[ZawGyi]

What’s Wrong with Secretary Kim ထဲကဒုဥကၠဌေလး Park Seo Joon

What’s Wrong with Secretary Kim က လက္ရွိမွာေတာ႔ကိုရီးယားကပရိသတ္ေတြေရာ ျမန္မာႏိုင္ငံကပရိသတ္ေတြပါသေဘာက်တဲ႔ ဇာတ္လမ္းတြဲျဖစ္လုိ႔ေနပါတယ္။ ခပ္ေခ်ာေခ်ာသူေဌးသားေလးနဲ႔ အတြင္းေရးမွဴးေခ်ာေခ်ာေလး၊ ျပီးေတာ႔ ဇာတ္လမ္းတည္ေဆာက္ပံုကလည္း မဆုိးဘူးလုိ႔ဆုိရမွာပါ။ ဒီဇာတ္လမ္းတြဲကို၂၀၁၈ ဇြန္လ ၆ ရက္ေန႔မွာ tvN ကစတင္ထုတ္လႊင္႔ျပသခဲ႔ျပီး အပိုင္း ၁၆ ပိုင္းရွိမွာျဖစ္ပါတယ္။ အခုအပိုင္း ၈ အထိျပီးသြားျပီဆုိေတာ႔ ဇာတ္လမ္းကလည္းအရင္ထက္ပိုဆြဲေဆာင္မႈေကာင္းလာျပီလုိ႔ဆုိရမွာပါ။

ဒီကားက ၂၀၁၈ အတြက္ Hot အျဖစ္ဆံုးဇာတ္လမ္းတြဲေတြထဲမွာပါဝင္ေနပါတယ္။ ဒီဇာတ္လမ္းတြဲမွာဒုဥကၠဥအျဖစ္သရုပ္ေဆာင္တဲ႔ Park Seo Joon ကေတာ႔ Fight My Way ၊ She was Pretty ၊ Kill Me Heal Me စတဲ႔ဇာတ္လမ္းတြဲေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ႔သူပါ။

Park-Seo-Joon

Park-Seo-Joon

What’s Wrong with Secretary Kim နဲ႔ပတ္သက္တဲ႔ထူးျခားခ်က္ေလးေတြကိုမွ်ေဝရမယ္ဆုိရင္ေတာ႔ ဒီဇာတ္လမ္းထဲမွာပါတဲ႔ Park Seo Joon ေရာ Im Tae Hwan ေရာႏွစ္ေယာက္လံုးက Park Min Young ရဲ႕ Fan ေတြပါ။ နာမည္ၾကီးမင္းသမီးျဖစ္တဲ႔ Park Min Young နဲ႔တြဲရိုက္ခြင္႔ရတာက Park Seo Joon အတြက္ေတာ႔ ကံေကာင္းတဲ႔အလွည႔္အေျပာင္းတစ္ခုလုိ႔ဆုိႏိုင္ပါတယ္။ Park Min Young ကေတာ႔ သူ႔ကိုက်ရာဇာတ္ရုပ္ကိုပီျပင္ေအာင္သရုပ္ေဆာင္ႏိုင္တဲ႔အရည္အခ်င္းရွိတဲ႔ မင္းသားတစ္လက္ရယ္လုိ႔ခ်ီးက်ဴးခဲ႔ပါေသးတယ္။

She-was-pretty-ထဲက-Park-Seo-Joon

She-was-pretty-ထဲက-Park-Seo-Joon

ဒီဇာတ္လမ္းတြဲက ထူးျခားတယ္လုိ႔ဆုိရမလားပဲ ျမန္မာျပည္မွာဇာတ္ကားကန္ေတာ႔ပြဲေပးသလုိပဲ သူတုိ႔က Good Luck Ceremony ကိုက်င္းပခဲ႔ၾကတာေတြ႔ရပါေသးတယ္။ Park Min Young အတြက္ေတာ႔ ဒီကားကပထဆံုးေသာ Romantic Comedy အမ်ိဳးအစားျဖစ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကေတာ႔ Park Seo Joon ကိုဒီ Character နဲ႔မလုိက္ဖက္ဘူးလို႔ဆိုထားပါတယ္။ ဒီဇာတ္လမ္းတြဲက Original Webtoon တစ္ခုရွိတာမုိ႔ ဒီ Webtoon အတိုင္းလိုက္မီႏိုင္ဖုိ႔ ေတာ္ေတာ္ေလးၾကိဳးစားယူခဲ႔ၾကရပါတယ္။

