[ZawGyi]

ဗီတာမင္ဆိုတိုင္း ေသာက္သင္႔သလား

ႏွစ္ေပါင္းမ်ားစြာကတည္းက Multivitamins ေတြကိုခႏၶာကိုယ္တစ္ခုလံုးရဲ႕ က်န္းမာေရးေကာင္းမြန္ေစဖုိ႔သံုးခဲ႔ၾကပါတယ္။ ဗီတာမင္ C ကိုကိုယ္ခံစြမ္းအားေကာင္းမြန္ေစဖုိ႔၊ ဗီတာမင္ A ကို အျမင္အာရံုေကာင္းေစဖုိ႔၊ ဗီတာမင္ B ကိုေတာ႔ စြမ္းအင္ကိုျမွင္႔တင္ေပးဖုိ႔ စသျဖင္႔ သံုးခဲ႔ၾကတာျဖစ္ပါတယ္။ အစားအေသာက္ေတြထဲကေန ဒီဗီတာမင္ေတြကို လိုသေလာက္ရႏိုင္ေပမယ္႔တခ်ိဳ႕ေတြက ေဆးအေနနဲ႔သီးသန္႔ေသာက္သံုးလုိက္ရမွ စိတ္ေက်နပ္ၾကတာမ်ိဳးရွိျပန္ပါတယ္။ ေလ႔လာခ်က္ေတြအရေတာ႔ ဗီတာမင္ေတြကိုမလုိအပ္ဘဲ ပိုမို သံုးစြဲမိတဲ႔အတြက္လူကိုထိခိုက္ရတယ္ဆုိတဲ႔ အခ်က္ေတြကိုေတြ႔ရွိခဲ႔ရပါတယ္တဲ႔။ ၂၀၁၁ မွာေတာ႔ ဒီကိစၥကိုအက်ယ္တဝင္႔ေလ႔လာခဲ႔ပါတယ္။ ဒီေလ႔လာခ်က္မွာေတာ႔ ဗီတာမင္ေတြကိုႏွစ္ရွည္လမ်ား ေသာက္သံုးလာတဲ႔ အသက္ ၂၅ ေက်ာ္အမ်ိဳးသမီး ၃၉၀၀၀ နီးပါးကို ေလ႔လာခဲ႔တာပါ။ သူတုိ႔ေတြက်န္းမာေရးပိုေကာင္းလာတယ္လို႔မ်ားထင္ပါသလား။ တကယ္ေတာ႔ သူတုိ႔ရဲ႕သက္တမ္းပိုတိုသြားတယ္လုိ႔ေတာင္သိရပါတယ္။
ဒီေတာ႔ရွိသမွ် ဗီတာမင္ A to Z ကိုေသာက္ဖို႔ လုိမလိုစဥ္းစားဖုိ႔လုိလာပါျပီ။ ဘယ္ဗီတာမင္ေတြကေတာ႔ တကယ္လိုအပ္တယ္။ ဘယ္ဗီတာမင္ေတြကိုေတာ႔ မလုိအပ္ဘူးဆိုတာ ပိုျပီးတိတိက်က်သိသြားမွာပါ။

ဗီတာမင္ D – ေသာက္သင္႔ပါတယ္။ ဗီတာမင္ D ကအရိုးကိုသန္မာေစျပီး ဒီဗီတာမင္ကိုအစားအေသာက္ထဲကေန ရဖို႔မလြယ္ကူပါဘူး။

ဗီတာမင္ D ကကၽြန္မတို႔ စားသံုးေနတဲ႔အစားအေသာက္အမ်ားစုကေန မရႏိုင္ပါဘူး။ ဒါေပမဲ႔ ဗီတာမင္ D ဟာ အရိုးအဆစ္ေတြအတြက္မျဖစ္မေနလုိအပ္တဲ႔ဗီတာမင္ျဖစ္ပါတယ္။ သူက ကယ္လ္ဆီယမ္ကိုစုပ္ယူေပးပါတယ္။ ေနေရာင္ႏုႏုခံေပးမယ္ဆုိရင္လည္း လိုအပ္တဲ႔ဗီတာမင္ D ကိုေတာ႔ရရွိႏိုင္ပါတယ္။ ေလ႔လာခ်က္ေတာ္ေတာ္မ်ားမ်ားအရ ဗီတာမင္ D ေသာက္တဲ႔သူေတြဟာ ပိုျပီးအသက္ရွည္တယ္လုိ႔ဆုိထားျပန္ပါတယ္။

