Video Games ေတြဟာ လူေတြကို စြဲလမ္းေစတတ္ပါသလား။ ဒီေမးခြန္းကို ေမးလိုက္တာနဲ႔ အေတာ္မ်ားမ်ားက စြဲလမ္းေစတတ္ပါတယ္လို႔ပဲ ေျဖၾကမွာပါ။ အေမရိကန္ႏုိင္ငံမွာရွိတဲ့ Video Game ေတြရဲ့ စိတ္ပိုင္းဆိုင္ရာ သက္ေရာက္မႈအေပၚ ေလ့လာတဲ့ ပညာရွင္ေတြကလည္း ဒီအခ်က္ကို မျငင္းၾကပါဘူး။

အုိင္ဟုိးဝါးျပည္နယ္တကၠသိုလ္က စိတ္ပညာရွင္တစ္ေယာက္ျဖစ္တဲ့ Douglas Gentile ဟာ ဒီအေၾကာင္းအရာကို သုေတသနျပဳလုပ္ေနခဲ့တာ ဆယ္စုနွစ္မ်ားစြာ ၾကာခဲ့ပါျပီ။ သူက “၁၉၉၉ ခုႏွစ္တုန္းက Video Game စြဲတယ္ဆိုတာ တကယ္မဟုတ္ဘူးလို႔ သက္ေသျပဖို႔ ၾကိဳးစားခဲ့ၾကတယ္၊ အခုေတာ့ Video Game စြဲလမ္းတာ တကယ္ျဖစ္ေနတယ္ဆုိတာ သက္ေသျပဖို႔ ျပန္ၾကိဳးစားေနၾကတယ္”လို႔ CNN ကို ေျပာၾကားခဲ့ပါတယ္။

သူ႔ရဲ့ သုေတသနအရ အေမရိကန္ျပည္ေထာင္စုမွာ ရွိတဲ့ Video Games ကစားတဲ့ ကေလးေတြရဲ့ ၈.၅ ရာခုိင္ႏႈန္းဟာ ဂိမ္းစြဲေနၾကပါတယ္တဲ့။ တစ္ကမာၻလံုးမွာလည္း ဒီအေရအတြက္ တူတူေလာက္ပဲ ဂိမ္းစြဲမႈျဖစ္ေနၾကတယ္လို႔ ဆုိပါတယ္။ အနည္းနဲ႔အမ်ားသာ ကြာပါလိမ့္မယ္..ဒါေပမယ့္ တစ္ကမာၻလံုးမွာ ရွိတဲ့ ဂိမ္းကစားသူ ၄ ရာခုိင္ႏႈန္းကေန ၁၀ ရာခုိင္ႏႈန္းကေတာ့ ဂိမ္းစြဲေနတယ္လို႔ပဲ ေျပာပါရေစတဲ့။

ဂိမ္းစြဲရျခင္းရဲ့ အဓိကအေၾကာင္းရင္းက ဘာလဲ

Gentile ကေတာ့ နည္းပညာကို လက္လွမ္းမီလာႏုိင္မႈနဲ႔ အင္တာနက္ က်ယ္က်ယ္ျပန္႔ျပန္႔ရလာႏုိင္မႈဟာ အဓိကအေၾကာင္းအရာေတြထဲက တစ္ခုပါပဲလို႔ ဆုိပါတယ္။ “လြယ္လြယ္ကူကူရေနျခင္းက ဂိမ္းစြဲရျခင္းရဲ့ အႏၱရာယ္ရွိတဲ့ အေၾကာင္းရင္းတစ္ခုပါပဲ။ မူးယစ္ေဆးဝါးကို ရဖို႔ ခက္တယ္ဆိုရင္ စြဲဖို႔လည္း ခက္သလိုေပ့ါ။ လြယ္လြယ္ကူကူ အခ်ိန္မေရြးရေနေတာ့ စြဲလမ္းဖို႔လည္း ပိုလြယ္လာခဲ့တယ္”လို႔  သူက ေျပာပါတယ္။

