[Zawgyi]

ရီးယဲလ္ရဲ႕ လက္က်န္တိုက္စစ္ကစားသမားေတြက စီေရာ္နယ္လ္ဒိုလို စြမ္းေဆာင္ႏိုင္ပါ့မလား

စီေရာ္နယ္လ္ဒို C.Ronaldo ကို ေရာင္းခ်ခဲ့တဲ့ လုပ္ရပ္က ရီးယဲလ္အတြက္ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ျဖစ္မွာလား။ အသက္ (၃၃)ႏွစ္အရြယ္ရွိ ကစားသမားတစ္ေယာက္ကို ေရာင္းခ်ရာမွာ ယူရို (၁၁၂)သန္းအထိ ရခဲ့တဲ့ ရီးယဲလ္အတြက္ ထိုက္တန္ပါ့မလား။ ဒီလိုေမးခြန္းေတြရဲ႕ အဓိကအေျဖက တစ္ခုပဲရွိပါတယ္။ အခ်ိန္ပါပဲ။ အသင္းအတြက္ အဓိကသြင္းဂိုးေတြ ရယူေပးေနတဲ့ ကစားသမားတစ္ဦးကို ေရာင္းခ်ၿပီး ဒီကစားသမား ထမ္းေဆာင္ေပးခဲ့တဲ့ တိုက္စစ္တာဝန္ကို ေနာက္ထပ္ကစားသမားေတြက တာဝန္ယူေပးႏိုင္မယ္ဆိုရင္ေတာ့ ရီးယဲလ္ရဲ႕ လုပ္ရပ္က အမွန္ဆံုးျဖစ္မွာပါ။ စီေရာ္နယ္လ္ဒို C.Ronaldo ရီးယဲလ္မွာ ကစားေပးခဲ့တဲ့ (၉)ရာသီအတြင္း တစ္ရာသီပွ်မ္းမွ် ၿပိဳင္ပြဲစံုသြင္းဂိုး (၅၀)ေလာက္ ပံုမွန္ရယူေပးခဲ့တဲ့ ကစားသမားတစ္ဦးပါ။ ဒီကစားသမားရဲ႕ ေနရာကို ဘယ္သူေတြနဲ႔ ရီးယဲလ္ျဖည့္တင္းမွာလဲ။

