[ZawGyi]

ေတာင္နဲ႔ ေျမာက္ ကိုရီးယား သမၼတ ၂ ဦးေတြ႕ဆံုပြဲမွာ ဘယ္လိုအဓိပၸာယ္နဲ႔ဘာေတြ ေကြ်းေမြးမွာလဲ?

ေတာင္ကိုရီးယားသမၼတ Moon Jae In နဲ႔ ေျမာက္ကိုရီးယားသမၼတ Kim Jong Un တို႔ ၂ဦးရဲ႕ ရွာမွရွားတဲ့ သမိုင္းဝင္ေတြ႕ဆံုပြဲႀကီးကေတာ့ တစ္ကယ္ျဖစ္ေပၚလာပါၿပီ။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

North and South Presidents Meet up

ဒီေသာၾကာေန႔မွာ ေတြ႕ဆံုၾကမယ့္ သမၼတ ၂ ဦးရဲ႕ ေတြ႕ဆံုပြဲမွာ သမၼတ ၂ ဦးရဲ႕ လံုျခံဳေရး၊ အႏၲရာယ္ကင္းရွင္းေရးတို႔ကို ေရွးရႈၿပီး အစားအေသာက္ကအစ စနစ္တက် လံုျခံေရးအထပ္ထပ္နဲ႔ ေသခ်ာျပင္ဆင္ထားမယ္လို႔ သိရပါတယ္။

Moon Jae In and Kim Jong Un

ေတြ႕ဆံုေဆြးေႏြးမယ့္ ေနရာကေတာ့ ၂ဦး၂ဖက္လံုး စစ္ကင္းမဲ့ဇံုအျဖစ္သတ္မွတ္ထားတဲ့ ၂ႏိုင္ငံလံုးကို ပိုင္းျခားထားတဲ့ နယ္ေျမမွာေတြ႕မယ္လို႔ အိမ္ျပာေတာ္က အတည္ျပဳေျပာၾကားခဲ့ပါတယ္။

Menu (Photo from Blue House Facebook Page)

ေကြ်းေမြးမယ့္ အစားအစာေတြကေတာ့ ၂ ႏိုင္ငံလံုးက နယ္ေျမေဒသေတြရဲ႕႐ိုးရာကို ထင္ဟပ္ေစမယ့္ အစားအစာေတြျဖစ္ၿပီး အစားအစာတစ္ခုစီမွာကိုက အဓိပၸာယ္ေတြနဲ႔ ျပည့္ဝေနမွာျဖစ္ပါတယ္တဲ့။

Menu (Photo from Blue House Facebook Page)

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ဟင္းပြဲေတြထဲမွာ ေတာင္ကိုရီးယားႏိုင္ငံ သမၼတ ၃ ဆက္ရဲ႕ ဇာတိေျမ႐ိုးရာစာေတြ ပါဝင္ၿပီး ကင္ဂ်ံဳအန္ ငယ္စဥ္က ဆြစ္ဇာလန္မွာ ပညာသင္ၾကားတုန္းက စားခဲ့ရတဲ့ အာလူးကတ္တလိပ္ပံုစံ အစားအစာလည္း ပါဝင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ စစ္ကင္းမဲ့ဇုန္ထြက္ အသီးအႏွံေတြနဲ႔ ျပဳလုပ္ထားတဲ့ Bibimbap လည္းပါဝင္ပါတယ္။

Menu (Photo from Blue House Facebook Page)

Naengmyun လို႔ေခၚတဲ့ ေခါက္ဆြဲေအးကိုေတာ့ ေျမာက္ကိုရီးယားႏိုင္ငံ ျပံဳယမ္းၿမိဳ႕ရဲ႕ နာမည္ေက်ာ္စားဖိုမႈးနဲ႔ သူ႕ဝန္ထမ္းကိုယ္တိုင္ ေခါက္ဆြဲလုပ္စက္နဲ႔ေသခ်ာျပင္ဆင္ေပးမွာပါ။

Menu (Photo from Blue House Facebook Page)

ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းက ေျမာက္ကိုရီးယားႏိုင္ငံ ျပံဳယမ္းၿမိဳ႕ေဒသစာျဖစ္တဲ့ Okryu Gwan စားေသာက္ဆိုင္ရဲ႕ ေခါက္ဆြဲေအးကို စားခ်င္ပါတယ္လို႔ ေတာင္းဆိုတဲ့အတြက္ ေျမာက္ကိုရီးယားကလည္း ဝမ္းေျမာက္စြာလက္ခံခဲ့ပါတယ္လို႔ အိမ္ျပာေတာ္ေျပာခြင့္ရသူတစ္ဦးကေျပာၾကားခဲ့ပါတယ္။

Menu (Photo from Blue House Facebook Page)

လာမယ့္ ေသာၾကာေန႔ေတြ႕ဆံုပြဲအတြက္ ဘယ္လိုအခ်ိန္ဇယားမွ မထုတ္ျပန္ထားေသးေပမယ့္ ေခါင္းေဆာင္ ၂ေယာက္လံုးကေတာ့ ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီးယားလက္နက္ထုတ္လႊတ္မႈေတြကို စြန္႔လႊတ္ဖို႔အတြက္ အဓိကထားတိုင္ပင္သြားမယ္လို႔သိရပါတယ္။

Menu (Photo from Blue House Facebook Page)

ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းကေတာ့ ” ကြ်န္ေတာ္တို႔ဟာ အခုခ်ိန္မွာ ႏ်ဴကလီးယားစစ္လက္နက္တိုက္ခိုက္မႈကင္းစင္ေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးဆီကို စစ္ေရးအရ အတင္းအၾကပ္သြားေတာ့မွာ မဟုတ္ဘဲ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေဆြးေႏြးသြားေတာ့မွာပါ” လို႔ ဒီ တနလၤာေန႔က The New York Times သတင္းစာကိုေျဖၾကားခဲ့ပါတယ္။

North and South Korea Presidents’ greeting

EiEiKhineMinn ( Akhayar )

www.akhayar.com

[Unicode]

တောင်နဲ့ မြောက် ကိုရီးယား သမ္မတ ၂ ဦးတွေ့ဆုံပွဲမှာ ဘယ်လိုအဓိပ္ပာယ်နဲ့ဘာတွေ ကျွေးမွေးမှာလဲ?