why-secretary-kim-meeting

why-secretary-kim-meeting

ဒီထဲက ေကာင္မေလးေတြ သေဘာက်တဲ႔အဓိကေခါင္းေဆာင္မင္းသား Park Seo Joon အေၾကာင္းဆုိရင္ေတာ႔ဒီအခ်က္ေလးေတြကို သိထားသင္႔တာပဲေပါ႔။

၁) သူ႔ေမြးေန႔က ၁၉၈၈ ခုနစ္၊ ဒီဇင္ဘာ ၁၆ ရက္ေန႔မို႔အခုအသက္ ၃၀ ရွိပါျပီ။ သူ႔ရဲ႕ ပိန္ေသးေသး ငယ္ငယ္ရြယ္ရြယ္ပံုေလးကိုၾကည္႔ခ်င္ရင္ ၂၀၁၁ ခုနစ္ကထြက္ရွိခဲ႔တဲ႔ Bang Yong Guk’s ရဲ႕သီခ်င္း “I Remember” ထဲမွာ ၾကည္႔ႏိုင္ပါတယ္။

၂) သူကေမာင္ႏွမ ၃ ေယာက္မွာအၾကီးဆံုးျဖစ္ျပီး ညီတစ္ေယာက္ ညီမတစ္ေယာက္ရွိပါတယ္။ သူကဆုိးလ္ျမိဳ႕မွာတစ္ကိုယ္တည္းသီးသန္႔ေနထိုင္ေပမယ္႔ ညီကေမြးထားတဲ႔သမီးေလး သူ႔တူမေလးကိုေတာ႔သူကအရမ္းခ်စ္တယ္လုိ႔ဆုိပါတယ္။ တူမေလးကလည္း သူ႔ကိုတီဗီေပၚမွာျမင္ရရင္ လက္ညွိဳးထုိးျပီးျပေလ႔ရွိတယ္တဲ႔။

၃) သူကေမာ္ဒယ္လ္ဘဝကလာတာမို႔ အဝတ္အစားဝတ္တာအျမဲစမတ္က်ပါတယ္။ Park Seo Joon ရဲ႕ေမာ္ဒယ္လ္သမိုင္းမွာမွတ္မွတ္ရရျဖစ္ေနတာကေတာ႔ LA မွာက်င္းပတဲ႔ Tommy Hilfiger Show ကို သြားေလွ်ာက္ရတဲ႔ပထမဆံုးေသာ အာရွေမာ္ဒယ္လ္ျဖစ္ခဲ႔ျခင္းပါပဲ။ ၆ ေပရွည္တဲ႔ သူ႔အရပ္နဲ႔စတိုင္လ္က်ေအာင္ ဝတ္စားတတ္သူဆုိေတာ႔ Instagram မွာသူ႔ဝတ္ပံုစားပံုကိုေစာင္႔ၾကည္႔တဲ႔ Follower ေတြမနည္းမေနာပါ။ သူကေတာ႔သူ႔ကိုယ္သူ ေခ်ာတယ္လို႔လံုးဝလံုးဝမထင္ပါဘူးတဲ႔။

at-TommyLand-show

at-TommyLand-show

၄) သူကေပါင္းတတ္သင္းတတ္တာမုိ႔ သူငယ္ခ်င္းမိတ္ေဆြေတြအမ်ားၾကီးရွိေပမယ္႔ She Was Pretty မွာတြဲဖက္ခြင္႔ရတဲ႔ Choi Siwon နဲ႔ေတာ႔ပိုခင္မင္ရင္းႏွီးတယ္လုိ႔ဆုိပါတယ္။