Cristiano-Ronaldo-was-officially-unveiled-as-a-Juventus-player-on-Monday

Cristiano-Ronaldo-was-officially-unveiled-as-a-Juventus-player-on-Monday

လက္ရွိရီးယဲလ္အသင္းမွာ ဘန္ဇီမာ Benzema ၊ ေဘးလ္ Bale ၊ အဆန္စီရို Asensio ၊ အစၥကို Isco နဲ႔ ဗက္ဇ္ေကး Vazque တို႔ စီေရာ္နယ္လ္ဒို C.Ronaldo မရွိေတာ့တဲ့ အသင္းရဲ႕ လက္က်န္တိုက္စစ္ ကစားသမားေတြျဖစ္လာတယ္။ ဒီကစားသမားေတြထဲမွာ တိုက္စစ္မွဴး ဘန္ဇီမာ Benzema က အသင္းရဲ႕ သြင္းဂိုးေတြအတြက အဓိက တာဝန္ယူရေတာ့မယ့္ ကစားသမားျဖစ္လာဖို႔ရွိတယ္။ စီေရာ္နယ္လ္ဒို C.Ronaldo နဲ႔အတူ အသင္းကို ေရာက္ရွိလာခဲ့ၿပီး အသင္းရဲ႕ လက္ရွိတုိက္စစ္ကစားသမားေတြထဲမွာ ဘန္ဇီမာ Benzema က တစ္ပြဲပွ်မ္းမွ်သြင္းဂိုး အမ်ားဆံုး ရယူေပးထားတဲ့ ကစားသမားအျဖစ္ ေဘးလ္ Bale နဲ႔ ပူးတြဲရပ္တည္ေနတယ္။ အသင္းမွာ ကစားခဲ့တဲ့ (၉)ရာသီအတြင္း ၿပိဳင္ပြဲစံုသြင္းဂိုး (၁၉၂)ဂိုးအထိ ရယူေပးခဲ့ၿပီး တစ္ပြဲပွ်မ္းမွ်သြင္းဂိုးက (၀.၄၆)ဂိုးအထိ ရွိခဲ့တယ္။ ဘန္ဇီမာ Benzema က တစ္ရာသီ ပွ်မ္းမွ် (၂၁)ဂိုးေလာက္သာ ရယူေပးႏိုင္တဲ့ တိုက္စစ္မွဴးပါ။ တစ္ရာသီ (၂၁)ဂိုးဆိုတဲ့ မွတ္တမ္းက သာမန္အလယ္အလတ္ အသင္းတစ္သင္းမွာ ကစားတဲ့ တိုက္စစ္မွဴးတစ္ဦးအတြက္ အေကာင္းဆံုး စြမ္းေဆာင္မႈပါ။ ဒါေပမဲ့ ရီးယဲလ္လုိ ထိပ္တန္းအသင္းအတြက္ကေတာ့ သာမန္တိုက္စစ္မွဴးတစ္ဦးရဲ႕ စြမ္းေဆာင္ရည္ေလာက္ပဲရွိပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီမွာေတာ့ ဘန္ဇီမာ Benzema ရဲ႕ ဂိုးသြင္းႏႈန္းက (၁၂)ဂိုးအထိ က်ဆင္းလာခဲ့ၿပီး အသက္အရြယ္အပိုင္းအျခားအရ ဂိုးရဖို႔ ခက္ခဲလာတယ္။ ဒီအေနအထားက တစ္ရာသီ သြင္းဂိုး (၅၀)ေလာက္ ပံုမွန္ရယူေပးခဲ့တဲ ့စီေရာ္နယ္လ္ဒို C.Ronaldo ရဲ႕ ေနရာကုိ ျဖည့္တင္းႏိုင္ဖို႔ အေကာင္းဆံုး ေရြးခ်ယ္မႈျဖစ္လာဖို႔မရွိပါဘူး။

Benzema-and-Bale

Benzema-and-Bale

ဘန္ဇီမာ Benzema ၿပီးေတာ့ ေဘးလ္ Bale။ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ပံုစံေကာင္းေတြ ျပသခဲ့ၿပီး အေရးပါတဲ့ သြင္းဂိုးေတြ သြင္းယူေပးခဲ့တဲ့ ကစားသမား။ အသင္းမွာ ကစားခဲ့တဲ့ (၅)ရာသီအတြင္း (၈၈)ဂိုးရယူေပးခဲ့ၿပီး တစ္ရာသီပွ်မ္းမွ် (၁၈)ဂိုး ရယူေပးခဲ့တဲ့သလို ဘန္ဇီမာ Benzema နဲ႔အတူ တစ္ပြဲပွ်မ္းမွ်သြင္းဂိုး (၀.၄၆)ဂိုးႏႈန္းရွိခဲ့တယ္။ ဒါေပမဲ့ ေဘးလ္ Bale ရဲ႕ အေျခအေနက ရီးယဲလ္အသင္းအတြက္ “စုပ္လည္းဆူး စားလည္းရူး” ဆိုသလိုျဖစ္ေနခဲ့တယ္။ ပံုမွန္အေနအထားမွာရွိရင္ စီေရာ္နယ္လ္ဒို C.Ronaldo ရဲ႕ ေနရာကို အေကာင္းဆံုးျဖည့္ဆည္းႏိုင္မယ့္ ကစားသမားျဖစ္ေပမယ့္ မၾကာခဏဒဏ္ရာရတက္တဲ့ သူ႔ရဲ႕ႀကံ့ခိုင္မႈအေျခအေနေၾကာင့္ စြန္႔စားရမယ့္ အေနအထားပါ။ က်န္တိုက္စစ္ကစားသမားေတြျဖစ္တဲ့ အစၥကို Isco၊ အဆန္စီရို Asensio၊ ဗက္ဇ္ေကး Vezque တို႔က Striker တစ္ဦးအျဖစ္ ကစားဖို႔ထက္ Playmaker တစ္ဦးအျဖစ္ ကစားဖို႔ ပိုမိုဆႏၵျပင္းျပတဲ့ ကစားသမားေတြျဖစ္တာေၾကာင့္ တိုက္စစ္မွဴးသစ္ရွာေဖြတာက ရီးယဲလ္အသင္းအတြက္ အေကာင္းဆံုးျဖစ္လာမွာပါ။

