[Zawgyi]

ကမာၻ႔ထိပ္တန္္း နာမည္ေက်ာ္လုပ္ငန္းရွင္ေတြနဲ႔ သူတို႔ သင္ယူဆည္းပူးခဲ့တဲ့ တကၠသိုလ္မ်ား

ေအာင္ျမင္ေနတဲ႔ ကမာၻ႔ေက်ာ္ ထိပ္တန္းလုပ္ငန္းရွင္ေတြ ျဖစ္လာတဲ႔႔သူေတြဟာ ထိပ္တန္းဆိုတဲ႔ ေနရာမွာ ရပ္တည္ႏိုင္ဖို႔အတြက္ ေလ့လာသင္ယူမႈေတြ၊ႀကိဳးစားအားထုတ္မႈေတြ အေျမာက္အျမား ျပဳလုပ္ခဲ႔ရပါတယ္။ အဲ႔ဒီလိုျပဳလုပ္ၿပီးမွသာ လူသိထင္ရွားေက်ာ္ၾကားတဲ႔ ေအာင္ျမင္မႈေနရာမွာ ေရရွည္ရပ္တည္ေနႏိုင္တာ ျဖစ္ပါတယ္။ သူတို႔ေတြ ငယ္ရြယ္စဥ္တုန္းက ေအာင္ျမင္ေက်ာ္ၾကားသူတစ္ေယာက္ျဖစ္လာေစဖို႔အတြက္ ဘာလို႔ေနရာေတြမွာ ႀကိဳးစားေလ့လာသင္ယူဆည္းပူးခဲ့လဲဆိုတာကိုေတာ့ ၾကည္႔လုိက္ၾကရေအာင္။

(၁) Jeff Bezos

ကမာၻ႔ေပၚမွာ အႀကီးမားဆံုး အြန္းလိုင္းလက္လီအရာင္းဆိုင္ျဖစ္တဲ႔ Amazon ကို တည္ေထာင္သူ Jeff Bezos ဟာ အေမရိကန္ႏိုင္ငံ Princeton University ကေန ပညာေလ့လာသင္ယူခဲ႔ၿပီး ဘဲြ႔ရရွိခဲ႔သူ ျဖစ္ပါတယ္။ Jeff Bezos ဟာ အဲ႔ဒီ University ကေန လွ်ပ္စစ္အင္ဂ်င္နီယာနဲ႔ ပတ္သက္ၿပီး BSc Degree နဲ႔ ကြန္ပ်ဴတာသိပၸံဘဲြ႔ကို ရရွိခဲ႔သူ ျဖစ္ပါတယ္။ Jeff Bezos ရဲ႕ အသားတင္ၾကြယ္ဝခ်မ္းသာမႈကေတာ့ အေမရိကန္ေဒၚလာ ၁၅၃ ဘီလီယံ ရွိပါတယ္။

Jeff Bezos

Jeff Bezos

(၂) Sergey Brin

ေမာ္စကိုဖြား အေမရိကန္ Techpreneur၊ Google ရဲ႕ Co-Founder လည္းျဖစ္ၿပီး အမ်ားအက်ဳိးအတြက္ပရဟိတအလုပ္ေတြ လုပ္ကိုင္ေနသူျဖစ္တဲ႔ Sergey Brin ရဲ႕ အသားတင္ၾကြယ္ဝခ်မ္းသာမႈက ေဒၚလာ ၅၁.၇ ဘီလီယံရွိပါတယ္။ ကေလးဘဝတုန္းက Soviet Union မွာ ပညာေလ့လာဆည္းပူးခဲ့ၿပီး University of Maryland ကေန ဘဲြ႔ရရွိခဲ႔သူ ျဖစ္ပါတယ္။ Mathematics နဲ႔ Computer Science ကို ေလ့လာသင္ယူခဲ႔သူ ျဖစ္ပါတယ္။ အဲ႔ဒီေနာက္္မွာေတာ့ Computer Science ကို Stanford University မွာ ဆက္လက္ေလ့လာသင္ယူခဲ႔ပါတယ္။

