[Zawgyi]

မဂၤလာမေဆာင္ခင္ စုံတြဲတုိင္း ဘာေတြသိထားသင့္သလဲ

စုံတြဲတုိင္းဟာ ေစ့စပ္လုိက္ၿပီဆုိတာနဲ႔ စိတ္လႈပ္ရွားကာလေတြကုိ ျဖတ္ေက်ာ္ရေတာ့တာပါပဲ။ တစ္သက္မွာတစ္ခါပဲ က်င္းပမယ့္ မဂၤလာပြဲအတြက္ ျပင္ဆင္ရ၊ စီမံခန္႔ခြဲေနရတာဟာ အလုပ္မ်ားလြန္းပါတယ္။ တကယ္ေတာ့ မဂၤလာပြဲဆုိတာဟာ “အိမ္ေထာင္ျပဳ၊ ဘုရားတည္၊ ေဆးမွင္စုတ္ထုိး ဤသုံးမ်ိဳးခ်က္မပုိင္ ေနာင္ျပင္ရန္ခက္သည့္ အမ်ိဳး” လုိ႔ ဆုိရေလာက္ေအာင္ အေရးၾကီးပါတယ္။ ၿငီးေငြ႕ဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရး အျဖစ္အပ်က္ေတြကုိ ေလ့လာၿပီးေတာ့ စုံတြဲတုိင္း သိထားသင့္တဲ့ အေၾကာင္းအရာေတြကုိ ေဖာ္ျပလုိက္ရပါတယ္။

(၁) ၂၃ႏွစ္အရြယ္ျပည့္မွ လက္ထပ္ရင္ ကြာရွင္းျပတ္စဲဖုိ႔ နည္းတယ္

အသက္ ၁၈ႏွစ္မွာ လက္ထပ္တဲ့စုံတြဲေတြဟာ ကြာရွင္းျပတ္စဲႏႈန္း (၆၀) ရာခုိင္ႏႈန္းအထိ ရွိေနေပမယ့္ ၂၃ ႏွစ္ေက်ာ္မွ လက္ထပ္ရင္ ကြာရွင္းျပတ္စဲႏႈန္း (၃၀)ရာခုိင္ႏႈန္းသာ ရွိပါတယ္လုိ႔ ၂၀၁၄ခုႏွစ္မွာ အေမရိကန္ႏုိင္ငံ Pennsylvania University  ရဲ႕ သုေတသနပညာရွင္ေတြက ဆုိပါတယ္။ အေၾကာင္းကေတာ့ ရင့္က်က္တဲ့အရြယ္ေရာက္မွသာ ျပႆနာတစ္ခုကုိ ေျပေျပလည္လည္ေျဖရွင္းႏုိင္စြမ္းရွိလာလုိ႔ ျဖစ္ပါတယ္။

(၂) ခ်ိဳျမိန္တဲ့အခ်စ္ဟာ တစ္ႏွစ္ေလာက္ပဲ ၾကာပါတယ္

တကယ္ေတာ့ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္မဝ၊ခ်စ္မဆုံး တျပံဳးျပံဳးေပ်ာ္ရြင္ေနတဲ့ အယုအယပုိေနတဲ့အခ်ိန္ဟာ ထာ၀ရမဟုတ္ပါဘူးလုိ႔ Monmouth University ရဲ႕ စိတ္ပညာရွင္ Gary W. Lewandowski Jr က ဆုိပါတယ္။ ဒါ့ေၾကာင့္ပဲ တစ္လေပ်ာ္ခ်င္ရင္ မိန္းမယူလုိ႔ ေရွးလူႀကီးေတြက ဆုိၾကတာျဖစ္ပါတယ္။ စီးပြားေရးအဆင္မေျပတာနဲ႔ အခ်စ္ဆုိတဲ့ အရာက ေနာက္ေဖးေပါက္ကေန မ်က္ရည္စက္ေတြနဲ႔ ထြက္ခြာသြားမွာပဲျဖစ္ပါတယ္။

