Apple ရဲ႕ WWDC Event လုိမ်ိဳးပဲ Google ရဲ႕ I/O Developer Festival ကလည္း Google ရဲ႕ Android OS ပိုင္းဆိုင္ရာ ၾကီးမားတဲ့အေျပာင္းအလဲေတြ၊ Google ရဲ႕ အနာဂတ္အတြက္ အစီအစဥ္ေတြကို ေတြ႕ျမင္ရတတ္တဲ့ Event တစ္ခုျဖစ္ပါတယ္။ အခုႏွစ္အတြက္လည္း Google ကေန လာမယ့္ ေမလ ၈ ရက္ေန႔ကေန ေမလ ၁၀ ရက္ေန႔အတြင္းမွာ အေမရိကန္ႏုိင္ငံ ကယ္လီဖုိးနီးယားျပည္နယ္မွာရွိတဲ့ Shoreline Amphitheater မွာ ျပဳလုပ္သြားမယ္လုိ႔ ေၾကညာထားျပီး ျဖစ္ပါတယ္။

Google I/O 2018

အခုလုိမ်ိဳး Google ရဲ႕ အၾကီးမားဆံုးအေျပာင္းအလဲေတြကို ျမင္ေတြ႕ရတတ္တဲ့ Google I/O 2018 မွာေရာ ဘာေတြကို ေမွ်ာ္လင့္ႏုိင္မလဲ? လက္ရွိအျဖစ္ႏုိင္ဆံုးအရာေတြကို စဥ္းစားၾကည့္ရေအာင္။

1. Android P ဆိုတာကို အေသးစိတ္ထုတ္ေဖာ္ျပသလာႏုိင္မယ္

Android P

Google ကေန Android P Developer Preview ကို ျပီးခဲ့တဲ့လပိုင္းတုန္းက ေၾကျငာေပးခဲ့တာျဖစ္ျပီးေတာ့ အခုအခ်ိန္မွာေတာ့ ပထမဆံုး စစျခင္း Android P Developer Preview က ဘယ္လုိပံုစံရွိလာမလဲဆိုတာကို သိလာရျပီျဖစ္ပါတယ္။ ဒါေပမယ့္ အခု Google I/O မွာေတာ့ Android P ကို ဘယ္လုိမ်ိဳး ေခၚဆုိမယ္ဆိုတာေတြနဲ႔ အတူ အျခားေသာ အေသးစိတ္အခ်က္အလက္ေတြပါ သိလာရေတာ့မွာပဲျဖစ္ပါတယ္။

2. ပိုျပီး Update ျဖစ္လာမယ့္ Google Assistant

Google Home

Google ရဲ႕ Assistant ဟာ လက္ရွိအခ်ိန္မွာ အေကာင္းဆံုးေသာ Smart Assistant တစ္ခုျဖစ္တယ္လုိ႔ သတ္မွတ္ခံထားရတာျဖစ္ပါတယ္။ Google ကလည္း ယခုႏွစ္မွာ ႏုိင္ငံအသစ္ ၃၀ နဲ႔ အတူ ဘာသာစကား ၁၇ ခုကိုပါ အသစ္ထပ္မံထည့္သြင္းဖုိ႔ စီစဥ္ေနတယ္လုိ႔ သိရျပီးေတာ့ Google က Multilingual Function Tool တစ္ခုကိုလည္း ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ ယခုႏွစ္ထဲက ကိုယ္က ဘယ္လုိဘာသာစကားနဲ႔ပဲေျပာေျပာ Google Assistant က နားလည္ျပီး ျပန္လည္ Response လုပ္ႏုိင္မယ္လုိ႔ ယူဆရပါတယ္။

3. Google Services နဲ႔ ပတ္သတ္ျပီး ၾကီးမားတဲ့ ေျပာင္းလဲမႈေတြ

Google နဲ႔ သက္ဆုိင္တဲ့ Services Application ေတြလည္း အခု Google I/O 2018 မွာေျပာင္းလဲေတာ့မယ္လုိ႔ ယူဆရပါတယ္။ ဘာျဖစ္လုိ႔လဲဆိုရင္ အခု Google I/O 2018 မွာ “What’s New in Google Photos” ဆုိတဲ့ Section တစ္ခုပါဝင္လာမွာျဖစ္ျပီးေတာ့ အခုအဓိပၸါယ္က Google Photos နဲ႔ ပတ္သတ္ျပီး အေျပာင္းအလဲတစ္ခုရွိလာမယ္လုိ႔ ယူဆရပါတယ္။ ေနာက္ထပ္ Google ကိုယ္တုိင္ကလည္း Material Design 2.0 ကို ေဆာင္ရြက္ေနျပီးေတာ့ Google Chrome ၊ Google Play Services ေတြနဲ႔ Gmail ေတြအကုန္လံုးမွာပါလုိက္ျပီး ေျပာင္းလဲလာေတာ့မွာပါ။

