေပာ်က္သြားျပီး သြားခ်င္တဲ့စိတ္ေလးေတြျဖစ္လာမယ္လို႔ယံုၾကည္မိပါတယ္။ ကိုယ္တိုင္လည္း စိတ္ဖိစီးမႈမ်ားတဲ့အခါ သြားျဖစ္ေနတဲ့အတြက္ ေစတနာနဲ႔ လမ္းေၾကာင္းေပးတာျဖစ္လို႔ ေမတၱာေရာင္ျပန္ဟပ္မယ္လို႔ထင္မိပါတယ္။ ကိုယ္သူ႕ငယ္ခ်င္းေတြစိတ္ဓာတ္က်ေနတဲ့အခါပဲျဖစ္ျဖစ္၊ ကိုယ္ကိုယ္တိုင္စိတ္ဖိစီးေနတယ္လို႔ ခံစားေနရတယ္ဆိုရင္ပဲျဖစ္ျဖစ္ အေပၚက ဆိုင္ေလးေတြကို ေခၚသြားဖို႔ အၾကံေပးပါရေစလား။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စိတ်ဖိစီးမှုတွေများတဲ့အခါ ဘယ်မှာနားခိုရမလဲ?

လူသားတွေအားလုံးက အသက်အရွယ်ရလာတာနဲ့အမျှ စိတ်ညစ်စရာတွေ၊ ပြဿနာတွေနဲ့ အခက်အခဲတွေကို ရင်မဆိုင်ချင်လည်းရင်ဆိုင်လာကြရတယ်။ အဲဒီကိစ္စတွေအားလုံးကို မဖြေရှင်းနိုင်ခင်မှာ စိုးရိမ်စိတ်တွေ၊ ပူပန်တဲ့စိတ်တွေများ့ပြီး စိတ်ဖိစီးလာတတ်ပါတယ်။ ဒီလိုစိတ်ဖိစီးလာတဲ့အခါမှာ ဖြေရှင်းနိုင်ဖို့နည်းလမ်းကို ဆက်မရှာနိုင်တော့ဘဲ ကိုယ့်ကိုယ်ကို ချောင်ပိတ်ပြီး ပြဿနာကို မဖြေရှင်းတော့ဘဲ ဖြစ်လိုရာဖြစ်ဆိုပြီး ပစ်ထားလိုက်ကြတယ်။ ဒီအတိုင်းနဲ့တင်ပြီးသွားရောလားဆို မဟုတ်ပါဘူး။ ကိုယ်လက်ရှိလုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေကိုပါ ရပ်တန့်ပစ်လိုက်တဲ့အထိတောင်ဖြစ်တတ်ကြပါတယ်။ စိတ်ဖိစီးမှုဆိုတာ ကိုယ်ကိုယ်တိုင် ဖက်တွယ်ထားမှသာ ကိုယ့်ကိုဒုက္ခဖြစ်စေတာပါ။ ကိုယ့်ဘက်က ဖက်တွယ်မထားသမှျှတော့ သူ့လမ်းသူဆက်လျှောက်သွားမှာပါ။

ဒါပေမယ့်ဖက်တွယ်ထားတဲ့သူတွေကတော့ နွံထဲရောက်နေသလိုပဲ။ ရုန်းလေ နစ်လေဖြစ်နေတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် စိတ်ဖိစီးမှုတွေပျောက်စေမယ့် နားခိုရာနေရာလေးတွေဆီသွားပြီး ဖြေဖျောက်လိုက်ပါ။

Café Salween

Cafe-Salween

Cafe-Salween

Café Salween ဟာ ကော်ဖီချစ်သူတွေအတွက်ပဲ တည်ရှိနေတဲ့နေရာမဟုတ်ခဲ့ပါဘူး။ ဒီဆိုင်လေးထဲမှာ တရုတ်စကားပန်းပင်နဲ့ ဒေစီပန်းလေးတွေနဲ့ နှင်းဆီပန်းလေးတွေထားရှိထားပါတယ်။ စိုက်ထားတဲ့ တရုတ်စကားပန်းပင်က နေ့ခင်းဘက် နေရောင်ရတဲ့အချိန်မှာတော့ အောက်ဆီဂျင်ထုတ်ပေးပြီး ညဘက်မှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ထုတ်ပေးပါတယ်။ ဒါ့အပြင် အသိပညာဗဟုသုတတွေများစွာပေးစွမ်းနိုင်တဲ့ စာအုပ်ကောင်းလေးတွေလည်း ထားရှိထားပါသေးတယ်။ ခင်းကျင်းထားတဲ့ ပရိဘောဂတွေအားလုံးကလည်း သစ်သားနဲ့ ပြုလုပ်ထားတဲ့ ထိုင်ခုံလေးတွေ၊ စားပွဲလေးတွေအားလုံးက ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေအားလုံးကို ညင်ညင်သာသာနဲ့ ပြေပျောက်နိုင်စေမှာဖြစ်ပါတယ်။ အင်တာနက်မှာ ရှာစရာ ဖွေစရာရှိခဲ့ရင်လည်း ကော်ဖီသင်းသင်းလေးတစ်ခွက်နဲ့ စိတ်အေးလက်အေးရှာဖွေရင်း၊ ပန်းခြံထဲမှာ လေအေးအေးလေးနဲ့ စာအုပ်ကောင်းလေးတွေလည်း ဖတ်ရင်း ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို ဖျောက်ပစ်လိုက်ပါ။

