This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အုပ္စုအဆင့္ကထြက္ခဲ့ရတဲ့ လက္ရွိခ်န္ပီယံ ဂ်ာမနီ ဘာေတြ မွားခဲ့လဲ

လက္ရွိခ်န္ပီယံ ဂ်ာမနီအသင္းကေတာ့ သူ႔ရင္ ေနာင္ေတာ္ႀကီးေတြျဖစ္တဲ့ ျပင္သစ္၊ အီတလီ၊ စပိန္တို႔ရဲ႕ လမ္းစဥ္အတိုင္း ကမၻာ႔ဖလားအုပ္စုအဆင့္ကေန လွည့္ျပန္ခဲ့ရၿပီ။ ၂၀၁၄ ကမၻာ႔ဖလားခ်န္ပီယံအသင္းက ကစားသမား(၈)ဦးအထိ ပါ၀င္ခဲ့ၿပီး ေတာင့္တင္းတဲ့လူစာရင္းနဲ႔ အခုကမၻာ႔ဖလားကုိ ဆင္ႏဲႊခဲ့ေပမယ့္ ႏွစ္ပဲြ႐ႈံး၊ တစ္ပဲြႏုိင္ ရလဒ္နဲ႔ အုပ္စုေနာက္ဆုံးအျဖစ္ ၂၀၁၈ကမၻာ႔ဖလားၿပိဳင္ပဲြကုိ အရွက္တကဲြ ႏႈတ္ဆက္ခဲ့ရတယ္။

Germany-Players-Devastated

Germany-Players-Devastated

ထူးျခားတာက ၂၀၁၄ တုန္းက အုပ္စုတတိယေနရာနဲ႔ လွည့္ျပန္ခဲ့ရတဲ့ စပိန္တစ္သင္းကလဲြၿပီး လက္ရွိခ်န္ပီယံအသင္းေတြျဖစ္တဲ့ ျပင္သစ္၊ အီတလီ၊ အခု ဂ်ာမနီတို႔ဟာ အုပ္စုေနာက္ဆုံးေနရာနဲ႔ ထြက္ခဲ့ရတာပါပဲ။ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ေတာင္ကုိရီးယားအသငး္ကုိ ပထမဆုံးအႀကိမ္ ႐ႈံးနိမ့္ခဲ့တဲ့မွတ္တမ္းဆုိးကုိ ပုိင္ဆုိင္ခ့ဲတဲ့ ဂ်ာမနီအသင္း ဘာေတြမွားခဲ့လဲ၊ ဘယ္လုိအားနည္းခ်က္ေတြရွိခဲ့လဲဆုိတာ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . .

လူေဟာင္းေတြအေပၚ မီွခုိမႈမ်ားခဲ့တာ
အသင္းတစ္သင္း ကမၻာ႔ဖလားခ်န္ပီယံဆု ဆြတ္ခူးခဲ့ၿပီဆုိရင္ အဲဒီအသင္းရဲ႕အထုိင္ကုိ အေျပာင္းအလဲလုပ္ဖုိ႔ ေတြေ၀ေနတတ္ၾကတယ္။ အဲဒီအသင္းရဲ႕ နည္းျပအပါအ၀င္ ကစားသမားေတြကုိ အေျပာင္းအလဲလုပ္ေလ့မရွိၾကဘူး။ ၂၀၀၆ မွာ အီတလီ ဗုိလ္စဲြခဲ့ၿပီး ၂၀၁၀ ကမၻာ႔ဖလားဆင္ႏႊဲခဲ့ခ်ိန္တုန္းကလည္း နည္းျပလစ္ပီ Lippi နဲ႔ ၂၀၀၆ ကမၻာ႔ဖလား ခ်န္ပီယံအသင္းက ကစားသမားအေတာ္မ်ားမ်ားနဲ႔ ယွဥ္ၿပိဳင္ခဲ့တယ္။ ရလဒ္ကေတာ့ အီတလီအသင္း ႏုိင္ပဲြမရဘဲ၊ ႏွစ္ပဲြသေရ၊ တစ္ပဲြ႐ႈံး ႏွစ္မွတ္နဲ႔ အုပ္စုက ထြက္ခဲ့ရတာပါပဲ။ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ စပိန္အသင္း ခံရတာကလည္း ဒီအတိုင္းပဲ။ အဲဒီအသင္းေတြလုိပဲ အခု ဂ်ာမနီက ထပ္မွားခဲ့ျပန္ပါၿပီ။

