[Zawgyi]

သႀကၤန္ေရေၾကာင့္ အေရျပားယားယံၿပီး မိတ္ဖုထြက္တဲ့အခါ ….

ယခုလို ပူျပင္းလွတဲ့ရာသီဥတုမွာ ေတာ္ေတာ္မ်ားမ်ားႀကံဳေတြ႔ေနရတဲ့ ျပႆနာမ်ားထဲမွ အေရျပားေရာဂါက အဆိုးဆံုးပါပဲ။ လာမယ့္အတာသႀကၤန္ပြဲေတာ္မွာ မသန္႔ရွင္းတဲ့ေရေၾကာင့့္ အေရျပားယားယံတာမ်ိဳးလည္း ႀကံဳေတြ႔ရတတ္ပါတယ္။ ေရနဲ႔ေနေလာင္ဒဏ္ ႏွစ္ခုေပါင္းစပ္မိတဲ့အျပင္ ပူျပင္းလွတဲ့ ေနေရာင္ျခည္ကို တိုက္ရိုက္ထိေတြ႔မိျခင္းေၾကာင့္ ေခၽြးမွတစ္ဆင့္ ဘတ္တီးရီးယားပိုးမႊားမ်ား ကူးစက္ျခင္းနဲ႔ ခႏၶာကိုယ္တြင္း အပူမ်ားေနျခင္း စတဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အင္ျပင္၊ မိတ္ဖု၊ အနီစက္မ်ား ထြက္ေပၚလာရျခင္းပဲ ျဖစ္ပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

အင္ျပင္၊ မိတ္ဖုမ်ားက ခႏၶာကိုယ္အႏွံ႔ ေနရာမေရြး ထြက္ေပၚလာႏိုင္ပါတယ္။ ေခတၱခဏသာ ယားယံၿပီး ရက္ပိုင္းအတြင္းသာ ေပ်ာက္ကင္းသြားတာလည္းရွိသလို ရက္သတၱပတ္ၾကာသည္အထိ ယားယံတာေတြ ျဖစ္ေပၚတတ္တာကိုလည္း ေတြ႔ရပါတယ္။ ယားနာလိမ္းေဆးမ်ိဳးစံုရွိေပမယ့္လည္း ဓာတ္မတည့္သူ၊ အလာ့ဂ်ီျဖစ္တတ္သူေတြန႔ဲ ခႏၶာကိုယ္တြင္း အပူမ်ားသူေတြအတြက္ေတာ့ လိမ္းေဆးလိမ္းရံုနဲ႔ သက္သာေပ်ာက္ကင္းမွာ မဟုတ္ပါဘူး။ မိမိရဲ႕ေနထိုင္မႈပံုစံကို ေျပာင္းလဲရမွာပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီလိုျဖစ္လာၿပီဆိုရင္ ဘာေတြေရွာင္သင့္လဲ၊ ေဆာင္သင့္လဲဆိုတာေတြကို ေဝမွ်ေပးခ်င္ပါတယ္။

(၁) ပူျပင္းတဲ့ေနေရာင္ျခည္ဒဏ္ေၾကာင့္ ေခၽြးထြက္ၿပီး အဖုအပိန္႔ ေသးေသးထြက္လာၿပီဆိုတာနဲ႔ ကုတ္လိုက္မိၾကမွာပါပဲ။ ဒီလိုကုတ္လုိက္မိတာေၾကာင့္ အဖုကေလးေတြက ပြားမ်ားလာၿပီး ယားယံလာတတ္ပါတယ္။ ဒါ့ေၾကာင့္ ေခၽြးထြက္ေနခ်ိန္မွာ အထူးသျဖင့္ သႀကၤန္ေရစိုေနခ်ိန္မွာ အေရျပားကို သန္႔ွရွင္းမႈမရွိတဲ့ လက္နဲ႔ကိုင္ျခင္း၊ လက္သည္းနဲ႔ ကုတ္ဖဲ့ျခင္းမ်ိဳး မျပဳလုပ္မိဖို႔ သတိထားသင့္ပါတယ္ေနာ္။

