[Zawgyi]

ကိုယ့္မ်က္လံုးပံုစံကေျပာျပမယ့္ ကိုယ့္ရဲ႕စိတ္ေနစိတ္ထား

မ်က္လံုးေတြဆိုတာက ႏွလံုးသားရဲ႕တံခါးေပါက္လို႔ ဆို႐ိုးရွိၾကတယ္မလား။ ခ်စ္ျခင္းအစ အၾကည့္တစ္ခ်က္က ဆိုတာလည္း တစ္ဖက္က ၾကည့္ျပန္ရင္ ဟုတ္ေနျပန္ေရာေလ။ တကယ္ေတာ့ လူတစ္ေယာက္ရဲ႕ စိတ္ကိုအကဲခတ္ဖို႔ရာ မ်က္လံုးေတြက ပဓာနပါပဲ။

လူေတြမွာလည္း လူအမ်ိဳးမ်ိဳး စိတ္အေထြေထြရွိၾကတဲ့အထဲ လူတစ္ေယာက္ရဲ႕ စိတ္ဓါတ္၊ အျပဳအမူ၊ အက်င့္ေတြနဲ႔ ေျပာဆိုေနထိုင္မႈေတြဟာလည္း မ်က္လံုးပံုစံေတြကို ၾကည့္ၿပီး အကဲခတ္လို႔ရပါတယ္လို႔ ပညာရွင္ေတြကဆိုခဲ့ပါတယ္။ SocialMettle ဆိုတဲ့ Website တစ္ခုကေတာ့ ကိုယ့္မ်က္လံုးေတြကေနတဆင့္ ကိုယ္ဟာဘယ္လိုလူမ်ိဳးလဲဆိုတာ ေလ့လာၾကည့္လို႔ရပါတယ္တဲ့။ အဲ့ဒါမို႔ ဘယ္လိုမ်က္လံုးပိုင္ရွင္ေတြက ဘယ္လိုအမူအက်င့္ေတြပိုင္ဆိုင္ထားလဲဆိုတာ တစ္ခ်က္ေလာက္ေလ့လာၾကည့္လိုက္ရေအာင္။

မ်က္လံုးအရြယ္အစား

ပထမဆံုး ကိုယ့္မ်က္လံုးအရြယ္အစားကို ေသခ်ာသိဖို႔လိုအပ္ပါတယ္။ ကိုယ့္မ်က္လံုးေတြဟာ မိတ္ကပ္မလိမ္းထားတဲ့အေျခအေနမ်ိဳးမွာေတာင္မွ မ်က္ႏွာေပၚမွာ သိသိသာသာျမင္သာ ထင္ရွားေနတာမ်ိဳးဆို မ်က္လံုးအရြယ္အစားႀကီးတယ္လို႔ ေယဘုယ်သတ္မွတ္ႏိုင္ပါတယ္။

(၁) ႀကီးမားတဲ့မ်က္ဝန္း

ပံုထဲကလို မ်က္လံုးအိမ္ႀကီးမားတဲ့မ်က္ဝန္းပိုင္ရွင္ေတြကေတာ့ ပြင့္ပြင့္လင္းလင္းေျပာဆိုဆက္ဆံတတ္သူေတြပါ။ အၿမဲတမ္း သတိကိုလက္ကိုင္ထားၿပီး စိတ္ခံစားခ်က္အစြဲအလန္းျပင္းထန္သူေတြပါ။ ေႏြးေထြးတတ္သူေတြျဖစ္ၿပီး တီထြင္ဖန္တီးႏိုင္စိတ္လည္း ရွိၾကပါတယ္။ အယံုလြယ္သူေတြျဖစ္တာမို႔ ပတ္ဝန္းက်င္က ကိုယ့္ ယံုၾကည္မႈအေပၚ လိမ္လည္လွည့္ျဖားသြားဖို႔ေတာ့ သတိထားရမွာပါ။

