Laptop ေပၚကို ေရမေတာ္တဆဖိတ္က်ခဲ့ရင္ ဘာျပဳလုပ္သင့္သလဲ?

အခုအခ်ိန္မွာ Laptop အသံုးျပဳမႈဟာ အေျခအေနတစ္ခုအထိျမွင့္မားလာျပီး ေနရာတကာသယ္ေဆာင္ရလြယ္ကူတာ၊ ရုံးခန္းေတြမွာလည္း ေရြ႕ေျပာင္းရပိုလြယ္ကူတဲ့အတြက္ Laptop ကိုပိုျပီး ဦးစားေပးအသံုးျပဳလာၾကပါတယ္။ ဒါေပမယ့္ Laptop အမ်ားစုဟာ ေရစိုဒဏ္ကိုမခံႏုိင္ၾကတဲ့အတြက္ ေရ၊ ေကာ္ဖီခြက္ေမွာက္က်ျပီး ေရဝင္သြားရင္ ပ်က္စီးတာမ်ားပါတယ္။

ဒါေပမယ့္ အခုေဖာ္ျပေပးမယ့္ နည္းလမ္းကို ေရ (သို႔) အရည္တစ္ခုခုဖတ္က်သြားတာနဲ႔ခ်က္ခ်င္းျပဳလုပ္ေပးမယ္ဆိုရင္ ပ်က္စီးဆံုးရႈံးမႈကို အနည္းနဲ႔အမ်ားကာကြယ္ႏုိင္မွာျဖစ္ပါတယ္။

အရင္ဆံုး ေကာ္ဖီပဲျဖစ္ျဖစ္၊ ေရပဲျဖစ္ျဖစ္ Laptop ေပၚကိုဖိတ္က်သြားတယ္ဆုိတာနဲ႔ ကိုယ့္လက္နဲ႔ Laptop ပါဝါခလုတ္ကို ေရေျခာက္ေအာင္အရင္သုတ္ပါ။ အဝတ္စနဲ႔ သုတ္တာကပိုအဆင္ေျပပါတယ္။

ကြန္ပ်ဴတာကို ပိတ္ပါ။ ဒီေနရာမွာ ပံုမွန္အတိုင္း ကြန္ပ်ဴတာကို Setting ကေနတစ္ဆင့္ပိတ္တာမဟုတ္ပဲ ပါဝါခလုတ္ကို ကြန္ပ်ဴတာပိတ္သြားတဲ့အထိ ၅ စကၠန္႔ေလာက္ဖိထားလုိက္ပါ။

ေနာက္တစ္ခ်က္ကေတာ့ တကယ္ကို Laptop ကြန္ပ်ဴတာကို Power Adapter တပ္ထားတယ္ဆုိရင္ တဖက္မီးပလပ္ခံုမွာထိုးထားတဲ့ Adapter ေခါင္းကို အရင္ျဖဳတ္ျပီး Laptop က Power Adapter ကိုျဖဳတ္ပါ။ Laptop အမ်ားစုဟာ Battery ကို ျဖဳတ္လုိ႔ရတဲ့အတြက္ စက္မဖြင့္ရပဲ Battery ျဖဳတ္လုိ႔ရတယ္ဆုိရင္ Battery ကိုပါ ျဖဳတ္ထားလုိက္ပါ။

အဲ့လုိလုပ္ျပီးျပီဆုိရင္ေတာ့ ကြန္ပ်ဴတာမွာ လွ်ပ္စစ္ေရွာ႔မရွိႏုိင္ေတာ့ပါဘူး။ အျခားတပ္ဆင္ထားတဲ့ Memory Stick, Cable, Mouse အစရွိတာေတြကိုပါ ျဖဳတ္ပစ္ျပီး တကယ္လုိ႔ Warranty Seal မရွိေတာ့ဘူးဆုိရင္ Screw Driver နဲ႔ Laptop ရဲ႕ RAM (ဒါမွမဟုတ္) Hard disk ကို ဖံုးထားတဲ့ အဖံုးကိုဖြင့္ျပီး RAM နဲ႔ Hard disk ကို ျဖဳတ္လုိက္ပါ။ တခါတေလ တခ်ိဳ႕ Laptop ေတြဟာ RAM နဲ႔ Hard disk ကို သီးျခားမဖံုးအုပ္ထားပဲ ေအာက္ျခမ္းတစ္ခုလံုးကို ဖြင့္ရတာမ်ိဳးရွိတတ္ပါတယ္.. အဲ့ဒီလုိဖြင့္တဲ့အခ်ိန္ၾကရင္ ေအာက္ျခမ္းဘက္မွာရွိတတ္တဲ့ ေကာ္၊ ကလစ္ေတြကို မက်ိဳးေအာင္ ကတ္ထူျပားအမာတစ္ခုနဲ႔ တျဖည္းျဖည္းခြာျပီးဖြင့္ရမွာျဖစ္ပါတယ္။

