[Zawgyi]

တစ္ရာသီအတြင္း နည္းျပအေျပာင္းအလဲလုပ္ရင္ ရလဒ္ေကာင္းေလ့ရွိတဲ့ ရီးယဲလ္

ေဘာလုံးရာသီ တစ္ရာသီအတြင္း နည္းျပအေျပာင္းအလုပ္တာဟာ အႏၱရာယ္မ်ားတယ္လုိ႔ သတ္မွတ္ခံထားရတယ္။ ဒါေပမဲ့ အံ့အာသင့္စရာေကာင္းေအာင္ပဲ ရီးယဲလ္အသင္းဟာ ရာသီမကုန္ခင္ နည္းျပအေျပာင္းအလဲလုပ္တဲ့ အႀကိမ္ေတာ္ေတာ္မ်ားမ်ားမွာ ရလဒ္ေကာင္းေလ့ရွိတယ္။ အသင္းသမုိင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း နည္းျပအေျပာင္းအလဲလုပ္ခဲ့တာက (၁၆)ႀကိမ္အထိရွိၿပီး အဲဒီထဲက (၈)ႀကိမ္မွာ ရာသီကုန္က်ရင္ ဆုဖလား ေအာင္ျမင္မႈေတြ ရယူခဲ့ဖူးပါတယ္။ နည္းျပအေျပာင္းအလဲ အမ်ားဆုံးက ၁၉၅၀-၅၁၊ ၁၉၉၀-၉၁ ရာသီေတြျဖစ္ၿပီး နည္းျပ(၃)ဦးအထိ ေျပာင္းလဲခဲ့ေပမယ့္ ဆုဖလားေအာင္ျမင္မႈေတာ့ မရခဲ့ဘူး . . .

၁၉၄၂-၄၃

Juan-Armet-left-his-position-and-was-replaced-by-Ramon-Encinas-

Juan-Armet-left-his-position-and-was-replaced-by-Ramon-Encinas-

တစ္ရာသီအတြင္း ပထမဆုံးအႀကိမ္ ရီးယဲလ္ နည္းျပအေျပာင္းအလဲလုပ္ခဲ့တာက ၁၉၄၂-၄၃ ရာသီျဖစ္ၿပီး Juan Armet ေနရာကုိ Ramon Encinas နဲ႔ အစားထုိးခဲ့တယ္။ ဆုဖလားေအာင္ျမင္မႈ မရခဲ့ေပမယ့္ ရလဒ္ေကာင္းေတြ ရယူႏုိင္ခဲ့ၿပီး Ramon Encinas ဟာ စပိန္ဘုရင့္ဖလား ဗုိလ္လုပဲြေရာက္ရွိေအာင္ ပုိ႔ေဆာင္ေပးခဲ့တယ္။

၁၉၅၉-၆၀

After-an-illness-to-Luis-Carniglia-Miguel-Munoz-started-his-legendary-reign-

After-an-illness-to-Luis-Carniglia-Miguel-Munoz-started-his-legendary-reign-

ရီးယဲလ္အသင္းနည္းျပ လူး၀စ္ကာနစ္ဂလီယာ Luis Carniglia အဖ်ားေ၀ဒနာေၾကာင့္ ရာထူးက ႏုတ္ထြက္ခဲ့လုိ႔ ဂႏၳ၀င္ကစားသမား မီဂြယ္လ္မူေနာ႔ဇ္ Miguel Munoz ကုိ ရာသီ၀က္မွာ ခန္႔အပ္ခဲ့တယ္။ ဒါဟာ မွန္ကန္တဲ့ အေျပာင္းအလဲျဖစ္ခဲ့ၿပီး အသင္းအတြက္ (၅)ႀကိမ္ေျမာက္ ဥေရာပဖလား (ခ်န္ပီယံလိဂ္)ကုိ ရယူႏုိင္ခဲ့တယ္။