တောင်ကိုရီးယားသမ္မတ Moon Jae In နဲ့ မြောက်ကိုရီးယားသမ္မတ Kim Jong Un တို့ ၂ဦးရဲ့ ရှာမှရှားတဲ့ သမိုင်းဝင်တွေ့ဆုံပွဲကြီးကတော့ တစ်ကယ်ဖြစ်ပေါ်လာပါပြီ။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

North and South Presidents Meet up

ဒီသောကြာနေ့မှာ တွေ့ဆုံကြမယ့် သမ္မတ ၂ ဦးရဲ့ တွေ့ဆုံပွဲမှာ သမ္မတ ၂ ဦးရဲ့ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းရေးတို့ကို ရှေးရှုပြီး အစားအသောက်ကအစ စနစ်တကျ လုံခြံရေးအထပ်ထပ်နဲ့ သေချာပြင်ဆင်ထားမယ်လို့ သိရပါတယ်။

Moon Jae In and Kim Jong Un

တွေ့ဆုံဆွေးနွေးမယ့် နေရာကတော့ ၂ဦး၂ဖက်လုံး စစ်ကင်းမဲ့ဇုံအဖြစ်သတ်မှတ်ထားတဲ့ ၂နိုင်ငံလုံးကို ပိုင်းခြားထားတဲ့ နယ်မြေမှာတွေ့မယ်လို့ အိမ်ပြာတော်က အတည်ပြုပြောကြားခဲ့ပါတယ်။

Menu (Photo from Blue House Facebook Page)

ကျွေးမွေးမယ့် အစားအစာတွေကတော့ ၂ နိုင်ငံလုံးက နယ်မြေဒေသတွေရဲ့ရိုးရာကို ထင်ဟပ်စေမယ့် အစားအစာတွေဖြစ်ပြီး အစားအစာတစ်ခုစီမှာကိုက အဓိပ္ပာယ်တွေနဲ့ ပြည့်ဝနေမှာဖြစ်ပါတယ်တဲ့။

Menu (Photo from Blue House Facebook Page)

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

ဟင်းပွဲတွေထဲမှာ တောင်ကိုရီးယားနိုင်ငံ သမ္မတ ၃ ဆက်ရဲ့ ဇာတိမြေရိုးရာစာတွေ ပါဝင်ပြီး ကင်ဂျုံအန် ငယ်စဉ်က ဆွစ်ဇာလန်မှာ ပညာသင်ကြားတုန်းက စားခဲ့ရတဲ့ အာလူးကတ်တလိပ်ပုံစံ အစားအစာလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကင်းမဲ့ဇုန်ထွက် အသီးအနှံတွေနဲ့ ပြုလုပ်ထားတဲ့ Bibimbap လည်းပါဝင်ပါတယ်။

Menu (Photo from Blue House Facebook Page)

Naengmyun လို့ခေါ်တဲ့ ခေါက်ဆွဲအေးကိုတော့ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ရဲ့ နာမည်ကျော်စားဖိုမှုးနဲ့ သူ့ဝန်ထမ်းကိုယ်တိုင် ခေါက်ဆွဲလုပ်စက်နဲ့သေချာပြင်ဆင်ပေးမှာပါ။

Menu (Photo from Blue House Facebook Page)

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ဒေသစာဖြစ်တဲ့ Okryu Gwan စားသောက်ဆိုင်ရဲ့ ခေါက်ဆွဲအေးကို စားချင်ပါတယ်လို့ တောင်းဆိုတဲ့အတွက် မြောက်ကိုရီးယားကလည်း ဝမ်းမြောက်စွာလက်ခံခဲ့ပါတယ်လို့ အိမ်ပြာတော်ပြောခွင့်ရသူတစ်ဦးကပြောကြားခဲ့ပါတယ်။

Menu (Photo from Blue House Facebook Page)

လာမယ့် သောကြာနေ့တွေ့ဆုံပွဲအတွက် ဘယ်လိုအချိန်ဇယားမှ မထုတ်ပြန်ထားသေးပေမယ့် ခေါင်းဆောင် ၂ယောက်လုံးကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ထုတ်လွှတ်မှုတွေကို စွန့်လွှတ်ဖို့အတွက် အဓိကထားတိုင်ပင်သွားမယ်လို့သိရပါတယ်။

Menu (Photo from Blue House Facebook Page)

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကတော့ ” ကျွန်တော်တို့ဟာ အခုချိန်မှာ နျူကလီးယားစစ်လက်နက်တိုက်ခိုက်မှုကင်းစင်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးဆီကို စစ်ရေးအရ အတင်းအကြပ်သွားတော့မှာ မဟုတ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးသွားတော့မှာပါ” လို့ ဒီ တနင်္လာနေ့က The New York Times သတင်းစာကိုဖြေကြားခဲ့ပါတယ်။

North and South Korea Presidents’ greeting

EiEiKhineMinn ( Akhayar )

www.akhayar.com