Sergey Brin

Sergey Brin

(၃) Larry Page

Google ရဲ႕ ေနာက္ထပ္ Co-Founder တစ္ဦးျဖစ္တဲ႔ Larry Page က University of Michigan မွာ Computer Engineering ကို ေလ့လာသင္ယူခဲ႔ၿပီး Bachelor of Science ဘဲြ႔ရရွိခဲ႔သူ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Computer Science ကို Stanford University မွာ ေလ့လာခဲ့ၿပီး MSc ဘဲြ႔ရရွိခဲ႔သူ ျဖစ္ပါတယ္။ Stanford University မွာ ပညာေလ့လာသင္ယူရင္း အနာဂတ္မွာ Business Partner ျဖစ္လာမယ့္သူ Sergey Brin နဲ႔ ေတြ႔ဆံုခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ သူရဲ႕အသားတင္ၾကြယ္ဝခ်မ္းသာမႈက အေမရိကန္ ေဒၚလာ ၅၃ ဘီလီယံ ရွိပါတယ္။

Larry Page

Larry Page

(၄) Arianna Huffington

၂၀၀၉ ခုနစ္ Forbes ရဲ႕မီဒီယာစာရင္းေတြထဲမွာ အလႊမ္းမိုးဆံုး အမ်ဳိးသမီးစာရင္းဝင္ခဲ႔သူ Greek American သတင္းစာဆရာမ Entrepreneur လည္းျဖစ္သူ သူမဟာ University of Cambridge မွာ ပညာေလ့လာခဲ့ၿပီး စီးပြားေရးဘဲြ႔ကို ရရွိခဲ႔သူျဖစ္ပါတယ္။ သူမဟာ စာအုပ္ေပါင္း ၁၅ အုပ္ကို ေရးသားခဲ႔ၿပီး ကၽြန္ေတာ္တို႔အလုပ္လုပ္ပံု ဘယ္လိုေျပာင္းလဲၿပီး ရွင္သန္ေနထိုင္မလဲဆိုတာနဲ႔ ပက္သက္ၿပီး Thrive Global လို႔ေခၚတဲ့ ပလတ္ေဖာင္းအသစ္တစ္ခုကို စတင္ျပဳလုပ္ခဲ႔သူ ျဖစ္ပါတယ္။

Arianna Huffington

Arianna Huffington

(၅) Elon Musk

ေတာင္အာဖရိကဖြား Canadian-American စီးပြားေရးလုပ္ငန္းရွင္ျဖစ္ၿပီး Telsa တည္ေထာင္သူလည္းျဖစ္တဲ႔ Elon Musk ဟာ Queen University မွာ ေလ့လာသင္ယူခဲ႔ရာကေန University of Pennsylvania သို႔ ေျပာင္းေရႊ႕ၿပီး စီးပြားေရးနဲ႔ပက္သက္ၿပီး ေလ့လာသင္ယူခဲ႔ကာ BSc ဒီဂရီရရွိခဲ႔ၿပီး ေနာက္ Physics ကို ဆက္လက္ေလ့လာသင္ယူကာ BSc ဒီဂရီ ရရွိခဲ႔သူျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ သူရဲ႕ အသားတင္ၾကြယ္ဝခ်မ္းသာမႈကေတာ့ အေမရိကန္ေဒၚလာ ၁၉.၂ ဘီလီယံ ရွိပါတယ္။