(၂) ေသးငယ္တဲ့မ်က္ဝန္း

မ်က္လံုးအိမ္ေသးငယ္တဲ့သူေတြကေတာ့ အရာရာကို အာရံုစိုက္ႏိုင္ၿပီး တိက်သူေတြျဖစ္ပါတယ္။ ဉာဏ္ရည္ထက္ျမက္တဲ့အျပင္ အျမင္က်ယ္ၾကၿပီးေတာ့ စိတ္ထဲကဆံုးျဖတ္ခ်က္ခ်သမွ်ကိုလည္း အတိအက်လုပ္ေဆာင္တတ္သူေတြပါ။ လူတိုင္းကို သတိထားဆက္ဆံတတ္သူမို႔ လူေတြရဲ႕အျမင္မွာ ေသြးေအးၿပီး မာနႀကီးတယ္လို႔ အထင္ခံရႏိုင္သူေတြပါ။

မ်က္လံုးသြင္ျပင္

မ်က္လံုးသြင္ျပင္ကိုသိဖို႔ကလည္း လြယ္ပါတယ္။ ကိုယ့္လံုး မ်က္လံုးအလယ္တည့္တည့္ကေန ေထာင့္ေတြကို ဘယ္လိုေကြးၫြတ္သြားလဲဆိုတာ ေသခ်ာသိရင္ ဘယ္လိုပံုပန္းသြင္ျပင္လဲဆိုတာ အတည္ျပဳႏိုင္ပါၿပီ။

(၁) Almond ေစ့ပံုစံသြင္ျပင္

Almond ေစ့ပံုစံမ်က္ဝန္းေတြဆိုတာ သူတို႔ရဲ႕ ထူးျခားတဲ့စိတ္ေနစိတ္ထားနဲ႔ ထိုးထြင္းဉာဏ္ေၾကာင့္ လူသိမ်ားၾကပါတယ္။ အာရံုစူးစိုက္တတ္ၿပီး သတိႀကီးတဲ့သူေတြပါ။ ရႈပ္ေထြးတဲ့အေျခအေနအမ်ိဳးမ်ိဳးမွာေတာင္မွ တည္တည္ၿငိမ္ၿငိမ္ေျဖရွင္းႏိုင္သူေတြပါ။ ဒါေပမယ့္သာမန္လူေတြနဲ႔ မတူတဲ့ေနထိုင္မႈေတြေၾကာင့္ ကိုယ့္ခံစားခ်က္ေတြကို လူတိုင္းကိုထုတ္မျပဖို႔လိုပါလိမ့္မယ္။

(၂) ဝိုင္းစက္တဲ့မ်က္ဝန္းသြင္ျပင္

ဒီလိုမ်က္ဝန္းမ်ိဳးေတြကေတာ့ စိတ္ကူးဉာဏ္ကြန္႔ျမဴးမႈေတြ စိတ္ကူးယဥ္ဆန္မႈေတြေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ေပ်ာက္ဆံုးေနတတ္ပါတယ္။ ျပင္းထန္တဲ့ စိတ္အစြဲအလန္းေတြက အဲ့လိုမ်က္ဝန္းပိုင္ရွင္ေတြရဲ႕ သေကၤတေတြပါပဲ။ တစ္ခါတေလမွာ စိတ္ခံစားခ်က္ကိုေရွ႕တန္းတင္မႈေတြေၾကာင့္ လက္ေတြ႕အျမင္ေတြကို ေဝဖန္ႏိုင္စြမ္းနဲ႔ ဖယ္ေသြသြားတတ္ပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ဆြဲေဆာင္မႈကေတာ့ မ်က္ႏွာျမင္ခ်စ္ခင္ေစတာျဖစ္ပါတယ္။ သတိထားရမွာကေတာ့ တည့္တိုးေျပာတတ္တဲ့စကားေတြေၾကာင့္ တပါးသူစိတ္ထိခိုက္ေစတာမ်ိဳးေတြပါ။

မ်က္လံုးအကြာအေဝး

အမွန္ေတာ့ မ်က္လံုး ၂လံုးၾကားအကြာအေဝးဟာ မ်က္လံုးတစ္လံုးစာသာသာပဲ ကြာရမွာပါ။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ မ်က္ဝန္း၂ဖက္နီးသူေတြျဖစ္ၿပီး တခ်ိဳ႕ကလည္း မ်က္ဝန္း၂ဖက္ေဝးၾကပါတယ္။

