[ZawGyi]

ႏွင္းဆီအၾကိဳက္နဲ႔ သူေလးစရိုက္

ႏွင္းဆီပန္းဆိုတာ အခ်စ္ရဲ႕ သေကၤတတစ္ခုပါ။ ကိုယ္သေဘာက်တဲ့သူကို ခ်စ္ခြင့္ပန္တဲ့အခါ ႏွင္းဆီပန္္းေလးနဲ႔ ခ်စ္ခြင့္ေပးၾကပါတယ္။ ႏွစ္ပတ္လည္ဆင္ႏႊဲတဲ့အခါမွာလည္း ႏွင္းဆီပန္းေတြ ေဝေဝဆာဆာနဲ႔ က်င္းပၾကပါတယ္။ ဒါေပမယ့္ ႏွင္းဆီပန္းမွာ အနီေရာင္အျပင္အျခားေသာ အေရာင္ေလးေတြရွိပါေသးတယ္။ ႏွင္းဆီပန္း တစ္ေရာင္နဲ႔ တစ္ေရာင္ရဲ႕ အဓိပၸါယ္ေတြဟာ ကြဲျပားၾကပါတယ္။

ႏွင္းဆီအနီေရာင္

ႏွင္းဆီအနီေရာင္က အခ်စ္ရဲ႕ သေကၤတတစ္ခုပါ။ ကိုယ္ သေဘာက်တဲ့ေကာင္မေလးတစ္ေယာက္ကို ခ်စ္ခြင့္ပန္တဲ့အခါမွာ ေပးဖို႔ အသင့္ေတာ္ဆံုးပါပဲ။ ဒါ့အျပင္ Congratulation လုပ္ခ်င္တဲ့အခါမွာလည္း ေပးသင့္ပါတယ္။ ဒါေပမဲ႔ ႏွင္းဆီအနီရဲရဲၾကိဳက္တဲ႔သူေတြဟာ သံသယမ်ားတတ္သူ အခ်စ္ကိုလြယ္လြယ္နဲ႔မယံုတတ္သူေတြျဖစ္ပါသတဲ႔။ အေပါင္းအသင္းေတြနဲ႔သြားလာေပ်ာ္ပါးရမွာထက္ တစ္ကိုယ္တည္းေအးေအးေဆးေဆးေနတတ္သူေတြ ျဖစ္ၾကပါတယ္။

ႏွင္းဆီ အျဖဴေရာင္

ျဖဴစင္တဲ့ေမတၱာကို ေပးခ်င္ပါတယ္။ သူ႔အေပၚ ျဖဴစင္တဲ့ သံေယာဇဥ္ရွိပါတယ္ဆိုတာကို ျပသပါတယ္။ ကိုယ့္သူငယ္ခ်င္းကို ေပးတဲ့အခါ ကိုယ့္အသိမိတ္ေဆြကို ေပးတဲ့အခါမွာလည္း ေပးလို႔သင့္ေတာ္ပါတယ္။ ႏွင္းဆီပန္းအျဖဴေရာင္ၾကိဳက္တဲ႔သူေတြက စိတ္ကူးယဥ္ဆန္တယ္။ အခ်စ္ေမတၱာေတြကို ေမွ်ာ္လင္႔ေတာင္႔တတ္သူျဖစ္ပါတယ္။ မဂၤလာပြဲနဲ႔ပတ္သက္ျပီးေတာ႔လည္း စိတ္ကူးေမ်ွာ္လင္႔ခ်က္ေတြသိပ္မ်ားတဲ႔သူမ်ိဳးပါ။