လိပ်စာ အတိအကျလေးကတော့ ၄၈လမ်းနဲ့ မဟာဗန္ဓုလမ်းထောင်မှာရှိတဲ့ Urban Asis Center အထဲမှာ တည်ရှိနေပါတယ်နော်။ မနက် ၈နာရီကနေ ည၈နာရီအထိဖွင့်လှစ်ပါတယ်။

ရွှေခေတ် | လက်ဆင့်ကမ်းခြင်း Exhibition

ရွှေခေတ် | လက်ဆင့်ကမ်းခြင်း Exhibition

ရွှေခေတ် | လက်ဆင့်ကမ်းခြင်း Exhibition

မြန်မာ့ရုပ်ရှင်ဟောင်းတွေအကြောင်းကို လေ့လာချင်တဲ့သူတွေအတွက်သာမက ဆိတ်ငြိမ်တဲ့ နေရာလေးတစ်ခုမှာ တည်ရှိနေချင်တဲ့သူတွေအတွက်ပါ သွားသင့်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ ခေတ်ဟောင်း မြန်မာ့ရုပ်ရှင်ကားတွေကိုပြသနေတဲ့အပြင် ခေတ်ဟောင်း မြန်မာတေးသီချင်းတွေကိုလည်း နားဆင်လို့ရနိုင်တဲ့အတွက် ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေအားလုံးကို တဖြည်းဖြည်းချင်းဖယ်ရှားပစ်နိုင်ပါတယ်။ မြန်မာ့ခေတ်ဟောင်းရုပ်ရှင်ကားကြီးတွေကို အချိန်ဇယားနဲ့ ပြသနေတဲ့အတွက် အရင်ခေတ်က မိန်းမပျိုလေးတွေရဲ့ နေပုံထိုင်ပုံတွေ၊ စကားပြောဆိုပုံတွေနဲ့ သိမ်မွေ့ပြီး ယဉ်ကျေးလှတဲ့ ဝတ်ပုံစားပုံတွေကို လေ့လာနိုင်ပါတယ်။ ဒီလိုလေ့လာခြင်းက ကိုယ့်မှာ ရှိနေတယ်ဆိုတဲ့ စိတ်ဖိစီးမှုတွေကို အာရုံစိုက်ဖို့မေ့သွားစေပါလိမ့်မယ်။ ပြပွဲဟာ ဧပြီလ ၂၀ရက်နေ့အထိဖွင့်လှစ်ထားကြောင်းလည်း သိရှိရပါတယ်။

လိပ်စာ အတိအကျလေးကတော့ ယခင် Burmese Photographer Exhibition ပြသခဲ့တဲ့ ဝန်ကြီးများရုံးမှာပဲ ထပ်မံပြသနေတာဖြစ်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

Freedom Cafe

Freedom-cafe (Source : Freedom Cafe Facebook Page)

Freedom-cafe (Source : Freedom Cafe Facebook Page)

အားလုံးလည်း ကြားဖူးကြမှာပါ။ ကြောင်လေးတွေ၊ ခွေးလေးတွေရှိတဲ့ ကော်ဖီဆိုင်လေးပါ။ Freedom Cafe ဟာ စမ်းချောင်း ဆိုင်ခွဲနဲ့ ဗိုလ်တထောင်ဆိုင်ခွဲနှစ်ခုရှိပါတယ်။ စမ်းချောင်းဆိုင်ခွဲမှာတော့ ကြောင်လေးတွေထားရှိပါတယ်။ ဗိုလ်တထောင်မှာတော့ ခွေးလေးတွေကို ထားရှိပါတယ်။ သားသားမီးမီးလေးတွေကို ကျန်းမာအောင် ရေချိုးပေးပြီး လှပကြော့မော့မွှေးကြိုင်နေအောင်လုပ်ထားပေးတယ်။ သူတို့တွေနဲ့ ဆော့ကစားဖို့အရုပ်လေးတွေထားပေးထားပါသေးတယ်။ မုန့်ကျွေးချင်လည်း ကျွေးလို့ရပါသေးတယ်တဲ့။ သားသားမီးမီးလေးတွေနဲ့ ကစားရင်း သူတို့ရဲ့ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကို ကြည့်ရင်း စိတ်ဖိစီးမှုတွေဘယ်ကမ္ဘာရောက်မမှန်းမသိ၊ ပျောက်ချင်းမလှပျောက်သွားစေမှာပါ။