Photo:Daily Mail, CGTN, Libertad Digital
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်ရဲ့ လက်ကျန်တိုက်စစ်ကစားသမားတွေက စီရော်နယ်လ်ဒိုလို စွမ်းဆောင်နိုင်ပါ့မလား

စီရော်နယ်လ်ဒို C.Ronaldo ကို ရောင်းချခဲ့တဲ့ လုပ်ရပ်က ရီးယဲလ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်မှာလား။ အသက် (၃၃)နှစ်အရွယ်ရှိ ကစားသမားတစ်ယောက်ကို ရောင်းချရာမှာ ယူရို (၁၁၂)သန်းအထိ ရခဲ့တဲ့ ရီးယဲလ်အတွက် ထိုက်တန်ပါ့မလား။ ဒီလိုမေးခွန်းတွေရဲ့ အဓိကအဖြေက တစ်ခုပဲရှိပါတယ်။ အချိန်ပါပဲ။ အသင်းအတွက် အဓိကသွင်းဂိုးတွေ ရယူပေးနေတဲ့ ကစားသမားတစ်ဦးကို ရောင်းချပြီး ဒီကစားသမား ထမ်းဆောင်ပေးခဲ့တဲ့ တိုက်စစ်တာဝန်ကို နောက်ထပ်ကစားသမားတွေက တာဝန်ယူပေးနိုင်မယ်ဆိုရင်တော့ ရီးယဲလ်ရဲ့ လုပ်ရပ်က အမှန်ဆုံးဖြစ်မှာပါ။ စီရော်နယ်လ်ဒို C.Ronaldo ရီးယဲလ်မှာ ကစားပေးခဲ့တဲ့ (၉)ရာသီအတွင်း တစ်ရာသီပျှမ်းမျှ ပြိုင်ပွဲစုံသွင်းဂိုး (၅၀)လောက် ပုံမှန်ရယူပေးခဲ့တဲ့ ကစားသမားတစ်ဦးပါ။ ဒီကစားသမားရဲ့ နေရာကို ဘယ်သူတွေနဲ့ ရီးယဲလ်ဖြည့်တင်းမှာလဲ။

