[Zawgyi] 

Apple ကေတာ့ ေနာက္ထပ္ ထုတ္ကုန္သစ္ေတြကို မိတ္ဆက္မယ့္ ရက္အတိအက်ကို တရားဝင္ေၾကညာလိုက္ပါၿပီ။ လာမယ့္ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ Special Event ကို က်င္းပသြားမွာပါ။ ႏွစ္တိုင္းလိုလိုပဲ စက္တင္ဘာမွာ iPhone အသစ္၊ iPad အသစ္၊ Apple Watch အသစ္၊ Apple TV အသစ္အျပင္ တျခား Apple Product အသစ္ေတြကိုလည္း မိတ္ဆက္ေလ့ရွိပါတယ္။ ဒီႏွစ္ပြဲကိုလည္း အရင္ႏွစ္က လုပ္ခဲ့တဲ့ Apple ရဲ႕ကိုယ္ပိုင္ Steve Jobs Theatere မွာပဲ က်င္းပသြားမယ္လို႔ ေၾကညာထားပါတယ္။ 

Steve Jobs Theatre

လြန္ခဲ့တဲ့ႏွစ္က Apple အေနနဲ႔ ပထမဦးဆံုး Wireless Charging Feature ပါလာတဲ့ iPhone ေတြနဲ႔အတူ OLED Display နဲ႔ iPhone X အသစ္နဲ႔အတူ Apple Watch Series 4 ကိုလည္း မိတ္ဆက္ေပးခဲ့ပါတယ္။ အခုႏွစ္အတြက္ေတာ့ အဓိကအေနနဲ႔ iPhone X ရဲ႕ Design နဲ႔ iPhone အသစ္သံုးမ်ိဳးကို မိတ္ဆက္သြားမယ့္အျပင္ Apple Watch အသစ္နဲ႔အတူ iPad အသစ္ေတြကို မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။ 

Leaked Photo of new iPhone

အထပ္ထပ္ထြက္ေနတဲ့ ေကာလဟလနဲ႔ သတင္းေပါက္တာေတြအရ iPhone သံုးမ်ိဳးနဲ႔ပတ္သက္လို႔ ေသခ်ာသေလာက္ရွိတဲ့အခ်က္ေတြအေနနဲ႔ကေတာ့ OLED Display နဲ႔ iPhone က ႏွစ္လံုးျဖစ္လာမယ့္အေၾကာင္းနဲ႔ $1000 မေက်ာ္တဲ့ iPhone တစ္လံုးကိုေတာ့ LCD Display နဲ႔ေတြ႕ရႏိုင္ၿပီး လက္ရွိ iPhone X ရဲ႕ Design ကိုပဲ မွီျငမ္းထားမယ္လို႔ သိရပါတယ္။ ေနာက္ဆံုးထြက္လာတဲ့ သတင္းေပါက္တာကေတာ့ iPhone XS နဲ႔ iPhone XS Plus ဆိုၿပီး ဓာတ္ပံုတစ္ပံုထြက္လာတာပါ။ 

Leaked Photo of Apple Watch Series 4

Apple Watch Series 4 မွာေတာ့ သိသာတဲ့ Design ေျပာင္းလဲမႈအေနနဲ႔ Display ကို အခုထက္ ပိုႀကီးၿပီးထုတ္ေပးလာမယ္ဆိုတဲ့အခ်က္ပါ။ Phone Call ေတြအတြက္ေတာ့ Series 3 မွာပါခဲ့ၿပီးသားျဖစ္ေပမယ့္ အခုထြက္မယ့္ Series 4 မွာေတာ့ ဖုန္းေခၚတာေတြအတြက္ ပိုေကာင္းလာေစဖို႔ Mic ေနာက္တစ္လံုးကို ထပ္ထည့္ေပးလာမယ္လို႔ သိရပါတယ္။ Series 4 နဲ႔ပတ္သက္လို႔လည္း ဓာတ္ပံုသတင္းေပါက္ၾကားလာတာေၾကာင့္ ပိုႀကီးလာမယ့္ Display အတြက္ watchOS 5 က ဘယ္လိုျဖစ္လာမလဲဆိုတာ နည္းနည္း ခန္႔မွန္းလို႔ရလာပါတယ္။ 

