[Zawgyi]

ေကာင္ေလးေတြ တကယ္ခ်စ္လာတဲ့အခါ ခ်စ္သူကို ဘာေတြေမးတတ္ၾကလဲ

ခ်စ္သူဘဝကေန ဘဝရဲ႕လက္တြဲေဖာ္အျဖစ္ သတ္မွတ္ေရြးခ်ယ္တဲ့အခါမွာ တကယ္ခ်စ္ဖို႔လည္း လိုသလို တစ္ဦးနဲ႔တစ္ဦး နားလည္မႈ၊ သစၥာရွိမႈေတြနဲ႔ တည္ေဆာက္ရပါေတာ့မယ္။ တခ်ိဳ႕က်ေတာ့လည္း ရည္းစားဘဝမွာတင္ လမ္းခဲြလုိက္ရၿပီး ဘဝႏွစ္ခုကို မေပါင္းဖက္လိုက္ရတာေတြ အမ်ားႀကီးရွိပါတယ္။ စြယ္ေတာ္ရြက္ေလးလုိ ႏွစ္လႊာေပါင္းမွ တစ္ရြက္ျဖစ္ပါေစဦး၊ ကံမေကာင္း အေၾကာင္းမလွလုိ႔ပဲျဖစ္ျဖစ္ အခ်စ္စိတ္ေတြ ကုန္ခမ္းသြားလုိ႔ပဲျဖစ္ျဖစ္ ဖူးစာမပါရင္ေတာ့ လက္ျပႏႈတ္ဆက္ၾကရတာပါ။

ဒီေတာ့… ကိုယ္ခုလက္ရွိတြဲေနတဲ့ ေကာင္ေလးက အခုေဖာ္ျပေပးမယ့္ ေမးခြန္းေလးေတြ ေမးဖူးတယ္ ဆိုရင္ေတာ့ သင့္ကို ဘဝလက္တြဲေဖာ္အျဖစ္ သတ္မွတ္ထားလို႔ပါပဲ။ ေကာင္ေလးေတြအေနနဲ႔လည္း ကိုယ့္ရဲ႕ဘဝလက္တြဲေဖာ္ခ်စ္သူမိန္းကေလးကို ဒီလိုေမးခြန္းေလးေတြ ေမးထားသင့္ပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

(၁) တြဲလာတဲ့တစ္ေလွ်ာက္လံုး ဘာခံစားမိလဲ

ေကာင္ေလးအမ်ားစု ေမးတတ္တဲ့ ေမးခြန္းမ်ိဳးပါပဲ။ အထူးသျဖင့္ သင့္ကို လက္တြဲေဖာ္အျဖစ္ သတ္မွတ္ထားသူက ေလးေလးနက္နက္ ေမးတတ္ပါတယ္။ သင္နဲ႔ခ်စ္သူရည္းစားျဖစ္တဲ့ ကာလတစ္ေလွ်ာက္လံုး အခ်စ္ကို ဘယ္လိုခံစားမိလဲဆိုတာကို Sharing လုပ္တတ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ခ်စ္သူအျဖစ္ တြဲလာတဲ့ကာလ အတြင္းမွာ သူ႔ေၾကာင့္ အခ်စ္ကို ဘယ္လိုခံစားမိတယ္၊ ေပ်ာ္ရႊင္ရတာမ်ားလား၊ ျပႆနာေတြမ်ားခဲ့လားဆိုတာကို သံုးသပ္ၿပီး အမွားမ်ားကို ျပင္ဆင္ဖို႔ အသင့္ရွိေနသူေတြက ဒီလိုေမးခြန္းမ်ိဳး ေမးတတ္ပါတယ္။ ဒါက သင့္ကို တကယ္ခ်စ္လို႔သာ ေမးတာပါ။

(၂) ဘဝမွာ အေပ်ာ္ဆံုးအခ်ိန္နဲ႔ ဝမ္းနည္းရဆံုးအခ်ိန္ကဘာလဲ

သင့္ကို သူ႔ဘဝထဲ ဆြဲေခၚဖို႔အတြက္ သင့္ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းကိုလည္း သူစပ္စုခ်င္ေနပါၿပီ။ သင့္အေပၚ ျမတ္ႏုိးတန္ဖိုးထားသူက သင့္ဘဝမွာ ျဖစ္ပ်က္ခဲ့တဲ့ အရာေလးေတြကအစ စိတ္ဝင္စားေနတတ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ဘဝရဲ႕ အေပ်ာ္ရႊင္ရဆံုးအခ်ိန္၊ ဝမ္းနည္းရဆံုးအခ်ိန္ေတြကိုေမးၿပီး ေသခ်ာနားေထာင္ေပးတတ္တဲ့သူက သင့္ဘဝရဲ႕ လက္တြဲေဖာ္ေကာင္းတစ္ေယာက္ပါပဲ။