(၂) အေရျပားယားယံေနခ်ိန္မွာ ေရခ်ိဳးတဲ့အခါမွာလည္း အနံ႔စူးရွျပင္းထန္တဲ့ ဆပ္ျပာခဲမ်ားကို အသံုးမျပဳသင့္ပါဘူး။ Chemical နည္းတဲ့ အေပ်ာ့စားေရခ်ိဳးဆပ္ျပာကိုသာ အသံုးျပဳဖို႔ အႀကံျပဳလိုပါတယ္။ ေရေႏြးနဲ႔ခ်ိဳးမယ့္အစား ေရေအးေအးေလးနဲ႔ ခ်ိဳးေပးမယ္ဆုိရင္ ယားယံျခင္းကို သက္သာေစႏုိင္ပါတယ္။ ေရခ်ိဳးၿပီးရင္လည္း အစိုဓာတ္ထိန္းခရင္မ္ တစ္ခုခုလိမ္းေပးရပါမယ္။

(၃) အေရျပားေရာဂါျဖစ္လာၿပီဆိုရင္ေတာ့ ပူျပင္းလြန္းတဲ့ ေနရာေတြကို သြားလာျခင္းေရွာင္ၾကဥ္ရပါမယ္။ ဒီလိုအခ်ိန္မွာ ေရပတ္ခံမထြက္သင့္ေတာ့ပါဘူး။ မ႑ပ္မွာ ထုိင္မယ္ဆိုရင္လည္း အရိပ္ရတဲ့ေနရာ၊ လံုၿခံဳတဲ့ ဝတ္စားဆင္ယင္မႈမ်ိဳး ျဖစ္ေနဖို႔လိုပါတယ္။ အျပင္သြားရင္လည္း ေနေရာင္ျခည္နဲ႔ အေရျပား တုိက္ရိုက္ထိေတြ႔မႈမရွိရေလေအာင္ ထီး၊ ဦးထုပ္ စသျဖင့္ အကာအကြယ္မ်ားျဖင့္ သြားဖို႔လိုပါတယ္။ အေကာင္းဆံုးကေတာ့ ေအးျမတဲ့ေနရာမွာ အနားယူမယ္ဆိုရင္ အျမန္ဆံုးသက္သာေပ်ာက္ကင္းႏိုင္ပါတယ္။

(၄) ဘာေၾကာင့္ အင္ျပင္၊ မိတ္ဖု ထြက္ရသလဲဆိုတာကို မိမိကိုယ္ကို စမ္းစစ္ၾကည့္ႏို္င္ပါတယ္။ ဒီလုိမျဖစ္ခင္္မွာ ဘာေတြလုပ္ခဲ့သလဲ၊ ဘာေတြစားခဲ့သလဲ၊ ဘယ္လိုေနထိုင္ျပဳမူခဲ့သလဲဆိုတာေတြကို ျပန္လည္စမ္းစစ္ၾကည့္ပါ။ ပူျပင္းတဲ့ ရာသီဥတုုေၾကာင့္ သာမာန္ျဖစ္တတ္တဲ့ သေဘာဆိုေပမယ့္ ေအာက္ေဖာ္ျပပါ က်န္းမာေရးဆိုင္ရာ လကၡဏာေတြ ျဖစ္လာၿပီဆိုရင္ေတာ့ ဆရာဝန္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးၿပီး ကုသမႈခံယူသင့္ပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