iPad Render

iPad အသစ္ေတြအေနနဲ႔လည္း ဒီႏွစ္အတြက္ Design အသစ္ကိုအသံုးျပဳလာလိမ့္မယ္လို႔ သတင္းေပါက္ထားတာေတြအရ ယူဆရပါတယ္။ Display ေဘးမွာ အခ်ိန္အၾကာႀကီး ရွိေနတဲ့ ေဘးေဘာင္ ထူထူႀကီးေတြက ဒီႏွစ္မွေတာ့ ေပ်ာက္သြားႏုိင္ေတာ့မွာပါ။ တကယ္လို႔ ေဘးေဘာင္ေတြေပ်ာက္သြားမယ္ဆိုရင္ေတာ့ Apple ရဲ႕ အမွတ္အသားတစ္ခုျဖစ္တဲ့ Home Button က iPhone X မွာလို Gesture နဲ႔ပဲ သံုးရတာျဖစ္သြားမွာပါ။ 

iPad New Design Render

က်န္တဲ့ Product အသစ္ေတြအေနနဲ႔ေတာ့ Apple TV အသစ္၊ AirPods အသစ္နဲ႔ OS အသစ္ေတြ တရားဝင္ထုတ္ေပးမယ့္ရက္ေတြကို အတိအက် ေၾကညာသြားမယ္လို႔ခန္႔မွန္းရပါတယ္။ LIVE Video ကိုေတာ့ လာမယ့္ စက္တင္ဘာလ ၁၂ ရက္ေန႔ည ျမန္မာစံေတာ္ခ်ိန္ ည ၁၁း၃၀ မွာၾကည့္ႏိုင္မွာျဖစ္ပါတယ္။ Apple အေနနဲ႔ေတာ့ LIVE Video ကို apple.com/live မွာ တင္ေပးသြားမွာျဖစ္ပါတယ္။ သင္ေရာ Apple Product အသစ္ေတြထဲက ဘယ္ဟာေတြကို စိတ္ဝင္စားသလဲ၊ ဘာကို ဝယ္မယ္စဥ္းစားျဖစ္ေနၿပီလဲ။ 

Ref: Apple, 9To5Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Apple ရဲ့ လာမယ့် September Event မှာ ဘာတွေတွေ့ရနိုင်မလဲ

Apple ကတော့ နောက်ထပ် ထုတ်ကုန်သစ်တွေကို မိတ်ဆက်မယ့် ရက်အတိအကျကို တရားဝင်ကြေညာလိုက်ပါပြီ။ လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ Special Event ကို ကျင်းပသွားမှာပါ။ နှစ်တိုင်းလိုလိုပဲ စက်တင်ဘာမှာ iPhone အသစ်၊ iPad အသစ်၊ Apple Watch အသစ်၊ Apple TV အသစ်အပြင် တခြား Apple Product အသစ်တွေကိုလည်း မိတ်ဆက်လေ့ရှိပါတယ်။ ဒီနှစ်ပွဲကိုလည်း အရင်နှစ်က လုပ်ခဲ့တဲ့ Apple ရဲ့ကိုယ်ပိုင် Steve Jobs Theatere မှာပဲ ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။ 

Steve Jobs Theatre

လွန်ခဲ့တဲ့နှစ်က Apple အနေနဲ့ ပထမဦးဆုံး Wireless Charging Feature ပါလာတဲ့ iPhone တွေနဲ့အတူ OLED Display နဲ့ iPhone X အသစ်နဲ့အတူ Apple Watch Series 4 ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ အခုနှစ်အတွက်တော့ အဓိကအနေနဲ့ iPhone X ရဲ့ Design နဲ့ iPhone အသစ်သုံးမျိုးကို မိတ်ဆက်သွားမယ့်အပြင် Apple Watch အသစ်နဲ့အတူ iPad အသစ်တွေကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ 