(၁) မ်က္ဝန္း၂ဖက္နီးကပ္သူ

မ်က္လံုး၂ဖက္ နီးနီးကပ္ကပ္ရွိတတ္သူေတြဟာ လူႀကီးမိဘအေပၚ႐ိုေသသူ၊ ထံုးတမ္းစဥ္လာေတြကို အေလးထားသူလို႔ သတ္မွတ္ႏိုင္ပါတယ္။ သမိုင္းေၾကာင္းေတြစိတ္ဝင္စားၿပီး တစ္ဖက္ကၾကည့္ျပန္ရင္လည္း ေျပာင္းလဲမႈအေျခအေနေတြကို ခံႏိုင္ရည္နည္းပါတယ္။ အာရံုစိုက္တတ္သူေတြ၊ စည္းကမ္းလိုက္နာသူေတြ၊ အေသးစိတ္သတိထားတတ္သူေတြျဖစ္ၿပီး စိတ္တိုလြယ္တတ္ၾကေပမယ့္ ဘဝမွာေအာင္ျမင္တတ္ၾကသူေတြပါ။

(၂) မ်က္ဝန္း၂ဖက္ကြာေဝးသူ

မ်က္လံုး၂လံုးဟာ မ်က္ႏွာသြင္ျပင္ေပၚမွာ ကြာေဝးတဲ့သူေတြဆိုရင္ေတာ့ အရာရာကိုစူးစမ္းေလ့လာတတ္သူ၊ အရာရာကို အသစ္အသစ္ေတြဖန္တီးလိုစိတ္ရွိသူေတြလို႔ ယူဆႏိုင္ပါတယ္။ စိတ္ရွင္းရွင္းထားတတ္သူေတြျဖစ္ၿပီး လူေတြနဲ႔လိုက္ေလ်ာညီေထြေနတတ္သူေတြပါ။ ေန႔စဥ္တာဝန္ေတြဟာ ပ်င္းဖို႔ေကာင္းတယ္လို႔ ယူဆတတ္သူေတြျဖစ္ၿပီး လြတ္လပ္မႈအျပည့္ရွိတဲ့ဘဝကို ခံုမင္သူေတြပါ။

မ်က္လံုးအေနအထား

မ်က္လံုးအေနအထားဆိုရာမွာ နက္နဲတဲ့သြင္ျပင္အေနအထားနဲ႔ သိသာထင္ရွားတဲ့မ်က္လံုးအမ်ိဳးအစားဆိုၿပီး ၂မ်ိဳးရွိပါတယ္။

(၁) မ်က္လံုးနက္နဲတဲ့သြင္ျပင္

အဲ့လိုမ်က္လံုးမ်ိဳးေတြဟာ အရာရာကိုနက္နက္နဲနဲစဥ္းစားတတ္ၿပီး အရမ္း႐ိုတတ္ၾကသူေတြပါ။ စိတ္ခံစားခ်က္ေတြကို သိုဝွက္ထားတတ္သူျဖစ္ၿပီး လူေတြအေၾကာင္းေလ့လာရတာစိတ္ဝင္စားသူေတြပါ။

(၂) သိသာထင္ရွားတဲ့သြင္ျပင္

ဒီလိုသိသိသာသာထင္ရွားတဲ့ မ်က္ဝန္းေတြကေတာ့ အရာရာကို စိတ္ခံစားမႈျပင္းထန္ၿပီး သူတို႔ရဲ႕ေပါင္းသင္းဆက္ဆံေရးစက္ဝန္းကို သူငယ္ခ်င္းမိဘေဆြမ်ိဳးေတြနဲ႔ ဝန္းရံထားခ်င္သူေတြပါ။ လူတိုင္းနဲ႔ ခင္မင္တတ္လို႔ ေပါင္းသင္းဆက္ဆံရလြယ္ကူသူေတြလို႔ ထင္ၾကေပမယ့္ စိတ္ပူပန္မႈျပင္းထန္ၿပီး အဆိုးျမင္လြယ္ၾကပါေသးတယ္။