Antioxidants – ေသာက္ဖုိ႔မလုိပါဘူး။ Antioxidants လြန္လြန္ကဲကဲေသာက္မိရင္ ကင္ဆာျဖစ္ႏိုင္ပါတယ္။

ဗီတာမင္ A,C,E ဟာ အင္တီေအာက္ဆီးဒင္႔ေတြျဖစ္ျပီး အသီးအႏွံေတြထဲမွာအမ်ားဆံုးေတြ႔ရပါတယ္။ အထူးသျဖင္႔ ဘယ္ရီသီးေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြမွာပါ။ အင္တီေအာက္ဆီးဒင္႔ကို လိုအပ္တာထက္ပိုမိုေသာက္သံုးမိရင္ လူကိုအႏၱရာယ္ေပးပါတယ္။ ေဆးလိပ္ေသာက္တဲ႔သူအခ်င္းခ်င္းမွာေတာင္ ဘာဗီတာမင္မွမေသာက္သူနဲ႔ ဗီတာမင္ A ပံုမွန္ေသာက္သံုးသူကို ႏိႈင္းယွဥ္ၾကည္႔တဲ႔အခါ ဗီတာမင္ A ေသာက္တဲ႔လူက အဆုတ္ကင္ဆာပိုမိုျဖစ္ပြားႏိုင္ေခ်ရွိပါတယ္တဲ႔။ ဒါက ေဘးထြက္ဆုိးက်ိဳးပါ။ ဗီတာကာရိုတင္း၊ ဗီတာမင္ A ၊ ဗီတာမင္ E နဲ႔ကုသတဲ႔ Treatment ေတြဟာ အေသအေပ်ာက္ႏႈန္းပိုျမင္႔တယ္လုိ႔ ဆိုထားပါတယ္။

ဗီတာမင္ C – ဗီတာမင္ C ကိုမျဖစ္မေနသီးသန္႔ေသာက္ဖုိ႔ မလုိအပ္ပါဘူး။ အဲဒီအစားခ်ဥ္တဲ႔အသီးေတြပဲစားပါ။

ေလ႔လာခ်က္ေတြအရေတာ႔ ဗီတာမင္ C ေသာက္သံုးျခင္းရဲ႕ သိသာတဲ႔ရလဒ္ဟာ ေျပာပေလာက္ေအာင္မရွိဘူးလုိ႔ဆုိပါတယ္။ ဗီတာမင္ C ေသာက္ရင္ အဖ်ားအနာေတြကို ခုခံႏိုင္စြမ္းရွိတယ္လို႔သိထားၾကပါတယ္ေနာ္။ ဗီတာမင္ C လံုလံုေလာက္ေလာက္မရျခင္းကိုျဖည္႔စြမ္းလုိ႔ရေပမယ္႔ ပမာဏလြန္သြားခဲ႔ရင္ေတာ႔ အႏၱရာယ္ရွိပါတယ္။ ဗီတာမင္ C ၂၀၀၀ မီလီဂရမ္နဲ႔အထက္ခႏၶာကိုယ္ထဲေရာက္သြားခဲ႔ရင္ ေက်ာက္ကပ္မွာေက်ာက္တည္ေစႏိုင္တယ္လို႔ဆုိပါတယ္။ ဒါေၾကာင္႔ စိတ္ခ်ရဖုိ႔ဆုိရင္ အစားအစာကေနပဲ ဗီတာမင္ C လံုေလာက္ေအာင္ျဖည္႔စြမ္းသင္႔ပါတယ္။ မာလကာသီး၊ စေတာ္ဘယ္ရီေလးေတြသာ ဝယ္စားလိုက္ပါ။

ဗီတာမင္ B3 – ေသာက္ဖုိ႔မလုိပါ။ သူ႔အစား ဆယ္လ္မြန္၊ တူနာငါးေတြနဲ႔ Beets ေတြသာစားပါ။

ႏွစ္မ်ားစြာကတည္းက ဗီတာမင္ B3 ကို အယ္လ္ဇိုင္းမားမွသည္ ႏွလံုးေရာဂါကုသဖုိ႔အထိ သံုးခဲ႔ၾကပါတယ္။ ဒါေပမဲ႔အခုေနာက္ပိုင္းမွာေတာ႔ သီးသန္႔ေသာက္ဖုိ႔ညႊန္းေလ႔မရွိေတာ႔ပါဘူး။
ဗီတာမင္ B3 လြန္ကဲခဲ႔မယ္ဆုိရင္ အသဲမွာျပႆနာတက္မယ္၊ ခႏၶာကိုယ္တြင္းေသြးယိုစိမ္႔မႈရွိႏိုင္တယ္၊ Infections ဝင္မယ္စတဲ႔ ျပႆနာေတြကိုရင္ဆုိင္ရႏိုင္ပါတယ္။ ဒါေၾကာင္႔ ေသာက္မယ္ဆုိရင္ေတာင္ ဆရာဝန္ညႊန္ၾကားခ်က္နဲ႔သာ ေသာက္သင္႔ပါတယ္။