(၃) ကိုယ္တို႔ႏွစ္ဦးရဲ႕ အခ်စ္ကိုဘယ္လိုအဓိပၸါယ္ဖြင့္ဆိုလဲ

အခ်စ္ရဲ႕အဓိပၸါယ္ဖြင့္ဆိုခ်က္ကို ေမးတာကေတာ့ ခ်စ္သူစံုတြဲေတြတိုင္း ေမးတတ္တဲ့ ေမးခြန္းမ်ိဳးပါပဲ။ တကယ္ခ်စ္တတ္တဲ့ ေကာင္ေလးေတြက်ေတာ့ ကိုယ္တို႔ႏွစ္ဦးရဲ႕အခ်စ္ေရးကို ဘယ္လိုသေဘာထားလဲ ဆိုတဲ့အေပၚပဲ ဂရုစိုက္ၾကတာ မ်ားပါတယ္။ သင့္အေနနဲ႔ ႏွစ္ဦးသားအခ်စ္ေရးကို ဘယ္ေလာက္ ထိ စဥ္းစားထားလဲ၊ ေရရွည္အတြက္ ဘယ္လိုေတြးေတာထားလဲဆိုတာကို စမ္းသပ္တဲ့အေနနဲ႔ ေမးတတ္တဲ့ ေမးခြနး္မ်ိဳးပါ။

(၄) အိမ္ေထာင္ေရးတစ္ခုမွာဘာေတြလိုအပ္လဲ

အိမ္ေထာင္တစ္ခု တည္ေထာင္ဖုိ႔အတြက္ ဘာေတြလိုအပ္လဲ၊ ဘယ္လိုျဖစ္ေစခ်င္လဲဆိုတာကိုလည္း တကယ္ခ်စ္တဲ့ ေကာင္ေလးေတြက သူတို႔ခ်စ္သူရဲ႕သေဘာထားကို ေမးျမန္းတတ္ၾကပါေသးတယ္။ ေကာင္မေလးေျပာတဲ့ လိုအပ္ခ်က္ေတြ၊ ျဖစ္ခ်င္တဲ့ ဆႏၵေတြ၊ ဘယ္အခ်ိန္ေလာက္ အိမ္ေထာင္ျပဳမယ္ စတာေတြအတြက္ အေကာင္းဆံုး ႀကိဳးစားျပင္ဆင္ဖုိ႔အတြက္ အဆင္သင့္ရွိေနတတ္သူေတြပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

(၅) မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးခ်င္လား

သင့္ကိုဘဝလက္တြဲေဖာ္အျဖစ္ သတ္မွတ္ထားတဲ့ ေကာင္ေလးကေတာ့ သင့္ရဲ႕ မိသားစု၊ အသိုင္းအဝိုင္းၾကားမွာ သင့္ရဲ႕ခ်စ္သူအျဖစ္ ထင္ထင္ေပၚေပၚ တြဲခ်င္ၾကပါတယ္။ မိသားစုနဲ႔ မိတ္ဆက္ေပးခိုင္းတာ၊ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးခုိင္းတာက သင့္ကိုတကယ္ခ်စ္လို႔ သင့္ပတ္ဝန္းက်င္က လူေတြနဲ႔ ရင္းႏွီးကၽြမ္းဝင္ခ်င္တဲ့ သေဘာပါပဲ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကောင်လေးတွေ တကယ်ချစ်လာတဲ့အခါ ချစ်သူကို ဘာတွေမေးတတ်ကြလဲ

ချစ်သူဘဝကနေ ဘဝရဲ့လက်တွဲဖော်အဖြစ် သတ်မှတ်ရွေးချယ်တဲ့အခါမှာ တကယ်ချစ်ဖို့လည်း လိုသလို တစ်ဦးနဲ့တစ်ဦး နားလည်မှု၊ သစ္စာရှိမှုတွေနဲ့ တည်ဆောက်ရပါတော့မယ်။ တချို့ကျတော့လည်း ရည်းစားဘဝမှာတင် လမ်းခွဲလိုက်ရပြီး ဘဝနှစ်ခုကို မပေါင်းဖက်လိုက်ရတာတွေ အများကြီးရှိပါတယ်။ စွယ်တော်ရွက်လေးလို နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ပါစေဦး၊ ကံမကောင်း အကြောင်းမလှလို့ပဲဖြစ်ဖြစ် အချစ်စိတ်တွေ ကုန်ခမ်းသွားလို့ပဲဖြစ်ဖြစ် ဖူးစာမပါရင်တော့ လက်ပြနှုတ်ဆက်ကြရတာပါ။

ဒီတော့… ကိုယ်ခုလက်ရှိတွဲနေတဲ့ ကောင်လေးက အခုဖော်ပြပေးမယ့် မေးခွန်းလေးတွေ မေးဖူးတယ် ဆိုရင်တော့ သင့်ကို ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ထားလို့ပါပဲ။ ကောင်လေးတွေအနေနဲ့လည်း ကိုယ့်ရဲ့ဘဝလက်တွဲဖော်ချစ်သူမိန်းကလေးကို ဒီလိုမေးခွန်းလေးတွေ မေးထားသင့်ပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