Muller

Muller

လြန္ခဲ့တဲ့(၄)ႏွစ္တုန္းက ေျခစြမ္းမ်ိဳး မရွိေတာ့တဲ့ကစားသမားေတြကုိ ဂ်ာမနီနည္းျပဂ်ိဳအာခ်င္လုိး Joachim Low က အလြန္အကံၽြ အားကုိးခဲ့တယ္။ ဥပမာေျပာရရင္ ၿပီးခဲ့တဲ့ကမၻာ႔ဖလား(၂)ႀကိမ္မွာ (၅)ဂုိးစီ သြင္းခဲ့တဲ့ တိုက္စစ္ကစားသမား မူလာ Muller ဟာ အခုကမၻာ႔ဖလားမွာ တစ္ဂုိးမွ မသြင္းႏုိင္သလုိ ဂုိးေပါက္ကန္သြင္းခဲ့တဲ့အႀကိမ္က လက္ခ်ိဳးေရရေလာက္တဲ့အထိျဖစ္ခဲ့ၿပီး ေတာင္ကုိရီးယားနဲ႔ အုပ္စုေနာက္ဆုံးပဲြမွာ ပဲြထြက္စာရင္းက ခ်န္လွပ္ခံခဲ့ရတဲ့အထိ ဆုိးရြားခဲ့တယ္။

Ozil

Ozil

Midfield Masters ေတြျဖစ္တဲ့ က႐ူးစ္ Kroos ၊ အုိေဇးလ္ Ozil တို႔ဆုိရင္လည္း သူတို႔ နာမည္နဲ႔မလုိက္တဲ့ စြမ္းေဆာင္ရည္မ်ိဳးကုိ ျပသခဲ့တယ္။ အဆုိးရြားဆုံးက ခီဒီရာ Khedira ပါ။ ဒီ အသက္(၃၁)ႏွစ္အရြယ္ ဂ်ဴဗင္တပ္စ္၀ါရင့္ကြင္းလယ္လူဟာ တစ္ခ်ိန္တုန္းကလုိ Defensive Midfield မွာ အေကာင္းဆုံးစြမ္းေဆာင္ရည္မ်ိဳး မရွိေတာ့ပါဘူး။

အေျပာင္းအလဲေတြက အလုပ္မျဖစ္ခဲ့ဘူး
ဂ်ိဳအာခ်င္လုိးဟာ အသင္းရဲ႕လူစာရင္းကုိ အေျပာင္းအလဲေတာ့ လုပ္ခဲ့ေပမယ့္ အဲဒါေတြက အလုပ္မျဖစ္ခဲ့ဘူး။ ဂ်ိဳအာခ်င္လုိး ေရြးခ်ယ္ခဲ့တဲ့ လူငယ္ကစားသမားေတြနဲ႔ စီနီယာကစားသမားေတြအၾကား နားလည္မႈ ရွိရွိ တဲြဖက္ကစားႏုိင္မႈ အားနည္းခဲ့တာက ဂ်ာမနီအသင္းကုိ က်႐ႈံးေစခဲ့တာပါပဲ။