၁၉၇၃-၇၄

the-end-of-Munozs-era-Luis-Molowny-came-in

the-end-of-Munozs-era-Luis-Molowny-came-in

ရလဒ္ဆုိးေတြေၾကာင့္ နည္းျပမီဂြယ္လ္မူေန႔ာဇ္ Miguel Munoz ရာထူးက ထုတ္ပယ္ခံခဲ့ရၿပီး လူး၀စ္မုိလြန္နီ Luis Molowny ကုိ နည္းျပသစ္ခန္႔အပ္ခဲ့တယ္။ လူး၀စ္မုိလြန္နီဟာ စပိန္ဘုရင့္ဖလားဗုိလ္လုပဲြမွာ ဘာစီလုိနာကုိ (၄)ဂုိးျပတ္နဲ႔ အႏုိင္ယူၿပီး ဖလားလက္မဲ့ ရာသီမျဖစ္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တယ္။

၁၉၇၇-၇၈

Miljan-Miljanic-enjoyed-just-one-game-in-charge-in-Molowny-retuned-to-replace-him

Miljan-Miljanic-enjoyed-just-one-game-in-charge-in-Molowny-retuned-to-replace-him

လာလီဂါ ရာသီအဖြင့္ပဲြမွာ Salamanca အသင္းကုိ ႐ႈံးၿပီးၿပီးခ်င္းမွာပဲ နည္းျပ မီလ္္ယန္နစ္ Miljan Miljanic ဟာ ရာထူးက ထုတ္ပယ္ခံခဲ့ရၿပီး နည္းျပေဟာင္း မုိလြန္နီက တစ္ေက်ာ႔ျပန္ ကုိင္တြယ္ခဲ့ရတယ္။ ပထမအႀကိမ္တုန္းကလည္း ရီးယဲလ္ကုိ ကယ္တင္ခဲ့တဲ့ မုိလြန္နီဟာ ဒီတစ္ခါမွာ (၁၈)ႀကိမ္ေျမာက္ လာလီဂါ ခ်န္ပီယံဆုကုိ ဆြတ္ခူးေပးခဲ့ျပန္ပါတယ္။

၁၉၈၁-၈၂

Vujadin-Boskovs-fate-practically-sealed-and-Molowny-once-again-came-back

Vujadin-Boskovs-fate-practically-sealed-and-Molowny-once-again-came-back

မုိလြန္နီဟာ ရီးယဲလ္အသင္းအတြက္ တတိယအႀကိမ္ေျမာက္ သူရဲေကာင္းျဖစ္ခဲ့ပါတယ္။ ဥေရာပဖလား (ခ်န္ပီယံလိဂ္)မွာ အသင္းသမုိင္းတစ္ေလွ်ာက္ အဆုိးရြားဆုံး ရလဒ္အျဖစ္ ကုိင္ဇာစေလာ့တန္အသင္းကုိ (၅)ဂုိးျပတ္ ႐ႈံးနိမ့္ခဲ့ၿပီး မၾကာခင္မွာပဲ Vujadin Boskov ကုိ ရာထူးက ထုတ္ပယ္ခဲ့သလုိ မုိလြန္နီကုိ နည္းျပ ျပန္ခန္႔အပ္ခဲ့တယ္။ မုိလြန္နီဟာ စပိန္ဘုရင့္ဖလား ရယူၿပီး ရီးယဲလ္ကုိ ကယ္တင္ေပးခဲ့တယ္။

၁၉၈၄-၈၅

Amancio-Amaro-was-sacked-Molowny-was-back-for-his-fourth-spell-

Amancio-Amaro-was-sacked-Molowny-was-back-for-his-fourth-spell-

မုိလြန္နီဟာ နည္းျပေကာင္းတစ္ဦးျဖစ္ေပမယ့္ ရီးယဲလ္အသင္းကုိ ကာလတိုသာ ကုိင္တြယ္ခဲ့ရတာက အံ့အားသင့္စရာပါပဲ။ ဒီရာသီမွာလည္း Amancio Amaro ကုိ ရာထူးက ထုတ္ပယ္ခဲ့ၿပီး မုိလြန္နီဟာ စတုတၳအႀကိမ္ေျမာက္အျဖစ္ ရီးယဲလ္အသင္းနည္းျပထုိင္ခုံေပၚ ျပန္ေရာက္လာခဲ့ျပန္တယ္။ ဒီတစ္ႀကိမ္မွာ အရင္ကထက္ ပုိေအာင္ျမင္ခဲ့ၿပီး UEFA ဖလားနဲ႔ လာလီဂါဖလားတို႔ကုိ ရယူခဲ့တယ္။

