[Zawgyi]

ဘုရင္မႀကီးအဲလိဇဘက္ (Queen Elizabeth II) ကုိ ေျမးေတာ္ေတြက ဘယ္လုိေခၚၾကသလဲ

ဘုရင္မႀကီးအဲလိဇဘက္ (Queen Elizabeth II) ႀကီးဟာ ၿဗိတိန္၊ ကေနဒါ၊ ၾသစေတးလ်နဲ႔ နယူးဇီလန္ႏုိင္ငံေတြရဲ႕ အထြဋ္အျမတ္ထားရာျဖစ္ၿပီး ဓနသဟာယႏုိင္ငံ (၅၃) ခုတုိ႔ရဲ႕အႀကီးအကဲလည္း ျဖစ္ပါတယ္။ ၁၉၅၂ခုႏွစ္ ေဖေဖာ္ဝါရီလ (၆) ရက္ေန႔က စတင္နန္းတက္ခဲ့တဲ့အတြက္ နန္းသက္ (၆၅) ႏွစ္ရွိၿပီလုိ႔ဆုိႏုိင္ၿပီး ကမၻာ့နန္းသက္အရွည္ဆုံးဘုရင္မႀကီးျဖစ္ပါတယ္။ ကမၻာတစ္လႊားမွ လူစိတ္ဝင္စားမႈမ်ားတဲ့နဲ႔အညီ ဘုရင္မႀကီးကုိ သူမရဲ႕ေျမးေတြက ဘယ္လုိေခၚေဝၚတယ္ဆုိတာ စိတ္ဝင္စားစရာေကာင္းပါတယ္။

ဘုရင္မႀကီးအဲလိဇဘက္ (Queen Elizabeth II) နဲ႔ ဖိးလစ္ေမာင့္ဘတ္တန္ (Philip Mountbatten)

ဘုရင္မႀကီးအဲလိဇဘက္ (Queen Elizabeth II) နဲ႔ ဖိးလစ္ေမာင့္ဘတ္တန္ (Philip Mountbatten)

၂ဝ၁၂ခုႏွစ္ လန္ဒန္အုိလံပစ္ဖြင့္ပြဲတုန္းက မင္းသား ဝီလ်ံ (Prince William) နဲ႔ ဟယ္ရီ (Prince Harry) တုိ႔ဟာ အဖြားဘုရင္မႀကီးကို “Granny” လုိ႔ ေခၚခဲ့ပါတယ္။ ဘုရင္မႀကီးကုိ မင္းသားေတြ ေခၚေနက်နာမည္က “Granny” မဟုတ္ျပန္ပါဘူးလုိ႔ သိရျပန္ပါတယ္။ စာေရးဆရာ ရစ္ခ်က္ေက (Richard Kay) ကေတာ့ မင္းသားႏွစ္ပါးဟာ ဘုရင္မႀကီးကုိ “Gary” လုိ႔ ေခၚေၾကာင္း ရွင္းလင္းခဲ့ပါတယ္။ မင္းသားဝီလ်ံ ကေလးဘဝတုန္းက ဘုရင္မႀကီးကုိ “Gary” လုိ႔ေခၚေနတဲ့အခ်ိန္မွာ အိမ္ေစတစ္ေယာက္က “Gary” ဆုိတာ ဘယ္သူလဲလုိ႔ ေမးလုိက္တဲ့အခ်ိန္မွာ ဘုရင္မႀကီးက “Gary ဆုိတာ ငါ့ကုိ ေခၚတာ” လုိ႔ ျပန္ေျပာခဲ့ပါတယ္။

မင္းသား ဝီလ်ံ (Prince William) နဲ႔ ကိတ္မစ္ဒယ္တန္ (Kate Middleton) လက္ထပ္ပြဲ

မင္းသား ဝီလ်ံ (Prince William) နဲ႔ ကိတ္မစ္ဒယ္တန္ (Kate Middleton) လက္ထပ္ပြဲ

(၄) ႏွစ္သားပဲ ရွိေသးတဲ့ ျမစ္ေတာ္ မင္းသား ေဂ်ာ့ (Prince George) ကေတာ့ ဘုရausင္မႀကီးကုိ “Gan Gan” လုိ႔ပဲ ေခၚတယ္လုိ႔ ကိတ္မစ္ဒယ္တန္ (Kate Middleton) က ဆုိပါတယ္။ (မင္းသားေဂ်ာ့ဟာ မင္းသားဝီလ်ံနဲ႔ ကိတ္မစ္ဒယ္တန္တုိ႕က ဖြားျမင္လာတဲ့ သားႀကီးျဖစ္ပါတယ္။) “Gan Gan” ဆုိတဲ့ အသုံးအႏႈန္းက ေတာ္ဝင္မိသားစုမွာ ျမစ္ေတာ္မင္းသားေတြက အဖြားေတြကုိ ေခၚၾကတဲ့ စကားလုံးျဖစ္ပါတယ္။ ျမစ္ေတာ္မင္းသားႀကီး ခ်ားလ္ (Prince Charles) ကလည္း အဖြားျဖစ္တဲ့ ဘုရင္မႀကီး ေမရီ (Queen Mary) ကုိ “Gan Gan” လုိ႔ ေခၚခဲ့သလုိ ျမစ္ေတာ္မင္းသား ဝီလ်ံ နဲ႔ ဟယ္ရီကလည္း အဖြားျဖစ္တဲ့ ဘုရင္မႀကီး အဲလီဇဘက္ အန္ဂ်ယ္လာ မာဂရက္ (Queen Elizabeth Angela Marguerite) ကုိ ဒီလုိပဲ ေခၚခဲ့ၾကတာပါ။ ေျမးေတာ္ေတြက ဘုရင္မႀကီးကုိ “Gary” လုိ႔ ေခၚၾကၿပီး စာဖတ္ပရိသတ္ႀကီးကေတာ့ အဖြားကုိ ဘယ္လုိေခၚၾကတာလဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II) ကို မြေးတော်တွေက ဘယ်လိုခေါ်ကြသလဲ

ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II) ကြီးဟာ ဗြိတိန်၊ ကနေဒါ၊ သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံတွေရဲ့ အထွဋ်အမြတ်ထားရာဖြစ်ပြီး ဓနသဟာယနိုင်ငံ (၅၃) ခုတို့ရဲ့အကြီးအကဲလည်း ဖြစ်ပါတယ်။ ၁၉၅၂ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့က စတင်နန်းတက်ခဲ့တဲ့အတွက် နန်းသက် (၆၅) နှစ်ရှိပြီလို့ဆိုနိုင်ပြီး ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်မကြီးဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားမှ လူစိတ်ဝင်စားမှုများတဲ့နဲ့အညီ ဘုရင်မကြီးကို သူမရဲ့မြေးတွေက ဘယ်လိုခေါ်ဝေါ်တယ်ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II) နဲ့ ဖိးလစ်မောင့်ဘတ်တန် (Philip Mountbatten)

ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II) နဲ့ ဖိးလစ်မောင့်ဘတ်တန် (Philip Mountbatten)

၂ဝ၁၂ခုနှစ် လန်ဒန်အိုလံပစ်ဖွင့်ပွဲတုန်းက မင်းသား ဝီလျံ (Prince William) နဲ့ ဟယ်ရီ (Prince Harry) တို့ဟာ အဖွားဘုရင်မကြီးကို “Granny” လို့ ခေါ်ခဲ့ပါတယ်။ ဘုရင်မကြီးကို မင်းသားတွေ ခေါ်နေကျနာမည်က “Granny” မဟုတ်ပြန်ပါဘူးလို့ သိရပြန်ပါတယ်။ စာရေးဆရာ ရစ်ချက်ကေ (Richard Kay) ကတော့ မင်းသားနှစ်ပါးဟာ ဘုရင်မကြီးကို “Gary” လို့ ခေါ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။ မင်းသားဝီလျံ ကလေးဘဝတုန်းက ဘုရင်မကြီးကို “Gary” လို့ခေါ်နေတဲ့အချိန်မှာ အိမ်စေတစ်ယောက်က “Gary” ဆိုတာ ဘယ်သူလဲလို့ မေးလိုက်တဲ့အချိန်မှာ ဘုရင်မကြီးက “Gary ဆိုတာ ငါ့ကို ခေါ်တာ” လို့ ပြန်ပြောခဲ့ပါတယ်။

မင်းသား ဝီလျံ (Prince William) နဲ့ ကိတ်မစ်ဒယ်တန် (Kate Middleton) လက်ထပ်ပွဲ

မင်းသား ဝီလျံ (Prince William) နဲ့ ကိတ်မစ်ဒယ်တန် (Kate Middleton) လက်ထပ်ပွဲ

(၄) နှစ်သားပဲ ရှိသေးတဲ့ မြစ်တော် မင်းသား ဂျော့ (Prince George) ကတော့ ဘုရausင်မကြီးကို “Gan Gan” လို့ပဲ ခေါ်တယ်လို့ ကိတ်မစ်ဒယ်တန် (Kate Middleton) က ဆိုပါတယ်။ (မင်းသားဂျော့ဟာ မင်းသားဝီလျံနဲ့ ကိတ်မစ်ဒယ်တန်တို့က ဖွားမြင်လာတဲ့ သားကြီးဖြစ်ပါတယ်။) “Gan Gan” ဆိုတဲ့ အသုံးအနှုန်းက တော်ဝင်မိသားစုမှာ မြစ်တော်မင်းသားတွေက အဖွားတွေကို ခေါ်ကြတဲ့ စကားလုံးဖြစ်ပါတယ်။ မြစ်တော်မင်းသားကြီး ချားလ် (Prince Charles) ကလည်း အဖွားဖြစ်တဲ့ ဘုရင်မကြီး မေရီ (Queen Mary) ကို “Gan Gan” လို့ ခေါ်ခဲ့သလို မြစ်တော်မင်းသား ဝီလျံ နဲ့ ဟယ်ရီကလည်း အဖွားဖြစ်တဲ့ ဘုရင်မကြီး အဲလီဇဘက် အန်ဂျယ်လာ မာဂရက် (Queen Elizabeth Angela Marguerite) ကို ဒီလိုပဲ ခေါ်ခဲ့ကြတာပါ။ မြေးတော်တွေက ဘုရင်မကြီးကို “Gary” လို့ ခေါ်ကြပြီး စာဖတ်ပရိသတ်ကြီးကတော့ အဖွားကို ဘယ်လိုခေါ်ကြတာလဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။