(၁) တွဲလာတဲ့တစ်လျှောက်လုံး ဘာခံစားမိလဲ

ကောင်လေးအများစု မေးတတ်တဲ့ မေးခွန်းမျိုးပါပဲ။ အထူးသဖြင့် သင့်ကို လက်တွဲဖော်အဖြစ် သတ်မှတ်ထားသူက လေးလေးနက်နက် မေးတတ်ပါတယ်။ သင်နဲ့ချစ်သူရည်းစားဖြစ်တဲ့ ကာလတစ်လျှောက်လုံး အချစ်ကို ဘယ်လိုခံစားမိလဲဆိုတာကို Sharing လုပ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ချစ်သူအဖြစ် တွဲလာတဲ့ကာလ အတွင်းမှာ သူ့ကြောင့် အချစ်ကို ဘယ်လိုခံစားမိတယ်၊ ပျော်ရွှင်ရတာများလား၊ ပြဿနာတွေများခဲ့လားဆိုတာကို သုံးသပ်ပြီး အမှားများကို ပြင်ဆင်ဖို့ အသင့်ရှိနေသူတွေက ဒီလိုမေးခွန်းမျိုး မေးတတ်ပါတယ်။ ဒါက သင့်ကို တကယ်ချစ်လို့သာ မေးတာပါ။

(၂) ဘဝမှာ အပျော်ဆုံးအချိန်နဲ့ ဝမ်းနည်းရဆုံးအချိန်ကဘာလဲ

သင့်ကို သူ့ဘဝထဲ ဆွဲခေါ်ဖို့အတွက် သင့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း သူစပ်စုချင်နေပါပြီ။ သင့်အပေါ် မြတ်နိုးတန်ဖိုးထားသူက သင့်ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ အရာလေးတွေကအစ စိတ်ဝင်စားနေတတ်ပါတယ်။ ဒါ့ကြောင့် သင့်ဘဝရဲ့ အပျော်ရွှင်ရဆုံးအချိန်၊ ဝမ်းနည်းရဆုံးအချိန်တွေကိုမေးပြီး သေချာနားထောင်ပေးတတ်တဲ့သူက သင့်ဘဝရဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ပါပဲ။

(၃) ကိုယ်တို့နှစ်ဦးရဲ့ အချစ်ကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ

အချစ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကို မေးတာကတော့ ချစ်သူစုံတွဲတွေတိုင်း မေးတတ်တဲ့ မေးခွန်းမျိုးပါပဲ။ တကယ်ချစ်တတ်တဲ့ ကောင်လေးတွေကျတော့ ကိုယ်တို့နှစ်ဦးရဲ့အချစ်ရေးကို ဘယ်လိုသဘောထားလဲ ဆိုတဲ့အပေါ်ပဲ ဂရုစိုက်ကြတာ များပါတယ်။ သင့်အနေနဲ့ နှစ်ဦးသားအချစ်ရေးကို ဘယ်လောက် ထိ စဉ်းစားထားလဲ၊ ရေရှည်အတွက် ဘယ်လိုတွေးတောထားလဲဆိုတာကို စမ်းသပ်တဲ့အနေနဲ့ မေးတတ်တဲ့ မေးခွန်းမျိုးပါ။

(၄) အိမ်ထောင်ရေးတစ်ခုမှာဘာတွေလိုအပ်လဲ

အိမ်ထောင်တစ်ခု တည်ထောင်ဖို့အတွက် ဘာတွေလိုအပ်လဲ၊ ဘယ်လိုဖြစ်စေချင်လဲဆိုတာကိုလည်း တကယ်ချစ်တဲ့ ကောင်လေးတွေက သူတို့ချစ်သူရဲ့သဘောထားကို မေးမြန်းတတ်ကြပါသေးတယ်။ ကောင်မလေးပြောတဲ့ လိုအပ်ချက်တွေ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ဘယ်အချိန်လောက် အိမ်ထောင်ပြုမယ် စတာတွေအတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်ဖို့အတွက် အဆင်သင့်ရှိနေတတ်သူတွေပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

(၅) မိသားစု၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လား

သင့်ကိုဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ထားတဲ့ ကောင်လေးကတော့ သင့်ရဲ့ မိသားစု၊ အသိုင်းအဝိုင်းကြားမှာ သင့်ရဲ့ချစ်သူအဖြစ် ထင်ထင်ပေါ်ပေါ် တွဲချင်ကြပါတယ်။ မိသားစုနဲ့ မိတ်ဆက်ပေးခိုင်းတာ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခိုင်းတာက သင့်ကိုတကယ်ချစ်လို့ သင့်ပတ်ဝန်းကျင်က လူတွေနဲ့ ရင်းနှီးကျွမ်းဝင်ချင်တဲ့ သဘောပါပဲ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။