ႏွင္းဆီ ပန္းေရာင္

ႏူးညံ့တဲ့ မိန္းကေလးတစ္ေယာက္အတြက္ ေႏြးေထြးမႈကို ေပးလိုတယ္လို႔ အဓိပၸါယ္သက္ေရာက္ပါတယ္။ ဒါေၾကာင့္ ကိုယ့္သူငယ္ခ်င္းမိန္းကေလးအခ်င္းခ်င္း ေမြးေန႔လက္ေဆာင္ပန္းစည္းအျဖစ္ေပးလို႔ရပါတယ္။ ႏွင္းဆီပန္း ပန္းေရာင္သေဘာက်တဲ႔သူေတြက ေယဘုယ်အားျဖင္႔ မိန္းကေလးဆန္ျပီး စိတ္သေဘာထားႏူးည႔ံသူေတြျဖစ္ၾကပါတယ္။

ႏွင္းဆီ အဝါေရာင္

ခရီးႏွင္သူျပန္ေရာက္တဲ့အခါ ၾကိဳဆိုပါတယ္ဆိုတဲ့ အဓိပၸါယ္သက္ေရာက္ပါတယ္။ သူ႔အေပၚ ဂရုစိုက္တာကို သိပါေစဆိုတဲ့ အဓိပၸါယ္သက္ေရာက္ပါတယ္။ ေပ်ာ္ရႊင္ေစခ်င္တယ္ ကိုယ့္ရဲ႕ ေမတၱာကိုလည္း ေဖာ္ျပေပးပါေသးတယ္။ ႏွင္းဆီပန္း အဝါေရာင္ၾကိဳက္သူေတြဟာ အေကာင္းျမင္စိတ္ရွိျပီး တစ္ပါးသူေတြကိုခြန္အားေပးႏိုင္စြမ္းရွိသူေတြျဖစ္ပါတယ္။ တစ္ပါးသူအတြက္ ေတြးေပးတတ္ ျမင္ေပးတတ္ ဂရုစိုက္တတ္သူေတြလည္းျဖစ္ပါတယ္။

ႏွင္းဆီ ပုစြန္ဆီေရာင္

ခ်စ္တယ္ဆိုတာထက္ နက္ရိႈင္းတဲ့ ခံစားခ်က္ကို ကိုယ္စားျပဳပါတယ္။ တစ္သက္တာ အခ်စ္နဲ႔ ခ်စ္တယ္လို႔လည္း အဓိပၸါယ္ရပါေသးတယ္။ ကုိယ့္အသက္ထက္ခ်စ္တဲ့သူရွိေနရင္ ေပးလိုက္ပါေနာ္။ အဲဒီအခါက်ရင္ သူနားလည္သြားပါလိမ့္မယ္။ ပုစြန္ဆီေရာင္ႏွင္းဆီပန္းၾကိဳက္သူေတြက စိတ္ကူးစိတ္သန္းေကာင္းေတြပိုင္ဆိုင္ထားေလ႔ရွိပါတယ္။ သူ႔ရဲ႕အေတြးေတြက သူမ်ားနဲ႔မတူဘဲ ခြဲထြက္ေနတတ္ေလ႔ရွိပါတယ္။

ႏွင္းဆီ အစိမး္ႏုေရာင္

ဒီအေရာင္ေလးကေတာ့ ရွားေပမယ့္ ရွိပါတယ္။ သူကေတာ့ အျမဲတမ္းေဘးမွာ အားေပးေနမွာပါ။ အျမဲတမ္းအသင့္ရွိပါတယ္လို႔ အဓိပၸါယ္ရပါတယ္။ ကိုယ့္ခ်စ္သူက အားငယ္ေနတဲ့အခါေပးဖို႔ သင့္ေတာ္ပါတယ္။ အစိမ္းႏုေရာင္ၾကိဳက္သူေတြက ေပါ႔ပါးေပ်ာ္ရႊင္တတ္သူမ်ိဳးျဖစ္ျပီး စိတ္ရွင္းရွင္းထားတတ္သူမ်ိဳးလုိ႔ ေယဘုယ်ခန္႔မွန္းႏိုင္ပါတယ္။

