[Zawgyi]

အက်ဥ္းေထာင္လား အိမ္လား မသဲကြဲတဲ့ အေကာင္းဆုံးအက်ဥ္းေထာင္မ်ား

ကမာၻအရပ္ရပ္မွာ ဥပေဒ ခ်ဴိးေဖာက္ၾကတဲ့ ရာဇ၀တ္သားတုိင္းကုိ ျပစ္ဒဏ္က်ခံရမယ့္ တစ္ခုထဲေသာေနရာကေတာ့ အက်ဥ္းေထာင္ပါပဲ။  လူေတာ္ေတာ္မ်ားမ်ား စိတ္ကူးနဲ႕ေတာင္မေတြးရဲတဲ့ အက်ဥ္းခန္းေတြဆုိတာ မ်က္လုံးထဲမွာ ျမင္ေယာင္မိရင္ေတာ့ ကုိယ့္ရဲ႕ ေနအိမ္ရဲ႕ တစ္၀က္စာေတာင္မရွိဘဲ အဆင္တန္ဆာမဲ့တဲ့့ အေမွာင္ခန္းေတြျဖစ္ပါတယ္။  အက်ဥ္းက်ခံေနရတဲ့ အျပစ္သားေတြအေနနဲ႕ျပစ္မႈၾကီးငယ္အလုိက္ အက်ဥ္းေထာင္မွာေနရတဲ့သူရွိသလုိ ေနအိမ္အက်ယ္ခ်ဳပ္နဲ႕ ေနရတဲ့ အျပစ္သားေတြလည္း ရွိၾကပါတယ္။ ဒီေန႕ေခတ္မွာေတာ့ အက်ဥ္းသားေတြရဲ႕ လူ႕အခြင့္အေရးကုိထည့္တြက္ျပီး အက်ဥ္းေထာင္ထဲမွာပဲ  ပညာသင္၊  အသက္ေမြး၀မ္းေက်ာင္းအလုပ္ေတြ လုပ္ခြင့္ေပးရုံသာမက အသစ္ျပန္လည္ေဆာက္လုပ္ထားတဲ့ တမူထူးျခားဆန္းသစ္တဲ့ ဒီဇုိင္းအျပင္အဆင္ေတြေၾကာင့္လည္း ေနအိမ္အလားမွတ္ရေအာင္ အထင္မွားခ်င္စရာပါ။  ပရိသတ္ေတြအေနနဲ႕ အခုေဖာ္ျပေပးမယ့္ အက်ဥ္းခန္းေတြကုိ ျမင္ရင္ေတာ့ အိမ္လား အက်ဥ္းေထာင္လားလုိ႕ေတာင္ ေ၀ခြဲမရျဖစ္မိမွာေသခ်ာပါတယ္။

(၁) ပထမဆုံး ကာတြန္းရုပ္ေလးေတြနဲ႕ ပုံမွာ ျမင္ေတြ႕ရတဲ့ အခန္းကေတာ့ (Spain) စပိန္ႏုိင္ငံမွာရွိတဲ့ အက်ဥ္းေထာင္တစ္ခုပါ။ စပိန္ႏုိင္ငံမွာ အက်ဥ္းက်ေနတဲ့သူတစ္ေယာက္ေယာက္ဟာ သူ႕ရဲ႕ မိသားစု၀င္ေတြနဲ႕အတူ ေနအိမ္အက်ယ္ခ်ဳပ္ပုံစံ အက်ဥ္းခန္းထဲမွာ အခုလုိ အတူတူေနထုိင္ခြင့္ရပါတယ္။ သူတုိ႕ရဲ႕ ကေလးအတြက္ရည္ရြယ္ျပီး ဒစ္စနီကာတြန္းဇာတ္ေကာင္ပုံေလးေတြကုိပါ နံရံေပၚမွာ ကပ္ျပီးအလွဆင္ေပးထားတာကုိေတြ႕ရပါတယ္။ စပိန္အစုိးရကေတာ့ တကယ္ကုိ စိတ္ကူးေကာင္းပါတယ္။

(၂) ဒုတိယေျမာက္ပုံမွာ ျမင္ေတြ႕ရတဲ့ အက်ဥ္းေထာင္ကေတာ့ (Uganda)ယူဂန္ဒါ ႏိုင္ငံ Luzira အက်ဥ္းေထာင္တစ္ခုရဲ႕ အက်ဥ္းခန္းတစ္ခန္းရဲ႕ျမင္ကြင္းျဖစ္ျပီး အေမရိကန္နဲ႕ အဂၤလန္ႏုိင္ငံေတြမွာလုိပဲ စိတ္၀င္စားရာပညာရပ္ေတြ သင္ၾကားခြင့္ေပးထားျပီး ပညာသင္ႏွွစ္ျပည့္ရင္ ဘြဲ႕ကုိပါ ခ်ီးၿမွင့္ေပးတယ္လုိ႕ သိရပါတယ္။