(၃) တစ္ေယာက္တည္းမဟုတ္ဖူးဆုိတာ သေဘာေပါက္လာမယ္

အိမ္ေထာင္က်ျပီး အတူတူေနတဲ့အခါ ငါတစ္ေယာက္တည္း မဟုတ္ေတာ့ပါလားဆုိတာ စတင္သေဘာေပါက္လာမယ္။ ဒါ့အျပင္ ဦးစားေပးရမယ့္ကိစၥေတြ၊ သည္းခံရတဲ့ ကိစၥေတြရွိလာပါမယ္။ ဥပမာ ။ ။ ဟင္းတစ္ခြက္ထဲကုိ ငပိ၊ဆား အကုန္ပါသလုိေပါ့။ အရင္တုန္းက စိတ္သြားတုိင္း ကုိယ္ပါခဲ့ေပမယ့္ အိမ္ေထာင္က်ၿပီးတဲ့အခါ ေနာက္လူအတြက္ပါ စဥ္းစားေပးေနရပါၿပီ။

(၄) မုဒိတာပြားရမယ္ဆုိရင္ အိမ္ေထာင္ေရး သာယာပါၿပီ

တစ္ဦးရဲ႕ ေအာင္ျမင္မႈကုိ တစ္ဦးက ၀မ္းေျမာက္ေပ်ာ္ရြင္ၿပီး မုဒိတာပြားေနမယ္ဆုိရင္ေတာ့ အဲဒီလင္မယားဟာ အိမ္ေထာင္ေရးလုံးဝ မၿပိဳကြဲႏုိင္ေတာ့ပါဘူးလုိ႕ ေလ့လာမႈေတြအရ သိရပါတယ္။ တစ္ဦးကုိတစ္ဦး ေဖးမရင္း ေပ်ာ္ရႊင္တဲ့ဘဝကုိ ခရီးကုိ ေလ်ွာက္လွမ္းၾကရမွာပါ။

(၅) အခ်စ္ဆုံးသူငယ္ခ်င္းကုိပဲ လက္ထပ္လုိက္ပါ

အေၾကာင္းသိ သူငယ္ခ်င္းအခ်င္းခ်င္းလက္ထပ္တာက ရုိးေျမက်ေပါင္းနုိင္ဖို႔ နည္းလမ္းပုိမ်ားပါတယ္လုိ႔ ၂၀၁၄ခုႏွစ္မွာ အေမရိကန္ႏုိင္ငံ အမ်ိဳးသားစီးပြားေရးသုေတသနအဖြဲ႕က ဆုိပါတယ္။ ဖုံးကြယ္မႈမရွိဘဲ ပြင့္လင္းရုိးသားမႈက အိမ္ေထာင္ေရးခုိင္ျမဲေဆးပဲျဖစ္ပါတယ္။

(၆) အသက္အရြယ္မကြာေလ အိမ္ေထာင္ေရးခုိင္ျမဲေလ

ဆယ္ႏွစ္အထိ ကြာျခားတဲ့စုံတြဲေတြဟာ ကြာရွင္းဖုိ႔ (၃၉)ရာခုိင္ႏႈန္းရွိျပီး အသက္ ငါးႏွစ္ပဲ ကြာျခားတဲ့စုံတဲြေတြဟာ ကြာရွင္းဖုိ႔ (၁၈)ရာခုိင္ႏႈန္းသာ ရွိပါတယ္လုိ႔ Emory University ရဲ႕ ေလ့လာမွဳအရ သိရွိရပါတယ္။ အိမ္ေထာင္ဖက္ဟာ ကုိယ္နဲ႔ သုံးႏွစ္ဝန္းက်င္သာ ကြာျခားဖုိ႔ သင့္ေတာ္ပါတယ္။

