[Zawgyi]

ေကာ္ဖီေသာက္ဖုိ႔ ဘယ္အခ်ိန္က အေကာင္းဆုံးလဲ

ေန႔တေန႔ကို လန္းဆန္းတက္ၾကၿပီး အေတြးသစ္ေတြ ရရွိေအာင္ နံနက္ခင္းမွာ ေကာ္ဖီနံ႔သင္းသင္းေလးနဲ႔ အစျပဳရင္း အလုပ္လုပ္က်တဲ့သူေတြရွိသလို ေကာ္ဖီခါးခါးတစ္ခြက္နဲ႔ စာအုပ္ဖတ္ရင္း အားလပ္ခ်ိန္ကို အေကာင္းဆံုးကုန္ဆံုးၾကသူေတြလည္း ရွိၾကပါတယ္။ ေကာ္ဖီကုိ ႏွစ္ခ်ိဳက္ၾကတဲ့ လူတုိင္းကေတာ့ ေကာ္ဖီေသာက္လုိက္ရင္ ပင္ပန္းမႈေတြ ေျပေပ်ာက္ကာ လန္းဆန္းသြားၿပီး စိတ္ကူးေကာင္းေတြ၊ အေတြးအေခၚသစ္ေတြ ခံစားယံုၾကည္ၾကပါေသးတယ္။

ေကာ္ဖီေသာက္တာက ကင္ဆာျဖစ္တန္စြမ္းကုိ ေလ်ာ့က်ေစျခင္း၊ ႏွလုံးေရာဂါ ၊ ဆီးခ်ိဳေရာဂါေလ်ာ့က်ေစတယ္လုိ႔ သုေတသနမွာ ေဖာ္ျပထားပါတယ္။ သက္ႀကီးရြယ္အုိေတြမွာ အျဖစ္မ်ားတဲ့ ပါကင္ဆန္ေရာဂါ (Parkinson’s disease) ကုိေတာင္ ၃ဝ ရာခုိင္ႏႈန္းအထိ ကာကြယ္ႏိုင္ပါတယ္။ ဒ့ါအျပင္ ေကာ္ဖီေသာက္သံုးသူေတြဟာ ေကာ္ဖီမေသာက္တဲ့သူေတြထက္ပင္ အသက္ရွည္ရွည္ ေနထိုင္ႏိုင္ၾကတယ္လို႔ ဆိုထားၾကပါေသးတယ္။ ဒါေပမယ့္ တန္ေဆး လြန္ေဘးဆုိတဲ့အတုိင္း ေကာ္ဖီအမ်ားႀကီးေသာက္ရင္ေတာ့ က်န္းမာေရးကုိ ထိခုိက္ႏုိင္တာေၾကာင့္  ေကာ္ဖီေသာက္ၿပီး ေကာင္းက်ိဳးေတြ ခံစားႏိုင္ေအာင္ ေကာ္ဖီေသာက္သံုးရာမွာ သိထားသင့္တဲ့ အခ်က္ေလးေတြကို ေျပာျပေပးလိုက္တယ္ေနာ္ ….

လူအမ်ားစုကေတာ့ ေကာ္ဖီကို မနက္ခင္းမွာ ေသာက္တတ္ၾကပါတယ္။ ဒါေပမယ့္ သိပၸံပညာရွင္မ်ားက မနက္ခင္းမွာ ေကာ္ဖီေသာက္မယ္ဆုိရင္ က်န္းမာေရးကို ထိခိုက္ေစတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ေကာ္ဖီကုိ ဘယ္အခ်ိန္မွာ ေသာက္သင့္သလဲဆုိတဲ့ အခ်က္ကို သိထားဖို႔ လိုပါတယ္။

လူတစ္ေယာက္ရဲ႕တစ္ေန႔တာမွာ စိတ္ဖိအားေဟာမုန္း (Cortisol) အျမင့္ဆုံးအခ်ိန္ နဲ႔ အနိမ့္ဆုံးအခ်ိန္ဆိုၿပီးႏွစ္မ်ိဳးရွိပါတယ္။ အဲဒီႏွစ္မ်ိဳးဟာ တစ္လွည့္စီသံသရာလည္ေနတတ္ၿပီး စိတ္ဖိအားေဟာမုန္း (Cortisol) အျမင့္ဆုံးအခ်ိန္မွာ ေကာ္ဖီေသာက္သုံးမိရင္ ေကာင္းက်ိဳးထက္ ဆုိးက်ိဳးကုိသာ ခံစားရမွာပါ။