“ဒီဂိမ္းစြဲတဲ့ ျပႆနာဟာ ဘာလို႔ တစ္ေန႔တျခားၾကီးလာရသလဲဆိုရင္ လူတုိင္းနီးပါးဟာ ကြန္ပ်ဴတာတစ္လံုး၊ ဒါမွမဟုတ္ ဂိမ္းစက္ေတာ့ ရွိၾကတယ္၊ အခုဆို ဆဲလ္ဖုန္းထဲမွာေတာင္ ဂိမ္းေဆာ့လို႔ ရေနျပီဆုိေတာ့ အရမ္းလြယ္ကူတဲ့ အေျခအေနကို ဖန္တီးေပးေနျပီး ပိုမိုစြဲလမ္းဖုိ႔ ျဖစ္လာေစတာပါပဲ”လို႔ သူက ဆက္ေျပာပါတယ္။

ေနာက္တစ္ခ်က္ျဖစ္တဲ့ ABC

ဂိမ္းသမားေတြကုိ ဂိမ္းစြဲလာေအာင္ ဆြဲေဆာင္ထားတဲ့ ေနာက္တစ္ခ်က္ကေတာ့ လူေတြရဲ့ လိုအပ္ခ်က္ျဖစ္တဲ့ “ABC” ကို ျဖည့္စြမ္းေပးႏုိင္လို႔ပါပဲ။

A ဆိုတာက Autonomy ဆိုတဲ့ လုပ္ပိုင္ခြင့္ပါ၊ ဂိမ္းထဲမွာ ဇာတ္ေကာင္တစ္ေကာင္ ဒါမွမဟုတ္ ရြာတစ္ရြာ ဒါမွမဟုတ္ တပ္ရင္းတစ္ခုကို အုပ္ခ်ဳပ္ကိုင္တြယ္ႏုိင္တယ္၊ ဘာမဆုိလုပ္ခြင့္ရတယ္ဆိုတဲ့ အေျခအေနမ်ိဳး ဖန္တီးေပးထားတာေၾကာင့္ပါ။

B ကေတာ့ Belonging ဆိုတဲ့ အသင္းအဖြဲ႔ဝင္ျဖစ္ျခင္းေပ့ါ၊ လူေတြဟာ တျခားလူေတြနဲ႔ ဆက္ဆံေျပာဆိုရတာ၊ အသင္းအဖြဲ႔တစ္ခုခုမွာ ပါဝင္အဖြဲ႔ဝင္ျဖစ္ရတာကိုလည္း သေဘာက်ၾကပါတယ္။

C ကေတာ့ Competency လို႔ေခၚတဲ့ အရည္အခ်င္းအစြမ္းအစျပရတာပါပဲ၊ ဂိမ္းထဲမွာ ဘယ္လို Skill ၾကမ္းတာ၊ ဘယ္လိုစြမ္းေဆာင္ႏုိင္ခဲ့တယ္ဆိုတာ ျပရတာလည္းကို စြဲလမ္းတတ္ၾကတဲ့အတြက္ ဒီ ABC ကို အေျခခံျပီး ဂိမ္းစြဲေနၾကတာပါ။

အျပည္ျပည္ဆိုင္ရာဂိမ္းပိုင္းဆုိင္ရာသုေတသနနဲ႔  စိတ္ပညာရွင္တစ္ေယာက္ျဖစ္တဲ့ Mark Griffiths ကေတာ့ ဂိမ္းကို စဥ္ဆက္မျပတ္ေဆာ့ခ်င္ရတဲ့ အေၾကာင္းရင္းကေတာ့ ဂိမ္းကေပးတဲ့ High Score လိုမ်ိဳး ဆုေတြကို မက္တာ၊ ကိုယ္ဘယ္လိုေအာင္ျမင္ခဲ့တယ္ဆိုတာ တသသအရသာခံျပန္ၾကည့္ႏုိင္တာေတြကို စြဲမက္တာေၾကာင့္လည္း ပါပါတယ္တဲ့