Julian-Brandt-and-Neuer

Julian-Brandt-and-Neuer

ေနာက္တစ္ခ်က္က ၿပီးခဲ့တဲ့ရာသီတုန္းက မန္စီးတီးအသင္းနဲ႔အတူ ေျခစြမ္းျပကစားၿပီး အေကာင္းဆုံးဆုေတြရခဲ့တဲ့ ဆာေနး Sane ကုိ ခ်န္လွပ္ၿပီး ေလဗာကူဆင္အသင္းရဲ႕ လူငယ္တိုက္စစ္ကစားသမား ဂ်ဴလီယုိဘရန္႔တ္ Julian Brandt ကုိ ဦးစားေပးေရြးခ်ယ္ခဲ့တယ္။ ဒါေပမဲ့ ဘရန္႔တ္ဟာ အုပ္စုပဲြစဥ္(၃)ပဲြမွာ စုစုေပါင္း(၁၉)မိနစ္သာ ကစားခြင့္ရခဲ့တာေၾကာင့္ သူ႔ကုိေရြးခ်ယ္ခဲ့တဲ့ ဂ်ဳိအာခ်င္လုိးရဲ႕ဆုံးျဖတ္ခ်က္က ေမးခြန္းထုတ္စရာျဖစ္ခဲ့တယ္။ ေနာက္ၿပီးလုိက္ပ္ဇစ္အသင္းရဲ႕ လူငယ္တိုက္စစ္မွဴး တီမုိ၀ါနာ Timo Werner ကုိ ဂ်ိဳအာခ်င္လုိးက ေမွ်ာ္လင့္ခ်က္ႀကီးႀကီးနဲ႔ ႐ုရွားေျမကုိ ေခၚယူခဲ့ေပမယ့္ သူ႔ရဲ႕အေကာင္းဆုံးပုံစံကုိ အသုံးမခ်ႏုိင္ခဲ့ဘူး။

joachim-loew

joachim-loew

ဘာဆက္လုပ္မလဲ ဂ်ာမနီ
ႏွစ္ေပါင္း(၄၀)အၾကာမွာ ပထမဆုံးအႀကိမ္အျဖစ္ ဂ်ာမနီအသင္း ကမၻာ႔ဖလားအုပ္စုအဆင့္က လွည့္ျပန္ခဲ့ရပါၿပီ။ အခုအခ်ိန္မွာ အဆုိးအေကာင္းေတြထက္ အနာဂတ္အတြက္ ဘယ္လုိျပင္ဆင္ရမလဲဆုိတာကုိ စဥ္းစားရေတာ့မွာပါ။ အခု ဂ်ာမနီအသင္းက ကစားသမား(၁၅)ေယာက္ဟာ လာမယ့္ ၂၀၂၂ ကမၻာ႔ဖလားဆုိရင္ အသက္(၃၀)အရြယ္အထိရွိေနပါၿပီ။ ဂ်ာမနီေဘာလုံးအဖဲြ႕ခ်ဳပ္အေနနဲ႔ ဂ်ိဳအာခ်င္လုိးကုိ ကမၻာ႔ဖလားၿပိဳင္ပဲြမတိုင္ခင္ကတည္းက စာခ်ဳပ္သက္တမ္းတိုးဖုိ႔ သေဘာတူညီမႈရခဲ့ေပမယ့္ လက္ရွိအေနအထားအရ မေသခ်ာႏုိင္ေတာ့ပါဘူး။ ဂ်ာမနီေဘာလုံးအဖဲြ႕ခ်ဳပ္အေနနဲ႔ အခုက်႐ႈံးမႈေတြကုိ ေမ့ပစ္ၿပီး အနာဂတ္အတြက္ ျပင္ဆင္မႈေတြကုိ စတင္ျပဳလုပ္ရေတာ့မွာျဖစ္ပါတယ္ . . .

REF:Sky Sports
Photo:Mirror,Independent,Twitter,.newshub.co,Dhaka Tribune,Sportschau
Naing Linn(Akhyar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အုပ်စုအဆင့်ကထွက်ခဲ့ရတဲ့ လက်ရှိချန်ပီယံ ဂျာမနီ ဘာတွေ မှားခဲ့လဲ

လက်ရှိချန်ပီယံ ဂျာမနီအသင်းကတော့ သူ့ရင် နောင်တော်ကြီးတွေဖြစ်တဲ့ ပြင်သစ်၊ အီတလီ၊ စပိန်တို့ရဲ့ လမ်းစဉ်အတိုင်း ကမ္ဘာ့ဖလားအုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီ။ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံအသင်းက ကစားသမား(၈)ဦးအထိ ပါဝင်ခဲ့ပြီး တောင့်တင်းတဲ့လူစာရင်းနဲ့ အခုကမ္ဘာ့ဖလားကို ဆင်နွဲှခဲ့ပေမယ့် နှစ်ပွဲရှုံး၊ တစ်ပွဲနိုင် ရလဒ်နဲ့ အုပ်စုနောက်ဆုံးအဖြစ် ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲကို အရှက်တကွဲ နှုတ်ဆက်ခဲ့ရတယ်။