Elon Musk

Elon Musk

သူတို႔သင္ယူေလ့လာခဲ့တဲ့ တကၠသိုလ္ေတြကို သံုးသပ္ၾကည္႔လိုက္ရင္ တကယ္႔ဒိတ္ဒိတ္က်ဲနာမည္ေက်ာ္ တကၠသိုလ္ႀကီးေတြပဲျဖစ္ၿပီး သူတို႔ဟာလည္း အနည္းဆံုး ဘဲြ႔ႏွစ္ခုရရွိေအာင္ ပညာကို ေလ့လာဆည္းပူးခဲ႔သူေတြ ျဖစ္ပါတယ္။ ဒီလုိ ဆည္းပူးခဲ႔တာကို ၾကည္႔ျခင္းအားျဖင္႔ သူတို႔ဟာ ေအာင္ျမင္မႈနယ္ပယ္မွာ ရပ္တည္ႏိုင္ဖို႔ ပညာကို အပတ္တကုပ္ႀကိဳးစားခဲ့သူေတြျဖစ္တာကိုလည္း ေတြ႔ျမင္ႏိုင္ပါတယ္။ ပရိသတ္ႀကီးလည္း ကိုယ္ဝါသနာပါတဲ႔ ပညာရပ္ကို  ထြန္းထြန္းေပါက္ေပါက္ျဖစ္ေအာင္ေလ့လာၿပီး ေအာင္ျမင္ေက်ာ္ၾကားသူေတြ ျဖစ္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ကမ္ဘာ့ထိပ်တန်း နာမည်ကျော်လုပ်ငန်းရှင်တွေနဲ့ သူတို့ သင်ယူဆည်းပူးခဲ့တဲ့ တက္ကသိုလ်များ

အောင်မြင်နေတဲ့ ကမ္ဘာ့ကျော် ထိပ်တန်းလုပ်ငန်းရှင်တွေ ဖြစ်လာတဲ့သူတွေဟာ ထိပ်တန်းဆိုတဲ့ နေရာမှာ ရပ်တည်နိုင်ဖို့အတွက် လေ့လာသင်ယူမှုတွေ၊ကြိုးစားအားထုတ်မှုတွေ အမြောက်အမြား ပြုလုပ်ခဲ့ရပါတယ်။ အဲ့ဒီလိုပြုလုပ်ပြီးမှသာ လူသိထင်ရှားကျော်ကြားတဲ့ အောင်မြင်မှုနေရာမှာ ရေရှည်ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ သူတို့တွေ ငယ်ရွယ်စဉ်တုန်းက အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်လာစေဖို့အတွက် ဘာလို့နေရာတွေမှာ ကြိုးစားလေ့လာသင်ယူဆည်းပူးခဲ့လဲဆိုတာကိုတော့ ကြည့်လိုက်ကြရအောင်။

(၁) Jeff Bezos

ကမ္ဘာ့ပေါ်မှာ အကြီးမားဆုံး အွန်းလိုင်းလက်လီအရာင်းဆိုင်ဖြစ်တဲ့ Amazon ကို တည်ထောင်သူ Jeff Bezos ဟာ အမေရိကန်နိုင်ငံ Princeton University ကနေ ပညာလေ့လာသင်ယူခဲ့ပြီး ဘွဲ့ရရှိခဲ့သူ ဖြစ်ပါတယ်။ Jeff Bezos ဟာ အဲ့ဒီ University ကနေ လျှပ်စစ်အင်ဂျင်နီယာနဲ့ ပတ်သက်ပြီး BSc Degree နဲ့ ကွန်ပျူတာသိပ္ပံဘွဲ့ကို ရရှိခဲ့သူ ဖြစ်ပါတယ်။ Jeff Bezos ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုကတော့ အမေရိကန်ဒေါ်လာ ၁၅၃ ဘီလီယံ ရှိပါတယ်။

Jeff Bezos

Jeff Bezos

(၂) Sergey Brin

မော်စကိုဖွား အမေရိကန် Techpreneur၊ Google ရဲ့ Co-Founder လည်းဖြစ်ပြီး အများအကျိုးအတွက်ပရဟိတအလုပ်တွေ လုပ်ကိုင်နေသူဖြစ်တဲ့ Sergey Brin ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုက ဒေါ်လာ ၅၁.၇ ဘီလီယံရှိပါတယ်။ ကလေးဘဝတုန်းက Soviet Union မှာ ပညာလေ့လာဆည်းပူးခဲ့ပြီး University of Maryland ကနေ ဘွဲ့ရရှိခဲ့သူ ဖြစ်ပါတယ်။ Mathematics နဲ့ Computer Science ကို လေ့လာသင်ယူခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Computer Science ကို Stanford University မှာ ဆက်လက်လေ့လာသင်ယူခဲ့ပါတယ်။