တခ်ိဳ႕ဆုေတြဆို မွန္းလို႔ေတာင္ မရႏုိင္ေအာင္ပါပဲ။ တခ်ိဳ႕ကစားသမားေတြဆိုရင္ ဒီတစ္ဆင့္ေအာင္ရင္ ဘာရမလဲဆိုတာေတာင္ မသိဘဲ ရလာမယ့္ဟာကိုမွ ရင္ခုန္ျပီးေဆာ့ၾကတာလည္း ရွိပါတယ္။ ဂိမ္းတစ္ဆင့္ေအာင္လို႔ ခ်က္ခ်င္း Reward လို႔ေခၚတဲ့ ဆုတစ္ခုခုမရရင္ေတာင္ ဆက္ကစားေနရင္ တစ္ေနရာရာမွာေတာ့ ရလာမွာပဲဆိုတဲ့ ေမွ်ာ္လင့္ခ်က္မ်ိဳးလည္း ရွိၾကပါတယ္။

ျပီးေတာ့ ဂိမ္းေတြဟာ ျပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္းမွာ တစ္ေယာက္တည္းေဆာ့ရတဲ့ လက္ကိုင္ဂိမ္းစက္ေတြကေန လူေတြအမ်ားၾကီး ပါဝင္တဲ့ ဂိမ္းေတြအျဖစ္ေျပာင္းလဲလာျပီး အဆံုးမရွိ တစ္ခုျပီး တစ္ခု၊ တစ္ခန္းျပီး တစ္ခန္း ဆက္လက္ခ်ဲ႕ထြင္သလို Mobile Legends လိုအြန္လိုင္းဂိမ္းဆိုရင္ေတာ့ Pause လုပ္ ရပ္တန့္ထားလို႔ မရႏုိင္တာကိုလည္း အေၾကာင္းရင္းတစ္ခုအေနနဲ႔ ေထာက္ျပၾကပါတယ္။

ဒီလိုရပ္တန္႔လို႔မရတာနဲ႔ပဲ ဂိမ္းကစားသူေတာ္ေတာ္မ်ားမ်ားဟာ ဂိမ္းေတြကေန Log Out လုပ္ျပီး ထြက္ခြာဖို႔ မလုပ္ခ်င္ၾကေတာ့ဘဲ သူတို႔ အြန္လိုင္းမရွိခ်ိန္မွာ ဂိမ္းမွာ ဘာေတြ ေျပာင္းလဲသြားမွာလဲဆိုတာကိုလည္း မ်က္ေျခအျပတ္မခံႏုိင္ျဖစ္ၾကရပါေတာ့တယ္။

ဂိမ္းေဆာ့တာ ေပ်ာ္စရာေကာင္းတယ္ဆုိတဲ့သူေတြနဲ႔ ဂိမ္းေဆာ့တာ ပ်က္စီးေစတယ္ဆိုတဲ့သူေတြၾကားမွာ ဂိမ္းစြဲရျခင္းအေၾကာင္းကို ဘယ္လိုျငင္းျငင္း Gentile ကေတာ့ တစ္ခုပဲ ေထာက္ျပပါတယ္ “ တစ္စံုတစ္ခုက ခင္ဗ်ားဘဝကို တကယ့္ကို ပ်က္စီးေအာင္ လုပ္ေနျပီဆိုရင္ေတာ့ စြဲေနျပီလို႔ ေျပာလို႔ရျပီ”လို႔ သူက ဆုိပါတယ္။

လကၡဏာေတြကေတာ့ တခ်ိဳ႕ကေလးေတြဟာ ေက်ာင္းမွာ အဆင့္ေတြက်လာတယ္၊ သူငယ္ခ်င္းေတြနဲ႔ ဆက္ဆံေရးပ်က္ျပားလာရုံတင္မဟုတ္ဘဲ မိသားစုတြင္းဆက္ဆံေရးပါ ပ်က္ျပားလာေစတာမ်ိဳးေတြေပ့ါ။ ဂိမ္းမကစားတဲ့အခ်ိန္မွာေတာင္ ဂိမ္းအေၾကာင္းပဲေတြးမိျပီး ဂိမ္းပဲ တစ္ခ်ိန္လံုးလွိမ့္ကစားခ်င္ေနတာမ်ိဳးလည္း ပါပါတယ္။