– အသက္ရွဴၾကပ္ျခင္း

– လည္ေခ်ာင္းနာျခင္း၊ အသံဝါျခင္း

– ပ်ိဳ႕အန္ျခင္း၊ ဝမ္းဗိုက္ေအာင့္ျခင္း၊ ဝမ္းသြားျခင္း

– ေခါင္းကိုက္ျခင္း

– ပင္ပန္းႏြမ္းနယ္လြန္းျခင္း

– ႏွလံုးခုန္ျမန္ျခင္း၊ ႏွလံုးခုန္ႏႈန္းမမွန္ျခင္း

– ရင္ဘတ္ေအာင့္ျခင္း

– ႏႈတ္ခမ္းတစ္ဝိုက္ အဖုထြက္လာျခင္း စတာေတြျဖစ္လာၿပီဆိုရင္ေတာ့ မေပါ့ဆသင့္ပါဘူး။ အေရျပား ေရာဂါသက္သက္မဟုတ္ဘဲ က်န္းမာေရးဆိုင္ရာ ခ်ိဳ႕တဲ့မႈကို ေဖာ္ျပတဲ့လကၡဏာေတြပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီလိုျဖစ္လာၿပီဆိုရင္ေတာ့ ကၽြမ္းက်င္တဲ့ ဆရာဝန္နဲ႔ ျပသဖို႔ အႀကံျပဳလုိက္ရပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင်္ကြန်ရေကြောင့် အရေပြားယားယံပြီး မိတ်ဖုထွက်တဲ့အခါ ….

ယခုလို ပူပြင်းလှတဲ့ရာသီဥတုမှာ တော်တော်များများကြုံတွေ့နေရတဲ့ ပြဿနာများထဲမှ အရေပြားရောဂါက အဆိုးဆုံးပါပဲ။ လာမယ့်အတာသင်္ကြန်ပွဲတော်မှာ မသန့်ရှင်းတဲ့ရေကြောင့် အရေပြားယားယံတာမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။ ရေနဲ့နေလောင်ဒဏ် နှစ်ခုပေါင်းစပ်မိတဲ့အပြင် ပူပြင်းလှတဲ့ နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့မိခြင်းကြောင့် ချွေးမှတစ်ဆင့် ဘတ်တီးရီးယားပိုးမွှားများ ကူးစက်ခြင်းနဲ့ ခန္ဓာကိုယ်တွင်း အပူများနေခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အင်ပြင်၊ မိတ်ဖု၊ အနီစက်များ ထွက်ပေါ်လာရခြင်းပဲ ဖြစ်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

အင်ပြင်၊ မိတ်ဖုများက ခန္ဓာကိုယ်အနှံ့ နေရာမရွေး ထွက်ပေါ်လာနိုင်ပါတယ်။ ခေတ္တခဏသာ ယားယံပြီး ရက်ပိုင်းအတွင်းသာ ပျောက်ကင်းသွားတာလည်းရှိသလို ရက်သတ္တပတ်ကြာသည်အထိ ယားယံတာတွေ ဖြစ်ပေါ်တတ်တာကိုလည်း တွေ့ရပါတယ်။ ယားနာလိမ်းဆေးမျိုးစုံရှိပေမယ့်လည်း ဓာတ်မတည့်သူ၊ အလာ့ဂျီဖြစ်တတ်သူတွေနဲ့ ခန္ဓာကိုယ်တွင်း အပူများသူတွေအတွက်တော့ လိမ်းဆေးလိမ်းရုံနဲ့ သက်သာပျောက်ကင်းမှာ မဟုတ်ပါဘူး။ မိမိရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲရမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုဖြစ်လာပြီဆိုရင် ဘာတွေရှောင်သင့်လဲ၊ ဆောင်သင့်လဲဆိုတာတွေကို ဝေမျှပေးချင်ပါတယ်။

(၁) ပူပြင်းတဲ့နေရောင်ခြည်ဒဏ်ကြောင့် ချွေးထွက်ပြီး အဖုအပိန့် သေးသေးထွက်လာပြီဆိုတာနဲ့ ကုတ်လိုက်မိကြမှာပါပဲ။ ဒီလိုကုတ်လိုက်မိတာကြောင့် အဖုကလေးတွေက ပွားများလာပြီး ယားယံလာတတ်ပါတယ်။ ဒါ့ကြောင့် ချွေးထွက်နေချိန်မှာ အထူးသဖြင့် သင်္ကြန်ရေစိုနေချိန်မှာ အရေပြားကို သန့်ှရှင်းမှုမရှိတဲ့ လက်နဲ့ကိုင်ခြင်း၊ လက်သည်းနဲ့ ကုတ်ဖဲ့ခြင်းမျိုး မပြုလုပ်မိဖို့ သတိထားသင့်ပါတယ်နော်။

