[Zawgyi]
MWC 2018 မှာဘာတွေမျှော်လင့်လို့ရမလဲ
-Samsung
-LG
-Huawei
-Sony 
-Lenovo
-Asus
-Nokia 
Min Than Htike (Akhayar)
www.akhayar.com
[Unicode]
MWC 2018 မှာဘာတွေမေ ျှာ်လင့်လို့ရမလဲ
Mobile World Congress ဆိုတာကတော့နှစ်တိုင်း GSM Association ကစီစဉ်ကျင်းပနေတဲ့ Smartphone ပြပွဲကြီးပါ။ လာမယ့် Feb 26 ကနေ March 1 အထိကျင်းပမယ့် MWC 2018 မှာတော့ ဘယ်ကုမ္ပဏီတွေက ဘာတွေမိတ်ဆက်ပေးသွားမလဲဆိုတာ သတင်းအချို့ထွက်ထားတဲ့အတွင် စိတ်ဝင်စားစရာကောင်းပါတယ်။  Huawei ၊ Sony ၊ LG နှင့် Samsung လိုသင်ရင်းနှီးတဲ့ Company တွေပါဝင်မိတ်ဆက်ပြသမှာဖြစ်ပါတယ်။
-Samsung
Samsung Unpacked အတွက်ကတော့ Galaxy S9 Series သစ်ကိုမိတ်ဆက်မှာဖြစ်ပါတယ်။ Galaxy S9 နဲ့ပတ်သက်တာတွေ တော်တော်များများသိနေကြပြီးဖြစ်တာကြောင့် Samsung Fan တွေကတော့ တော်တော်လေးစိတ်လှုပ်ရှားနေကြပါပြီ။  S9 ကိုအများကြီးမေ ျှာ်လင့်ထားတဲ့အတိုင်း S8 ထက်အများကြီးပိုကောင်းလာမယ့် ဖုန်းတစ်လုံးအဖြစ်မြင်တွေ့ရမှာပါ။ S9 တွေအတွက် Design အပြောင်းအလဲကြီးကြီးမားမားရှိမှာ
မဟုတ်ပေမယ့် S8 မှာအဆင်မပြေဖြစ်ခဲ့တဲ့ Fingerprint Scanner ထားတဲ့နေရာကိုပြန်ပြောင်းပေးထားမှာဖြစ်ပြီး Camera ပိုင်းမှာတော့ Variable Aperture ဖြစ်လာမှာမို့ သိသိသာတဲ့ပြောင်းလဲမှုတစ်ခုကိုတွေ့ရမှာပါ။ ထုံးစံအတိုင်း Snapdragon Version နဲ့ Exynos Version နှစ်မျိုးလာမှာဖြစ်ပြီး Asia ဖက်ကိုတော့ Exynos နဲ့ပဲလာမှာဖြစ်ပါတယ်။ S9 ကိုတော့ Single Camera နဲ့တွေ့ရမှာဖြစ်ပြီး S9 Plus ကိုတော့ Dual Camera နဲ့တွေ့ရမှာဖြစ်ပါတယ်။
-LG
LG အနေနဲ့တော့ အရင်နှစ်ကထွက်ခဲ့တဲ့ LG V30 ရဲ့နောက်တစ်ဆင့်ဖြစ်လာမယ့် LG V30s ကိုထုတ်ပြဖို့ရှိတယ်လို့သိရပါတယ်။ LG V30s မှာတော့ သိသာတဲ့ပြောင်းလဲမှုတွေအများကြီးတွေ့ရမှာမဟုတ်ပဲ AI ပိုင်းကိုပဲပိုဂရုစိုက်ထားပေးမှာဖြစ်ပါတယ်။ AI အတွက်လိုအပ်တဲ့ Hardware အဆင့်မြှင့်တင်မှုတွေနဲ့အတူ Sofrware ပြောင်းလဲမှုအချို့လောပဲတွေ့ရမယ်လို့ခန့်မှန်းရပါတယ်။
-Huawei
Huawei ကတော့ Mate Product Line ကိုထပ်တိုးဖို့ပြင်ဆင်နေတာဖြစ်ပြီး MateBook အသစ်တွေကိုပွဲထုတ်သွားဖို့ရှိပါတယ်။ MateBook တွေကတော့ Windows 10 သုံးထားတဲ့ Laptop တွေဖြစ်ပြီး Design ပိုင်းမှာအလွန်သပ်ရပ်တာကြောင့် Laptop Market ထဲမှာအဆင့်တစ်ခုရထားတဲ့ Laptop တွေပါ။ Windows Laptop တွေကတော့ ဖုန်းတွေလိုစိတ်ဝင်စားစရာသိပ်မရှိပေမယ့် Hardware