ကယ္လီဖိုးနီးယားေတာင္ပုိင္းမွာရွိတဲ့ Griffin Mathieu ဆိုတဲ့ ေကာင္ေလးတစ္ေယာက္ဟာ အသက္ ၁၆ ႏွစ္သာရွိေသးေပမယ့္ အင္တာနက္ဂိမ္းစြဲမႈအတြက္ ကုသမႈခံေနရျပီျဖစ္ပါတယ္။ သူ႔အေမရဲ့ အဆိုအရဆိုရင္ သူဟာ စုိးရိမ္ေၾကာင့္ၾကမႈေတြနဲ႔ စိတ္ဖိစီးမႈေတြ ခံစားေနရပါတယ္တဲ့။

သူ႔အသက္ ၁၀ႏွစ္မွာ ဂိမ္းစကစားခဲ့တာျဖစ္ျပီး အခ်ိန္ေတာ္ေတာ္ၾကာမွ မိဘေတြက သူ႔အျပဳအမူေတြ စတင္ေျပာင္းလဲလာတာကို သတိထားမိတာပါ။ သိသာလာတာက သူ႔ရဲ့ အထီးတည္းသီးသန္႔ေနလိုျခင္းပါပဲ။ “ဂိမ္းပိုေဆာ့ခ်င္တဲ့အတြက္ မိသားစုနဲ႔ မေနခ်င္ေတာ့ဘူး၊ သူငယ္ခ်င္းေတြနဲ႔လည္း မဆက္ဆံခ်င္ေတာ့ဘဲ ေနလာတာမ်ိဳးပါ” လို႔ Griffin အေမက ေျပာပါတယ္။

သူအလယ္တန္းေက်ာင္းေရာက္တဲ့အခ်ိန္မွာေတာ့ ပိုဆိုးလာျပီး ေနာက္ဆံုးေတာ့ သူ႔ကို အျပင္မွာပဲ ေဆာ့ရေနရတဲ့ ဂိမ္းကင္းေဝးတဲ့ စခန္းကို ပို႔လိုက္ရပါေတာ့တယ္။ အဲ့ဒီမွာ ၆ ပတ္ေလာက္ ကုသမႈခံယူျပီးမွ အိမ္ျပန္လာခဲ့ေပမယ့္ ခုထိေတာ့ စိတ္က်ေဝဒနာနဲ႔ နပန္းလံုးေနရတုန္းပါပဲ။

ဒီေတာ့ အခရာဝုိင္းေတာ္သားေတြလည္း ဂိမ္းၾကိဳက္သလို အခရာပရိသတ္ကြီးေတြလည္း ဂိမ္းၾကိဳက္ေမာင္ေတြျဖစ္တဲ့အတြက္ တန္ေဆးလြန္ေဘးမျဖစ္ရေလေအာင္ အေပၚက အခ်က္ေလးေတြ ဖတ္ျပီး ကုိယ္က ေပ်ာ္ခ်င္လို႔ ေဆာ့တာလား၊ ဂိမ္းရဲ့ သားေကာင္ျဖစ္ျပီး ဂိမ္းစြဲေနတာလားဆိုတာ ဆန္းစစ္အေျဖရွာၾကည့္ၾကပါစို႔ဗ်ာ။

ရိုးလူ (အခရာ)

www.akhayar.com

Ref : CNN

HGID_KV_Ads_Square

Unicode

Video Games တွေဟာ လူတွေကို စွဲလမ်းစေတတ်ပါသလား။ ဒီမေးခွန်းကို မေးလိုက်တာနဲ့ အတော်များများက စွဲလမ်းစေတတ်ပါတယ်လို့ပဲ ဖြေကြမှာပါ။ အမေရိကန်နိုင်ငံမှာရှိတဲ့ Video Game တွေရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုအပေါ် လေ့လာတဲ့ ပညာရှင်တွေကလည်း ဒီအချက်ကို မငြင်းကြပါဘူး။

