နှစ်စဉ် ကျင်းပနေကြဖြစ်တဲ့ Computex Event ဟာ လာမယ့် ဇွန်လ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာ ကျင်းပသွားတော့မှာဖြစ်ပါတယ်။ နှစ်တိုင်း ဒီ Computex ပွဲတွေမှာ လက်ရှိကွန်ပျူတာပိုင်းဆိုင်ရာ နည်းပညာတိုးတက်မှုတွေ၊ အပြောင်းအလဲတွေကို တွေ့ရတတ်တဲ့အတွက် ဒီနှစ်မှာလည်း ဘာတွေတွေ့ရမလဲဆိုတာက စိတ်ဝင်စားစရာပါ။

အဲ့တော့ ဘယ် နည်းပညာကုမ္ပဏီတွေက ဘယ်လိုနည်းပညာတွေကို မိတ်ဆက်လာနိုင်သလဲဆိုတာကို ခန့်မှန်းကြည့်ရအောင်။

Asus

Asus ကတော့ ဒီနှစ် Computex ပွဲရဲ့ အဓိကဦးဆောင်သူဖြစ်လာနိုင်ပါတယ်။ ဒီနှစ်မှာ Asus က အခြားသောနည်းပညာတွေထက် ထုတ်ကုန်တွေကို ထုတ်ပြသွားဖို့ရှိနေပြီးတော့ ROG လို့ လူသိများပြီးသား Republic of Gamers ကနေ Sub-brand အနေနဲ့ Gaming Product အသစ်တစ်ခုကို မိတ်ဆက်သွားဖို့ရှိနေပြီး အဲ့ဒါကလောလောဆယ်မှာ သတင်းတွေထွက်နေတဲ့ Gaming Phone လည်းဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် Professional တွေအတွက် ရည်ရွယ်တဲ့ Asis Zenbook အသစ်ကိုလည်း တွေ့ရနိုင်ပြီးတော့ Intel Core i9 Processor ကိုပါ ထည့်သွင်းလာနိုင်လောက်ပါတယ်။

Intel

Intel အနေနဲ့ကတော့ အခု Computex မှာ Hardware အသစ်တွေကို မိတ်ဆက်သွားဖို့မရှိပေမယ့် Event ထဲမှာ ပါဝင်သွားမှာဖြစ်ပြီး Low End ကွန်ပျူတာတွေအတွက် နည်းပညာအသစ်တွေ၊ VR နည်းပညာတွေကို တွေ့ရလာနိုင်ပါတယ်။

Acer

Acer အနေနဲ့တော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ New York မှာ Gaming Monitor အသစ်တွေ၊ Chromebook အသစ်တွေကို ပြသသွားပြီးဖြစ်တဲ့အတွက် အခု Computex မှာတော့ နောက်ထပ် Product အသစ်တွေကို ပြသဖို့ကမသေချာသေးပါဘူး။

Qualcomm & Microsoft

အခု Qualcomm နဲ့ Microsoft တို့ကတော့ ဒီနှစ်မှာ Qualcomm Processor နဲ့ Windows 10 ကွန်ပျူတာပေါင်းစပ်မှုတွေကို နောက်ထပ်တစ်ဆင့်မြှင့်လာလောက်ပြီး တလောက သတင်ူးတွေထွက်ခဲ့တဲ့ Qualcomm Snapdragon 850 Processor အသုံးပြုထားတဲ့ Laptop တွေကိုတွေ့လာရနိုင်ပါတယ်။

Nvidia

Nvidia အနေနဲ့ကတော့ Graphic Card အသစ်တွေကို ကြေညာသွားဖို့ မရှိပေမယ့် Max-Q Design ကို အသုံးပြုထားတဲ့ Gaming Laptop တွေကိုပဲ ပြသသွားမယ်လို့ ယူဆရပါတယ်။

AMD

AMD ကတော့ Second Generation Ryzen 3 Processor တွေကို မိတ်ဆက်သွားမှာဖြစ်ပြီးတော့ အဆိုပါ Ryzen 3 Chip ကို အသုံးပြုလာတဲ့ ဈေးနှုန်းသက်သာတဲ့ Laptop တွေကို တွေ့လာရဖို့ရှိပါတယ်။

Dell

Dell က မနှစ်က Computex ပွဲမှာ VR Ready PC တွေနဲ့ Mixed Reality Headsets တွေကိုပြသသွားပြီး ကွန်ပျူတာအနေနဲ့ Dell XPS 15 နဲ့ Precision 5530 High End Workstation ကိုပြသသွားပြီးဖြစ်တဲ့အတွက် ဒီနှစ် Computex မှာတော့ Hardware အငသ်တွေကို မိတ်ဆက်သွားမယ့်ပုံမရှိပါဘူး။

အဲ့ဒီအတွက် ဒီနှစ်ရဲ့ Computex ပွဲမှာကတော့ Asus နဲ့ Qualcomm ၊ Microsoft တို့ကပဲ ကြီးကြီးမားမားပြသသွားနိုင်ပြီးတော့ တကယ်ဘယ်လိုနည်းပညာ Product တွေမိတ်ဆက်မလဲဆိုတာကတော့ မကြာခင်မှာ မြင်ရတော့မှာပါ။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]