ဒီအေပၚက မ်က္လံုးသြင္ျပင္၊ အေနအထား၊ အရြယ္အစား၊ အကြာအေဝးတို႔ကိုေလ့လာၿပီး ကိုယ့္မ်က္လံုးနဲ႔ ကိုက္ညီမႈရွိမရွိ ဆန္းစစ္ကာ ကိုယ့္ရဲ႕စိတ္ေနစိတ္ထားကိုေလ့လာႏိုင္ပါၿပီ။

EiEiKhineMinn (Akhayar)

[Unicode]

ကိုယ့်မျက်လုံးပုံစံကပြောပြမယ့် ကိုယ့်ရဲ့စိတ်နေစိတ်ထား

မျက်လုံးတွေဆိုတာက နှလုံးသားရဲ့တံခါးပေါက်လို့ ဆိုရိုးရှိကြတယ်မလား။ ချစ်ခြင်းအစ အကြည့်တစ်ချက်က ဆိုတာလည်း တစ်ဖက်က ကြည့်ပြန်ရင် ဟုတ်နေပြန်ရောလေ။ တကယ်တော့ လူတစ်ယောက်ရဲ့ စိတ်ကိုအကဲခတ်ဖို့ရာ မျက်လုံးတွေက ပဓာနပါပဲ။

လူတွေမှာလည်း လူအမျိုးမျိုး စိတ်အထွေထွေရှိကြတဲ့အထဲ လူတစ်ယောက်ရဲ့ စိတ်ဓါတ်၊ အပြုအမူ၊ အကျင့်တွေနဲ့ ပြောဆိုနေထိုင်မှုတွေဟာလည်း မျက်လုံးပုံစံတွေကို ကြည့်ပြီး အကဲခတ်လို့ရပါတယ်လို့ ပညာရှင်တွေကဆိုခဲ့ပါတယ်။ SocialMettle ဆိုတဲ့ Website တစ်ခုကတော့ ကိုယ့်မျက်လုံးတွေကနေတဆင့် ကိုယ်ဟာဘယ်လိုလူမျိုးလဲဆိုတာ လေ့လာကြည့်လို့ရပါတယ်တဲ့။ အဲ့ဒါမို့ ဘယ်လိုမျက်လုံးပိုင်ရှင်တွေက ဘယ်လိုအမူအကျင့်တွေပိုင်ဆိုင်ထားလဲဆိုတာ တစ်ချက်လောက်လေ့လာကြည့်လိုက်ရအောင်။

မျက်လုံးအရွယ်အစား

ပထမဆုံး ကိုယ့်မျက်လုံးအရွယ်အစားကို သေချာသိဖို့လိုအပ်ပါတယ်။ ကိုယ့်မျက်လုံးတွေဟာ မိတ်ကပ်မလိမ်းထားတဲ့အခြေအနေမျိုးမှာတောင်မှ မျက်နှာပေါ်မှာ သိသိသာသာမြင်သာ ထင်ရှားနေတာမျိုးဆို မျက်လုံးအရွယ်အစားကြီးတယ်လို့ ယေဘုယျသတ်မှတ်နိုင်ပါတယ်။

(၁) ကြီးမားတဲ့မျက်ဝန်း

ပုံထဲကလို မျက်လုံးအိမ်ကြီးမားတဲ့မျက်ဝန်းပိုင်ရှင်တွေကတော့ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတတ်သူတွေပါ။ အမြဲတမ်း သတိကိုလက်ကိုင်ထားပြီး စိတ်ခံစားချက်အစွဲအလန်းပြင်းထန်သူတွေပါ။ နွေးထွေးတတ်သူတွေဖြစ်ပြီး တီထွင်ဖန်တီးနိုင်စိတ်လည်း ရှိကြပါတယ်။ အယုံလွယ်သူတွေဖြစ်တာမို့ ပတ်ဝန်းကျင်က ကိုယ့် ယုံကြည်မှုအပေါ် လိမ်လည်လှည့်ဖြားသွားဖို့တော့ သတိထားရမှာပါ။

