[Zawgyi]

စုံတြဲေတြအေနနဲ႔ မဂၤလာမေဆာင္ခင္ ဘာလုပ္ရမွာလဲ

လူတုိင္းမွာ အေပ်ာ္ဆုံးကာလဆုိတာ ရွိစျမဲပါ။ တခ်ိဳ႕ေတြက စာေမးပြဲေအာင္ရင္ ေပ်ာ္တယ္၊ အလုပ္ရရင္ ေပ်ာ္တယ္၊ လစာတုိးရင္ ေပ်ာ္တယ္၊ ရာထူးတုိးရင္ ေပ်ာ္တယ္ စသျဖင့္ေပါ့။ အဲဒီထဲကမွ ကုိယ္ခ်စ္ရတဲ့သူနဲ႔ လက္ထပ္ရမယ့္ေန႔က အေပ်ာ္ဆုံးလုိ႔ ဆုိခ်င္ပါတယ္။ အေပ်ာ္ဆုံးေန႔တစ္ေန႔ျဖစ္တဲ့ မိန္းမယူတဲ့ေန႔ မတုိင္ခင္မွာ ဘာေတြျပဳလုပ္သင့္တယ္ဆုိတဲ့ အခ်က္ေတြကုိ ေျပာျပခ်င္ပါတယ္။

မဂၤလာရက္ သတ္မွတ္ၿပီးတာနဲ႔ ႏွစ္ဖက္မိဘေတြနဲ႔ တုိင္ပင္ၿပီး မဂၤလာပြဲကုိ ဘယ္ေနရာမွာ က်င္းပမလဲဆုိတာ စဥ္းစားသင့္ပါတယ္။ ဒီကိစၥမွာေတာ့ သမီးရွင္ဘက္က မိဘေတြရဲ႕သေဘာထားကုိ အရင္ဆုံးသိထားသင့္တယ္။ ဟုိတယ္မွာ ေဆာင္ခ်င္တာလား၊ ခန္းမမွာ ေဆာင္ခ်င္တာလား၊ ဘုန္းႀကီးေက်ာင္းမွာလား ဒါမွမဟုတ္ အိမ္မွာပဲ မဂၤလာေဆာင္ခ်င္တာလားဆုိတာ သူတုိ႔ရဲ႕ဆႏၵကုိပဲ ဦးစားေပးသင့္တယ္။ အကုန္အက် သက္သာမယ့္ေနရာမ်ိဳးျဖစ္သင့္သလုိ ဧည့္သည္ေတြလည္း လာဖုိ႔အဆင္ေျပတဲ့ ေနရာမ်ိဳးဆုိရင္ အတုိင္းထက္အလြန္ပါပဲ။

မဂၤလာပြဲက်င္းပေတာ့မယ္ဆုိတာနဲ႔ ႏွစ္ဖက္မိဘေတြက မိတ္ေဆြေတြကုိ ဖိတ္ၾကားေတာ့မွာပဲ။ သတုိ႔သား၊ သတုိ႔သမီးေတြအေနနဲ႔ ကုိယ့္သူငယ္ခ်င္းေတြကုိ စာရင္းႀကိဳလုပ္ထားသင့္ပါတယ္။ ဘယ္သူငယ္ခ်င္းကုိမွ စာရင္းထဲ မက်န္ရေလေအာင္ ေသေသခ်ာခ်ာလုပ္ထားသင့္ပါတယ္။ တစ္သက္လုံးခင္မင္လာၿပီးမွ မဂၤလာပြဲမွ ဖိတ္စားလပ္သြားတာနဲ႔ အခင္အမင္ပ်က္သြားတဲ့ သူငယ္ခ်င္ေတြလည္း မနည္းေတာ့ပါဘူး။ ႏွစ္ဖက္မိဘေတြရဲ႕ဧည့္သည္ေတြနဲ႔ သတုိ႔သား၊ သတုိ႔သမီးတုိ႔ ဖိတ္ထားတဲ့ ဧည့္သည္ေတြေပါင္းၿပီး ေနရာထုိင္ခင္းအဆင္ေျပေလာက္မယ့္ ေနရာမ်ိဳးမွာ မဂၤလာပြဲလုပ္လုိက္ပါ။

တစ္သက္မွာ တစ္ခါပဲ ေဆာင္ရမယ့္ မဂၤလာပြဲကုိေတာ့ အခမ္းနားဆုံးျဖစ္ခ်င္တာ ဓမၼတာပါပဲ။ မဂၤလာပြဲဝတ္စုံေတြကုိ တခ်ိဳ႕ေတြက ငွားဝတ္ၾကတယ္။ ငွားဝတ္တာထက္စာရင္ အကုန္အက်သက္သာၿပီး သင့္တင့္ေလ်ာက္ပတ္တဲ့ ဝတ္စုံေတြကုိပဲ အပုိင္ဝယ္ထားသင့္ပါတယ္။ ေနာင္အသက္ႀကီးလာတဲ့အခါ ျပန္ၾကည့္လုိ႔ရတာေပါ့။ ေစ်းႏႈန္းအေတာ္အသင့္ရွိတဲ့ ဝတ္စုံေတြဆုိ အဆင္ေျပပါၿပီ။