ႏွင္းဆီပန္းအေရာင္ေတြမွာ အဓိပၸါယ္အမ်ိဳးမ်ိဳးရွိၾကတာမုိ႔ ေရာ႔ အင္႔ ႏွင္းဆီပန္းစည္းေလ ဆိုျပီးေပးလိုက္တာထက္ သူ႔အဓိပၸါယ္နဲ႔သူေသေသခ်ာခ်ာေလးေရြးခ်ယ္ျပီးလက္ေဆာင္ေပးတာက ပိုျပီးေလးနက္ပါလိမ္႔မယ္ေနာ္။

Redrose(Akhayar)

www.akhayar.com

[Unicode]

နှင်းဆီအကြိုက်နဲ့ သူလေးစရိုက်

နှင်းဆီပန်းဆိုတာ အချစ်ရဲ့ သင်္ကေတတစ်ခုပါ။ ကိုယ်သဘောကျတဲ့သူကို ချစ်ခွင့်ပန်တဲ့အခါ နှင်းဆီပန်းလေးနဲ့ ချစ်ခွင့်ပေးကြပါတယ်။ နှစ်ပတ်လည်ဆင်နွှဲတဲ့အခါမှာလည်း နှင်းဆီပန်းတွေ ဝေဝေဆာဆာနဲ့ ကျင်းပကြပါတယ်။ ဒါပေမယ့် နှင်းဆီပန်းမှာ အနီရောင်အပြင်အခြားသော အရောင်လေးတွေရှိပါသေးတယ်။ နှင်းဆီပန်း တစ်ရောင်နဲ့ တစ်ရောင်ရဲ့ အဓိပ္ပါယ်တွေဟာ ကွဲပြားကြပါတယ်။

နှင်းဆီအနီရောင်

နှင်းဆီအနီရောင်က အချစ်ရဲ့ သင်္ကေတတစ်ခုပါ။ ကိုယ် သဘောကျတဲ့ကောင်မလေးတစ်ယောက်ကို ချစ်ခွင့်ပန်တဲ့အခါမှာ ပေးဖို့ အသင့်တော်ဆုံးပါပဲ။ ဒါ့အပြင် Congratulation လုပ်ချင်တဲ့အခါမှာလည်း ပေးသင့်ပါတယ်။ ဒါပေမဲ့ နှင်းဆီအနီရဲရဲကြိုက်တဲ့သူတွေဟာ သံသယများတတ်သူ အချစ်ကိုလွယ်လွယ်နဲ့မယုံတတ်သူတွေဖြစ်ပါသတဲ့။ အပေါင်းအသင်းတွေနဲ့သွားလာပျော်ပါးရမှာထက် တစ်ကိုယ်တည်းအေးအေးဆေးဆေးနေတတ်သူတွေ ဖြစ်ကြပါတယ်။

နှင်းဆီ အဖြူရောင်

ဖြူစင်တဲ့မေတ္တာကို ပေးချင်ပါတယ်။ သူ့အပေါ် ဖြူစင်တဲ့ သံယောဇဉ်ရှိပါတယ်ဆိုတာကို ပြသပါတယ်။ ကိုယ့်သူငယ်ချင်းကို ပေးတဲ့အခါ ကိုယ့်အသိမိတ်ဆွေကို ပေးတဲ့အခါမှာလည်း ပေးလို့သင့်တော်ပါတယ်။ နှင်းဆီပန်းအဖြူရောင်ကြိုက်တဲ့သူတွေက စိတ်ကူးယဉ်ဆန်တယ်။ အချစ်မေတ္တာတွေကို မျှော်လင့်တောင့်တတ်သူဖြစ်ပါတယ်။ မင်္ဂလာပွဲနဲ့ပတ်သက်ပြီးတော့လည်း စိတ်ကူးမျှော်လင့်ချက်တွေသိပ်များတဲ့သူမျိုးပါ။