တကယ္လုိ႔ ဖိတ္က်တဲ့ အရည္က သာမန္ေရမဟုတ္ပဲ အေအး (သို႔) ေကာ္ဖီလို ေစးကပ္ကပ္အရာတစ္ခုဆုိရင္ေတာ့ ကၽြမ္းက်င္တဲ့ Service Center ကို အျမန္ဆံုးပို႔ရမွာျဖစ္ပါတယ္။

တကယ္လုိ႔ ေရပဲဖိတ္က်ခဲ့တာဆုိရင္ေတာ့ ျပန္ျပီးေျခာက္ေသြ႕ေအာင္လုပ္ႏုိင္တဲ့ နည္းလမ္းရွိဦးမွာျဖစ္ပါတယ္။

ပထမဆံုးအေနနဲ႔ အဝတ္စတစ္ခုကို ယူျပီး စားပြဲေပၚမွာျဖန္႔ခင္းထားလိုက္ပါ။ Tower လုိ ေရစုတ္ႏုိင္တဲ့အဝတ္အထူမ်ိဳးဆုိရင္ ပိုအဆင္ေျပမွာပါ။ ျပီးရင္ Laptop Screen ကို ဖြင့္လုိ႔ရတဲ့အထိ ဖြင့္ထားျပီး ေမွာက္လ်က္အေနအထားနဲ႔ အနည္းဆံုး တနာရီကေန ၂ နာရီေလာက္ထိ အခုနကျဖန္႔ခင္းထားတဲ့ အဝတ္ေပၚမွာတင္ထားလုိက္ပါ။

တကယ္လုိ႔ ေရေျခာက္ေလာက္ျပီထင္ရင္ အခုနက ျဖဳတ္ထားတဲ့ RAM, Hard disk နဲ႔ Battery ေတြကို ျပန္တပ္ျပီး ပါဝါဖြင့္ၾကည့္ပါ။ မ်ားေသာအားျဖင့္ ျပန္ေကာင္းလာႏုိင္ျပီး တကယ္လုိ႔ ပါဝါျပန္မတက္လာရင္ေတာ့ Service Center ကိုပဲျပၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဒီအခ်က္ေတြကေတာ့ တကယ္လုိ႔မ်ား ကိုယ့္ Laptop ေပၚကို ေရ၊ ေကာ္ဖီ မေတာ္တဆဖိတ္က်ခဲ့ရင္ အျမန္ဆံုးျပဳလုပ္သင့္တဲ့အခ်က္ေတြျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲ့လုိေမွာက္က်မႈမ်ိဳးကို ၾကိဳတင္ကာကြယ္ထားႏုိင္ရင္ အေကာင္းဆံုးျဖစ္မွာပါ။

ဘယ္လုိကာကြယ္ႏုိင္မလဲဆုိရင္ Laptop ဝယ္ယူတဲ့အခ်ိန္မွာ မေတာ္တဆေရဖိတ္က်တာကို ခံႏုိင္တဲ့ Spill-resistant Keyboard ပါဝင္တဲ့ Laptop ေတြကို အရင္ဦးစားေပးရွာၾကည့္ပါ။ အဲ့လုိ Spill-resistant ခံႏုိင္တဲ့ Laptop ေတြက လက္ရွိအခ်ိန္မွာ ရွားသြားေပမယ့္ အခ်ိဳ႕ေသာ Brand ေတြမွာေတာ့ ရရွိႏုိင္ပါေသးတယ္။ ေရဖိတ္က်ခဲ့ရင္ Laptop ကို ေနာက္ဖံုးဖြင့္ရဖုိ႔ လိုအပ္ႏုိင္တဲ့အတြက္ အနည္းဆံုးေတာ့ Laptop ဝယ္ျပီဆိုရင္ ဘယ္လုိမ်ိဳးဖြင့္ရလဲဆုိတာကို တစ္ခါထဲ စံုစမ္းထားသင့္ပါတယ္။

ေနာက္ထပ္ကေတာ့ ကိုယ္တုိင္က Laptop သံုးေတာ့မယ္ဆိုရင္ ေကာ္ဖီပဲျဖစ္ျဖစ္၊ ေရပဲျဖစ္ျဖစ္ ဒီအတိုင္း အဖုံးမပါတဲ့ခြက္နဲ႔ ေသာက္တာထက္ အဖံုးပါတဲ့ခြက္ ဒါမွမဟုတ္ ပုလင္းတစ္ခုခုနဲ႔ ေသာက္တာက ပိုျပီး စိတ္ခ်ရမွာျဖစ္ပါတယ္။