လိပ်စာ အတိအကျလေးကတော့ စမ်းချောင်းဆိုင်ခွဲဆိုရင်တော့ အာရှတောဝင်ရှေ့က လမ်းကြားလေးဖြစ်တဲ့ ပန်းလှိုင်လမ်းလေးထဲမှာ တည်ရှိပါတယ်။

ဗိုလ်တထောင်ဆိုင်ခွဲလိပ်စာကတော့ ဗိုလ်တထောင်ဘုရားလမ်းပေါ်မှာတည်ရှိပါတယ်တဲ့။ ဆိုင်ဖွင့်ချိန်ကတော့ တနလာၤနေ့ကနေ ကြာသပတေးနေ့အထိကို မနက် ၉း၃၀ကနေစပြီး ည ၉ နာရီအထိ၊ သောကြာနေ့နဲ စနေနေ့ဆိုရင် မနက် ၉ နာရီ ကနေ ည ၉နာရီအထိ၊ တနင်္ဂနွေနေ့ဆိုရင်တော့ မနက် ၉း၃၀ကနေ ည ၉နာရီအထိ ဖွင့်လှစ်ပါတယ်။

The Brunch Society

The Brunch Society (Source : The Brunch Society Facebook Page)

The Brunch Society (Source : The Brunch Society Facebook Page)

အစားအသောက်ဆိုတာ လူတစ်ယောက်အတွက် Energy တစ်ခုပါ။ အစားအသောက်လည်းကောင်း စိတ်လည်းအပန်းပြေအောင်အထိ ပြုလုပ်ပေးနိုင်တယ်ဆို ပိုမကောင်းပေဘူးလား။ The Brunch Society က ကိုယ်လိုချင်တဲ့အချက်တွေအားလုံးကို ဖြည့်ဆည်းပေးနိုင်တဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ အစားအသောက်တွေကို လိုလေသေးမရှိဖန်တီးပေးနိုင်တယ်။ တောင်းဆိုတဲ့အတိုင်း တစ်သဝေမတိမ်းဖြည့်ဆည်းပေးကြပါတယ်။ သီချင်းအေးအေးလေးတွေနဲ့ လျှာလည်သွားလောက်စေနိုင်တဲ့အစားအစာတွေနဲ့ ကိုယ်ရဲ့စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ကြည့်ပါ။ အာဟာရလည်းရ စိတ်လည်းရှင်းတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် အကျိုးနှစ်ခုကို တစ်ပြိုင်နက်တည်းမှာ ရရှိနိုင်တယ်လေ။ လာရောက်စားသုံးတဲ့သူတွေအားလုံးကလည်း အခြားဆိုင်တွေလို စကားအော်ပြောတာမျိုး၊ ဆိုင်အတွင်းမှာ ဆူဆူညံညံလုပ်တာမျိုးတွေမရှိတဲ့အတွက် တကယ့်ကို ပင်ပန်းတဲ့အခါမှာ နားခိုလို့ကောင်းတဲ့နေရာတစ်ခုပါပဲ။

လိပ်စာလေးကတော့ ဆူးလေဘုရားလမ်း၊ ဆူးလေဘုရားမီးသတ်ရုံးဘေးမှာ တည်ရှိပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

စိတ်ဖိစီးမှုတွေအရမ်းများလာတဲ့အခါမှာ အပြင်ထွက်ဖို့စိတ်မပါတာမျိုးဖြစ်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေဦးတော့ အပေါ်မှာပြောခဲ့တဲ့ ဆိုင်လေးတွေအကြောင်းဖတ်ပြီးတဲ့အခါမှာတော့ အဲဒီစိတ်တွေပောျက်သွားပြီး သွားချင်တဲ့စိတ်လေးတွေဖြစ်လာမယ်လို့ယုံကြည်မိပါတယ်။ ကိုယ်တိုင်လည်း စိတ်ဖိစီးမှုများတဲ့အခါ သွားဖြစ်နေတဲ့အတွက် စေတနာနဲ့ လမ်းကြောင်းပေးတာဖြစ်လို့ မေတ္တာရောင်ပြန်ဟပ်မယ်လို့ထင်မိပါတယ်။ ကိုယ်သူ့ငယ်ချင်းတွေစိတ်ဓာတ်ကျနေတဲ့အခါပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်စိတ်ဖိစီးနေတယ်လို့ ခံစားနေရတယ်ဆိုရင်ပဲဖြစ်ဖြစ် အပေါ်က ဆိုင်လေးတွေကို ခေါ်သွားဖို့ အကြံပေးပါရစေလား။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။