(၅) သူ႔ရဲ႕ အခ်စ္ေရးကလည္း ခဏခဏစိတ္ဝင္စားဖြယ္ရာျဖစ္လာတတ္ပါတယ္။ “Gold, Appear!” ဇာတ္ကားမွာအတူသရုပ္ေဆာင္တဲ႔တြဲဖက္မင္းသမီး Baek Jin Hee နဲ႔ခ်စ္သူေတြျဖစ္ေနၾကတယ္လို႔လည္း သတင္းထြက္ဖူးပါတယ္။ ဘာေၾကာင္႔လဲဆုိရင္ Baek Jin Hee အိမ္နားကို သူကအိမ္ေျပာင္းလုိက္ျပီး ဂ်ာကင္ကိုလည္းဆင္တူဝတ္ၾကတာေၾကာင္႔ျဖစ္ပါတယ္။ ဒါေပမဲ႔ Park Seo Joon ကေတာ႔ အိမ္ေျပာင္းတာဟာ အရင္အိမ္ေဟာင္းက ကားပါကင္ခက္ခဲလုိ႔ျဖစ္ေၾကာင္းနဲ႔ ဂ်ာကင္တူေနတာက စပြန္ဆာေပးတဲ႔ဂ်ာကင္ေတြကိုဝတ္ထားတာေၾကာင္႔ပါလုိ႔ ေျဖရွင္းခဲ႔တာမို႔ သူတုိ႔ႏွစ္ေယာက္ရဲ႕ေကာလာဟလကသိပ္မၾကာလုိက္ပါဘူး။ ေနာက္တစ္ေယာက္ကေတာ႔ SISTAR အဖြဲ႔က Hyorin နဲ႔ၾကိဳက္ေနတယ္လုိ႔ သတင္းထြက္ခဲ႔ပါေသးတယ္။ ဒါေပမဲ႔ သူငယ္ခ်င္းပါပဲလုိ႔ သူကအခိုင္အမာျငင္းဆုိခဲ႔တာမုိ႔ လက္ရွိအခ်ိန္ထိေတာ႔ သူက Official လူပ်ိဳၾကီးပါပဲ။

poster

poster

သူက First Impressions ကိုအရမ္းအရမ္းကိုအေလးထားတာမုိ႔ သူၾကိဳက္မယ္႔ေကာင္မေလးဟာသူ႔နည္းတူ ဖက္ရွင္က်က် စတုိင္လ္မိုက္မိုက္ေလးျဖစ္ဖုိ႔ေတာ႔လုိပါတယ္တဲ႔ေနာ္။

ခ်င္းဂူေလး(Akhayar)

www.akhayar.com

[Unicode]

What’s Wrong with Secretary Kim ထဲကဒုဥက္ကဌလေး Park Seo Joon

What’s Wrong with Secretary Kim က လက်ရှိမှာတော့ကိုရီးယားကပရိသတ်တွေရော မြန်မာနိုင်ငံကပရိသတ်တွေပါသဘောကျတဲ့ ဇာတ်လမ်းတွဲဖြစ်လို့နေပါတယ်။ ခပ်ချောချောသူဌေးသားလေးနဲ့ အတွင်းရေးမှူးချောချောလေး၊ ပြီးတော့ ဇာတ်လမ်းတည်ဆောက်ပုံကလည်း မဆိုးဘူးလို့ဆိုရမှာပါ။ ဒီဇာတ်လမ်းတွဲကို၂၀၁၈ ဇွန်လ ၆ ရက်နေ့မှာ tvN ကစတင်ထုတ်လွှင့်ပြသခဲ့ပြီး အပိုင်း ၁၆ ပိုင်းရှိမှာဖြစ်ပါတယ်။ အခုအပိုင်း ၈ အထိပြီးသွားပြီဆိုတော့ ဇာတ်လမ်းကလည်းအရင်ထက်ပိုဆွဲဆောင်မှုကောင်းလာပြီလို့ဆိုရမှာပါ။

