WhatsApp မှာ ပို့ပြီးတဲ့ Messages တွေကို တစ်နာရီအတွင်း ပြန်ဖျက်ပစ်လို့ရပြီ





Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

WhatsApp Messenger ဟာ ယခင်တုန်းက တကယ်လို့ မှားယွင်းပြီးပို့မိတဲ့ Messages တွေကို “Delete for Everyone” အနေနဲ့ ဖျက်နိုင်တဲ့ Function ကို ထည့်သွင်းပေးထားတယ်ဆိုပေမယ့် Message ကိုပေးပို့ပြီး ၇ မိနစ်အတွင်းပဲ ပြန်လည်ဖျက်နိုင်ခဲ့တာဖြစ်ါပါတယ်။

အခုအချိန်မှာတော့ WhatsApp က ၇ မိနစ်အတွင်း ပြန်ဖျက်ဖို့က တခါတရံမှာ အချိန်မလုံလောက်ဘူးဆိုတာကို သိသွားတဲ့ပုံပါပဲ။ အဲ့ဒီအတွက် WhatsApp ဟာ ကိုယ်ပေးပို့လိုက်တဲ့ Messages တွေကို ပြန်လည်ဖျက်နိုင်တဲ့အချိန်ကို တစ်နာရီဝန်းကျင်အထိ တိုးပေးခဲ့ပါတယ်။

တစ်နာရီဝန်းကျင်လို့ပြောရတာက WhatsApp ဟာ အခြားသော ပြိုင်ဘက်တွေလိုမျိုး 15 Min ၊ 30 Min ၊ 1 Hour ဆိုပြီး ပြုလုပ်တာမျိုးမဟုတ်ပဲ Message ပေးပို့ပြီး အချိန် ၁ နာရီ၊ ၈ မိနစ် နဲ့ ၁၆ စက္ကန့်အတွင်းပဲ ပြန်လည်ဖျက်ခွင့်ပေးထားတာဖြစ်ပါတယ်။ အခုလိုမျို တိကျတဲ့အချိန်သတ်မှတ်မဟုတ်ပဲ ဘာလို့ ဒီလိုမျိုး သတ်မှတ်ထားလဲဆိုတာကိုလည်းပြောကြားခဲ့ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် WhatsApp ရဲ့ ယခု Feature ဟာ ကောင်းတဲ့ Feature တစ်ခုဖြစ်ပြီး တကယ်လို့ မရရှိသေးဘူးဆိုရင် Version 2.18.31 ကို Update ပြုလုပ်လိုက်ရင်ရရှိမှာဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com