နှင်းဆီ ပန်းရောင်

နူးညံ့တဲ့ မိန်းကလေးတစ်ယောက်အတွက် နွေးထွေးမှုကို ပေးလိုတယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဒါကြောင့် ကိုယ့်သူငယ်ချင်းမိန်းကလေးအချင်းချင်း မွေးနေ့လက်ဆောင်ပန်းစည်းအဖြစ်ပေးလို့ရပါတယ်။ နှင်းဆီပန်း ပန်းရောင်သဘောကျတဲ့သူတွေက ယေဘုယျအားဖြင့် မိန်းကလေးဆန်ပြီး စိတ်သဘောထားနူးညံ့သူတွေဖြစ်ကြပါတယ်။

နှင်းဆီ အဝါရောင်

ခရီးနှင်သူပြန်ရောက်တဲ့အခါ ကြိုဆိုပါတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ သူ့အပေါ် ဂရုစိုက်တာကို သိပါစေဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ပျော်ရွှင်စေချင်တယ် ကိုယ့်ရဲ့ မေတ္တာကိုလည်း ဖော်ပြပေးပါသေးတယ်။ နှင်းဆီပန်း အဝါရောင်ကြိုက်သူတွေဟာ အကောင်းမြင်စိတ်ရှိပြီး တစ်ပါးသူတွေကိုခွန်အားပေးနိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ တစ်ပါးသူအတွက် တွေးပေးတတ် မြင်ပေးတတ် ဂရုစိုက်တတ်သူတွေလည်းဖြစ်ပါတယ်။

နှင်းဆီ ပုစွန်ဆီရောင်

ချစ်တယ်ဆိုတာထက် နက်ရှိုင်းတဲ့ ခံစားချက်ကို ကိုယ်စားပြုပါတယ်။ တစ်သက်တာ အချစ်နဲ့ ချစ်တယ်လို့လည်း အဓိပ္ပါယ်ရပါသေးတယ်။ ကိုယ့်အသက်ထက်ချစ်တဲ့သူရှိနေရင် ပေးလိုက်ပါနော်။ အဲဒီအခါကျရင် သူနားလည်သွားပါလိမ့်မယ်။ ပုစွန်ဆီရောင်နှင်းဆီပန်းကြိုက်သူတွေက စိတ်ကူးစိတ်သန်းကောင်းတွေပိုင်ဆိုင်ထားလေ့ရှိပါတယ်။ သူ့ရဲ့အတွေးတွေက သူများနဲ့မတူဘဲ ခွဲထွက်နေတတ်လေ့ရှိပါတယ်။

နှင်းဆီ အစိမ်းနုရောင်

ဒီအရောင်လေးကတော့ ရှားပေမယ့် ရှိပါတယ်။ သူကတော့ အမြဲတမ်းဘေးမှာ အားပေးနေမှာပါ။ အမြဲတမ်းအသင့်ရှိပါတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ့်ချစ်သူက အားငယ်နေတဲ့အခါပေးဖို့ သင့်တော်ပါတယ်။ အစိမ်းနုရောင်ကြိုက်သူတွေက ပေါ့ပါးပျော်ရွှင်တတ်သူမျိုးဖြစ်ပြီး စိတ်ရှင်းရှင်းထားတတ်သူမျိုးလို့ ယေဘုယျခန့်မှန်းနိုင်ပါတယ်။

နှင်းဆီပန်းအရောင်တွေမှာ အဓိပ္ပါယ်အမျိုးမျိုးရှိကြတာမို့ ရော့ အင့် နှင်းဆီပန်းစည်းလေ ဆိုပြီးပေးလိုက်တာထက် သူ့အဓိပ္ပါယ်နဲ့သူသေသေချာချာလေးရွေးချယ်ပြီးလက်ဆောင်ပေးတာက ပိုပြီးလေးနက်ပါလိမ့်မယ်နော်။

Redrose(Akhayar)

www.akhayar.com