ဒီကားက ၂၀၁၈ အတွက် Hot အဖြစ်ဆုံးဇာတ်လမ်းတွဲတွေထဲမှာပါဝင်နေပါတယ်။ ဒီဇာတ်လမ်းတွဲမှာဒုဥက္ကဥအဖြစ်သရုပ်ဆောင်တဲ့ Park Seo Joon ကတော့ Fight My Way ၊ She was Pretty ၊ Kill Me Heal Me စတဲ့ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။

Park-Seo-Joon

Park-Seo-Joon

What’s Wrong with Secretary Kim နဲ့ပတ်သက်တဲ့ထူးခြားချက်လေးတွေကိုမျှဝေရမယ်ဆိုရင်တော့ ဒီဇာတ်လမ်းထဲမှာပါတဲ့ Park Seo Joon ရော Im Tae Hwan ရောနှစ်ယောက်လုံးက Park Min Young ရဲ့ Fan တွေပါ။ နာမည်ကြီးမင်းသမီးဖြစ်တဲ့ Park Min Young နဲ့တွဲရိုက်ခွင့်ရတာက Park Seo Joon အတွက်တော့ ကံကောင်းတဲ့အလှည့်အပြောင်းတစ်ခုလို့ဆိုနိုင်ပါတယ်။ Park Min Young ကတော့ သူ့ကိုကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အရည်အချင်းရှိတဲ့ မင်းသားတစ်လက်ရယ်လို့ချီးကျူးခဲ့ပါသေးတယ်။

She-was-pretty-ထဲက-Park-Seo-Joon

She-was-pretty-ထဲက-Park-Seo-Joon

ဒီဇာတ်လမ်းတွဲက ထူးခြားတယ်လို့ဆိုရမလားပဲ မြန်မာပြည်မှာဇာတ်ကားကန်တော့ပွဲပေးသလိုပဲ သူတို့က Good Luck Ceremony ကိုကျင်းပခဲ့ကြတာတွေ့ရပါသေးတယ်။ Park Min Young အတွက်တော့ ဒီကားကပထဆုံးသော Romantic Comedy အမျိုးအစားဖြစ်ပါတယ်။ လူတော်တော်များများကတော့ Park Seo Joon ကိုဒီ Character နဲ့မလိုက်ဖက်ဘူးလို့ဆိုထားပါတယ်။ ဒီဇာတ်လမ်းတွဲက Original Webtoon တစ်ခုရှိတာမို့ ဒီ Webtoon အတိုင်းလိုက်မီနိုင်ဖို့ တော်တော်လေးကြိုးစားယူခဲ့ကြရပါတယ်။

why-secretary-kim-meeting

why-secretary-kim-meeting

ဒီထဲက ကောင်မလေးတွေ သဘောကျတဲ့အဓိကခေါင်းဆောင်မင်းသား Park Seo Joon အကြောင်းဆိုရင်တော့ဒီအချက်လေးတွေကို သိထားသင့်တာပဲပေါ့။

၁) သူ့မွေးနေ့က ၁၉၈၈ ခုနစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့မို့အခုအသက် ၃၀ ရှိပါပြီ။ သူ့ရဲ့ ပိန်သေးသေး ငယ်ငယ်ရွယ်ရွယ်ပုံလေးကိုကြည့်ချင်ရင် ၂၀၁၁ ခုနစ်ကထွက်ရှိခဲ့တဲ့ Bang Yong Guk’s ရဲ့သီချင်း “I Remember” ထဲမှာ ကြည့်နိုင်ပါတယ်။

၂) သူကမောင်နှမ ၃ ယောက်မှာအကြီးဆုံးဖြစ်ပြီး ညီတစ်ယောက် ညီမတစ်ယောက်ရှိပါတယ်။ သူကဆိုးလ်မြို့မှာတစ်ကိုယ်တည်းသီးသန့်နေထိုင်ပေမယ့် ညီကမွေးထားတဲ့သမီးလေး သူ့တူမလေးကိုတော့သူကအရမ်းချစ်တယ်လို့ဆိုပါတယ်။ တူမလေးကလည်း သူ့ကိုတီဗီပေါ်မှာမြင်ရရင် လက်ညှိုးထိုးပြီးပြလေ့ရှိတယ်တဲ့။