(၂) သေးငယ်တဲ့မျက်ဝန်း

မျက်လုံးအိမ်သေးငယ်တဲ့သူတွေကတော့ အရာရာကို အာရုံစိုက်နိုင်ပြီး တိကျသူတွေဖြစ်ပါတယ်။ ဉာဏ်ရည်ထက်မြက်တဲ့အပြင် အမြင်ကျယ်ကြပြီးတော့ စိတ်ထဲကဆုံးဖြတ်ချက်ချသမျှကိုလည်း အတိအကျလုပ်ဆောင်တတ်သူတွေပါ။ လူတိုင်းကို သတိထားဆက်ဆံတတ်သူမို့ လူတွေရဲ့အမြင်မှာ သွေးအေးပြီး မာနကြီးတယ်လို့ အထင်ခံရနိုင်သူတွေပါ။

မျက်လုံးသွင်ပြင်

မျက်လုံးသွင်ပြင်ကိုသိဖို့ကလည်း လွယ်ပါတယ်။ ကိုယ့်လုံး မျက်လုံးအလယ်တည့်တည့်ကနေ ထောင့်တွေကို ဘယ်လိုကွေးညွတ်သွားလဲဆိုတာ သေချာသိရင် ဘယ်လိုပုံပန်းသွင်ပြင်လဲဆိုတာ အတည်ပြုနိုင်ပါပြီ။

(၁) Almond စေ့ပုံစံသွင်ပြင်

Almond စေ့ပုံစံမျက်ဝန်းတွေဆိုတာ သူတို့ရဲ့ ထူးခြားတဲ့စိတ်နေစိတ်ထားနဲ့ ထိုးထွင်းဉာဏ်ကြောင့် လူသိများကြပါတယ်။ အာရုံစူးစိုက်တတ်ပြီး သတိကြီးတဲ့သူတွေပါ။ ရှုပ်ထွေးတဲ့အခြေအနေအမျိုးမျိုးမှာတောင်မှ တည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်သူတွေပါ။ ဒါပေမယ့်သာမန်လူတွေနဲ့ မတူတဲ့နေထိုင်မှုတွေကြောင့် ကိုယ့်ခံစားချက်တွေကို လူတိုင်းကိုထုတ်မပြဖို့လိုပါလိမ့်မယ်။

(၂) ဝိုင်းစက်တဲ့မျက်ဝန်းသွင်ပြင်

ဒီလိုမျက်ဝန်းမျိုးတွေကတော့ စိတ်ကူးဉာဏ်ကွန့်မြူးမှုတွေ စိတ်ကူးယဉ်ဆန်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးနေတတ်ပါတယ်။ ပြင်းထန်တဲ့ စိတ်အစွဲအလန်းတွေက အဲ့လိုမျက်ဝန်းပိုင်ရှင်တွေရဲ့ သင်္ကေတတွေပါပဲ။ တစ်ခါတလေမှာ စိတ်ခံစားချက်ကိုရှေ့တန်းတင်မှုတွေကြောင့် လက်တွေ့အမြင်တွေကို ဝေဖန်နိုင်စွမ်းနဲ့ ဖယ်သွေသွားတတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဆွဲဆောင်မှုကတော့ မျက်နှာမြင်ချစ်ခင်စေတာဖြစ်ပါတယ်။ သတိထားရမှာကတော့ တည့်တိုးပြောတတ်တဲ့စကားတွေကြောင့် တပါးသူစိတ်ထိခိုက်စေတာမျိုးတွေပါ။

မျက်လုံးအကွာအဝေး

အမှန်တော့ မျက်လုံး ၂လုံးကြားအကွာအဝေးဟာ မျက်လုံးတစ်လုံးစာသာသာပဲ ကွာရမှာပါ။ ဒါပေမယ့် တော်တော်များများကတော့ မျက်ဝန်း၂ဖက်နီးသူတွေဖြစ်ပြီး တချို့ကလည်း မျက်ဝန်း၂ဖက်ဝေးကြပါတယ်။