Sergey Brin

Sergey Brin

(၃) Larry Page

Google ရဲ့ နောက်ထပ် Co-Founder တစ်ဦးဖြစ်တဲ့ Larry Page က University of Michigan မှာ Computer Engineering ကို လေ့လာသင်ယူခဲ့ပြီး Bachelor of Science ဘွဲ့ရရှိခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Computer Science ကို Stanford University မှာ လေ့လာခဲ့ပြီး MSc ဘွဲ့ရရှိခဲ့သူ ဖြစ်ပါတယ်။ Stanford University မှာ ပညာလေ့လာသင်ယူရင်း အနာဂတ်မှာ Business Partner ဖြစ်လာမယ့်သူ Sergey Brin နဲ့ တွေ့ဆုံခဲ့ပါတယ်။ အခုချိန်မှာတော့ သူရဲ့အသားတင်ကြွယ်ဝချမ်းသာမှုက အမေရိကန် ဒေါ်လာ ၅၃ ဘီလီယံ ရှိပါတယ်။

Larry Page

Larry Page

(၄) Arianna Huffington

၂၀၀၉ ခုနစ် Forbes ရဲ့မီဒီယာစာရင်းတွေထဲမှာ အလွှမ်းမိုးဆုံး အမျိုးသမီးစာရင်းဝင်ခဲ့သူ Greek American သတင်းစာဆရာမ Entrepreneur လည်းဖြစ်သူ သူမဟာ University of Cambridge မှာ ပညာလေ့လာခဲ့ပြီး စီးပွားရေးဘွဲ့ကို ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ စာအုပ်ပေါင်း ၁၅ အုပ်ကို ရေးသားခဲ့ပြီး ကျွန်တော်တို့အလုပ်လုပ်ပုံ ဘယ်လိုပြောင်းလဲပြီး ရှင်သန်နေထိုင်မလဲဆိုတာနဲ့ ပက်သက်ပြီး Thrive Global လို့ခေါ်တဲ့ ပလတ်ဖောင်းအသစ်တစ်ခုကို စတင်ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။

Arianna Huffington

Arianna Huffington

(၅) Elon Musk

တောင်အာဖရိကဖွား Canadian-American စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး Telsa တည်ထောင်သူလည်းဖြစ်တဲ့ Elon Musk ဟာ Queen University မှာ လေ့လာသင်ယူခဲ့ရာကနေ University of Pennsylvania သို့ ပြောင်းရွှေ့ပြီး စီးပွားရေးနဲ့ပက်သက်ပြီး လေ့လာသင်ယူခဲ့ကာ BSc ဒီဂရီရရှိခဲ့ပြီး နောက် Physics ကို ဆက်လက်လေ့လာသင်ယူကာ BSc ဒီဂရီ ရရှိခဲ့သူဖြစ်ပါတယ်။ အခုချိန်မှာတော့ သူရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုကတော့ အမေရိကန်ဒေါ်လာ ၁၉.၂ ဘီလီယံ ရှိပါတယ်။

Elon Musk

Elon Musk

သူတို့သင်ယူလေ့လာခဲ့တဲ့ တက္ကသိုလ်တွေကို သုံးသပ်ကြည့်လိုက်ရင် တကယ့်ဒိတ်ဒိတ်ကျဲနာမည်ကျော် တက္ကသိုလ်ကြီးတွေပဲဖြစ်ပြီး သူတို့ဟာလည်း အနည်းဆုံး ဘွဲ့နှစ်ခုရရှိအောင် ပညာကို လေ့လာဆည်းပူးခဲ့သူတွေ ဖြစ်ပါတယ်။ ဒီလို ဆည်းပူးခဲ့တာကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ အောင်မြင်မှုနယ်ပယ်မှာ ရပ်တည်နိုင်ဖို့ ပညာကို အပတ်တကုပ်ကြိုးစားခဲ့သူတွေဖြစ်တာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ပရိသတ်ကြီးလည်း ကိုယ်ဝါသနာပါတဲ့ ပညာရပ်ကို  ထွန်းထွန်းပေါက်ပေါက်ဖြစ်အောင်လေ့လာပြီး အောင်မြင်ကျော်ကြားသူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

www.akhayar.com