Probiotics – သူ႔အစားဒိန္ခ်ဥ္စားပါ။

ခႏၶာကိုယ္တြင္းအတြက္လုိအပ္တဲ႔ ပိုးေကာင္းေတြဆုိတာ ဒိန္ခ်ဥ္နဲ႔အျခားေသာ အခ်ဥ္ေဖာက္ပစၥည္းေတြကေန ရရွိႏိုင္ပါတယ္။ ဒီ႔အတြက္ Probiotics သီးသန္႔ေသာက္ဖုိ႔မလိုပါဘူး။ Probiotics ရဲ႕အစြမ္းက တစ္ခါတေလအေထာက္အကူျပဳသလုိ တစ္ခါတေလေတာ႔လည္း ေကာင္းက်ိဳးရွိတယ္လုိ႔မျပျပန္ပါဘူး။ ဒါေၾကာင္႔ ဒိန္ခ်ဥ္လိုမ်ိဳး သြားရည္စာေတြကိုသာစားပါ။

Zinc – Zinc ကိုေတာ႔ မျဖစ္မေနေသာက္သံုးသင္႔ပါတယ္။

သူက အေအးမိဖ်ားနာျခင္းေတြကိုျမန္ျမန္သက္သာေစပါတယ္။
ဗီတာမင္ C ကအေအးမိဖ်ားနာျခင္းေတြကို ထင္ထားသေလာက္မေပ်ာက္ကင္းႏိုင္ေစဘဲ Zinc ကသာတကယ္ထိေရာက္မႈရွိတယ္လုိ႔ ဆိုပါတယ္။ ဒီသတၱဳဓာတ္ဟာအေအးမိျခင္းကိုျဖစ္ေစတဲ႔ ဗိုင္းရပ္စ္ေတြ၊ ေရာဂါပိုးမႊားေတြကို ခုခံတုိက္ထုတ္ႏိုင္စြမ္းရွိပါတယ္။ ေနမေကာင္းျဖစ္ေနတဲ႔ လူနာႏွစ္ေယာက္မွာတစ္ေယာက္ကို Zinc တိုက္ျပီး ေနာက္တစ္ေယာက္ကို ဗီတာမင္ C တိုက္ေကၽြးတဲ႔အခါ Zinc တိုက္ေကၽြးတဲ႔လူမမာဟာ ပိုျပီးေတာ႔ ျမန္ျမန္သက္သာေပ်ာက္ကင္းတယ္လုိ႔ သိရပါတယ္။

Vitamin E – တကူးတကေသာက္သံုးဖို႔မလုိအပ္ပါဘူး။ အလြန္အကၽြံျဖစ္သြားရင္ ကင္ဆာျဖစ္ႏိုင္ေျခကိုပိုတိုးလာေစပါတယ္။ ဗီတာမင္ E အစား ဟင္းႏုနယ္ကိုသာမ်ားမ်ားစားပါ။

ဓာတ္တိုးဆန္႔က်င္ပစၥည္း ဗီတာမင္ E ဟာ လူေတြၾကားထဲမွာေပၚျပဴလာျဖစ္ပါတယ္။ ကင္ဆာကိုကာကြယ္တိုက္ဖ်က္ႏိုင္စြမ္းရွိတယ္လို႔လည္းဆုိထားပါတယ္။ ဒါေပမဲ႔ ဗီတာမင္ E ေသာက္သံုးသူေတြဟာ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္ေျခမ်ားတယ္လို႔ ေလ႔လာေတြ႔ရွိရျပန္ပါတယ္။ Vitamin E ေသာက္သံုးမႈ အလြန္အကၽြံျဖစ္ခဲ႔ရင္ ေသဆံုးႏိုင္ေျချမင္႔မားလာမယ္လို႔ သုေတသနေတြအရသိရပါတယ္။ ဒါေၾကာင္႔ ကိုယ္႔ကိုယ္ကို Vitamin E ျဖည္႔စြမ္းရမယ္လို႔ထင္မိရင္ ဟင္းႏုနယ္ရြက္သုပ္ကိုသာမ်ားမ်ားစားေပးပါ။ ဒါမွမဟုတ္ အရည္ၾကိတ္ေသာက္တာမ်ိဳးလုပ္ပါ။