Germany-Players-Devastated

Germany-Players-Devastated

ထူးခြားတာက ၂၀၁၄ တုန်းက အုပ်စုတတိယနေရာနဲ့ လှည့်ပြန်ခဲ့ရတဲ့ စပိန်တစ်သင်းကလွဲပြီး လက်ရှိချန်ပီယံအသင်းတွေဖြစ်တဲ့ ပြင်သစ်၊ အီတလီ၊ အခု ဂျာမနီတို့ဟာ အုပ်စုနောက်ဆုံးနေရာနဲ့ ထွက်ခဲ့ရတာပါပဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် တောင်ကိုရီးယားအသင်းကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တဲ့မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့တဲ့ ဂျာမနီအသင်း ဘာတွေမှားခဲ့လဲ၊ ဘယ်လိုအားနည်းချက်တွေရှိခဲ့လဲဆိုတာ ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . .

လူဟောင်းတွေအပေါ် မှီခိုမှုများခဲ့တာ
အသင်းတစ်သင်း ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးခဲ့ပြီဆိုရင် အဲဒီအသင်းရဲ့အထိုင်ကို အပြောင်းအလဲလုပ်ဖို့ တွေဝေနေတတ်ကြတယ်။ အဲဒီအသင်းရဲ့ နည်းပြအပါအဝင် ကစားသမားတွေကို အပြောင်းအလဲလုပ်လေ့မရှိကြဘူး။ ၂၀၀၆ မှာ အီတလီ ဗိုလ်စွဲခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားဆင်နွှဲခဲ့ချိန်တုန်းကလည်း နည်းပြလစ်ပီ Lippi နဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံအသင်းက ကစားသမားအတော်များများနဲ့ ယှဉ်ပြိုင်ခဲ့တယ်။ ရလဒ်ကတော့ အီတလီအသင်း နိုင်ပွဲမရဘဲ၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး နှစ်မှတ်နဲ့ အုပ်စုက ထွက်ခဲ့ရတာပါပဲ။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်း ခံရတာကလည်း ဒီအတိုင်းပဲ။ အဲဒီအသင်းတွေလိုပဲ အခု ဂျာမနီက ထပ်မှားခဲ့ပြန်ပါပြီ။

Muller

Muller

လွန်ခဲ့တဲ့(၄)နှစ်တုန်းက ခြေစွမ်းမျိုး မရှိတော့တဲ့ကစားသမားတွေကို ဂျာမနီနည်းပြဂျိုအာချင်လိုး Joachim Low က အလွန်အကံျွ အားကိုးခဲ့တယ်။ ဥပမာပြောရရင် ပြီးခဲ့တဲ့ကမ္ဘာ့ဖလား(၂)ကြိမ်မှာ (၅)ဂိုးစီ သွင်းခဲ့တဲ့ တိုက်စစ်ကစားသမား မူလာ Muller ဟာ အခုကမ္ဘာ့ဖလားမှာ တစ်ဂိုးမှ မသွင်းနိုင်သလို ဂိုးပေါက်ကန်သွင်းခဲ့တဲ့အကြိမ်က လက်ချိုးရေရလောက်တဲ့အထိဖြစ်ခဲ့ပြီး တောင်ကိုရီးယားနဲ့ အုပ်စုနောက်ဆုံးပွဲမှာ ပွဲထွက်စာရင်းက ချန်လှပ်ခံခဲ့ရတဲ့အထိ ဆိုးရွားခဲ့တယ်။