(၃) ေနာက္ထပ္ အံ့အားသင့္စရာေကာင္းတဲ့ အက်ဥ္းေထာင္ကေတာ့(Norway)ေနာ္ေ၀းႏုိင္ငံ ၊ (Horten)ေဟာ္တန္ၿမိဳ႕က Bastøy အက်ဥ္းေထာင္ျဖစ္ပါတယ္။ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းက်ခံသူအမ်ားစုကုိ ထားရွိတဲ့ Oslo ကၽြန္းက အဆုိပါအက်ဥ္းေထာင္ကေတာ့ အဖြဲ႕အစည္းတစ္ခုပုံစံထားရွိျပီး လူမႈအသုံးအေဆာင္စက္ပစၥည္းေတြကုိပါ သုံးစြဲခြင့္ေပးထားတာ ေတြ႕ရပါတယ္။  ဘုရားေက်ာင္း ၊စာၾကည့္တုိက္ ၊စာသင္ေက်ာင္း ေဘာလုံးကြင္း တုိ႕ပါ ေဆာက္လုပ္ထားေပးထားတာမုိ႕ သာမန္လူတန္းစားေတြလုိပဲ ေပါ့ေပါ့ပါးပါးနဲ႕ စိတ္လြတ္လက္လြတ္ေနခြင့္ရတဲ့ အက်ဥ္းေထာင္တစ္ခုျဖစ္ပါတယ္။

(၄) အခုေနာက္ဆုံးေဖာ္ျပေပးထားတဲ့ အက်ဥ္းေထာင္ကေတာ့ (Colombia) ကုိလမ္ဘီယာႏုိင္ငံက အမ်ိဳးသမီးအက်ဥ္းေထာင္တစ္ခုျဖစ္ပါတယ္။ အဆုိပါအက်ဥ္ေထာင္မွာ ေကာ္ဖီဆုိင္ေတြ ရွိသလုိ ညတုိင္းမွာ စာဖုိမွဴးေတြ ၊စာပြဲထုိးေတြအျဖစ္ ၀င္ေရာက္လုပ္ကုိင္လုိ႕ရသလုိ အခ်င္းခ်င္းစကားေတြေဖာင္ဖြဲ႕ရင္း လြတ္လပ္စြာေနလုိ႕ရတဲ့ ေနရာတစ္ခုသဖြယ္ပါပဲ။

အက်ဥ္းေထာင္လုိ႕ ဆုိတုိင္း မ်က္လုံးထဲမွာ အေမွာင္ခန္းသဖြယ္ သံတုိင္းေတြပိတ္ေလွာင္ခံထားရတဲ့ အခန္းေတြလုိ႕ ထင္ထားမိသမွ် ဒီႏုိင္ငံေတြက အက်ဥ္းေထာင္ေတြျမင္လုိက္မိေတာ့ ပရိသတ္ေတြလည္း အံ့အားသင့္မယ္လုိ႕ေမွ်ာ္လင့္ပါတယ္။

Stella(Akhayar)

www.Akhayar.com

 

[Unicode]

အကျဉ်းထောင်လား အိမ်လား မသဲကွဲတဲ့ အကောင်းဆုံးအကျဉ်းထောင်များ

ကမ္ဘာအရပ်ရပ်မှာ ဥပဒေ ချိူးဖောက်ကြတဲ့ ရာဇဝတ်သားတိုင်းကို ပြစ်ဒဏ်ကျခံရမယ့် တစ်ခုထဲသောနေရာကတော့ အကျဉ်းထောင်ပါပဲ။  လူတော်တော်များများ စိတ်ကူးနဲ့တောင်မတွေးရဲတဲ့ အကျဉ်းခန်းတွေဆိုတာ မျက်လုံးထဲမှာ မြင်ယောင်မိရင်တော့ ကိုယ့်ရဲ့ နေအိမ်ရဲ့ တစ်ဝက်စာတောင်မရှိဘဲ အဆင်တန်ဆာမဲ့တဲ့ အမှောင်ခန်းတွေဖြစ်ပါတယ်။  အကျဉ်းကျခံနေရတဲ့ အပြစ်သားတွေအနေနဲ့ပြစ်မှုကြီးငယ်အလိုက် အကျဉ်းထောင်မှာနေရတဲ့သူရှိသလို နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့ အပြစ်သားတွေလည်း ရှိကြပါတယ်။ ဒီနေ့ခေတ်မှာတော့ အကျဉ်းသားတွေရဲ့ လူ့အခွင့်အရေးကိုထည့်တွက်ပြီး အကျဉ်းထောင်ထဲမှာပဲ  ပညာသင်၊  အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်ခွင့်ပေးရုံသာမက အသစ်ပြန်လည်ဆောက်လုပ်ထားတဲ့ တမူထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းအပြင်အဆင်တွေကြောင့်လည်း နေအိမ်အလားမှတ်ရအောင် အထင်မှားချင်စရာပါ။  ပရိသတ်တွေအနေနဲ့ အခုဖော်ပြပေးမယ့် အကျဉ်းခန်းတွေကို မြင်ရင်တော့ အိမ်လား အကျဉ်းထောင်လားလို့တောင် ဝေခွဲမရဖြစ်မိမှာသေချာပါတယ်။