၃) သူကမော်ဒယ်လ်ဘဝကလာတာမို့ အဝတ်အစားဝတ်တာအမြဲစမတ်ကျပါတယ်။ Park Seo Joon ရဲ့မော်ဒယ်လ်သမိုင်းမှာမှတ်မှတ်ရရဖြစ်နေတာကတော့ LA မှာကျင်းပတဲ့ Tommy Hilfiger Show ကို သွားလျှောက်ရတဲ့ပထမဆုံးသော အာရှမော်ဒယ်လ်ဖြစ်ခဲ့ခြင်းပါပဲ။ ၆ ပေရှည်တဲ့ သူ့အရပ်နဲ့စတိုင်လ်ကျအောင် ဝတ်စားတတ်သူဆိုတော့ Instagram မှာသူ့ဝတ်ပုံစားပုံကိုစောင့်ကြည့်တဲ့ Follower တွေမနည်းမနောပါ။ သူကတော့သူ့ကိုယ်သူ ချောတယ်လို့လုံးဝလုံးဝမထင်ပါဘူးတဲ့။

at-TommyLand-show

at-TommyLand-show

၄) သူကပေါင်းတတ်သင်းတတ်တာမို့ သူငယ်ချင်းမိတ်ဆွေတွေအများကြီးရှိပေမယ့် She Was Pretty မှာတွဲဖက်ခွင့်ရတဲ့ Choi Siwon နဲ့တော့ပိုခင်မင်ရင်းနှီးတယ်လို့ဆိုပါတယ်။

(၅) သူ့ရဲ့ အချစ်ရေးကလည်း ခဏခဏစိတ်ဝင်စားဖွယ်ရာဖြစ်လာတတ်ပါတယ်။ “Gold, Appear!” ဇာတ်ကားမှာအတူသရုပ်ဆောင်တဲ့တွဲဖက်မင်းသမီး Baek Jin Hee နဲ့ချစ်သူတွေဖြစ်နေကြတယ်လို့လည်း သတင်းထွက်ဖူးပါတယ်။ ဘာကြောင့်လဲဆိုရင် Baek Jin Hee အိမ်နားကို သူကအိမ်ပြောင်းလိုက်ပြီး ဂျာကင်ကိုလည်းဆင်တူဝတ်ကြတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ Park Seo Joon ကတော့ အိမ်ပြောင်းတာဟာ အရင်အိမ်ဟောင်းက ကားပါကင်ခက်ခဲလို့ဖြစ်ကြောင်းနဲ့ ဂျာကင်တူနေတာက စပွန်ဆာပေးတဲ့ဂျာကင်တွေကိုဝတ်ထားတာကြောင့်ပါလို့ ဖြေရှင်းခဲ့တာမို့ သူတို့နှစ်ယောက်ရဲ့ကောလာဟလကသိပ်မကြာလိုက်ပါဘူး။ နောက်တစ်ယောက်ကတော့ SISTAR အဖွဲ့က Hyorin နဲ့ကြိုက်နေတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူငယ်ချင်းပါပဲလို့ သူကအခိုင်အမာငြင်းဆိုခဲ့တာမို့ လက်ရှိအချိန်ထိတော့ သူက Official လူပျိုကြီးပါပဲ။

poster

poster

သူက First Impressions ကိုအရမ်းအရမ်းကိုအလေးထားတာမို့ သူကြိုက်မယ့်ကောင်မလေးဟာသူ့နည်းတူ ဖက်ရှင်ကျကျ စတိုင်လ်မိုက်မိုက်လေးဖြစ်ဖို့တော့လိုပါတယ်တဲ့နော်။

ချင်းဂူလေး(Akhayar)

www.akhayar.com