[Zawgyi]

အင္ဒိုနီးရွားဆူနာမီကပ္ဆုိးၾကီးမတုိင္ခင္ ၾကိဳတင္သတိေပးစနစ္ဘာေၾကာင့္ အလုပ္မလုပ္ခဲ့တာလဲ

ျပီးခဲ့တဲ့ ေသာၾကာေန႔ စက္တင္ဘာလ ၂၈ ရက္ေန႔က အင္ဒိုနီးရွား ႏုိင္ငံ ဆူလာေဝစီကၽြန္းမွာ ရွိတဲ့ Palu ျမိဳ႕မွာ ျပင္းအား 7.5 Magnitude ရွိတဲ့ ငလ်င္ၾကီးလႈပ္ခတ္သြားျပီး တစ္ဆက္တည္းမွာ ငလ်င္ေၾကာင့္ ျဖစ္ေပၚတဲ့ အျမင့္ေပ ၂၀ ေလာက္ရွိတဲ့ ဆူနာမီလိႈင္းလံုးၾကီးေတြဟာ Palu ျမိဳ႕ကို ရိုက္ခတ္သြားခဲ့ပါတယ္။

ဒီလို ကပ္ဆုိးၾကီးတစ္ျပိဳင္တည္းရိုက္ခတ္ခံရတဲ့အတြက္ လက္ရွိအခ်ိ္န္အထိ အိမ္ေျခေထာင္ေပါင္းမ်ားစြာ ပ်က္စီးခဲ့ျပီး လူေပါင္း ၁၂၀၀ ေက်ာ္ေလာက္ ေသဆံုးခဲ့ရပါတယ္။ လမ္းပန္းဆက္သြယ္ေရးေတြ ပ်က္စီးေနတာေၾကာင့္လည္း ေရ၊ အစားအေသာက္နဲ႔ ဓာတ္ဆီလို အေျခခံလိုအပ္ခ်က္ေတြဟာ ျပတ္လပ္ေနခဲ့ပါျပီ။

ဒီလို ျပတ္လပ္သြားတဲ့အတြက္ အသက္ရွင္က်န္ရစ္သူေတြဟာ စတုိးဆုိင္ေတြနဲ႔ ကုန္တုိက္ေတြကို ဝင္ေရာက္လုယက္ယူငင္ေနၾကတဲ့အတြက္ ရဲတပ္ဖြဲ႕က ေသနတ္ေတြ မိုးေပၚေထာင္ေဖာက္တာနဲ႔  မ်က္ရည္ယိုဗံုးေတြ သံုးျပီး လူအုပ္ၾကီးကုိ လူစုခြဲေနရပါတယ္။

ေသဆံုးသူေတြ မ်ားလြန္းတဲ့အတြက္ ေရာဂါေတြ ပ်ံ႕နွ႔ံမွာ စိုးတာေၾကာင့္ အေလာင္းေတြကို ေလာ္ရီကားနဲ႔ သယ္လာျပီး ဧရာမက်င္းၾကီးတစ္က်င္းတူးျပီး စုေပါင္းျမွဳပ္ႏွံမႈျပဳေနရပါတယ္။

ေျမသယ္စက္၊ ေျမထိုးစက္နဲ႔ စက္ကိရိယာၾကီးေတြဟာလည္း ကယ္ဆယ္ေရးေတြ လုပ္ရ၊ အေဆာက္အဦးအပ်က္အစီးေတြ ရွင္းရတာ မ်ားလြန္းတာေၾကာင့္ မအားၾကေတာ့ပါဘူး။

ဒီလို ဆိုးဝါးတဲ့ အျဖစ္ဆိုးၾကီး မျဖစ္ေအာင္ ငလ်င္လႈပ္တည္းက ဆူနာမီ သတိေပးခ်က္ကို ဘာေၾကာင့္ တင္ၾကိဳ မထုတ္ျပန္ခဲ့တာလဲလို႔ အင္ဒိုနီးရွားအစိုးရကို ႏုိင္ငံတကာက ေမးခြန္းထုတ္ၾကပါတယ္။