(၁) ပထမဆုံး ကာတွန်းရုပ်လေးတွေနဲ့ ပုံမှာ မြင်တွေ့ရတဲ့ အခန်းကတော့ (Spain) စပိန်နိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တစ်ခုပါ။ စပိန်နိုင်ငံမှာ အကျဉ်းကျနေတဲ့သူတစ်ယောက်ယောက်ဟာ သူ့ရဲ့ မိသားစုဝင်တွေနဲ့အတူ နေအိမ်အကျယ်ချုပ်ပုံစံ အကျဉ်းခန်းထဲမှာ အခုလို အတူတူနေထိုင်ခွင့်ရပါတယ်။ သူတို့ရဲ့ ကလေးအတွက်ရည်ရွယ်ပြီး ဒစ်စနီကာတွန်းဇာတ်ကောင်ပုံလေးတွေကိုပါ နံရံပေါ်မှာ ကပ်ပြီးအလှဆင်ပေးထားတာကိုတွေ့ရပါတယ်။ စပိန်အစိုးရကတော့ တကယ်ကို စိတ်ကူးကောင်းပါတယ်။

(၂) ဒုတိယမြောက်ပုံမှာ မြင်တွေ့ရတဲ့ အကျဉ်းထောင်ကတော့ နှစ်ထပ်ကုတင်တွေကိုမြင်လိုက်လို့ ကျောင်းဆောင် ၊အလုပ်သမားဆောင်လို့ ထင်မိရင်မှားမယ်နေ်ာ ။ ဒါကတော့ (Uganda)ယူဂန်ဒါ နိုင်ငံ Luzira အကျဉ်းထောင်တစ်ခုရဲ့ အကျဉ်းခန်းတစ်ခန်းရဲ့မြင်ကွင်းဖြစ်ပြီး အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတွေမှာလိုပဲ စိတ်ဝင်စားရာပညာရပ်တွေ သင်ကြားခွင့်ပေးထားပြီး ပညာသင်နှစ်ပြည့်ရင် ဘွဲ့ကိုပါ ချီးမြှင့်ပေးတယ်လို့ သိရပါတယ်။

(၃) နောက်ထပ် အံ့အားသင့်စရာကောင်းတဲ့ အကျဉ်းထောင်ကတော့(Norway)နော်ဝေးနိုင်ငံ ၊ (Horten)ဟော်တန်မြို့က Bastøy အကျဉ်းထောင်ဖြစ်ပါတယ်။ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံသူအများစုကို ထားရှိတဲ့ Oslo ကျွန်းက အဆိုပါအကျဉ်းထောင်ကတော့ အဖွဲ့အစည်းတစ်ခုပုံစံထားရှိပြီး လူမှုအသုံးအဆောင်စက်ပစ္စည်းတွေကိုပါ သုံးစွဲခွင့်ပေးထားတာ တွေ့ရပါတယ်။ ဘုရားကျောင်း ၊စာကြည့်တိုက် ၊စာသင်ကျောင်း ဘောလုံးကွင်း တို့ပါ ဆောက်လုပ်ထားပေးထားတာမို့ သာမန်လူတန်းစားတွေလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ စိတ်လွတ်လက်လွတ်နေခွင့်ရတဲ့ အကျဉ်းထောင်တစ်ခုဖြစ်ပါတယ်။

(၄) အခုနောက်ဆုံးဖော်ပြပေးထားတဲ့ အကျဉ်းထောင်ကတော့ (Colombia) ကိုလမ်ဘီယာနိုင်ငံက အမျိုးသမီးအကျဉ်းထောင်တစ်ခုဖြစ်ပါတယ်။ အဆိုပါအကျဉ်ထောင်မှာ ကော်ဖီဆိုင်တွေ ရှိသလို ညတိုင်းမှာ စာဖိုမှူးတွေ ၊စာပွဲထိုးတွေအဖြစ် ဝင်ရောက်လုပ်ကိုင်လို့ရသလို အချင်းချင်းစကားတွေဖောင်ဖွဲ့ရင်း လွတ်လပ်စွာနေလို့ရတဲ့ နေရာတစ်ခုသဖွယ်ပါပဲ။

အကျဉ်းထောင်လို့ ဆိုတိုင်း မျက်လုံးထဲမှာ အမှောင်ခန်းသဖွယ် သံတိုင်းတွေပိတ်လှောင်ခံထားရတဲ့ အခန်းတွေလို့ ထင်ထားမိသမျှ ဒီနိုင်ငံတွေက အကျဉ်းထောင်တွေမြင်လိုက်မိတော့ ပရိသတ်တွေလည်း အံ့အားသင့်မယ်လို့မျှော်လင့်ပါတယ်။

Stella(Akhayar)

www.Akhayar.com