[Zawgyi]

ခ်စ္သူျဖစ္ၿပီး ဘယ္ေလာက္အၾကာမွာ လက္ထပ္မလဲ

ဖုိးဖုိးဖြားဖြားတုိ႔ေခတ္တုန္းက ခ်စ္သူျဖစ္တာနဲ႔ လက္ထပ္ဖုိ႔ ပုိက္ဆံစုရတယ္၊ သုံးႏွစ္သုံးမုိးျပည့္တာနဲ႔ ပုဆုိးတန္းတင္ အၾကင္လင္မယားျဖစ္သြားၾကတယ္။ “မိန္းမေကာင္းဆုိတာ ပန္းပန္ရင္ေတာင္ တစ္ပြင့္တည္း” ဆုိတဲ့ စကားလုိပဲ တစ္ေယာက္တည္းကုိပဲ ျမတ္ျမတ္ႏုိးႏုိးခ်စ္ၿပီး ေသတဖန္သက္တစ္ဆုံး လက္တြဲသြားၾကတယ္။

အခုေခတ္မွာေတာ့ ခ်စ္သူျဖစ္တာနဲ႔ ဘယ္အခ်ိန္လက္ထပ္မွာလဲဆုိတဲ့ ေမးခြန္းက အေျဖခက္ပါတယ္။ ခ်စ္သူျဖစ္ခ်ိန္က ပထမ ၆လအတြင္းမွာ ျပတ္ဖုိ႔အမ်ားဆုံးကာလေတြပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ တစ္ေယာက္အေၾကာင္း တစ္ေယာက္မသိခင္မွာ အေစးမကပ္ဘဲ လမ္းခြဲတတ္ၾကလုိ႔ပါပဲ။ ပထမ၆လေက်ာ္သြားရင္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈပုိရွိလာၿပီး ေတာ္ရုံနဲ႔မျပတ္ၾကလုိ႔ပါ။

University of Texas က ပါေမာကၡေဒါက္တာ Ted Huston ဦးေဆာင္တဲ့အဖြဲ႕ဟာ ခ်စ္သူရည္းစားနဲ႔ လင္မယားစုံတြဲေတြကုိ စစ္တမ္းေကာက္ယူတဲ့အခါမွာ ခ်စ္သူေတြဟာ ၂၅လ (၂ႏွစ္၁လ) အတြင္းမွာ လက္ထပ္ၾကတယ္လုိ႔ သိရပါတယ္။ တကယ္ေတာ့ ဒီအခ်က္ဟာ လက္ေတြ႕ေလာကနဲ႔လည္း လုံးဝကုိက္ညီမႈရွိပါတယ္။ စုံတြဲေတြဟာ သက္တမ္းႏုလြန္းရင္လည္း ျပတ္သြားႏုိင္ၿပီး ကာလရွည္ၾကာတြဲတာၾကာလြန္းရင္လည္း ရုိးလြန္းသြားၿပီး လက္မထပ္ျဖစ္ေတာ့ပါဘူး။

လက္ထပ္ဖုိ႔ရည္ရြယ္ထားတဲ့ ေကာင္ေလးဟာ ခ်စ္သူျဖစ္တဲ့အခ်ိန္ကစၿပီး အနာဂတ္မွာ ဘာေတြလုပ္မယ္၊ ဘယ္လုိတည္ေဆာက္မယ္နဲ႔ အိမ္ေထာင္ျပဳၿပီးရင္ ဘယ္လုိအသက္ေမြးဝမ္းေၾကာင္းလုပ္မယ္ကအစ ေသခ်ာျပင္ဆင္ထားတတ္ပါတယ္။ အနာဂတ္အတြက္ ရည္စူးၿပီး ပုိက္ဆံစုလာမယ္၊ အလုံအေလာက္ရရင္ေတာ့ လက္ထပ္ခြင့္ေတာင္းလုိက္တာပါပဲ။

အေပ်ာ္တြဲတဲ့လူေတြက ကုိယ္နဲ႔သာတြဲေနတာ သူ႕မွာ ရည္မွန္းခ်က္ႀကီးႀကီးမားမား မရွိပါဘူး။ လက္ထပ္မယ္ဆုိတဲ့ စကားလုံးဟာလည္း သူနဲ႔မဆုိင္သလုိပါပဲ။ အခ်ိန္ေတြ ၾကာခ်င္သေလာက္ၾကာ ဂရုမစုိက္ပါဘူး။ ေနာက္ဆုံးေျပာခ်င္တာက ခ်စ္သူကာလ မတုိလြန္း၊ မရွည္လြန္းကာလျဖစ္တဲ့ ၂ႏွစ္ (သုိ႔) ၃ႏွစ္အတြင္းပဲ လက္ထပ္ရင္ အေကာင္းဆုံးအခ်ိန္ျဖစ္ပါတယ္ခင္ဗ်ာ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ချစ်သူဖြစ်ပြီး ဘယ်လောက်အကြာမှာ လက်ထပ်မလဲ

