Apple နဲ့ Samsung တို့ရဲ့ ယခုနှစ် ၂၀၁၈ ဒုတိယနှစ်ဝက်အတွက် စမတ်ဖုန်းတွေကို အသီးသီးမိတ်ဆက်ပြီးတဲ့အချိန်မှာ ကျန်နေတာကတော့ Google Pixel 3 ဖုန်းတွေမိတ်ဆက်ဖို့ပဲကျန်တော့တာဖြစ်ပါတယ်။ ဒီ Google Pixel 3 ဖုန်းတွေကိုလည်း မနက်ဖြန် အောက်တိုဘာလ ၉ ရက်နေ့ကြရင်မိတ်ဆက်တော့မှာဆိုတော့ အခု Pixel Event မှာ ဘာတွေမျှော်လင့်နိုင်မလဲဆိုတာကို ဖော်ပြသွားပါမယ်။

Google Pixel 3

Google Pixel 3/3XL

Google Pixel 3 XL

Google Pixel Event ဖြစ်တဲ့အတွက် ကျိန်းသေပေါက်မနက်ဖြန် Event မှာ ကြေငြာသွားမယ့် Product တွေကတော့ Google Pixel 3 ဖုန်းနဲ့ Pixel 3 XL ဖုန်းတွေပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Google Pixel 3 ရော၊ 3 XL ဖုန်းတွေမှာ ပါဝင်လာမယ့် Specification တွေကိုလည်း အခုအချိန်မှာ သိနေပြီးသားဖြစ်နေတဲ့အတွက် Google အနေနဲ့ ယခု Event မှာ ဘယ်လိုမျိုး အံ့အားသင့်စရာတွေထုတ်ပြသွားမလဲဆိုတာက စိတ်ဝင်စားစရာပါ။

ဒီနှစ်မှာလည်း Google ကနေ Single Camera သုံးထားတဲ့ Google Pixel 3 ဖုန်းတွေက ကင်မရာအကောင်းဆုံးသောစမတ်ဖုန်းတွေဖြစ်တယ်လို့ သတ်မှတ်လာနိုင်ပြီးတော့ DxOMark မှာလည်း Huawei P20 Pro ထက်ပိုပြီးတောင် ရရှိလာနိုင်ပါတယ်။

Google Pixel 3 XL

ဒါ့အပြင် Google Pixel 3 ဖုန်းတွေနဲ့အတူ Google Pixel Stand ကိုလည်း တွေ့ရဖို့များနေပြီးတော့ အခု Pixel Stand ဟာ Pixel 3 ဖုန်းတွေအတွက် Wireless Charger အပြင် Smart Speaker လိုမျိုးပါ အသုံးပြုလာနိုင်ဖို့ရှိနေပါတယ်။

Google Pixel Slate

Google Pixel Slate

Google Pixel 3 ဖုန်းတွေအပြင် နောက်ထပ် Google ရဲ့ အဓိကမိတ်ဆက်သွားမယ့် Product တစ်ခုကတော့ Google Pixel Slate Tablet ပါ။ Google ဟာ ဒီ Pixel Slate Tablet ကို လက်ရှိ Microsoft Surface Go ၊ Apple iPad Pro တွေနဲ့ တိုက်ရိုက်ယှဉ်ပြိုင်ဖို့အတွက် ထုတ်မှာဖြစ်သလိုပဲ Google က Intel i7 Processor ၊ RAM 16GB တွေပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Chrome OS ကိုပဲ အသုံးပြုလာမယ့် ဒီ Pixel Slate Tablet က External Keyboard ကို Support ပြုလုပ်မယ်ဆိုပေမယ့် အောင်မြင်နိုင်ပါ့မလားဆိုတာကတော့ သံသဃဝင်စရာပါ။

Google Pixel Slate

ကျန်တဲ့ Product တွေအနေနဲ့ကတော့ Google ကနေ Google Home Product အသစ်တွေ၊ Google Pixel Buds အသစ်နဲ့ Google Display တွေကို မိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့်လည်း အခုခန့်မှန်းထားတဲ့ Product တွေထက်ပိုတဲ့ တခြားသော Product တွေကိုလည်း တွေ့လာရဖို့ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Google Pixel 3 ဖုန်းက ဒီနှစ်ထဲမှာအကောင်းဆုံး Android ဖုန်းဖြစ်လာနိုင်မလားကတော့ လာမယ့် အောက်တိုဘာလ ၉ ရက်နေ့ဆိုရင်သိနိုင်တော့မှာပါ။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]