ေနာက္ဆံုးအေနနဲ႔ကေတာ့ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ Laptop က ေရစိုသြားရင္ ဒီအတိုင္းမထားပဲနဲ႔ အေပၚက အခ်က္ေတြကိုျပဳလုပ္ျပီး အတတ္ႏုိင္ဆံုး ကိုယ့္ရဲ႕ အဖုိးတန္ Data ေတြမပ်က္သြားေအာင္ ကာကြယ္ႏုိင္မွာပဲျဖစ္ပါတယ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

အခုအချိန်မှာ Laptop အသုံးပြုမှုဟာ အခြေအနေတစ်ခုအထိမြှင့်မားလာပြီး နေရာတကာသယ်ဆောင်ရလွယ်ကူတာ၊ ရုံးခန်းတွေမှာလည်း ရွေ့ပြောင်းရပိုလွယ်ကူတဲ့အတွက် Laptop ကိုပိုပြီး ဦးစားပေးအသုံးပြုလာကြပါတယ်။ ဒါပေမယ့် Laptop အများစုဟာ ရေစိုဒဏ်ကိုမခံနိုင်ကြတဲ့အတွက် ရေ၊ ကော်ဖီခွက်မှောက်ကျပြီး ရေဝင်သွားရင် ပျက်စီးတာများပါတယ်။

ဒါပေမယ့် အခုဖော်ပြပေးမယ့် နည်းလမ်းကို ရေ (သို့) အရည်တစ်ခုခုဖတ်ကျသွားတာနဲ့ချက်ချင်းပြုလုပ်ပေးမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုကို အနည်းနဲ့အများကာကွယ်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး ကော်ဖီပဲဖြစ်ဖြစ်၊ ရေပဲဖြစ်ဖြစ် Laptop ပေါ်ကိုဖိတ်ကျသွားတယ်ဆိုတာနဲ့ ကိုယ့်လက်နဲ့ Laptop ပါဝါခလုတ်ကို ရေခြောက်အောင်အရင်သုတ်ပါ။ အဝတ်စနဲ့ သုတ်တာကပိုအဆင်ပြေပါတယ်။

ကွန်ပျူတာကို ပိတ်ပါ။ ဒီနေရာမှာ ပုံမှန်အတိုင်း ကွန်ပျူတာကို Setting ကနေတစ်ဆင့်ပိတ်တာမဟုတ်ပဲ ပါဝါခလုတ်ကို ကွန်ပျူတာပိတ်သွားတဲ့အထိ ၅ စက္ကန့်လောက်ဖိထားလိုက်ပါ။

နောက်တစ်ချက်ကတော့ တကယ်ကို Laptop ကွန်ပျူတာကို Power Adapter တပ်ထားတယ်ဆိုရင် တဖက်မီးပလပ်ခုံမှာထိုးထားတဲ့ Adapter ခေါင်းကို အရင်ဖြုတ်ပြီး Laptop က Power Adapter ကိုဖြုတ်ပါ။ Laptop အများစုဟာ Battery ကို ဖြုတ်လို့ရတဲ့အတွက် စက်မဖွင့်ရပဲ Battery ဖြုတ်လို့ရတယ်ဆိုရင် Battery ကိုပါ ဖြုတ်ထားလိုက်ပါ။

အဲ့လိုလုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာမှာ လျှပ်စစ်ရှော့မရှိနိုင်တော့ပါဘူး။ အခြားတပ်ဆင်ထားတဲ့ Memory Stick, Cable, Mouse အစရှိတာတွေကိုပါ ဖြုတ်ပစ်ပြီး တကယ်လို့ Warranty Seal မရှိတော့ဘူးဆိုရင် Screw Driver နဲ့ Laptop ရဲ့ RAM (ဒါမှမဟုတ်) Hard disk ကို ဖုံးထားတဲ့ အဖုံးကိုဖွင့်ပြီး RAM နဲ့ Hard disk ကို ဖြုတ်လိုက်ပါ။ တခါတလေ တချို့ Laptop တွေဟာ RAM နဲ့ Hard disk ကို သီးခြားမဖုံးအုပ်ထားပဲ အောက်ခြမ်းတစ်ခုလုံးကို ဖွင့်ရတာမျိုးရှိတတ်ပါတယ်.. အဲ့ဒီလိုဖွင့်တဲ့အချိန်ကြရင် အောက်ခြမ်းဘက်မှာရှိတတ်တဲ့ ကော်၊ ကလစ်တွေကို မကျိုးအောင် ကတ်ထူပြားအမာတစ်ခုနဲ့ တဖြည်းဖြည်းခွာပြီးဖွင့်ရမှာဖြစ်ပါတယ်။