လူေပါင္းသိန္းခ်ီ ေသဆံုးခဲ့ရတဲ့ ၂၀၀၄ ခုႏွစ္ ဆူနာမီလႈိင္းၾကီး တုိက္ခတ္ျပီးတည္းက Pacific Region တစ္ခုလံုးအတြက္ ဆူနာမီ အာရံုခံစနစ္နဲ႔ သတိေပးစနစ္ေတြကို တပ္ဆင္ထားခဲ့တာ ျဖစ္ပါတယ္။ အင္ဒိုနီးရွားအတြက္လည္း ဒီ စနစ္ဟာ ၂၀၀၈ ခုႏွစ္မွာ တပ္ဆင္ ျပီးစီးခဲ့ျပီး ငလ်င္တုိင္းကိရိယာေတြ၊ ေရေၾကာင္းျပေဗာ္ယာေတြ၊ ဒီေရတုိင္းတဲ့ စခန္းေတြနဲ႔ GPS စနစ္ေတြ ပါဝင္ပါတယ္။

ဒါေပမယ့္ ဒီစနစ္ေတြ ၊ ကိရိယာေတြဟာ  Palu ျမိဳ႕ကို တိုက္္ခတ္ခဲ့တဲ့ ေပ ၂၀ ျမင့္တဲ့ လႈိင္းလံုးၾကီးေတြကိုေတာ့ ၾကိဳတင္ခန္႔မွန္းႏုိင္ျခင္းမရွိခဲ့ပါဘူးတဲ့။ အင္ဒိုနီးရွားႏုိင္ငံရဲ႕ ဆူနာမီ သတိေပးစနစ္မွာ ဘာေတြ မွားယြင္းခဲ့ပါသလဲ။

ငလ်င္တုိင္းကိရိယာ

ငလ်င္တုိင္း အာရံုခံကိရိယာေတြဟာ ငလ်င္ျဖစ္တည္ရာေနရာနဲ႔ ျပင္းအားကို မွတ္တမ္းယူဖို႔ လုပ္ထားတာ ျဖစ္ျပီး ဆူနာမီ သတိေပးခ်က္ကို Text Messages ေတြနဲ႔ အခ်က္ေပးဥၾသသံေတြကေနတဆင့္လည္း သတိေပးဖို႔ လုပ္ထားပါတယ္။

ငလ်င္ဟာ အင္ဒိုနီးရွား စံေတာ္ခ်ိန္ ၆:၀၃ မိနစ္မွာ လႈပ္ခတ္ခဲ့ျပီး အာရံုခံကိရိယာေတြက အျမင့္ ၁၀ ေပရွိတဲ့ ဆူနာမီ လႈိင္းလံံုးေတြ ရိုက္ခတ္လာႏုိင္တယ္လို႔ ခန္႔မွန္းကာ လူေတြကို ေဘးလြတ္ရာ ထြက္ေျပးေစဖို႔ သတိေပးခ်က္ ထုတ္လႊတ္ဖို႔ လုပ္ပါေတာ့တယ္။ ျပႆနာက ငလ်င္လႈပ္လိုက္တဲ့အခ်ိန္မွာ ငလ်င္ဧရိယာထဲမွာရွိတဲ့ Cellphone Towers ေတြ ပ်က္စီးသြားခဲ့ျပီး လူေတြဆီ Text Messages ေရာက္ေအာင္ မပို႔ႏုိင္ေတာ့တာ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ အခ်က္ေပးဥၾသလည္း မဆြဲႏုိင္ခဲ့ပါဘူးတဲ့။ ဒီလိုနဲ႔ပဲ ဆူနာမီလိႈင္းလံုးၾကီး ၃ လံုးဟာ Palu ျမိဳ႕ကို ညေန ၆:၁၀ ကေန ၆:၁၈ မိနစ္အတြင္း ရိုက္ခတ္ခဲ့တာ ျဖစ္ပါတယ္။