Ozil

Ozil

Midfield Masters တွေဖြစ်တဲ့ ကရူးစ် Kroos ၊ အိုဇေးလ် Ozil တို့ဆိုရင်လည်း သူတို့ နာမည်နဲ့မလိုက်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသခဲ့တယ်။ အဆိုးရွားဆုံးက ခီဒီရာ Khedira ပါ။ ဒီ အသက်(၃၁)နှစ်အရွယ် ဂျူဗင်တပ်စ်ဝါရင့်ကွင်းလယ်လူဟာ တစ်ချိန်တုန်းကလို Defensive Midfield မှာ အကောင်းဆုံးစွမ်းဆောင်ရည်မျိုး မရှိတော့ပါဘူး။

အပြောင်းအလဲတွေက အလုပ်မဖြစ်ခဲ့ဘူး
ဂျိုအာချင်လိုးဟာ အသင်းရဲ့လူစာရင်းကို အပြောင်းအလဲတော့ လုပ်ခဲ့ပေမယ့် အဲဒါတွေက အလုပ်မဖြစ်ခဲ့ဘူး။ ဂျိုအာချင်လိုး ရွေးချယ်ခဲ့တဲ့ လူငယ်ကစားသမားတွေနဲ့ စီနီယာကစားသမားတွေအကြား နားလည်မှု ရှိရှိ တွဲဖက်ကစားနိုင်မှု အားနည်းခဲ့တာက ဂျာမနီအသင်းကို ကျရှုံးစေခဲ့တာပါပဲ။

Julian-Brandt-and-Neuer

Julian-Brandt-and-Neuer

နောက်တစ်ချက်က ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးအသင်းနဲ့အတူ ခြေစွမ်းပြကစားပြီး အကောင်းဆုံးဆုတွေရခဲ့တဲ့ ဆာနေး Sane ကို ချန်လှပ်ပြီး လေဗာကူဆင်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား ဂျူလီယိုဘရန့်တ် Julian Brandt ကို ဦးစားပေးရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ ဘရန့်တ်ဟာ အုပ်စုပွဲစဉ်(၃)ပွဲမှာ စုစုပေါင်း(၁၉)မိနစ်သာ ကစားခွင့်ရခဲ့တာကြောင့် သူ့ကိုရွေးချယ်ခဲ့တဲ့ ဂျိုအာချင်လိုးရဲ့ဆုံးဖြတ်ချက်က မေးခွန်းထုတ်စရာဖြစ်ခဲ့တယ်။ နောက်ပြီးလိုက်ပ်ဇစ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး တီမိုဝါနာ Timo Werner ကို ဂျိုအာချင်လိုးက မျှော်လင့်ချက်ကြီးကြီးနဲ့ ရုရှားမြေကို ခေါ်ယူခဲ့ပေမယ့် သူ့ရဲ့အကောင်းဆုံးပုံစံကို အသုံးမချနိုင်ခဲ့ဘူး။

joachim-loew

joachim-loew

ဘာဆက်လုပ်မလဲ ဂျာမနီ
နှစ်ပေါင်း(၄၀)အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဂျာမနီအသင်း ကမ္ဘာ့ဖလားအုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပါပြီ။ အခုအချိန်မှာ အဆိုးအကောင်းတွေထက် အနာဂတ်အတွက် ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို စဉ်းစားရတော့မှာပါ။ အခု ဂျာမနီအသင်းက ကစားသမား(၁၅)ယောက်ဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားဆိုရင် အသက်(၃၀)အရွယ်အထိရှိနေပါပြီ။ ဂျာမနီဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဂျိုအာချင်လိုးကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်ကတည်းက စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရခဲ့ပေမယ့် လက်ရှိအနေအထားအရ မသေချာနိုင်တော့ပါဘူး။ ဂျာမနီဘောလုံးအဖွဲ့ချုပ်အနေနဲ့ အခုကျရှုံးမှုတွေကို မေ့ပစ်ပြီး အနာဂတ်အတွက် ပြင်ဆင်မှုတွေကို စတင်ပြုလုပ်ရတော့မှာဖြစ်ပါတယ် . . .

REF:Sky Sports
Photo:Mirror,Independent,Twitter,.newshub.co,Dhaka Tribune,Sportschau
Naing Linn(Akhyar)
www.akhayar.com