တကယ်လို့ ဖိတ်ကျတဲ့ အရည်က သာမန်ရေမဟုတ်ပဲ အအေး (သို့) ကော်ဖီလို စေးကပ်ကပ်အရာတစ်ခုဆိုရင်တော့ ကျွမ်းကျင်တဲ့ Service Center ကို အမြန်ဆုံးပို့ရမှာဖြစ်ပါတယ်။

တကယ်လို့ ရေပဲဖိတ်ကျခဲ့တာဆိုရင်တော့ ပြန်ပြီးခြောက်သွေ့အောင်လုပ်နိုင်တဲ့ နည်းလမ်းရှိဦးမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ အဝတ်စတစ်ခုကို ယူပြီး စားပွဲပေါ်မှာဖြန့်ခင်းထားလိုက်ပါ။ Tower လို ရေစုတ်နိုင်တဲ့အဝတ်အထူမျိုးဆိုရင် ပိုအဆင်ပြေမှာပါ။ ပြီးရင် Laptop Screen ကို ဖွင့်လို့ရတဲ့အထိ ဖွင့်ထားပြီး မှောက်လျက်အနေအထားနဲ့ အနည်းဆုံး တနာရီကနေ ၂ နာရီလောက်ထိ အခုနကဖြန့်ခင်းထားတဲ့ အဝတ်ပေါ်မှာတင်ထားလိုက်ပါ။

တကယ်လို့ ရေခြောက်လောက်ပြီထင်ရင် အခုနက ဖြုတ်ထားတဲ့ RAM, Hard disk နဲ့ Battery တွေကို ပြန်တပ်ပြီး ပါဝါဖွင့်ကြည့်ပါ။ များသောအားဖြင့် ပြန်ကောင်းလာနိုင်ပြီး တကယ်လို့ ပါဝါပြန်မတက်လာရင်တော့ Service Center ကိုပဲပြကြည့်ရတော့မှာဖြစ်ပါတယ်။

ဒီအချက်တွေကတော့ တကယ်လို့များ ကိုယ့် Laptop ပေါ်ကို ရေ၊ ကော်ဖီ မတော်တဆဖိတ်ကျခဲ့ရင် အမြန်ဆုံးပြုလုပ်သင့်တဲ့အချက်တွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့လိုမှောက်ကျမှုမျိုးကို ကြိုတင်ကာကွယ်ထားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။

ဘယ်လိုကာကွယ်နိုင်မလဲဆိုရင် Laptop ဝယ်ယူတဲ့အချိန်မှာ မတော်တဆရေဖိတ်ကျတာကို ခံနိုင်တဲ့ Spill-resistant Keyboard ပါဝင်တဲ့ Laptop တွေကို အရင်ဦးစားပေးရှာကြည့်ပါ။ အဲ့လို Spill-resistant ခံနိုင်တဲ့ Laptop တွေက လက်ရှိအချိန်မှာ ရှားသွားပေမယ့် အချို့သော Brand တွေမှာတော့ ရရှိနိုင်ပါသေးတယ်။ ရေဖိတ်ကျခဲ့ရင် Laptop ကို နောက်ဖုံးဖွင့်ရဖို့ လိုအပ်နိုင်တဲ့အတွက် အနည်းဆုံးတော့ Laptop ဝယ်ပြီဆိုရင် ဘယ်လိုမျိုးဖွင့်ရလဲဆိုတာကို တစ်ခါထဲ စုံစမ်းထားသင့်ပါတယ်။

နောက်ထပ်ကတော့ ကိုယ်တိုင်က Laptop သုံးတော့မယ်ဆိုရင် ကော်ဖီပဲဖြစ်ဖြစ်၊ ရေပဲဖြစ်ဖြစ် ဒီအတိုင်း အဖုံးမပါတဲ့ခွက်နဲ့ သောက်တာထက် အဖုံးပါတဲ့ခွက် ဒါမှမဟုတ် ပုလင်းတစ်ခုခုနဲ့ သောက်တာက ပိုပြီး စိတ်ချရမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် Laptop က ရေစိုသွားရင် ဒီအတိုင်းမထားပဲနဲ့ အပေါ်က အချက်တွေကိုပြုလုပ်ပြီး အတတ်နိုင်ဆုံး ကိုယ့်ရဲ့ အဖိုးတန် Data တွေမပျက်သွားအောင် ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com