အိုင်ဟိုးဝါးပြည်နယ်တက္ကသိုလ်က စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Douglas Gentile ဟာ ဒီအကြောင်းအရာကို သုတေသနပြုလုပ်နေခဲ့တာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။ သူက “၁၉၉၉ ခုနှစ်တုန်းက Video Game စွဲတယ်ဆိုတာ တကယ်မဟုတ်ဘူးလို့ သက်သေပြဖို့ ကြိုးစားခဲ့ကြတယ်၊ အခုတော့ Video Game စွဲလမ်းတာ တကယ်ဖြစ်နေတယ်ဆိုတာ သက်သေပြဖို့ ပြန်ကြိုးစားနေကြတယ်”လို့ CNN ကို ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ သုတေသနအရ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ Video Games ကစားတဲ့ ကလေးတွေရဲ့ ၈.၅ ရာခိုင်နှုန်းဟာ ဂိမ်းစွဲနေကြပါတယ်တဲ့။ တစ်ကမ္ဘာလုံးမှာလည်း ဒီအရေအတွက် တူတူလောက်ပဲ ဂိမ်းစွဲမှုဖြစ်နေကြတယ်လို့ ဆိုပါတယ်။ အနည်းနဲ့အများသာ ကွာပါလိမ့်မယ်..ဒါပေမယ့် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဂိမ်းကစားသူ ၄ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကတော့ ဂိမ်းစွဲနေတယ်လို့ပဲ ပြောပါရစေတဲ့။

ဂိမ်းစွဲရခြင်းရဲ့ အဓိကအကြောင်းရင်းက ဘာလဲ

Gentile ကတော့ နည်းပညာကို လက်လှမ်းမီလာနိုင်မှုနဲ့ အင်တာနက် ကျယ်ကျယ်ပြန့်ပြန့်ရလာနိုင်မှုဟာ အဓိကအကြောင်းအရာတွေထဲက တစ်ခုပါပဲလို့ ဆိုပါတယ်။ “လွယ်လွယ်ကူကူရနေခြင်းက ဂိမ်းစွဲရခြင်းရဲ့ အန္တရာယ်ရှိတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ မူးယစ်ဆေးဝါးကို ရဖို့ ခက်တယ်ဆိုရင် စွဲဖို့လည်း ခက်သလိုပေ့ါ။ လွယ်လွယ်ကူကူ အချိန်မရွေးရနေတော့ စွဲလမ်းဖို့လည်း ပိုလွယ်လာခဲ့တယ်”လို့  သူက ပြောပါတယ်။

“ဒီဂိမ်းစွဲတဲ့ ပြဿနာဟာ ဘာလို့ တစ်နေ့တခြားကြီးလာရသလဲဆိုရင် လူတိုင်းနီးပါးဟာ ကွန်ပျူတာတစ်လုံး၊ ဒါမှမဟုတ် ဂိမ်းစက်တော့ ရှိကြတယ်၊ အခုဆို ဆဲလ်ဖုန်းထဲမှာတောင် ဂိမ်းဆော့လို့ ရနေပြီဆိုတော့ အရမ်းလွယ်ကူတဲ့ အခြေအနေကို ဖန်တီးပေးနေပြီး ပိုမိုစွဲလမ်းဖို့ ဖြစ်လာစေတာပါပဲ”လို့ သူက ဆက်ပြောပါတယ်။

နောက်တစ်ချက်ဖြစ်တဲ့ ABC

ဂိမ်းသမားတွေကို ဂိမ်းစွဲလာအောင် ဆွဲဆောင်ထားတဲ့ နောက်တစ်ချက်ကတော့ လူတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ “ABC” ကို ဖြည့်စွမ်းပေးနိုင်လို့ပါပဲ။

A ဆိုတာက Autonomy ဆိုတဲ့ လုပ်ပိုင်ခွင့်ပါ၊ ဂိမ်းထဲမှာ ဇာတ်ကောင်တစ်ကောင် ဒါမှမဟုတ် ရွာတစ်ရွာ ဒါမှမဟုတ် တပ်ရင်းတစ်ခုကို အုပ်ချုပ်ကိုင်တွယ်နိုင်တယ်၊ ဘာမဆိုလုပ်ခွင့်ရတယ်ဆိုတဲ့ အခြေအနေမျိုး ဖန်တီးပေးထားတာကြောင့်ပါ။