စိတ္ဖိအားေဟာမုန္းဟာ (မနက္၆ခြဲမွာ အိပ္ရာထတဲ့) ပုံမွန္လူတစ္ေယာက္အတြက္ မနက္၈နာရီမွ ၉နာရီအတြင္း၊ ေန႔လယ္၁၂နာရီမွ ၁နာရီအတြင္းနဲ႔ ညေန၅နာရီခြဲမွ ၆နာရီခြဲအတြင္းမွာ အျမင့္ဆုံးအေျခအေနမွာ ရွိတယ္လုိ႔ Dartmouth College ရဲ႕ သုေတသနပညာရွင္ ေဒါက္တာ Steven L. Miller က ဆုိပါတယ္။ ဒီအခ်ိန္အပုိင္းအျခားမွာ ေကာ္ဖီမေသာက္တာ အေကာင္းဆုံးပါပဲ။ ေဟာမုန္းဟာ မနက္၉နာရီခြဲမွ ၁၁နာရီခြဲအတြင္းမွ တစ္ဖန္က်ဆင္းသြားတာေၾကာင့္ ဒီအခ်ိန္အပုိင္းအျခားမွာ ေကာ္ဖီေသာက္တာ အေကာင္းဆုံးလုိ႔ဆုိခ်င္ပါတယ္။

ေကာ္ဖီတစ္ခြက္ဟာ ေဖ်ာ္ထားၿပီး မိနစ္ (၂ဝ) အတြင္းမွာ ေသာက္သင့္ၿပီး ေအးသြားရင္ အပူထပ္ေပးတာမ်ိဳး မလုပ္သင့္ပါဘူး။ ေအးစက္သြားတဲ့ ေကာ္ဖီကုိ ေသာက္တာက က်န္းမာေရးထိခုိက္ေစပါတယ္။ ေနာက္ၿပီးေတာ့ ေကာ္ဖီတစ္ခြက္ဟာ ျဖစ္ႏုိင္ရင္ သၾကား၊ ႏုိ႔မႈန္႔ေတြနဲ႔ မေရာဘဲ မူလအေျခအေနမွာပဲ ေသာက္သုံးသင့္တာပါ။ ဒါ့အျပင္ ေကာ္ဖီမွာ ပါဝင္တဲ့ ကဖိန္းဓာတ္ (Caffeine) ဟာ ဦးေႏွာက္အတြင္းမွာ ၆နာရီအထိ သက္ေရာက္မႈရွိတာေၾကာင့္ ေန႔လယ္၄နာရီေနာက္ပုိင္း ေကာ္ဖီမေသာက္သင့္ပါဘူး။

ေကာ္ဖီခ်စ္သူေတြအေနနဲ႔ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကုိ ေလ့လာမွတ္သားရင္း ေကာ္ဖီရဲ႕ေကာင္းက်ိဳးေတြကုိ ရယူႏုိင္ၾကပါေစ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကော်ဖီသောက်ဖို့ ဘယ်အချိန်က အကောင်းဆုံးလဲ

နေ့တနေ့ကို လန်းဆန်းတက်ကြပြီး အတွေးသစ်တွေ ရရှိအောင် နံနက်ခင်းမှာ ကော်ဖီနံ့သင်းသင်းလေးနဲ့ အစပြုရင်း အလုပ်လုပ်ကျတဲ့သူတွေရှိသလို ကော်ဖီခါးခါးတစ်ခွက်နဲ့ စာအုပ်ဖတ်ရင်း အားလပ်ချိန်ကို အကောင်းဆုံးကုန်ဆုံးကြသူတွေလည်း ရှိကြပါတယ်။ ကော်ဖီကို နှစ်ချိုက်ကြတဲ့ လူတိုင်းကတော့ ကော်ဖီသောက်လိုက်ရင် ပင်ပန်းမှုတွေ ပြေပျောက်ကာ လန်းဆန်းသွားပြီး စိတ်ကူးကောင်းတွေ၊ အတွေးအခေါ်သစ်တွေ ခံစားယုံကြည်ကြပါသေးတယ်။