မဂၤလာပြဲမွာ ထည့္စဥ္းစားသင့္တာက အေကြ်းအေမြးကိစၥပါပဲ။ ၾကက္သားဒံေပါက္ပဲ ေကြ်းမွာလား၊ ေရခဲမုန္႔ပဲ ေကြ်းမွာလား ႏွစ္ဖက္မိဘေတြနဲ႔ အရင္တုိင္ပင္သင့္ပါတယ္။ အဓိကအေရးႀကီးတာက သမီးရွင္ေတြရဲ႕ ဆႏၵကုိ အတက္ႏုိင္ဆုံး လုိက္ေလ်ာေပးတာပါပဲ။ ဖိတ္ထားတဲ့ ဧည့္သည္ပမာဏနဲ႔ ႏႈိင္းယွဥ္ၿပီး အေကြ်းအေမြးကိစၥကုိ ထည့္သြင္းစဥ္းစားသင့္ပါတယ္။

မဂၤလာေဆာင္ၿပီဆုိတာနဲ႔ သတုိ႔သား၊ သတုိ႔သမီးေတြဟာ အကုန္လုံးလုိက္မၾကည့္ႏုိင္ပါဘူး။ ဒီအေျခအေနမွာ မဂၤလာပြဲႀကီး အဆင္ေျပေခ်ာေမြ႕သြားေအာင္လုိ႔ ေနာက္ကြယ္ကေန ေထာင့္ေစ့ေအာင္ လုပ္ရမယ့္သူေတြကုိ ႀကိဳတင္ၿပီး တာဝန္ေပးထားသင့္ပါတယ္။ လစ္ဟင္းမႈမရွိေအာင္ တာဝန္ယူႏုိင္မွသာ ၿပီးျပည့္စုံတဲ့ မဂၤလာပြဲတစ္ခုျဖစ္ေျမာက္ႏုိင္မွာပါ။

ဒါေတြကေတာ့ မဂၤလာပြဲမတုိင္ခင္ ျပဳလုပ္ရမယ့္ အေရးႀကီးကိစၥေတြကုိ စုစည္းေဖာ္ျပလုိက္တာပဲျဖစ္ပါတယ္။ ေဒသမတူညီႏုိင္တာမုိ႔ ကြဲလြဲမႈရွိေကာင္းရွိႏုိင္ပါတယ္။ အေရးအႀကီးဆုံးအခ်က္က မဂၤလာေဆာင္ခါနီးဆုိရင္ သတုိ႔သား၊ သတုိ႔သမီးေတြက ပုိပင္ပန္းတတ္ပါတယ္။ က်န္းမာေရးကုိ ဂရုစုိက္ၿပီး ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ မဂၤလာပြဲႀကီးကုိ ဆင္ႏြဲႏုိင္ၾကပါေစ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

စုံတွဲတွေအနေနဲ့ မင်္ဂလာမဆောင်ခင် ဘာလုပ်ရမှာလဲ

လူတိုင်းမှာ အပျော်ဆုံးကာလဆိုတာ ရှိစမြဲပါ။ တချို့တွေက စာမေးပွဲအောင်ရင် ပျော်တယ်၊ အလုပ်ရရင် ပျော်တယ်၊ လစာတိုးရင် ပျော်တယ်၊ ရာထူးတိုးရင် ပျော်တယ် စသဖြင့်ပေါ့။ အဲဒီထဲကမှ ကိုယ်ချစ်ရတဲ့သူနဲ့ လက်ထပ်ရမယ့်နေ့က အပျော်ဆုံးလို့ ဆိုချင်ပါတယ်။ အပျော်ဆုံးနေ့တစ်နေ့ဖြစ်တဲ့ မိန်းမယူတဲ့နေ့ မတိုင်ခင်မှာ ဘာတွေပြုလုပ်သင့်တယ်ဆိုတဲ့ အချက်တွေကို ပြောပြချင်ပါတယ်။

မင်္ဂလာရက် သတ်မှတ်ပြီးတာနဲ့ နှစ်ဖက်မိဘတွေနဲ့ တိုင်ပင်ပြီး မင်္ဂလာပွဲကို ဘယ်နေရာမှာ ကျင်းပမလဲဆိုတာ စဉ်းစားသင့်ပါတယ်။ ဒီကိစ္စမှာတော့ သမီးရှင်ဘက်က မိဘတွေရဲ့သဘောထားကို အရင်ဆုံးသိထားသင့်တယ်။ ဟိုတယ်မှာ ဆောင်ချင်တာလား၊ ခန်းမမှာ ဆောင်ချင်တာလား၊ ဘုန်းကြီးကျောင်းမှာလား ဒါမှမဟုတ် အိမ်မှာပဲ မင်္ဂလာဆောင်ချင်တာလားဆိုတာ သူတို့ရဲ့ဆန္ဒကိုပဲ ဦးစားပေးသင့်တယ်။ အကုန်အကျ သက်သာမယ့်နေရာမျိုးဖြစ်သင့်သလို ဧည့်သည်တွေလည်း လာဖို့အဆင်ပြေတဲ့ နေရာမျိုးဆိုရင် အတိုင်းထက်အလွန်ပါပဲ။