(၂) အရေပြားယားယံနေချိန်မှာ ရေချိုးတဲ့အခါမှာလည်း အနံ့စူးရှပြင်းထန်တဲ့ ဆပ်ပြာခဲများကို အသုံးမပြုသင့်ပါဘူး။ Chemical နည်းတဲ့ အပျော့စားရေချိုးဆပ်ပြာကိုသာ အသုံးပြုဖို့ အကြံပြုလိုပါတယ်။ ရေနွေးနဲ့ချိုးမယ့်အစား ရေအေးအေးလေးနဲ့ ချိုးပေးမယ်ဆိုရင် ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ရေချိုးပြီးရင်လည်း အစိုဓာတ်ထိန်းခရင်မ် တစ်ခုခုလိမ်းပေးရပါမယ်။

(၃) အရေပြားရောဂါဖြစ်လာပြီဆိုရင်တော့ ပူပြင်းလွန်းတဲ့ နေရာတွေကို သွားလာခြင်းရှောင်ကြဉ်ရပါမယ်။ ဒီလိုအချိန်မှာ ရေပတ်ခံမထွက်သင့်တော့ပါဘူး။ မဏ္ဍပ်မှာ ထိုင်မယ်ဆိုရင်လည်း အရိပ်ရတဲ့နေရာ၊ လုံခြုံတဲ့ ဝတ်စားဆင်ယင်မှုမျိုး ဖြစ်နေဖို့လိုပါတယ်။ အပြင်သွားရင်လည်း နေရောင်ခြည်နဲ့ အရေပြား တိုက်ရိုက်ထိတွေ့မှုမရှိရလေအောင် ထီး၊ ဦးထုပ် စသဖြင့် အကာအကွယ်များဖြင့် သွားဖို့လိုပါတယ်။ အကောင်းဆုံးကတော့ အေးမြတဲ့နေရာမှာ အနားယူမယ်ဆိုရင် အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ပါတယ်။

(၄) ဘာကြောင့် အင်ပြင်၊ မိတ်ဖု ထွက်ရသလဲဆိုတာကို မိမိကိုယ်ကို စမ်းစစ်ကြည့်နိုင်ပါတယ်။ ဒီလိုမဖြစ်ခင်မှာ ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေစားခဲ့သလဲ၊ ဘယ်လိုနေထိုင်ပြုမူခဲ့သလဲဆိုတာတွေကို ပြန်လည်စမ်းစစ်ကြည့်ပါ။ ပူပြင်းတဲ့ ရာသီဥတုုကြောင့် သာမာန်ဖြစ်တတ်တဲ့ သဘောဆိုပေမယ့် အောက်ဖော်ပြပါ ကျန်းမာရေးဆိုင်ရာ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူသင့်ပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

– အသက်ရှူကြပ်ခြင်း

– လည်ချောင်းနာခြင်း၊ အသံဝါခြင်း

– ပျို့အန်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်း

– ခေါင်းကိုက်ခြင်း

– ပင်ပန်းနွမ်းနယ်လွန်းခြင်း

– နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း

– ရင်ဘတ်အောင့်ခြင်း

– နှုတ်ခမ်းတစ်ဝိုက် အဖုထွက်လာခြင်း စတာတွေဖြစ်လာပြီဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။ အရေပြား ရောဂါသက်သက်မဟုတ်ဘဲ ကျန်းမာရေးဆိုင်ရာ ချို့တဲ့မှုကို ဖော်ပြတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုဖြစ်လာပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုက်ရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။