၁၉၉၉-၀၀

Toshack-left-the-white-house-to-Del-Bosque

Toshack-left-the-white-house-to-Del-Bosque

ဂႏၳ၀င္နည္းျပအျဖစ္ သတ္မွတ္ရမယ့္ ဒဲလ္ေဘာ့စေကး Del Bosque သူရဲေကာင္းျဖစ္ခဲ့တဲ့ ရာသီပါ။ တိုရွက္ Toshack ရဲ႕ေနရာ အစား၀င္လာတဲ့ ဒဲလ္ေဘာ့စေကးဟာ ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဖလားကုိ ရယူေပးခဲ့တယ္။

၂၀၁၅-၁၆

Rafael-Benitez-and-Zinedine-

Rafael-Benitez-and-Zinedine-

နည္းျပအေျပာင္းအလဲ လုပ္ၿပီး အႀကီးအက်ယ္ ေအာင္ျမင္မႈရခဲ့တဲ့ ရာသီလုိ႔ ေျပာရမယ္။ ရလဒ္ဆုိးေတြေၾကာင့္ နညး္ျပဘင္နီတက္ဇ္ Rafael Benitez ကုိ ရာသီ၀က္မွာ ထုတ္ပယ္ၿပီး လူငယ္အသင္းနည္းျပ ဇီဒန္း Zidane ကုိ နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ့တယ္။ (၅)လအၾကာမွာ ခ်န္ပီယံလိဂ္ဖလားကုိ ဆြတ္ခူးခဲ့တဲ့အျပင္ ဇီဒန္းဟာ (၃)ႏွစ္ခဲြကာလအတြင္း ခ်န္ပီယံလိဂ္(၃)ႀကိမ္ဆက္အပါအ၀င္ ဆုဖလား(၉)ခုအထိ ရယူေပးခဲ့ပါတယ္။

ဒီရလဒ္ေတြအရ နည္းျပအေျပာင္းအလဲလုပ္တိုင္း အေျခအေနဆုိးသြားတာ မဟုတ္ဘူးဆုိတာ ေတြ႕ရမယ္။ အခုအခ်ိန္မွာ ရီးယဲလ္အသင္းဟာ လုိပယ္တက္ဂီ Julen Lopetegui ကုိ ရာထူးက ထုတ္ပယ္ခဲ့ၿပီး လူငယ္အသင္းနည္းျပ ဆုိလာရီ Santiago Solari ကုိ နည္းျပသစ္ ခန္႔အပ္လုိက္ပါၿပီ။ ရီးယဲလ္ကစားသမားေဟာင္း ဆုိလာရီဟာ ေနာက္ထပ္ဇီဒန္းတစ္ဦး ျဖစ္လာမလား၊ ဒါမွမဟုတ္ မထင္မရွားနဲ႔ပဲ အဆုံးသတ္သြားမလားဆုိတာေတာ့ ေစာင့္ၾကည့္ရမွာပါ . . .

REF:.marca
Photo:Marca
Naing Linn(Akhayar)
www.akhayar.com

[Unicode]

တစ်ရာသီအတွင်း နည်းပြအပြောင်းအလဲလုပ်ရင် ရလဒ်ကောင်းလေ့ရှိတဲ့ ရီးယဲလ်

ဘောလုံးရာသီ တစ်ရာသီအတွင်း နည်းပြအပြောင်းအလုပ်တာဟာ အန္တရာယ်များတယ်လို့ သတ်မှတ်ခံထားရတယ်။ ဒါပေမဲ့ အံ့အာသင့်စရာကောင်းအောင်ပဲ ရီးယဲလ်အသင်းဟာ ရာသီမကုန်ခင် နည်းပြအပြောင်းအလဲလုပ်တဲ့ အကြိမ်တော်တော်များများမှာ ရလဒ်ကောင်းလေ့ရှိတယ်။ အသင်းသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း နည်းပြအပြောင်းအလဲလုပ်ခဲ့တာက (၁၆)ကြိမ်အထိရှိပြီး အဲဒီထဲက (၈)ကြိမ်မှာ ရာသီကုန်ကျရင် ဆုဖလား အောင်မြင်မှုတွေ ရယူခဲ့ဖူးပါတယ်။ နည်းပြအပြောင်းအလဲ အများဆုံးက ၁၉၅၀-၅၁၊ ၁၉၉၀-၉၁ ရာသီတွေဖြစ်ပြီး နည်းပြ(၃)ဦးအထိ ပြောင်းလဲခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုတော့ မရခဲ့ဘူး . . .