ေရေၾကာင္းျပေဗာ္ယာကြန္ရက္

ေရေၾကာင္းျပေဗာ္ယာေတြဆီကလည္ ဒီအျဖစ္ဆိုးၾကီးအတြက္ ဘာသတင္းအခ်က္အလက္မွ မရရွိခဲ့ပါဘူး၊ ဘာလို႔လဲဆိုေတာ့ တစ္ခုမွ ေကာင္းေကာင္းအလုပ္မလုပ္လို႔ ျဖစ္ပါတယ္။ အင္ဒိုနီးရွားမွာ ဆူနာမီအတြက္ ေဗာ္ယာ ၂၂ ခုထားရွိခဲ့ေပမယ့္ လူေတြ လက္သရမ္းဖ်က္ဆီးၾကတာေၾကာင့္ေရာ၊ ထိန္းသိမ္းမႈမရွိတာေၾကာင့္ေရာ ၂၀၁၂ ခုႏွစ္တည္းက အလုပ္မလုပ္ေတာ့တာ ျဖစ္ပါတယ္တဲ့။

ဒီေရတုိင္းစခန္း

ဒီေရတုိင္းစခန္းေတြကို ကမ္းရိုးတန္းတဝိုက္မွာ တည္ေဆာက္ထားျပီး သူတို႔ရဲ႕ အလုပ္က ၁၅ မိနစ္တစ္ခါ ဒီေရအျမင့္ကို တုိင္းတာျပီး ႏုိင္ငံေတာ္မိုးေလဝသေအဂ်င္စီကို သတင္းပုိ႔ေပးရတာ ျဖစ္ပါတယ္။ ဆူနာမီစျဖစ္တဲ့အခ်ိန္မွာ Palu ရဲ႕ ၁၂၅ မုိင္အေဝးမွာ ရွိတဲ့ အနီးဆံုး ဒီေရတုိင္းစခန္းဟာ ဒီေရ ၂.၃ လက္မေလာက္ျမင့္တက္လာတယ္လို႔ ေအဂ်င္စီဘက္ကို သတင္းပို႔ခဲ့ပါတယ္။ ဒီ သတင္းအေပၚအေျခခံျပီး အင္ဒိုမိုးေလဝသေအဂ်င္စီဟာ ညေန ၆:၃၆ မွာ ဆူနာမီသတိေပးစနစ္ကို ထုတ္လႊတ္ခဲ့ပါတယ္။ အဲဒီအခ်ိိ္န္ဟာ မူလသတင္းပို႔ခ်က္နဲ႔ နာရီဝက္ေလာက္ ကြာျခားခဲ့ျပီး ဆူနာမီလႈိင္းလံုး ၃ လံုးလည္း ရိုက္ခတ္ျပီးသြားျပီျဖစ္တဲ့အတြက္ အခါေႏွာင္းသြားပါျပီ။

စစခ်င္းတုန္းက ဒီေရအျမင့္ ၂.၃ လက္မေလာက္ပဲ ျမင့္တက္မယ္ထင္တဲ့အတြက္ ခပ္ေပါ့ေပါ့ထင္ခဲ့ေပမယ့္ ဆူနာမီလႈိင္းေတြဟာ ကမ္းေျခနဲ႔ နီးလာေလ ျမင့္လာေလျဖစ္ျပီး လႈိင္းလံုး အေျပာင္းအလဲကို အခ်ိန္နဲ႔ တေျပးညီမတုိင္းတာခဲ့လို႔လည္း ျဖစ္ပါတယ္။

ေနာက္တစ္ခ်က္က ၁၅ မိနစ္တစ္ခါ ဒီေရတုိင္းတဲ့ စနစ္ျဖစ္ျပီး ဆူနာမီလိႈွင္းလံုး ၃ လံုးဟာ ၁၁ မိနစ္အတြင္း ေရာက္ရွိလာခဲ့အတြက္ အရမ္းျမန္လြန္းလို႔ တုိင္းလို႔မမိခဲ့ဘဲ ဒီလို အျဖစ္ဆိုးၾကီး ၾကံဳရတာလည္း ျဖစ္ပါတယ္။