ဖိုးဖိုးဖွားဖွားတို့ခေတ်တုန်းက ချစ်သူဖြစ်တာနဲ့ လက်ထပ်ဖို့ ပိုက်ဆံစုရတယ်၊ သုံးနှစ်သုံးမိုးပြည့်တာနဲ့ ပုဆိုးတန်းတင် အကြင်လင်မယားဖြစ်သွားကြတယ်။ “မိန်းမကောင်းဆိုတာ ပန်းပန်ရင်တောင် တစ်ပွင့်တည်း” ဆိုတဲ့ စကားလိုပဲ တစ်ယောက်တည်းကိုပဲ မြတ်မြတ်နိုးနိုးချစ်ပြီး သေတဖန်သက်တစ်ဆုံး လက်တွဲသွားကြတယ်။

အခုခေတ်မှာတော့ ချစ်သူဖြစ်တာနဲ့ ဘယ်အချိန်လက်ထပ်မှာလဲဆိုတဲ့ မေးခွန်းက အဖြေခက်ပါတယ်။ ချစ်သူဖြစ်ချိန်က ပထမ ၆လအတွင်းမှာ ပြတ်ဖို့အများဆုံးကာလတွေပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက်မသိခင်မှာ အစေးမကပ်ဘဲ လမ်းခွဲတတ်ကြလို့ပါပဲ။ ပထမ၆လကျော်သွားရင်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပိုရှိလာပြီး တော်ရုံနဲ့မပြတ်ကြလို့ပါ။

University of Texas က ပါမောက္ခဒေါက်တာ Ted Huston ဦးဆောင်တဲ့အဖွဲ့ဟာ ချစ်သူရည်းစားနဲ့ လင်မယားစုံတွဲတွေကို စစ်တမ်းကောက်ယူတဲ့အခါမှာ ချစ်သူတွေဟာ ၂၅လ (၂နှစ်၁လ) အတွင်းမှာ လက်ထပ်ကြတယ်လို့ သိရပါတယ်။ တကယ်တော့ ဒီအချက်ဟာ လက်တွေ့လောကနဲ့လည်း လုံးဝကိုက်ညီမှုရှိပါတယ်။ စုံတွဲတွေဟာ သက်တမ်းနုလွန်းရင်လည်း ပြတ်သွားနိုင်ပြီး ကာလရှည်ကြာတွဲတာကြာလွန်းရင်လည်း ရိုးလွန်းသွားပြီး လက်မထပ်ဖြစ်တော့ပါဘူး။

လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ကောင်လေးဟာ ချစ်သူဖြစ်တဲ့အချိန်ကစပြီး အနာဂတ်မှာ ဘာတွေလုပ်မယ်၊ ဘယ်လိုတည်ဆောက်မယ်နဲ့ အိမ်ထောင်ပြုပြီးရင် ဘယ်လိုအသက်မွေးဝမ်းကြောင်းလုပ်မယ်ကအစ သေချာပြင်ဆင်ထားတတ်ပါတယ်။ အနာဂတ်အတွက် ရည်စူးပြီး ပိုက်ဆံစုလာမယ်၊ အလုံအလောက်ရရင်တော့ လက်ထပ်ခွင့်တောင်းလိုက်တာပါပဲ။

အပျော်တွဲတဲ့လူတွေက ကိုယ်နဲ့သာတွဲနေတာ သူ့မှာ ရည်မှန်းချက်ကြီးကြီးမားမား မရှိပါဘူး။ လက်ထပ်မယ်ဆိုတဲ့ စကားလုံးဟာလည်း သူနဲ့မဆိုင်သလိုပါပဲ။ အချိန်တွေ ကြာချင်သလောက်ကြာ ဂရုမစိုက်ပါဘူး။ နောက်ဆုံးပြောချင်တာက ချစ်သူကာလ မတိုလွန်း၊ မရှည်လွန်းကာလဖြစ်တဲ့ ၂နှစ် (သို့) ၃နှစ်အတွင်းပဲ လက်ထပ်ရင် အကောင်းဆုံးအချိန်ဖြစ်ပါတယ်ခင်ဗျာ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com