လူဆိုးတွေနည်းသွားလို့ အကျဉ်းထောင်ကို ဟိုတယ်ပြောင်းဖွင့်လိုက်ရသတဲ့

Akhayar - when-you-have-too-many-prisons-turn-them-into-hotels-feature
Akhayar - when-you-have-too-many-prisons-turn-them-into-hotels-feature

လူဆိုးတွေနည်းသွားလို့ အကျဉ်းထောင်ကို ဟိုတယ်ပြောင်းဖွင့်လိုက်ရသတဲ့

အမေရိကန်က ထောင်တွေမှာ အကျဉ်းသားတွေပြည့်ကျပ်ညှပ်နေတယ်ဆိုတဲ့ သတင်းတွေကို မကြာခဏတွေ့ ကြရမှာပါ။ ဒါပေမယ့် နယ်သာလန်မှာတော့ ထောင်တွေများပြီး အကျဉ်းသားတွေနည်းနေပါသတဲ့။ သူတို့နိုင်ငံရဲ့ထောင်ထဲမှာ အကျဉ်းသားတွေနည်းလွန်းလို့ ဘယ်ဂျီယံနဲ့ နော်ဝေတို့က အကျဉ်းသားတွေကိုပါ လက်ခံထားရပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ နယ်သာလန်နိုင်ငံရဲ့ထောင်ကျတဲ့လူဦးရေဟာ အလွန်အမင်းလျော့နည်းခဲ့တာကြောင့် ထောင်ပေါင်း ၁၉ ခုလောက်ကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ပိတ်ပစ်ခဲ့ရသေးပါတယ်။ ၈နှစ်အတွင်းမှာ ရာဇဝတ်မှုကျူးလွန်သူပေါင်း ၂၅ ရာခိုင်နှုန်းလည်းလျော့ကျသွားခဲ့တာကြောင့် နဂိုကတည်းက လူနည်းနေတဲ့ထောင်တွေကို ပိတ်ပစ်လိုက်ရတာပါ။

အခုဆိုရင် နယ်သာလန်နိုင်ငံမှာ အကျဉ်းသားမရှိတဲ့ထောင်အလွတ်တွေကို ငှားရမ်းလို့ရနေပါပြီ။ စွန့်ဦးတီထွင်စီးပွားရေးသမားတွေကလည်း သူတို့ရဲ့အတွေးအခေါ်တွေကို အသုံးချပြီး အကျဉ်းထောင်တွေကို ဆန်းသစ်တဲ့ပုံစံတွေနဲ့ အသုံးပြုချင်နေကြပါတယ်။ တချို့အကျဉ်းထောင်တွေကို နိုင်ငံရေးခိုလှုံလာသူ တွေအတွက် အသုံးပြုခွင့်ပေးထားသလို၊ တချို့ကိုဆိုရင် ဆီးရီးယားဒုက္ခသည်တွေကို အသုံးပြုခွင့် ပေးထားပါတယ်။ အခုဆိုရင် အကျဉ်း ထောင်တွေကို ဇိမ်ခံဟိုတယ်တွေအဖြစ် ပြောင်းလဲဖို့အစီအစဉ်တွေလည်း ရှိနေပါပြီ။ Roermond မြို့က Het Arresthuis ဟိုတယ်ဆိုရင် အရင်က အကျဉ်းထောင်ကြီးတစ်ခုပါ။ ဒါပေမယ့် အခုတော့ ဇိမ်ခံဟိုတယ်ကြီးတစ်ခုဖြစ်နေသလို အရင်တုန်းကရှိခဲ့တဲ့ ထောင်ကြီးရဲ့အငွေ့အသက်တွေကိုလည်း ပြန်လည်ခံစားနိုင်အောင် လုပ်ထားပေးပါတယ်။ ကိုယ်အခန်းထဲဝင်သွားတဲ့အခါ ထောင်တံခါးကြီးကို ဂျိမ်းခနဲပိတ်လိုက်တဲ့အသံမျိုးတွေကြားရ တာမျိုးတွေလည်းပါပါတယ်။

ကိုယ်အခန်းထဲကို ဝင်သွားတဲ့အခါ အပြင်ကနေ ဂျိမ်းခနဲတံခါးပိတ်သွားပြီး လော့ကျသွား လိမ့်မယ်လို့တော့ မထင်ပါနဲ့။ ထောင်ရဲ့အသွင်အပြင်ကိုပဲ ယူထားတာပါ။ အခန်းထဲမှာ Wi-Fi ရသလို၊ Flat တီဗွီကြီးတွေလည်း ရှိပါမယ်။ ထောင်ရဲ့အရသာကိုလိုချင်လို့ မွေ့ရာအိအိကြီးတွေ မလိုချင်ဘူးဆိုလည်း ရပါတယ်။ ကုန်ကျငွေက  အခွန်မပါဘဲ တစ်ရက်ကို၂၁၆ ယူရိုကနေ၊ ၂၄၆ ယူရိုအတွင်းကျသင့်ပါမယ်။

တကယ်လို့ နယ်သာလန်မှာမတည်းချင်ဘူးဆိုလည်း Helsinki, Stockholm, Oxford တို့လို နေရာမျိုးမှာ တည်းလို့ရပါတယ်။ အဲ့ဒီနေရာတွေမှာ အရင်နယ်သာလန်က ရေပေါ်ထောင်အဟောင်းတွေကို ဇိမ်ခံဟိုတယ် အဖြစ်ပြောင်းလဲဝန်ဆောင်မှုပေးနေပါတယ်။

Ref: www.curiosity.com

မင်းသုခ (အခရာ)

(www.akhayar.com)