၁၉၄၂-၄၃

Juan-Armet-left-his-position-and-was-replaced-by-Ramon-Encinas-

Juan-Armet-left-his-position-and-was-replaced-by-Ramon-Encinas-

တစ်ရာသီအတွင်း ပထမဆုံးအကြိမ် ရီးယဲလ် နည်းပြအပြောင်းအလဲလုပ်ခဲ့တာက ၁၉၄၂-၄၃ ရာသီဖြစ်ပြီး Juan Armet နေရာကို Ramon Encinas နဲ့ အစားထိုးခဲ့တယ်။ ဆုဖလားအောင်မြင်မှု မရခဲ့ပေမယ့် ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပြီး Ramon Encinas ဟာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးခဲ့တယ်။

၁၉၅၉-၆၀

After-an-illness-to-Luis-Carniglia-Miguel-Munoz-started-his-legendary-reign-

After-an-illness-to-Luis-Carniglia-Miguel-Munoz-started-his-legendary-reign-

ရီးယဲလ်အသင်းနည်းပြ လူးဝစ်ကာနစ်ဂလီယာ Luis Carniglia အဖျားဝေဒနာကြောင့် ရာထူးက နုတ်ထွက်ခဲ့လို့ ဂန္ထဝင်ကစားသမား မီဂွယ်လ်မူနော့ဇ် Miguel Munoz ကို ရာသီဝက်မှာ ခန့်အပ်ခဲ့တယ်။ ဒါဟာ မှန်ကန်တဲ့ အပြောင်းအလဲဖြစ်ခဲ့ပြီး အသင်းအတွက် (၅)ကြိမ်မြောက် ဥရောပဖလား (ချန်ပီယံလိဂ်)ကို ရယူနိုင်ခဲ့တယ်။

၁၉၇၃-၇၄

the-end-of-Munozs-era-Luis-Molowny-came-in

the-end-of-Munozs-era-Luis-Molowny-came-in

ရလဒ်ဆိုးတွေကြောင့် နည်းပြမီဂွယ်လ်မူနေ့ာဇ် Miguel Munoz ရာထူးက ထုတ်ပယ်ခံခဲ့ရပြီး လူးဝစ်မိုလွန်နီ Luis Molowny ကို နည်းပြသစ်ခန့်အပ်ခဲ့တယ်။ လူးဝစ်မိုလွန်နီဟာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာကို (၄)ဂိုးပြတ်နဲ့ အနိုင်ယူပြီး ဖလားလက်မဲ့ ရာသီမဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။

၁၉၇၇-၇၈

Miljan-Miljanic-enjoyed-just-one-game-in-charge-in-Molowny-retuned-to-replace-him

Miljan-Miljanic-enjoyed-just-one-game-in-charge-in-Molowny-retuned-to-replace-him

လာလီဂါ ရာသီအဖွင့်ပွဲမှာ Salamanca အသင်းကို ရှုံးပြီးပြီးချင်းမှာပဲ နည်းပြ မီလ်ယန်နစ် Miljan Miljanic ဟာ ရာထူးက ထုတ်ပယ်ခံခဲ့ရပြီး နည်းပြဟောင်း မိုလွန်နီက တစ်ကျော့ပြန် ကိုင်တွယ်ခဲ့ရတယ်။ ပထမအကြိမ်တုန်းကလည်း ရီးယဲလ်ကို ကယ်တင်ခဲ့တဲ့ မိုလွန်နီဟာ ဒီတစ်ခါမှာ (၁၈)ကြိမ်မြောက် လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးပေးခဲ့ပြန်ပါတယ်။