(၇) အိမ္မႈကိစၥကုိ မကူညီျခင္းဟာ အဆင္မေျပမႈကုိ ျဖစ္ေစပါတယ္

မိန္းမေတြဟာ ေယာက္်ားေတြနဲ႔ ရင္ေဘာင္တန္းေနတဲ့ ဒီေန႕ေခတ္မွာ အိမ္မွဳကိစၥေတြဟာ အိမ္ေထာင္ရွင္မိန္းမေတြနဲ႔သာ လုံး၀သက္ဆုိင္ပါတယ္လုိ႕ ယူဆလုိ႕မရပါဘူး။ အေမရိကန္ႏုိင္ငံသား (၆ဝ) ရာခုိင္ႏႈန္းရဲ႕အဆုိအရ မိန္းမရဲ႕အိမ္မႈကိစၥကုိ ကူညီလုပ္ကုိင္ေပးျခင္းဟာ သာယာခ်မ္းေျမ႕တဲ့ အိမ္ေထာင္ေရးကုိ ျဖစ္ေစပါတယ္။ မဂၤလာစုံတြဲတုိင္း ရုိးေျမက် ေပ်ာ္ေပ်ာ္ရြင္ရြင္ခ်စ္ခ်စ္ခင္ခင္ ေပါင္းသင္းႏုိင္ၾကပါေစလုိ႔ ဆုေတာင္းလုိက္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

မင်္ဂလာမဆောင်ခင် စုံတွဲတိုင်း ဘာတွေသိထားသင့်သလဲ

စုံတွဲတိုင်းဟာ စေ့စပ်လိုက်ပြီဆိုတာနဲ့ စိတ်လှုပ်ရှားကာလတွေကို ဖြတ်ကျော်ရတော့တာပါပဲ။ တစ်သက်မှာတစ်ခါပဲ ကျင်းပမယ့် မင်္ဂလာပွဲအတွက် ပြင်ဆင်ရ၊ စီမံခန့်ခွဲနေရတာဟာ အလုပ်များလွန်းပါတယ်။ တကယ်တော့ မင်္ဂလာပွဲဆိုတာဟာ “အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့် အမျိုး” လို့ ဆိုရလောက်အောင် အရေးကြီးပါတယ်။ ငြီးငွေ့ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေး အဖြစ်အပျက်တွေကို လေ့လာပြီးတော့ စုံတွဲတိုင်း သိထားသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြလိုက်ရပါတယ်။

(၁) ၂၃နှစ်အရွယ်ပြည့်မှ လက်ထပ်ရင် ကွာရှင်းပြတ်စဲဖို့ နည်းတယ်

အသက် ၁၈နှစ်မှာ လက်ထပ်တဲ့စုံတွဲတွေဟာ ကွာရှင်းပြတ်စဲနှုန်း (၆၀) ရာခိုင်နှုန်းအထိ ရှိနေပေမယ့် ၂၃ နှစ်ကျော်မှ လက်ထပ်ရင် ကွာရှင်းပြတ်စဲနှုန်း (၃၀)ရာခိုင်နှုန်းသာ ရှိပါတယ်လို့ ၂၀၁၄ခုနှစ်မှာ အမေရိကန်နိုင်ငံ Pennsylvania University  ရဲ့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ အကြောင်းကတော့ ရင့်ကျက်တဲ့အရွယ်ရောက်မှသာ ပြဿနာတစ်ခုကို ပြေပြေလည်လည်ဖြေရှင်းနိုင်စွမ်းရှိလာလို့ ဖြစ်ပါတယ်။

(၂) ချိုမြိန်တဲ့အချစ်ဟာ တစ်နှစ်လောက်ပဲ ကြာပါတယ်

တကယ်တော့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မဝ၊ချစ်မဆုံး တပြုံးပြုံးပျော်ရွင်နေတဲ့ အယုအယပိုနေတဲ့အချိန်ဟာ ထာဝရမဟုတ်ပါဘူးလို့ Monmouth University ရဲ့ စိတ်ပညာရှင် Gary W. Lewandowski Jr က ဆိုပါတယ်။ ဒါ့ကြောင့်ပဲ တစ်လပျော်ချင်ရင် မိန်းမယူလို့ ရှေးလူကြီးတွေက ဆိုကြတာဖြစ်ပါတယ်။ စီးပွားရေးအဆင်မပြေတာနဲ့ အချစ်ဆိုတဲ့ အရာက နောက်ဖေးပေါက်ကနေ မျက်ရည်စက်တွေနဲ့ ထွက်ခွာသွားမှာပဲဖြစ်ပါတယ်။