4. AR နဲ႔ VR ပိုင္းကို ပုိျပီး အားစိုက္လာဦးမယ့္ Google

Google Daydream VR

Google ရဲ႕ Daydream VR ဟာ လက္ရွိအခ်ိန္မွာ သံုးလုိ႔ေကာင္းတဲ့ VR Headset တစ္ခုလုိ႔ သတ္မွတ္ခံထားရပါတယ္။ ဒါ့အျပင္ Google ရဲ႕ AR Service တစ္ခုျဖစ္တဲ့ AR Core ကိုလည္း ထုတ္ေပးခဲ့ျပီးျဖစ္ပါတယ္။ ဒါေပမယ့္ အခု AR နဲ႔ VR Product ၂ မ်ိဳးစလံုးက Support ျပဳလုပ္တဲ့ Devices ေတြက လက္ခ်ိဳးေရလုိ႔ရေနျပီးေတာ့ အမ်ားျပည္သူေတြရဲ႕ လက္ထဲကို မေရာက္ေသးဘူးလုိ႔ ေျပာလုိ႔ရပါတယ္။ အဲ့ဒီအတြက္ Google ကေန AR နဲ႔ VR ပိုင္းကို အခုထက္ပိုျပီး အသံုးျပဳသူမ်ားျပားေအာင္ ခ်ျပပါလိမ့္မယ္။

5. WearOS အေပၚေျပာင္းလဲမႈေတြ

Google WearOS

Google ကေန ျပီးခဲ့တဲ့ ရက္သတၱပတ္ေတြတုန္းကလည္း Android Wear Operating System ကို WearOS ဆိုျပီးပဲ နာမည္ေျပာင္းထားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္တုန္းကေတာ့ Google ကေနျပီးေတာ့ WearOS ျဖစ္သြားတဲ့အတြက္ ေျပာင္းလဲမႈေတြ ဘယ္လုိမ်ိဳးရွိလာသလဲဆိုတာကို ေျပာၾကားခဲ့ျခင္းမရွိပါဘူး။ ဒါေပမယ့္ အခု Google I/O 2018 မွာ What’s New in Wear OS ဆုိျပီး Section တစ္ခုရွိေနတဲ့အတြက္ေၾကာင့္ ဒီႏွစ္မွာ Smartwatch ေတြ တစ္ေခတ္ဆန္းလာႏုိင္ပါေသးတယ္။

Google ရဲ႕ I/O 2018 ကေတာ့ လာမယ့္ ရက္ပိုင္းအတြင္းမွာက်င္းပေတာ့မွာပါ။ Google က ျပီးခဲ့တဲ့ရက္ပိုင္းတုန္းကလည္း ႏွစ္အေတာ္ၾကာေျပာင္းလဲျခင္းမရွိခဲ့တဲ့ Gmail Design ကို ေျပာင္းလဲေပးခဲ့တဲ့အတြက္ Google I/O 2018 ကလည္း ေမွ်ာ္လင့္ရမယ့္ Event တစ္ခုျဖစ္လာဦးမွာပါ။

Ref : Android Police

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple ရဲ့ WWDC Event လိုမျိုးပဲ Google ရဲ့ I/O Developer Festival ကလည်း Google ရဲ့ Android OS ပိုင်းဆိုင်ရာ ကြီးမားတဲ့အပြောင်းအလဲတွေ၊ Google ရဲ့ အနာဂတ်အတွက် အစီအစဉ်တွေကို တွေ့မြင်ရတတ်တဲ့ Event တစ်ခုဖြစ်ပါတယ်။ အခုနှစ်အတွက်လည်း Google ကနေ လာမယ့် မေလ ၈ ရက်နေ့ကနေ မေလ ၁၀ ရက်နေ့အတွင်းမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Shoreline Amphitheater မှာ ပြုလုပ်သွားမယ်လို့ ကြညာထားပြီး ဖြစ်ပါတယ်။

Google I/O 2018

အခုလိုမျိုး Google ရဲ့ အကြီးမားဆုံးအပြောင်းအလဲတွေကို မြင်တွေ့ရတတ်တဲ့ Google I/O 2018 မှာရော ဘာတွေကို မျှော်လင့်နိုင်မလဲ? လက်ရှိအဖြစ်နိုင်ဆုံးအရာတွေကို စဉ်းစားကြည့်ရအောင်။