Cristiano-Ronaldo-was-officially-unveiled-as-a-Juventus-player-on-Monday

Cristiano-Ronaldo-was-officially-unveiled-as-a-Juventus-player-on-Monday

လက်ရှိရီးယဲလ်အသင်းမှာ ဘန်ဇီမာ Benzema ၊ ဘေးလ် Bale ၊ အဆန်စီရို Asensio ၊ အစ္စကို Isco နဲ့ ဗက်ဇ်ကေး Vazque တို့ စီရော်နယ်လ်ဒို C.Ronaldo မရှိတော့တဲ့ အသင်းရဲ့ လက်ကျန်တိုက်စစ် ကစားသမားတွေဖြစ်လာတယ်။ ဒီကစားသမားတွေထဲမှာ တိုက်စစ်မှူး ဘန်ဇီမာ Benzema က အသင်းရဲ့ သွင်းဂိုးတွေအတွက အဓိက တာဝန်ယူရတော့မယ့် ကစားသမားဖြစ်လာဖို့ရှိတယ်။ စီရော်နယ်လ်ဒို C.Ronaldo နဲ့အတူ အသင်းကို ရောက်ရှိလာခဲ့ပြီး အသင်းရဲ့ လက်ရှိတိုက်စစ်ကစားသမားတွေထဲမှာ ဘန်ဇီမာ Benzema က တစ်ပွဲပျှမ်းမျှသွင်းဂိုး အများဆုံး ရယူပေးထားတဲ့ ကစားသမားအဖြစ် ဘေးလ် Bale နဲ့ ပူးတွဲရပ်တည်နေတယ်။ အသင်းမှာ ကစားခဲ့တဲ့ (၉)ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး (၁၉၂)ဂိုးအထိ ရယူပေးခဲ့ပြီး တစ်ပွဲပျှမ်းမျှသွင်းဂိုးက (ဝ.၄၆)ဂိုးအထိ ရှိခဲ့တယ်။ ဘန်ဇီမာ Benzema က တစ်ရာသီ ပျှမ်းမျှ (၂၁)ဂိုးလောက်သာ ရယူပေးနိုင်တဲ့ တိုက်စစ်မှူးပါ။ တစ်ရာသီ (၂၁)ဂိုးဆိုတဲ့ မှတ်တမ်းက သာမန်အလယ်အလတ် အသင်းတစ်သင်းမှာ ကစားတဲ့ တိုက်စစ်မှူးတစ်ဦးအတွက် အကောင်းဆုံး စွမ်းဆောင်မှုပါ။ ဒါပေမဲ့ ရီးယဲလ်လို ထိပ်တန်းအသင်းအတွက်ကတော့ သာမန်တိုက်စစ်မှူးတစ်ဦးရဲ့ စွမ်းဆောင်ရည်လောက်ပဲရှိပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဘန်ဇီမာ Benzema ရဲ့ ဂိုးသွင်းနှုန်းက (၁၂)ဂိုးအထိ ကျဆင်းလာခဲ့ပြီး အသက်အရွယ်အပိုင်းအခြားအရ ဂိုးရဖို့ ခက်ခဲလာတယ်။ ဒီအနေအထားက တစ်ရာသီ သွင်းဂိုး (၅၀)လောက် ပုံမှန်ရယူပေးခဲ့တဲ့စီရော်နယ်လ်ဒို C.Ronaldo ရဲ့ နေရာကို ဖြည့်တင်းနိုင်ဖို့ အကောင်းဆုံး ရွေးချယ်မှုဖြစ်လာဖို့မရှိပါဘူး။

Benzema-and-Bale

Benzema-and-Bale

ဘန်ဇီမာ Benzema ပြီးတော့ ဘေးလ် Bale။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပုံစံကောင်းတွေ ပြသခဲ့ပြီး အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးခဲ့တဲ့ ကစားသမား။ အသင်းမှာ ကစားခဲ့တဲ့ (၅)ရာသီအတွင်း (၈၈)ဂိုးရယူပေးခဲ့ပြီး တစ်ရာသီပျှမ်းမျှ (၁၈)ဂိုး ရယူပေးခဲ့တဲ့သလို ဘန်ဇီမာ Benzema နဲ့အတူ တစ်ပွဲပျှမ်းမျှသွင်းဂိုး (ဝ.၄၆)ဂိုးနှုန်းရှိခဲ့တယ်။ ဒါပေမဲ့ ဘေးလ် Bale ရဲ့ အခြေအနေက ရီးယဲလ်အသင်းအတွက် “စုပ်လည်းဆူး စားလည်းရူး” ဆိုသလိုဖြစ်နေခဲ့တယ်။ ပုံမှန်အနေအထားမှာရှိရင် စီရော်နယ်လ်ဒို C.Ronaldo ရဲ့ နေရာကို အကောင်းဆုံးဖြည့်ဆည်းနိုင်မယ့် ကစားသမားဖြစ်ပေမယ့် မကြာခဏဒဏ်ရာရတက်တဲ့ သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေကြောင့် စွန့်စားရမယ့် အနေအထားပါ။ ကျန်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အစ္စကို Isco၊ အဆန်စီရို Asensio၊ ဗက်ဇ်ကေး Vezque တို့က Striker တစ်ဦးအဖြစ် ကစားဖို့ထက် Playmaker တစ်ဦးအဖြစ် ကစားဖို့ ပိုမိုဆန္ဒပြင်းပြတဲ့ ကစားသမားတွေဖြစ်တာကြောင့် တိုက်စစ်မှူးသစ်ရှာဖွေတာက ရီးယဲလ်အသင်းအတွက် အကောင်းဆုံးဖြစ်လာမှာပါ။

Photo:Daily Mail, CGTN, Libertad Digital
Aung Kyaw Wai (Akhayar)
www.akhayar.com