Upgrade တွေတော့ရှိပါတယ်။ MateBook တွေအပြင် Media Pad တွေကိုလည်းထုတ်ပြဦးမယ်လို့ သိရပါတယ်။ Anroid Tablet တွေကတော့ အသစ်တွေထွက်နေပေမယ့် Windows Laptop တွေနဲ့ Windows Tablet တွေကိုကျော်တက်ဖို့ကတော့ မလွယ်တော့ပါဘူး။ Company တော်တော်များများကလည်း Windows Laptop တွေနဲ့ Tablet တွေကိုပိုအာရုံစိုက်လာကြပါပြီ။
-Sony 
Xperia ဖုန်းအသစ်အတွက် Sony အများကြီးပြင်ဆင်ထားပါတယ်။ Xperia Phone တွေအတွက် အပြောင်းအလဲအကြီးဆုံးနှစ်ဖြစ်ဖို့မေ ျှာ်လင့်ရပါတယ်။ Design ပိုင်းမှာပြောင်းလဲမှုအနည်းဆုံးဖြစ်တယ်လို့ အားလုံးလက်ခံထားကြတဲ့ Sony ဟာဒီနှစ်တော့ ပြောင်းလဲတော့မှာပါ။ Xperia Phone အသစ်တွေကို Design အပြောင်းအလဲအနေနဲ့ 18:9 Ratio Display တွေသုံးလာမယ်လို့သိရပါတယ်။ Phone Body Design ကိုလည်းအနည်းငယ်ပြောင်းလဲမှာဖြစ်ပြီး Fingerprint Scanner တွေကိုဖုန်းရဲ့နော်ကကျောဖက်ကိုနေရာရွှေ့နိုင်တယ်လို့ကောလဟာလတွေထွက်နေပါသေးတယ်။
-Lenovo
Motorola ကို Lenovo ကဝယ်ယူပြီးနောက်ပိုင်းမှာ ထပ်ထွက်ခဲ့တဲ့ Moto Phone တွေကတော့မြနမာနိုင်ငံမှာပါရောင်းချနေတာကြောင့် အခုထွက်မယ့် Moto Phone အသစ်တွေကလည်းစိတ်ဝင်စားစရာပါ။ Flagship တွေကိုမိတ်ဆက်ဖို့ကတော့ မသေချာပါဘူး။ အရင်နှစ်က MWC မှာ Lenovo မိတ်ဆက်သွားတာက Moto G5 နဲ့ Moto G5 Plus တွေပါ။ အခုနှစ်အတွက်လည်း Moto ရဲ့ G Series အသစ်ကိုပဲမိတ်ဆက်သွားမယ်လို့သိရပါတယ်။
-Asus
ZenFone တွေနဲ့နာမည်ရနေတဲ့ Asus ကတော့ နှစ်တိုင်း CES ပွဲတွေမှာပဲဖုန်းအသစ်မိတ်ဆက်လေ့ရှိပေမယ့် ဒီတစ်ခေါက်တော့ MWC မှာမိတ်ဆက်ဖို့မေ ျှာ်လင့်ရပါတယ်။ ZenFone တွေကသိပ်ပြီးထူးခြားတာမရှိပေမယ့် အခြားဖုန်းတွေမှာမပါတာမျိုးတွေ ဥပမာ – AR အတွက်သီးသန့် Camera စနစ်လိုမျိုးတွေ ကိုတွေ့တတ်တာကြောင့် ဒီနှစ်အတွက်တော့ Asus ကဘယ်လိုဆန်းသစ်လာဦးမလဲဆိုတာ စောင့်ကြည့်ကြရအောင်။
-Nokia 
Nokia ပရိတ်သတ်တွေစောင့်စားနေတဲ့ Nokia အသစ်တွေမကြာခင်ပဲတွေ့ရတော့မှာပါ။ Nokia ကတော့အရင်ကလိုပဲ ဆန်းသစ်မှုတွေအများကြီးလုပ်မှာမဟုတ်ပဲ ရိုးရှင်းစွာနဲ့ထွက်လာမှာ။ Nokia Fan တွေကလည်း ဖုန်းတစ်လုံးအတွက်အများကြီးမေ ျှာ်လင့်နေကြတာမဟုတ်ပေမယ့် Camera ပိုင်းကိုတော့ တော်တော်များများမေ ျှာ်လင့်နေကြပါတယ်။
အခြားကုမ္ပဏီတွေဖြစ်တဲ့ Alcatel နှင့် Blackberry တို့လည်းလာရောက်ပြသမယ်လို့သိရပေမယ့် စိတ်ဝင်စားမှုအရမ်းနည်းနေပါသေးတယ်။
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။