Leaked Photo of new iPhone

အထပ်ထပ်ထွက်နေတဲ့ ကောလဟလနဲ့ သတင်းပေါက်တာတွေအရ iPhone သုံးမျိုးနဲ့ပတ်သက်လို့ သေချာသလောက်ရှိတဲ့အချက်တွေအနေနဲ့ကတော့ OLED Display နဲ့ iPhone က နှစ်လုံးဖြစ်လာမယ့်အကြောင်းနဲ့ $1000 မကျော်တဲ့ iPhone တစ်လုံးကိုတော့ LCD Display နဲ့တွေ့ရနိုင်ပြီး လက်ရှိ iPhone X ရဲ့ Design ကိုပဲ မှီငြမ်းထားမယ်လို့ သိရပါတယ်။ နောက်ဆုံးထွက်လာတဲ့ သတင်းပေါက်တာကတော့ iPhone XS နဲ့ iPhone XS Plus ဆိုပြီး ဓာတ်ပုံတစ်ပုံထွက်လာတာပါ။ 

Leaked Photo of Apple Watch Series 4

Apple Watch Series 4 မှာတော့ သိသာတဲ့ Design ပြောင်းလဲမှုအနေနဲ့ Display ကို အခုထက် ပိုကြီးပြီးထုတ်ပေးလာမယ်ဆိုတဲ့အချက်ပါ။ Phone Call တွေအတွက်တော့ Series 3 မှာပါခဲ့ပြီးသားဖြစ်ပေမယ့် အခုထွက်မယ့် Series 4 မှာတော့ ဖုန်းခေါ်တာတွေအတွက် ပိုကောင်းလာစေဖို့ Mic နောက်တစ်လုံးကို ထပ်ထည့်ပေးလာမယ်လို့ သိရပါတယ်။ Series 4 နဲ့ပတ်သက်လို့လည်း ဓာတ်ပုံသတင်းပေါက်ကြားလာတာကြောင့် ပိုကြီးလာမယ့် Display အတွက် watchOS 5 က ဘယ်လိုဖြစ်လာမလဲဆိုတာ နည်းနည်း ခန့်မှန်းလို့ရလာပါတယ်။ 

iPad Render

iPad အသစ်တွေအနေနဲ့လည်း ဒီနှစ်အတွက် Design အသစ်ကိုအသုံးပြုလာလိမ့်မယ်လို့ သတင်းပေါက်ထားတာတွေအရ ယူဆရပါတယ်။ Display ဘေးမှာ အချိန်အကြာကြီး ရှိနေတဲ့ ဘေးဘောင် ထူထူကြီးတွေက ဒီနှစ်မှတော့ ပျောက်သွားနိုင်တော့မှာပါ။ တကယ်လို့ ဘေးဘောင်တွေပျောက်သွားမယ်ဆိုရင်တော့ Apple ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ Home Button က iPhone X မှာလို Gesture နဲ့ပဲ သုံးရတာဖြစ်သွားမှာပါ။ 

iPad New Design Render

ကျန်တဲ့ Product အသစ်တွေအနေနဲ့တော့ Apple TV အသစ်၊ AirPods အသစ်နဲ့ OS အသစ်တွေ တရားဝင်ထုတ်ပေးမယ့်ရက်တွေကို အတိအကျ ကြေညာသွားမယ်လို့ခန့်မှန်းရပါတယ်။ LIVE Video ကိုတော့ လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့ည မြန်မာစံတော်ချိန် ည ၁၁း၃၀ မှာကြည့်နိုင်မှာဖြစ်ပါတယ်။ Apple အနေနဲ့တော့ LIVE Video ကို apple.com/live မှာ တင်ပေးသွားမှာဖြစ်ပါတယ်။ သင်ရော Apple Product အသစ်တွေထဲက ဘယ်ဟာတွေကို စိတ်ဝင်စားသလဲ၊ ဘာကို ဝယ်မယ်စဉ်းစားဖြစ်နေပြီလဲ။ 

Ref: Apple, 9To5Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။