ဘယ္လိုပဲ သတိေပးခ်က္စနစ္ေတြ ေကာင္းခဲ့လည္း ျပဳျပင္ထိန္းသိမ္းမႈမေကာင္းရင္၊ လူေတြက တာဝန္ေပါ့ေလ်ာ့ရင္ လူေပါင္းမ်ားစြာ အသက္ေပးရႏုိင္ေၾကာင္း အင္ဒိုနီးရွားဆူနာမီျဖစ္ရပ္ဆုိးၾကီးက သက္ေသျပသြားခဲ့ပါျပီ။ ဒါမ်ိဳးကို ျမန္မာျပည္သူေတြအေနနဲ႔လည္း သင္ခန္းစာယူျပီး ျပင္ဆင္ထားသင့္ပါတယ္လို႔ အၾကံျပဳလိုက္ပါရေစ။

ရိုးလူ (အခရာ)

www.akhayar.com

Source : bbc.com, cnn.com
[Unicode]

အင်ဒိုနီးရှားဆူနာမီကပ်ဆိုးကြီးမတိုင်ခင် ကြိုတင်သတိပေးစနစ်ဘာကြောင့် အလုပ်မလုပ်ခဲ့တာလဲ

ပြီးခဲ့တဲ့ သောကြာနေ့ စက်တင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ ဆူလာဝေစီကျွန်းမှာ ရှိတဲ့ Palu မြို့မှာ ပြင်းအား 7.5 Magnitude ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်သွားပြီး တစ်ဆက်တည်းမှာ ငလျင်ကြောင့် ဖြစ်ပေါ်တဲ့ အမြင့်ပေ ၂၀ လောက်ရှိတဲ့ ဆူနာမီလှိုင်းလုံးကြီးတွေဟာ Palu မြို့ကို ရိုက်ခတ်သွားခဲ့ပါတယ်။

ဒီလို ကပ်ဆိုးကြီးတစ်ပြိုင်တည်းရိုက်ခတ်ခံရတဲ့အတွက် လက်ရှိအချိန်အထိ အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးခဲ့ပြီး လူပေါင်း ၁၂၀၀ ကျော်လောက် သေဆုံးခဲ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ပျက်စီးနေတာကြောင့်လည်း ရေ၊ အစားအသောက်နဲ့ ဓာတ်ဆီလို အခြေခံလိုအပ်ချက်တွေဟာ ပြတ်လပ်နေခဲ့ပါပြီ။

ဒီလို ပြတ်လပ်သွားတဲ့အတွက် အသက်ရှင်ကျန်ရစ်သူတွေဟာ စတိုးဆိုင်တွေနဲ့ ကုန်တိုက်တွေကို ဝင်ရောက်လုယက်ယူငင်နေကြတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်တွေ မိုးပေါ်ထောင်ဖောက်တာနဲ့  မျက်ရည်ယိုဗုံးတွေ သုံးပြီး လူအုပ်ကြီးကို လူစုခွဲနေရပါတယ်။

သေဆုံးသူတွေ များလွန်းတဲ့အတွက် ရောဂါတွေ ပျံ့နှံ့မှာ စိုးတာကြောင့် အလောင်းတွေကို လော်ရီကားနဲ့ သယ်လာပြီး ဧရာမကျင်းကြီးတစ်ကျင်းတူးပြီး စုပေါင်းမြှုပ်နှံမှုပြုနေရပါတယ်။

မြေသယ်စက်၊ မြေထိုးစက်နဲ့ စက်ကိရိယာကြီးတွေဟာလည်း ကယ်ဆယ်ရေးတွေ လုပ်ရ၊ အဆောက်အဦးအပျက်အစီးတွေ ရှင်းရတာ များလွန်းတာကြောင့် မအားကြတော့ပါဘူး။