မင်္ဂလာပွဲကျင်းပတော့မယ်ဆိုတာနဲ့ နှစ်ဖက်မိဘတွေက မိတ်ဆွေတွေကို ဖိတ်ကြားတော့မှာပဲ။ သတို့သား၊ သတို့သမီးတွေအနေနဲ့ ကိုယ့်သူငယ်ချင်းတွေကို စာရင်းကြိုလုပ်ထားသင့်ပါတယ်။ ဘယ်သူငယ်ချင်းကိုမှ စာရင်းထဲ မကျန်ရလေအောင် သေသေချာချာလုပ်ထားသင့်ပါတယ်။ တစ်သက်လုံးခင်မင်လာပြီးမှ မင်္ဂလာပွဲမှ ဖိတ်စားလပ်သွားတာနဲ့ အခင်အမင်ပျက်သွားတဲ့ သူငယ်ချင်တွေလည်း မနည်းတော့ပါဘူး။ နှစ်ဖက်မိဘတွေရဲ့ဧည့်သည်တွေနဲ့ သတို့သား၊ သတို့သမီးတို့ ဖိတ်ထားတဲ့ ဧည့်သည်တွေပေါင်းပြီး နေရာထိုင်ခင်းအဆင်ပြေလောက်မယ့် နေရာမျိုးမှာ မင်္ဂလာပွဲလုပ်လိုက်ပါ။

တစ်သက်မှာ တစ်ခါပဲ ဆောင်ရမယ့် မင်္ဂလာပွဲကိုတော့ အခမ်းနားဆုံးဖြစ်ချင်တာ ဓမ္မတာပါပဲ။ မင်္ဂလာပွဲဝတ်စုံတွေကို တချို့တွေက ငှားဝတ်ကြတယ်။ ငှားဝတ်တာထက်စာရင် အကုန်အကျသက်သာပြီး သင့်တင့်လျောက်ပတ်တဲ့ ဝတ်စုံတွေကိုပဲ အပိုင်ဝယ်ထားသင့်ပါတယ်။ နောင်အသက်ကြီးလာတဲ့အခါ ပြန်ကြည့်လို့ရတာပေါ့။ ဈေးနှုန်းအတော်အသင့်ရှိတဲ့ ဝတ်စုံတွေဆို အဆင်ပြေပါပြီ။

မင်္ဂလာပွဲမှာ ထည့်စဉ်းစားသင့်တာက အကျွေးအမွေးကိစ္စပါပဲ။ ကြက်သားဒံပေါက်ပဲ ကျွေးမှာလား၊ ရေခဲမုန့်ပဲ ကျွေးမှာလား နှစ်ဖက်မိဘတွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်။ အဓိကအရေးကြီးတာက သမီးရှင်တွေရဲ့ ဆန္ဒကို အတက်နိုင်ဆုံး လိုက်လျောပေးတာပါပဲ။ ဖိတ်ထားတဲ့ ဧည့်သည်ပမာဏနဲ့ နှိုင်းယှဉ်ပြီး အကျွေးအမွေးကိစ္စကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

မင်္ဂလာဆောင်ပြီဆိုတာနဲ့ သတို့သား၊ သတို့သမီးတွေဟာ အကုန်လုံးလိုက်မကြည့်နိုင်ပါဘူး။ ဒီအခြေအနေမှာ မင်္ဂလာပွဲကြီး အဆင်ပြေချောမွေ့သွားအောင်လို့ နောက်ကွယ်ကနေ ထောင့်စေ့အောင် လုပ်ရမယ့်သူတွေကို ကြိုတင်ပြီး တာဝန်ပေးထားသင့်ပါတယ်။ လစ်ဟင်းမှုမရှိအောင် တာဝန်ယူနိုင်မှသာ ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲတစ်ခုဖြစ်မြောက်နိုင်မှာပါ။

ဒါတွေကတော့ မင်္ဂလာပွဲမတိုင်ခင် ပြုလုပ်ရမယ့် အရေးကြီးကိစ္စတွေကို စုစည်းဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ ဒေသမတူညီနိုင်တာမို့ ကွဲလွဲမှုရှိကောင်းရှိနိုင်ပါတယ်။ အရေးအကြီးဆုံးအချက်က မင်္ဂလာဆောင်ခါနီးဆိုရင် သတို့သား၊ သတို့သမီးတွေက ပိုပင်ပန်းတတ်ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ မင်္ဂလာပွဲကြီးကို ဆင်နွဲနိုင်ကြပါစေ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com