၁၉၈၁-၈၂

Vujadin-Boskovs-fate-practically-sealed-and-Molowny-once-again-came-back

Vujadin-Boskovs-fate-practically-sealed-and-Molowny-once-again-came-back

မိုလွန်နီဟာ ရီးယဲလ်အသင်းအတွက် တတိယအကြိမ်မြောက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ဥရောပဖလား (ချန်ပီယံလိဂ်)မှာ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရလဒ်အဖြစ် ကိုင်ဇာစလော့တန်အသင်းကို (၅)ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး မကြာခင်မှာပဲ Vujadin Boskov ကို ရာထူးက ထုတ်ပယ်ခဲ့သလို မိုလွန်နီကို နည်းပြ ပြန်ခန့်အပ်ခဲ့တယ်။ မိုလွန်နီဟာ စပိန်ဘုရင့်ဖလား ရယူပြီး ရီးယဲလ်ကို ကယ်တင်ပေးခဲ့တယ်။

၁၉၈၄-၈၅

Amancio-Amaro-was-sacked-Molowny-was-back-for-his-fourth-spell-

Amancio-Amaro-was-sacked-Molowny-was-back-for-his-fourth-spell-

မိုလွန်နီဟာ နည်းပြကောင်းတစ်ဦးဖြစ်ပေမယ့် ရီးယဲလ်အသင်းကို ကာလတိုသာ ကိုင်တွယ်ခဲ့ရတာက အံ့အားသင့်စရာပါပဲ။ ဒီရာသီမှာလည်း Amancio Amaro ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး မိုလွန်နီဟာ စတုတ္ထအကြိမ်မြောက်အဖြစ် ရီးယဲလ်အသင်းနည်းပြထိုင်ခုံပေါ် ပြန်ရောက်လာခဲ့ပြန်တယ်။ ဒီတစ်ကြိမ်မှာ အရင်ကထက် ပိုအောင်မြင်ခဲ့ပြီး UEFA ဖလားနဲ့ လာလီဂါဖလားတို့ကို ရယူခဲ့တယ်။

၁၉၉၉-၀၀

Toshack-left-the-white-house-to-Del-Bosque

Toshack-left-the-white-house-to-Del-Bosque

ဂန္ထဝင်နည်းပြအဖြစ် သတ်မှတ်ရမယ့် ဒဲလ်ဘော့စကေး Del Bosque သူရဲကောင်းဖြစ်ခဲ့တဲ့ ရာသီပါ။ တိုရှက် Toshack ရဲ့နေရာ အစားဝင်လာတဲ့ ဒဲလ်ဘော့စကေးဟာ ရာသီကုန်မှာ ချန်ပီယံလိဂ်ဖလားကို ရယူပေးခဲ့တယ်။

၂၀၁၅-၁၆

Rafael-Benitez-and-Zinedine-

Rafael-Benitez-and-Zidane-

နည်းပြအပြောင်းအလဲ လုပ်ပြီး အကြီးအကျယ် အောင်မြင်မှုရခဲ့တဲ့ ရာသီလို့ ပြောရမယ်။ ရလဒ်ဆိုးတွေကြောင့် နည်းပြဘင်နီတက်ဇ် Rafael Benitez ကို ရာသီဝက်မှာ ထုတ်ပယ်ပြီး လူငယ်အသင်းနည်းပြ ဇီဒန်း Zidane ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တယ်။ (၅)လအကြာမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့တဲ့အပြင် ဇီဒန်းဟာ (၃)နှစ်ခွဲကာလအတွင်း ချန်ပီယံလိဂ်(၃)ကြိမ်ဆက်အပါအဝင် ဆုဖလား(၉)ခုအထိ ရယူပေးခဲ့ပါတယ်။

ဒီရလဒ်တွေအရ နည်းပြအပြောင်းအလဲလုပ်တိုင်း အခြေအနေဆိုးသွားတာ မဟုတ်ဘူးဆိုတာ တွေ့ရမယ်။ အခုအချိန်မှာ ရီးယဲလ်အသင်းဟာ လိုပယ်တက်ဂီ Julen Lopetegui ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး လူငယ်အသင်းနည်းပြ ဆိုလာရီ Santiago Solari ကို နည်းပြသစ် ခန့်အပ်လိုက်ပါပြီ။ ရီးယဲလ်ကစားသမားဟောင်း ဆိုလာရီဟာ နောက်ထပ်ဇီဒန်းတစ်ဦး ဖြစ်လာမလား၊ ဒါမှမဟုတ် မထင်မရှားနဲ့ပဲ အဆုံးသတ်သွားမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ . . .

REF:.marca
Photo:Marca
Naing Linn(Akhayar)
www.akhayar.com