ဒီလို ဆိုးဝါးတဲ့ အဖြစ်ဆိုးကြီး မဖြစ်အောင် ငလျင်လှုပ်တည်းက ဆူနာမီ သတိပေးချက်ကို ဘာကြောင့် တင်ကြို မထုတ်ပြန်ခဲ့တာလဲလို့ အင်ဒိုနီးရှားအစိုးရကို နိုင်ငံတကာက မေးခွန်းထုတ်ကြပါတယ်။

လူပေါင်းသိန်းချီ သေဆုံးခဲ့ရတဲ့ ၂၀၀၄ ခုနှစ် ဆူနာမီလှိုင်းကြီး တိုက်ခတ်ပြီးတည်းက Pacific Region တစ်ခုလုံးအတွက် ဆူနာမီ အာရုံခံစနစ်နဲ့ သတိပေးစနစ်တွေကို တပ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအတွက်လည်း ဒီ စနစ်ဟာ ၂၀၀၈ ခုနှစ်မှာ တပ်ဆင် ပြီးစီးခဲ့ပြီး ငလျင်တိုင်းကိရိယာတွေ၊ ရေကြောင်းပြဗော်ယာတွေ၊ ဒီရေတိုင်းတဲ့ စခန်းတွေနဲ့ GPS စနစ်တွေ ပါဝင်ပါတယ်။

ဒါပေမယ့် ဒီစနစ်တွေ ၊ ကိရိယာတွေဟာ  Palu မြို့ကို တိုက်ခတ်ခဲ့တဲ့ ပေ ၂၀ မြင့်တဲ့ လှိုင်းလုံးကြီးတွေကိုတော့ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိခဲ့ပါဘူးတဲ့။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆူနာမီ သတိပေးစနစ်မှာ ဘာတွေ မှားယွင်းခဲ့ပါသလဲ။

ငလျင်တိုင်းကိရိယာ

ငလျင်တိုင်း အာရုံခံကိရိယာတွေဟာ ငလျင်ဖြစ်တည်ရာနေရာနဲ့ ပြင်းအားကို မှတ်တမ်းယူဖို့ လုပ်ထားတာ ဖြစ်ပြီး ဆူနာမီ သတိပေးချက်ကို Text Messages တွေနဲ့ အချက်ပေးဥသြသံတွေကနေတဆင့်လည်း သတိပေးဖို့ လုပ်ထားပါတယ်။

ငလျင်ဟာ အင်ဒိုနီးရှား စံတော်ချိန် ၆:၀၃ မိနစ်မှာ လှုပ်ခတ်ခဲ့ပြီး အာရုံခံကိရိယာတွေက အမြင့် ၁၀ ပေရှိတဲ့ ဆူနာမီ လှိုင်းလံုံးတွေ ရိုက်ခတ်လာနိုင်တယ်လို့ ခန့်မှန်းကာ လူတွေကို ဘေးလွတ်ရာ ထွက်ပြေးစေဖို့ သတိပေးချက် ထုတ်လွှတ်ဖို့ လုပ်ပါတော့တယ်။ ပြဿနာက ငလျင်လှုပ်လိုက်တဲ့အချိန်မှာ ငလျင်ဧရိယာထဲမှာရှိတဲ့ Cellphone Towers တွေ ပျက်စီးသွားခဲ့ပြီး လူတွေဆီ Text Messages ရောက်အောင် မပို့နိုင်တော့တာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အချက်ပေးဥသြလည်း မဆွဲနိုင်ခဲ့ပါဘူးတဲ့။ ဒီလိုနဲ့ပဲ ဆူနာမီလှိုင်းလုံးကြီး ၃ လုံးဟာ Palu မြို့ကို ညနေ ၆:၁၀ ကနေ ၆:၁၈ မိနစ်အတွင်း ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ရေကြောင်းပြဗော်ယာကွန်ရက်

