CEO မှမဟုတ်ဘဲ ကုမ္ပဏီတခုရဲ့ အမြင့်ဆုံးနေရာရောက်လာဖို့ဆိုတာ ပညာရေးနောက်ခံ ကောင်းကောင်းရှိဖို့လိုပါတယ်။ အတွေ့ကြုံက အသက်ရွယ်နဲ့ Service အလိုက် စကားပြောတာမလို့ တက္ကသိုလ်ပညာရေး ဆည်းပူးဖို့ကြံရွယ်နေတဲ့ နောင်လာ၊ နောက်သားတွေအဖို့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေ ဘယ်တက္ကသိုလ်မှာ ဘယ်ပညာရပ်တွေ ဆည်းပူးခဲ့လည်းဆိုတာ ဖော်ပြလိုက်ရပါတယ်။

Bill Gates (Former Microsoft CEO)

ကြွယ်ဝချမ်းသာမှု $97.7 ဘီလီယံနဲ့ လူသိများခဲ့တဲ့ Bill Gates ကတော့ အသက် ၆၃ နှစ် ရှိနေပါပြီ။ ငယ်ရွယ်တုန်းက Harvard တက္ကသိုလ်မှာ Pre-law ဘာသာရပ် ဆည်းပူးလေ့လာခဲ့ပါတယ်။ ဒါပေမယ့် Bill Gate တရောက် ဘွဲ့မရဘဲ ကျောင်းထွက်ခဲ့ပြီး အနာဂတ်သွေးသစ်တွေအတွက် သူဘယ်လောက် ထူးချွန်လဲဆိုတာ Microsoft အောင်မြင်မှုနဲ့ သက်သေပြနိုင်ခဲ့တာ သိပြီးသားဖြစ်ကြမှာပါ။

Sundar Pichai (Google)

အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ Sundar Pichai ကတော့ အိန္ဒိယနွယ်ဖွား နည်းပညာရှင်တယောက်ပါ။ Google ကုမ္ပဏီကို ၂၀၀၄ ခုနှစ်မှာဝင်ရောက်ခဲ့ပြီး Indian Institute of Technology Kharagpur တက္ကသိုလ်၊ Standford University နဲ့ Pennsylania တက္ကသိုလ်တွေမှာ Metallurgical Engineering (B.S) , Material Science နဲ့ Engineering (M.S.), MBA ဘွဲ့တွေဆည်းပူးလေ့လာခဲ့ပါတယ်။ ၂၀၁၃ နောက်ပိုင်းမှာ Anrdoid OS ကို Google Products အနေနဲ့ ထည့်သွင်းလိုက်ပြီး ၂၀၁၅ မှာ Google ကုမ္ပဏီရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ Sundar Pichai ရဲ့ ကြွယ်ဝမှုကတော့ ၁.၂ ဘီလီယံဖြစ်ပြီး တနှစ်ကို ဒေါ်လာသန်း ၂၀၀ ဝင်ငွေရှိတယ်လို့ သိရပါတယ်။

Mark Zukerberg (Facebook)

Facebook CEO နဲ့ ပိုရင်းနှီးကြမယ်ထင်ပါတယ်။ အသားတင် ကြွယ်ဝမှု 60.3 ဘီလီယံနဲ့ လူတကာ အားကျမိတဲ့ ပုဂ္ဂိုလ်ကြီးကတော့ Harvard တက္ကသိုလ်မှာ ဆည်းပူးခဲ့တဲ့ Psychology နဲ့ Computer Science ဘာသာရပ် ၂ ခုလုံး ပြီးမြောက်အောင် မသင်ယူခဲ့ပါဘူး။ ကျောင်းထွက်ပြီးနောက်ပိုင်း Palo Alto Networks မှာ အလုပ်လုပ်ခဲ့ပြီး အခုတော့ အောင်မြင်နေတဲ့ Facebook ပဲ့ကိုင်ရှင်ဖြစ်နေပါပြီ။

Tim Cook (Apple)

Steve Jobs နေရာဆက်ခံထားတဲ့ Tim Cook ဟာလည်း Auburn University နဲ့ Duke တက္ကသိုလ်က Industrial Engineering ဘွဲ့ကို (B.S) နဲ့ MBA ယူထားတဲ့သူပါ။ Tim Cook လက်ထက်မှာ အသွင်ပြောင်းလာတဲ့ Apple ထုတ်ကုန်တွေ မြင်တွေလာရပြီး အခုဆိုရင် Auburn ကျောင်းသားတွေကို Annual Leadership Scholar ပေးအပ်နေပါပြီ။ Tim ရဲ့ ထူးချွန်မှုတခုပြောရမယ်ဆိုရင် Duke University မှာဘွဲ့ရတုန်းက Top 10 စာရင်းဝင်ခဲ့လို့ Fuqua Scholar ရရှိခဲ့ပါတယ်။

Satya Nadella (Microsoft)

လက်ရှိ Microsoft Corporation ရဲ့CEO အဖြစ် ကိုင်တွယ်နေသူကတော့ Satya Nadella ပါ။ သူလည်း Google CEO “Sundar Pichai” လို အိန္ဒိယနွယ်ဖွားဖြစ်ပြီး Manipal Institute of Technology ၊ University of Wisconsin Milwaukee နဲ့ University of Chicago မှာ Electrical Engineering (B.S.) ၊ Computer Science (M.S) နဲ့ MBA ဆည်းပူးခဲ့ပါတယ်။

အရင်က Professional Cricket ကစားသမားအဖြစ်လည်း သိကြသေးပြီး ကိုယ်ကိုတိုင် သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ ထူးချွန်တယ်လို့ သိပြီးတဲ့နောက်ပိုင်း Microsoft အသိုင်းဝိုင်းထဲ ရောက်ရှိလာခဲ့ပါတယ်။ အချိန်မှာ ၅၁ နှစ်ရှိပြီဖြစ်ပြီး အသားတင်ကြွယ်ဝမှု ဒေါ်လာသန်း ၁၈၀ ပိုင်ဆိုင်ထားပါတယ်။

Credit: Paige Leskin & Nick Vega