[Zawgyi]





Apple Logo


iPad Pro Render




Min Than Htike (Akhayar)

www.akhayar.com


[Unicode]

အောက်တိုဘာ ၃၀ ရက်နေ့မှာ ကျင်းပမယ့် Apple Event မှာ ဘာတွေတွေ့ရနိုင်မလဲ

Apple ကတော့ နောက်ထပ် ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီမှာ Brooklyn ၊ NewYork ကနေပြီး Live လွှင့်ပေးသွားမှာပါ။ 

Brooklyn Academy Of Music

Brooklyn Academy Of Music

ဒီပွဲမှာတော့ Invite အတွက် သေးစိတ်လုပ်ပြထားတာတွေ့ရပါတယ်။ Apple က အခုလို Apple Logo တွေကို အများကြီးလုပ်ပြတာမျိုးမရှိခဲ့ပါဘူး။ နောက်ထပ်ထူးခြားတာကတော့ Event လုပ်မယ့် နေရာပါ။ Apple က iPhone တွေအတွက်တော့ Apple Campus အသစ်က Steve Jobs Theatre မှာပဲ မိတ်ဆက်ပွဲလုပ်ပေးခဲ့ပေမယ့် အခုတော့ Brooklyn Academy Of Music မှာလုပ်မယ်လို့ သိရပါတယ်။ 

Apple Logo

Event Invite မှာတော့ Apple Logo တွေကို ပုံစံမျိုးစုံနဲ့ ဖန်တီးထားတာကိုတွေ့ရပါတယ်။ Apple ရဲ့ Site ကို ကိုယ်တိုင်သွားကြည့်မယ်ဆိုရင်တော့ တစ်ခေါက်သွားတိုင်း တစ်ခါပြောင်းနေမှာပါ။ အခုလို ကြည့်လိုက်တာနဲ့ နောက်ထွက်တဲ့ ထုတ်ကုန်သစ်တွေက iPad တွေဖြစ်မယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ Creative ဖြစ်တာကို ပြနေတာဖြစ်လို့ပါ။ Apple အနေနဲ့လည်း လက်ရှိ iPad Pro တွေရဲ့ Design တွေကို ပြောင်းပေးဖို့ လိုအပ်နေပါပြီ။ 

iPad Pro Render

iPhone X တွေမှာ တွေ့ရသလိုပဲ Full Screen Design ကိုပြောင်းဖို့အတွက်တော့ Home Button ကို ဖျောက်ပစ်ရမှာပါ။ Home Button ပျောက်သွားတာနဲ့ Touch ID ပါ ပျောက်သွားမှာဖြစ်တာကြောင့် iPhone တွေမှာလိုပဲ Face ID နဲ့ အစားထိုးသွားမယ်လို့ ယူဆရပါတယ်။ အဲ့ဒီအချက်အပြေင် iPad Pro တွေမှာ Lightning Connector အစား USB-C ကို ပြောင်းသုံးပေးလာမယ်လို့လည်း သတင်းတွေထွက်နေပါသေးတယ်။ 

Livestream will start at 8:30PM Local Time

နောက်ထပ်ထုတ်ကုန်အသစ်တွေအနေနဲ့တော့ MacBook Air တွေကို တွေ့ရနိုင်ပါတယ်။ MacBook Air ကို Design ပြောင်းထုတ်ပေးလာပြီး လက်ရှိ 12 Inch MacBook နဲ့ MacBook Air ကြားမှာဝင်လာမယ့် ထုတ်ကုန်သစ်တစ်ခုအဖြစ် ရှိနေနိုင်ပါတယ်။ USB-C နဲ့ပဲ တွေ့ရနိုင်တာကြောင့် အရင်ကလို USB-A အပေါက်တွေ၊ Display Connector တွေ ပါလာတော့မှာ မဟုတ်ပါဘူး။ Mac mini အသစ်ကိုလည်း မိတ်ဆက်သွားနိုင်တယ်လို့ သတင်းတွေထွက်နေပေမယ့် ဖြစ်နိုင်ခြေတော့ နည်းပါတယ်။ နောက်ထပ်ကတော့ AirPower Wireless Charger နဲ့ AirPods အသစ်တွေကို ထုတ်ပြသွားနိုင်တာကြောင့် လာမယ့် အောက်တိုလာ ၃၀ ရက်နေ့ ည ၈ နာရီခွဲမှာ Livestream ကို Apple.com မှာပဲ စောင့်ကြည့်နိုင်ပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။