(၃) တစ်ယောက်တည်းမဟုတ်ဖူးဆိုတာ သဘောပေါက်လာမယ်

အိမ်ထောင်ကျပြီး အတူတူနေတဲ့အခါ ငါတစ်ယောက်တည်း မဟုတ်တော့ပါလားဆိုတာ စတင်သဘောပေါက်လာမယ်။ ဒါ့အပြင် ဦးစားပေးရမယ့်ကိစ္စတွေ၊ သည်းခံရတဲ့ ကိစ္စတွေရှိလာပါမယ်။ ဥပမာ ။ ။ ဟင်းတစ်ခွက်ထဲကို ငပိ၊ဆား အကုန်ပါသလိုပေါ့။ အရင်တုန်းက စိတ်သွားတိုင်း ကိုယ်ပါခဲ့ပေမယ့် အိမ်ထောင်ကျပြီးတဲ့အခါ နောက်လူအတွက်ပါ စဉ်းစားပေးနေရပါပြီ။

(၄) မုဒိတာပွားရမယ်ဆိုရင် အိမ်ထောင်ရေး သာယာပါပြီ

တစ်ဦးရဲ့ အောင်မြင်မှုကို တစ်ဦးက ဝမ်းမြောက်ပျော်ရွင်ပြီး မုဒိတာပွားနေမယ်ဆိုရင်တော့ အဲဒီလင်မယားဟာ အိမ်ထောင်ရေးလုံးဝ မပြိုကွဲနိုင်တော့ပါဘူးလို့ လေ့လာမှုတွေအရ သိရပါတယ်။ တစ်ဦးကိုတစ်ဦး ဖေးမရင်း ပျော်ရွှင်တဲ့ဘဝကို ခရီးကို လျှောက်လှမ်းကြရမှာပါ။

(၅) အချစ်ဆုံးသူငယ်ချင်းကိုပဲ လက်ထပ်လိုက်ပါ

အကြောင်းသိ သူငယ်ချင်းအချင်းချင်းလက်ထပ်တာက ရိုးမြေကျပေါင်းနိုင်ဖို့ နည်းလမ်းပိုများပါတယ်လို့ ၂၀၁၄ခုနှစ်မှာ အမေရိကန်နိုင်ငံ အမျိုးသားစီးပွားရေးသုတေသနအဖွဲ့က ဆိုပါတယ်။ ဖုံးကွယ်မှုမရှိဘဲ ပွင့်လင်းရိုးသားမှုက အိမ်ထောင်ရေးခိုင်မြဲဆေးပဲဖြစ်ပါတယ်။

(၆) အသက်အရွယ်မကွာလေ အိမ်ထောင်ရေးခိုင်မြဲလေ

ဆယ်နှစ်အထိ ကွာခြားတဲ့စုံတွဲတွေဟာ ကွာရှင်းဖို့ (၃၉)ရာခိုင်နှုန်းရှိပြီး အသက် ငါးနှစ်ပဲ ကွာခြားတဲ့စုံတွဲတွေဟာ ကွာရှင်းဖို့ (၁၈)ရာခိုင်နှုန်းသာ ရှိပါတယ်လို့ Emory University ရဲ့ လေ့လာမှုအရ သိရှိရပါတယ်။ အိမ်ထောင်ဖက်ဟာ ကိုယ်နဲ့ သုံးနှစ်ဝန်းကျင်သာ ကွာခြားဖို့ သင့်တော်ပါတယ်။

(၇) အိမ်မှုကိစ္စကို မကူညီခြင်းဟာ အဆင်မပြေမှုကို ဖြစ်စေပါတယ်

မိန်းမတွေဟာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနေတဲ့ ဒီနေ့ခေတ်မှာ အိမ်မှုကိစ္စတွေဟာ အိမ်ထောင်ရှင်မိန်းမတွေနဲ့သာ လုံးဝသက်ဆိုင်ပါတယ်လို့ ယူဆလို့မရပါဘူး။ အမေရိကန်နိုင်ငံသား (၆ဝ) ရာခိုင်နှုန်းရဲ့အဆိုအရ မိန်းမရဲ့အိမ်မှုကိစ္စကို ကူညီလုပ်ကိုင်ပေးခြင်းဟာ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ဖြစ်စေပါတယ်။ မင်္ဂလာစုံတွဲတိုင်း ရိုးမြေကျ ပျော်ပျော်ရွင်ရွင်ချစ်ချစ်ခင်ခင် ပေါင်းသင်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com