B ကတော့ Belonging ဆိုတဲ့ အဖွဲ့ဝင်ဖြစ်ခြင်းပေ့ါ၊ လူတွေဟာ တခြားလူတွေနဲ့ ဆက်ဆံပြောဆိုရတာ၊ အသင်းအဖွဲ့တစ်ခုခုမှာ ပါဝင်အဖွဲ့ဝင်ဖြစ်ရတာကိုလည်း သဘောကျကြပါတယ်။

C ကတော့ Competency လို့ခေါ်တဲ့ အရည်အချင်းအစွမ်းအစပြရတာပါပဲ၊ ဂိမ်းထဲမှာ ဘယ်လို Skill ကြမ်းတာ၊ ဘယ်လိုစွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ ပြရတာလည်းကို စွဲလမ်းတတ်ကြတဲ့အတွက် ဒီ ABC ကို အခြေခံပြီး ဂိမ်းစွဲနေကြတာပါ။

အပြည်ပြည်ဆိုင်ရာဂိမ်းပိုင်းဆိုင်ရာသုတေသနနဲ့  စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Mark Griffiths ကတော့ ဂိမ်းကို စဉ်ဆက်မပြတ်ဆော့ချင်ရတဲ့ အကြောင်းရင်းကတော့ ဂိမ်းကပေးတဲ့ High Score လိုမျိုး ဆုတွေကို မက်တာ၊ ကိုယ်ဘယ်လိုအောင်မြင်ခဲ့တယ်ဆိုတာ တသသအရသာခံပြန်ကြည့်နိုင်တာတွေကို စွဲမက်တာကြောင့်လည်း ပါပါတယ်တဲ့

တချို့ဆုတွေဆို မှန်းလို့တောင် မရနိုင်အောင်ပါပဲ။ တချို့ကစားသမားတွေဆိုရင် ဒီတစ်ဆင့်အောင်ရင် ဘာရမလဲဆိုတာတောင် မသိဘဲ ရလာမယ့်ဟာကိုမှ ရင်ခုန်ပြီးဆော့ကြတာလည်း ရှိပါတယ်။ ဂိမ်းတစ်ဆင့်အောင်လို့ ချက်ချင်း Reward လို့ခေါ်တဲ့ ဆုတစ်ခုခုမရရင်တောင် ဆက်ကစားနေရင် တစ်နေရာရာမှာတော့ ရလာမှာပဲဆိုတဲ့ မျှော်လင့်ချက်မျိုးလည်း ရှိကြပါတယ်။

ပြီးတော့ ဂိမ်းတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တစ်ယောက်တည်းဆော့ရတဲ့ လက်ကိုင်ဂိမ်းစက်တွေကနေ လူတွေအများကြီး ပါဝင်တဲ့ ဂိမ်းတွေအဖြစ်ပြောင်းလဲလာပြီး အဆုံးမရှိ တစ်ခုပြီး တစ်ခု၊ တစ်ခန်းပြီး တစ်ခန်း ဆက်လက်ချဲ့ထွင်သလို Mobile Legends အွန်လိုင်းဂိမ်းဆိုတော့ Pause လုပ် ရပ်တန့်ထားလို့ မရနိုင်တာကိုလည်း အကြောင်းရင်းတစ်ခုအနေနဲ့ ထောက်ပြကြပါတယ်။

ဒီလိုရပ်တန့်လို့မရတာနဲ့ပဲ ဂိမ်းကစားသူတော်တော်များများဟာ ဂိမ်းတွေကနေ log out လုပ်ပြီး ထွက်ခွာဖို့ မလုပ်ချင်ကြတော့ဘဲ သူတို့ အွန်လိုင်းမရှိချိန်မှာ ဂိမ်းမှာ ဘာတွေ ပြောင်းလဲသွားမှာလဲဆိုတာကိုလည်း မျက်ခြေအပြတ်မခံနိုင်ဖြစ်ကြရပါတော့တယ်။