(၁) မျက်ဝန်း၂ဖက်နီးကပ်သူ

မျက်လုံး၂ဖက် နီးနီးကပ်ကပ်ရှိတတ်သူတွေဟာ လူကြီးမိဘအပေါ်ရိုသေသူ၊ ထုံးတမ်းစဉ်လာတွေကို အလေးထားသူလို့ သတ်မှတ်နိုင်ပါတယ်။ သမိုင်းကြောင်းတွေစိတ်ဝင်စားပြီး တစ်ဖက်ကကြည့်ပြန်ရင်လည်း ပြောင်းလဲမှုအခြေအနေတွေကို ခံနိုင်ရည်နည်းပါတယ်။ အာရုံစိုက်တတ်သူတွေ၊ စည်းကမ်းလိုက်နာသူတွေ၊ အသေးစိတ်သတိထားတတ်သူတွေဖြစ်ပြီး စိတ်တိုလွယ်တတ်ကြပေမယ့် ဘဝမှာအောင်မြင်တတ်ကြသူတွေပါ။

(၂) မျက်ဝန်း၂ဖက်ကွာဝေးသူ

မျက်လုံး၂လုံးဟာ မျက်နှာသွင်ပြင်ပေါ်မှာ ကွာဝေးတဲ့သူတွေဆိုရင်တော့ အရာရာကိုစူးစမ်းလေ့လာတတ်သူ၊ အရာရာကို အသစ်အသစ်တွေဖန်တီးလိုစိတ်ရှိသူတွေလို့ ယူဆနိုင်ပါတယ်။ စိတ်ရှင်းရှင်းထားတတ်သူတွေဖြစ်ပြီး လူတွေနဲ့လိုက်လျောညီထွေနေတတ်သူတွေပါ။ နေ့စဉ်တာဝန်တွေဟာ ပျင်းဖို့ကောင်းတယ်လို့ ယူဆတတ်သူတွေဖြစ်ပြီး လွတ်လပ်မှုအပြည့်ရှိတဲ့ဘဝကို ခုံမင်သူတွေပါ။

မျက်လုံးအနေအထား

မျက်လုံးအနေအထားဆိုရာမှာ နက်နဲတဲ့သွင်ပြင်အနေအထားနဲ့ သိသာထင်ရှားတဲ့မျက်လုံးအမျိုးအစားဆိုပြီး ၂မျိုးရှိပါတယ်။

(၁) မျက်လုံးနက်နဲတဲ့သွင်ပြင်

အဲ့လိုမျက်လုံးမျိုးတွေဟာ အရာရာကိုနက်နက်နဲနဲစဉ်းစားတတ်ပြီး အရမ်းရိုတတ်ကြသူတွေပါ။ စိတ်ခံစားချက်တွေကို သိုဝှက်ထားတတ်သူဖြစ်ပြီး လူတွေအကြောင်းလေ့လာရတာစိတ်ဝင်စားသူတွေပါ။

(၂) သိသာထင်ရှားတဲ့သွင်ပြင်

ဒီလိုသိသိသာသာထင်ရှားတဲ့ မျက်ဝန်းတွေကတော့ အရာရာကို စိတ်ခံစားမှုပြင်းထန်ပြီး သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေးစက်ဝန်းကို သူငယ်ချင်းမိဘဆွေမျိုးတွေနဲ့ ဝန်းရံထားချင်သူတွေပါ။ လူတိုင်းနဲ့ ခင်မင်တတ်လို့ ပေါင်းသင်းဆက်ဆံရလွယ်ကူသူတွေလို့ ထင်ကြပေမယ့် စိတ်ပူပန်မှုပြင်းထန်ပြီး အဆိုးမြင်လွယ်ကြပါသေးတယ်။

ဒီအပေါ်က မျက်လုံးသွင်ပြင်၊ အနေအထား၊ အရွယ်အစား၊ အကွာအဝေးတို့ကိုလေ့လာပြီး ကိုယ့်မျက်လုံးနဲ့ ကိုက်ညီမှုရှိမရှိ ဆန်းစစ်ကာ ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုလေ့လာနိုင်ပါပြီ။

EiEiKhineMinn (Akhayar)