ကော်ဖီသောက်တာက ကင်ဆာဖြစ်တန်စွမ်းကို လျော့ကျစေခြင်း၊ နှလုံးရောဂါ ၊ ဆီးချိုရောဂါလျော့ကျစေတယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတဲ့ ပါကင်ဆန်ရောဂါ (Parkinson’s disease) ကိုတောင် ၃ဝ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ဒ့ါအပြင် ကော်ဖီသောက်သုံးသူတွေဟာ ကော်ဖီမသောက်တဲ့သူတွေထက်ပင် အသက်ရှည်ရှည် နေထိုင်နိုင်ကြတယ်လို့ ဆိုထားကြပါသေးတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း ကော်ဖီအများကြီးသောက်ရင်တော့ ကျန်းမာရေးကို ထိခိုက်နိုင်တာကြောင့်  ကော်ဖီသောက်ပြီး ကောင်းကျိုးတွေ ခံစားနိုင်အောင် ကော်ဖီသောက်သုံးရာမှာ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးလိုက်တယ်နော် ….

လူအများစုကတော့ ကော်ဖီကို မနက်ခင်းမှာ သောက်တတ်ကြပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်များက မနက်ခင်းမှာ ကော်ဖီသောက်မယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကော်ဖီကို ဘယ်အချိန်မှာ သောက်သင့်သလဲဆိုတဲ့ အချက်ကို သိထားဖို့ လိုပါတယ်။

လူတစ်ယောက်ရဲ့တစ်နေ့တာမှာ စိတ်ဖိအားဟောမုန်း (Cortisol) အမြင့်ဆုံးအချိန် နဲ့ အနိမ့်ဆုံးအချိန်ဆိုပြီးနှစ်မျိုးရှိပါတယ်။ အဲဒီနှစ်မျိုးဟာ တစ်လှည့်စီသံသရာလည်နေတတ်ပြီး စိတ်ဖိအားဟောမုန်း (Cortisol) အမြင့်ဆုံးအချိန်မှာ ကော်ဖီသောက်သုံးမိရင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ခံစားရမှာပါ။

စိတ်ဖိအားဟောမုန်းဟာ (မနက်၆ခွဲမှာ အိပ်ရာထတဲ့) ပုံမှန်လူတစ်ယောက်အတွက် မနက်၈နာရီမှ ၉နာရီအတွင်း၊ နေ့လယ်၁၂နာရီမှ ၁နာရီအတွင်းနဲ့ ညနေ၅နာရီခွဲမှ ၆နာရီခွဲအတွင်းမှာ အမြင့်ဆုံးအခြေအနေမှာ ရှိတယ်လို့ Dartmouth College ရဲ့ သုတေသနပညာရှင် ဒေါက်တာ Steven L. Miller က ဆိုပါတယ်။ ဒီအချိန်အပိုင်းအခြားမှာ ကော်ဖီမသောက်တာ အကောင်းဆုံးပါပဲ။ ဟောမုန်းဟာ မနက်၉နာရီခွဲမှ ၁၁နာရီခွဲအတွင်းမှ တစ်ဖန်ကျဆင်းသွားတာကြောင့် ဒီအချိန်အပိုင်းအခြားမှာ ကော်ဖီသောက်တာ အကောင်းဆုံးလို့ဆိုချင်ပါတယ်။

ကော်ဖီတစ်ခွက်ဟာ ဖျော်ထားပြီး မိနစ် (၂ဝ) အတွင်းမှာ သောက်သင့်ပြီး အေးသွားရင် အပူထပ်ပေးတာမျိုး မလုပ်သင့်ပါဘူး။ အေးစက်သွားတဲ့ ကော်ဖီကို သောက်တာက ကျန်းမာရေးထိခိုက်စေပါတယ်။ နောက်ပြီးတော့ ကော်ဖီတစ်ခွက်ဟာ ဖြစ်နိုင်ရင် သကြား၊ နို့မှုန့်တွေနဲ့ မရောဘဲ မူလအခြေအနေမှာပဲ သောက်သုံးသင့်တာပါ။ ဒါ့အပြင် ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ် (Caffeine) ဟာ ဦးနှောက်အတွင်းမှာ ၆နာရီအထိ သက်ရောက်မှုရှိတာကြောင့် နေ့လယ်၄နာရီနောက်ပိုင်း ကော်ဖီမသောက်သင့်ပါဘူး။

ကော်ဖီချစ်သူတွေအနေနဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို လေ့လာမှတ်သားရင်း ကော်ဖီရဲ့ကောင်းကျိုးတွေကို ရယူနိုင်ကြပါစေ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com