ဂိမ်းဆော့တာ ပျော်စရာကောင်းတယ်ဆိုတဲ့သူတွေနဲ့ ဂိမ်းဆော့တာ ပျက်စီးစေတယ်ဆိုတဲ့သူတွေကြားမှာ ဂိမ်းစွဲရခြင်းအကြောင်းကို ဘယ်လိုငြင်းငြင်း  Gentile ကတော့ တစ်ခုပဲ ထောက်ပြပါတယ် “ တစ်စုံတစ်ခုက ခင်ဗျားဘဝကို တကယ့်ကို ပျက်စီးအောင် လုပ်နေပြီဆိုရင်တော့ စွဲနေပြီလို့ ပြောလို့ရပြီ”လို့ သူက ဆိုပါတယ်။

လက္ခဏာတွေကတော့ တချို့ကလေးတွေဟာ ကျောင်းမှာ အဆင့်တွေကျလာတယ်၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးပျက်ပြားလာရုံတင်မဟုတ်ဘဲ မိသားစုတွင်းဆက်ဆံရေးပါ ပျက်ပြားလာစေတာမျိုးတွေပေ့ါ။ ဂိမ်းမကစားတဲ့အချိန်မှာတောင် ဂိမ်းအကြောင်းပဲတွေးမိပြီး ဂိမ်းပဲ တစ်ချိန်လုံးလှိမ့်ကစားချင်နေတာမျိုးလည်း ပါပါတယ်။

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ Griffin Mathieu ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ အသက် ၁၆ နှစ်သာရှိသေးပေမယ့် အင်တာနက်ဂိမ်းစွဲမှုအတွက် ကုသမှုခံနေရပြီဖြစ်ပါတယ်။ သူ့အမေရဲ့ အဆိုအရဆိုရင် သူဟာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ စိတ်ဖိစီးမှုတွေ ခံစားနေရပါတယ်တဲ့။

သူ့အသက် ၁၀နှစ်မှာ ဂိမ်းစကစားခဲ့တာဖြစ်ပြီး အချိန်တော်တော်ကြာမှ မိဘတွေက သူ့အပြုအမူတွေ စတင်ပြောင်းလဲလာတာကို သတိထားမိတာပါ။ သိသာလာတာက သူ့ရဲ့ အထီးတည်းသီးသန့်နေလိုခြင်းပါပဲ။ “ဂိမ်းပိုဆော့ချင်တဲ့အတွက် မိသားစုနဲ့ မနေချင်တော့ဘူး၊ သူငယ်ချင်းတွေနဲ့လည်း မဆက်ဆံချင်တော့ဘဲ နေလာတာမျိုးပါ” လို့ Griffin အမေက ပြောပါတယ်။

သူအလယ်တန်းကျောင်းရောက်တဲ့အချိန်မှာတော့ ပိုဆိုးလာပြီး နောက်ဆုံးတော့ သူ့ကို အပြင်မှာပဲ ဆော့ရနေရတဲ့ ဂိမ်းကင်းဝေးတဲ့ စခန်းကို ပို့လိုက်ရပါတော့တယ်။ အဲ့ဒီမှာ ၆ ပတ်လောက် ကုသမှုခံယူပြီးမှ အိမ်ပြန်လာခဲ့ပေမယ့် ခုထိတော့ စိတ်ကျဝေဒနာနဲ့ နပန်းလုံးနေရတုန်းပါပဲ။

ဒီတော့ အခရာဝိုင်းတော်သားတွေလည်း ဂိမ်းကြိုက်သလို အခရာပရိသတ်ကွီးတွေလည်း ဂိမ်းကြိုက်မောင်တွေဖြစ်တဲ့အတွက် တန်ဆေးလွန်ဘေးမဖြစ်ရလေအောင် အပေါ်က အချက်လေးတွေ ဖတ်ပြီး ကိုယ်က ပျော်ချင်လို့ ဆော့တာလား၊ ဂိမ်းရဲ့ သားကောင်ဖြစ်ပြီး ဂိမ်းစွဲနေတာလားဆိုတာ ဆန်းစစ်အဖြေရှာကြည့်ကြပါစို့ဗျာ။