1. Android P ဆိုတာကို အသေးစိတ်ထုတ်ဖော်ပြသလာနိုင်မယ်

Android P

Google ကနေ Android P Developer Preview ကို ပြီးခဲ့တဲ့လပိုင်းတုန်းက ကြေငြာပေးခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ ပထမဆုံး စစခြင်း Android P Developer Preview က ဘယ်လိုပုံစံရှိလာမလဲဆိုတာကို သိလာရပြီဖြစ်ပါတယ်။ ဒါပေမယ့် အခု Google I/O မှာတော့ Android P ကို ဘယ်လိုမျိုး ခေါ်ဆိုမယ်ဆိုတာတွေနဲ့ အတူ အခြားသော အသေးစိတ်အချက်အလက်တွေပါ သိလာရတော့မှာပဲဖြစ်ပါတယ်။

2. ပိုပြီး Update ဖြစ်လာမယ့် Google Assistant

Google Home

Google ရဲ့ Assistant ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော Smart Assistant တစ်ခုဖြစ်တယ်လို့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ Google ကလည်း ယခုနှစ်မှာ နိုင်ငံအသစ် ၃၀ နဲ့ အတူ ဘာသာစကား ၁၇ ခုကိုပါ အသစ်ထပ်မံထည့်သွင်းဖို့ စီစဉ်နေတယ်လို့ သိရပြီးတော့ Google က Multilingual Function Tool တစ်ခုကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခုနှစ်ထဲက ကိုယ်က ဘယ်လိုဘာသာစကားနဲ့ပဲပြောပြော Google Assistant က နားလည်ပြီး ပြန်လည် Response လုပ်နိုင်မယ်လို့ ယူဆရပါတယ်။

3. Google Services နဲ့ ပတ်သတ်ပြီး ကြီးမားတဲ့ ပြောင်းလဲမှုတွေ

Google နဲ့ သက်ဆိုင်တဲ့ Services Application တွေလည်း အခု Google I/O 2018 မှာပြောင်းလဲတော့မယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခု Google I/O 2018 မှာ “What’s New in Google Photos” ဆိုတဲ့ Section တစ်ခုပါဝင်လာမှာဖြစ်ပြီးတော့ အခုအဓိပ္ပါယ်က Google Photos နဲ့ ပတ်သတ်ပြီး အပြောင်းအလဲတစ်ခုရှိလာမယ်လို့ ယူဆရပါတယ်။ နောက်ထပ် Google ကိုယ်တိုင်ကလည်း Material Design 2.0 ကို ဆောင်ရွက်နေပြီးတော့ Google Chrome ၊ Google Play Services တွေနဲ့ Gmail တွေအကုန်လုံးမှာပါလိုက်ပြီး ပြောင်းလဲလာတော့မှာပါ။

4. AR နဲ့ VR ပိုင်းကို ပိုပြီး အားစိုက်လာဦးမယ့် Google

Google Daydream VR

Google ရဲ့ Daydream VR ဟာ လက်ရှိအချိန်မှာ သုံးလို့ကောင်းတဲ့ VR Headset တစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။ ဒါ့အပြင် Google ရဲ့ AR Service တစ်ခုဖြစ်တဲ့ AR Core ကိုလည်း ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခု AR နဲ့ VR Product ၂ မျိုးစလုံးက Support ပြုလုပ်တဲ့ Devices တွေက လက်ချိုးရေလို့ရနေပြီးတော့ အများပြည်သူတွေရဲ့ လက်ထဲကို မရောက်သေးဘူးလို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် Google ကနေ AR နဲ့ VR ပိုင်းကို အခုထက်ပိုပြီး အသုံးပြုသူများပြားအောင် ချပြပါလိမ့်မယ်။

5. WearOS အပေါ်ပြောင်းလဲမှုတွေ

Google WearOS

Google ကနေ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလည်း Android Wear Operating System ကို WearOS ဆိုပြီးပဲ နာမည်ပြောင်းထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ Google ကနေပြီးတော့ WearOS ဖြစ်သွားတဲ့အတွက် ပြောင်းလဲမှုတွေ ဘယ်လိုမျိုးရှိလာသလဲဆိုတာကို ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် အခု Google I/O 2018 မှာ What’s New in Wear OS ဆိုပြီး Section တစ်ခုရှိနေတဲ့အတွက်ကြောင့် ဒီနှစ်မှာ Smartwatch တွေ တစ်ခေတ်ဆန်းလာနိုင်ပါသေးတယ်။

Google ရဲ့ I/O 2018 ကတော့ လာမယ့် ရက်ပိုင်းအတွင်းမှာကျင်းပတော့မှာပါ။ Google က ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း နှစ်အတော်ကြာပြောင်းလဲခြင်းမရှိခဲ့တဲ့ Gmail Design ကို ပြောင်းလဲပေးခဲ့တဲ့အတွက် Google I/O 2018 ကလည်း မျှော်လင့်ရမယ့် Event တစ်ခုဖြစ်လာဦးမှာပါ။

Ref : Android Police

Zawyè (Akhayar) 

www.akhayar.com