ရေကြောင်းပြဗော်ယာတွေဆီကလည် ဒီအဖြစ်ဆိုးကြီးအတွက် ဘာသတင်းအချက်အလက်မှ မရရှိခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ တစ်ခုမှ ကောင်းကောင်းအလုပ်မလုပ်လို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ဆူနာမီအတွက် ဗော်ယာ ၂၂ ခုထားရှိခဲ့ပေမယ့် လူတွေ လက်သရမ်းဖျက်ဆီးကြတာကြောင့်ရော၊ ထိန်းသိမ်းမှုမရှိတာကြောင့်ရော ၂၀၁၂ ခုနှစ်တည်းက အလုပ်မလုပ်တော့တာ ဖြစ်ပါတယ်တဲ့။

ဒီရေတိုင်းစခန်း

ဒီရေတိုင်းစခန်းတွေကို ကမ်းရိုးတန်းတဝိုက်မှာ တည်ဆောက်ထားပြီး သူတို့ရဲ့ အလုပ်က ၁၅ မိနစ်တစ်ခါ ဒီရေအမြင့်ကို တိုင်းတာပြီး နိုင်ငံတော်မိုးလေဝသအေဂျင်စီကို သတင်းပို့ပေးရတာ ဖြစ်ပါတယ်။ ဆူနာမီစဖြစ်တဲ့အချိန်မှာ Palu ရဲ့ ၁၂၅ မိုင်အဝေးမှာ ရှိတဲ့ အနီးဆုံး ဒီရေတိုင်းစခန်းဟာ ဒီရေ ၂.၃ လက်မလောက်မြင့်တက်လာတယ်လို့ အေဂျင်စီဘက်ကို သတင်းပို့ခဲ့ပါတယ်။ ဒီ သတင်းအပေါ်အခြေခံပြီး အင်ဒိုမိုးလေဝသအေဂျင်စီဟာ ညနေ ၆:၃၆ မှာ ဆူနာမီသတိပေးစနစ်ကို ထုတ်လွှတ်ခဲ့ပါတယ်။ အဲဒီအချိန်ဟာ မူလသတင်းပို့ချက်နဲ့ နာရီဝက်လောက် ကွာခြားခဲ့ပြီး ဆူနာမီလှိုင်းလုံး ၃ လုံးလည်း ရိုက်ခတ်ပြီးသွားပြီဖြစ်တဲ့အတွက် အခါနှောင်းသွားပါပြီ။

စစချင်းတုန်းက ဒီရေအမြင့် ၂.၃ လက်မလောက်ပဲ မြင့်တက်မယ်ထင်တဲ့အတွက် ခပ်ပေါ့ပေါ့ထင်ခဲ့ပေမယ့် ဆူနာမီလှိုင်းတွေဟာ ကမ်းခြေနဲ့ နီးလာလေ မြင့်လာလေဖြစ်ပြီး လှိုင်းလုံး အပြောင်းအလဲကို အချိန်နဲ့ တပြေးညီမတိုင်းတာခဲ့လို့လည်း ဖြစ်ပါတယ်။

နောက်တစ်ချက်က ၁၅ မိနစ်တစ်ခါ ဒီရေတိုင်းတဲ့ စနစ်ဖြစ်ပြီး ဆူနာမီလှိုှင်းလုံး ၃ လုံးဟာ ၁၁ မိနစ်အတွင်း ရောက်ရှိလာခဲ့အတွက် အရမ်းမြန်လွန်းလို့ တိုင်းလို့မမိခဲ့ဘဲ ဒီလို အဖြစ်ဆိုးကြီး ကြုံရတာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲ သတိပေးချက်စနစ်တွေ ကောင်းခဲ့လည်း ပြုပြင်ထိန်းသိမ်းမှုမကောင်းရင်၊ လူတွေက တာဝန်ပေါ့လျော့ရင် လူပေါင်းများစွာ အသက်ပေးရနိုင်ကြောင်း အင်ဒိုနီးရှားဆူနာမီဖြစ်ရပ်ဆိုးကြီးက သက်သေပြသွားခဲ့ပါပြီ။ ဒါမျိုးကို မြန်မာပြည်သူတွေအနေနဲ့လည်း သင်ခန်းစာယူပြီး ပြင်ဆင်ထားသင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။

ရိုးလူ (အခရာ)

www.akhayar.com

Source : bbc.com, cnn.com