Folic acid – ကိုယ္ဝန္ေဆာင္ေနရင္၊ ဒါမွမဟုတ္ ကိုယ္ဝန္ရခ်င္ရင္ ေဖာလစ္အက္ဆစ္ေသာက္သင္႔ပါတယ္။

Folic acid ဆုိတာ ဗီတာမင္ဘီျဖစ္ျပီး ဆဲလ္သစ္ျဖစ္ေပၚမႈကို အားေပးပါတယ္။ National Institutes of Health ရဲ႕ညႊန္ၾကားခ်က္မွာေတာ႔ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးနဲ႔ ကိုယ္ဝန္ရခ်င္တဲ႔အမ်ိဳးသမီးဟာေန႔စဥ္ ေဖာလစ္အက္ဆစ္ ၄၀၀ မိုက္ခရိုဂရမ္ေသာက္သံုးဖုိ႔လိုတယ္လုိ႔ဆုိထားပါတယ္။ ဘာေၾကာင္႔လဲဆုိရင္ သူကသေႏၶသားေလာင္းအဓိကလိုအပ္တဲ႔ အာဟာရဓာတ္ျဖစ္ေနလုိ႔ပါပဲ။

ဒါေတြကေတာ႔ ခႏၶာကိုယ္အတြက္လုိအပ္တဲ႔ ဗီတာမင္ေတြအေၾကာင္းပါပဲ။ တခ်ိဳ႕ေတြက ဗီတာမင္ပဲအက်ိဳးမယုတ္ပါဘူးဆုိတဲ႔အျမင္ရွိၾကတာေတြ႔ရပါတယ္။ ဒါေပမဲ႕ တန္ေဆးလြန္ေဘးဆုိတာက ရွိျပန္ေတာ႔မလုိအပ္ဘဲေက်ာ္လြန္လာတဲ႔အခါ အဆိုးဘက္သာ ဦးတည္ပါတယ္။ ဒါေၾကာင္႔ဘယ္လုိေဆးမ်ိဳးမဆို ဆရာဝန္နဲ႔တိုင္ပင္ျပီးမွပဲ ေသာက္သံုးေစခ်င္ပါတယ္။

Ref#businessinsider

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

ဗီတာမင်ဆိုတိုင်း သောက်သင့်သလား

နှစ်ပေါင်းများစွာကတည်းက Multivitamins တွေကိုခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကောင်းမွန်စေဖို့သုံးခဲ့ကြပါတယ်။ ဗီတာမင် C ကိုကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့၊ ဗီတာမင် A ကို အမြင်အာရုံကောင်းစေဖို့၊ ဗီတာမင် B ကိုတော့ စွမ်းအင်ကိုမြှင့်တင်ပေးဖို့ စသဖြင့် သုံးခဲ့ကြတာဖြစ်ပါတယ်။ အစားအသောက်တွေထဲကနေ ဒီဗီတာမင်တွေကို လိုသလောက်ရနိုင်ပေမယ့်တချို့တွေက ဆေးအနေနဲ့သီးသန့်သောက်သုံးလိုက်ရမှ စိတ်ကျေနပ်ကြတာမျိုးရှိပြန်ပါတယ်။ လေ့လာချက်တွေအရတော့ ဗီတာမင်တွေကိုမလိုအပ်ဘဲ ပိုမို သုံးစွဲမိတဲ့အတွက်လူကိုထိခိုက်ရတယ်ဆိုတဲ့ အချက်တွေကိုတွေ့ရှိခဲ့ရပါတယ်တဲ့။ ၂၀၁၁ မှာတော့ ဒီကိစ္စကိုအကျယ်တဝင့်လေ့လာခဲ့ပါတယ်။ ဒီလေ့လာချက်မှာတော့ ဗီတာမင်တွေကိုနှစ်ရှည်လများ သောက်သုံးလာတဲ့ အသက် ၂၅ ကျော်အမျိုးသမီး ၃၉၀၀၀ နီးပါးကို လေ့လာခဲ့တာပါ။ သူတို့တွေကျန်းမာရေးပိုကောင်းလာတယ်လို့များထင်ပါသလား။ တကယ်တော့ သူတို့ရဲ့သက်တမ်းပိုတိုသွားတယ်လို့တောင်သိရပါတယ်။
ဒီတော့ရှိသမျှ ဗီတာမင် A to Z ကိုသောက်ဖို့ လိုမလိုစဉ်းစားဖို့လိုလာပါပြီ။ ဘယ်ဗီတာမင်တွေကတော့ တကယ်လိုအပ်တယ်။ ဘယ်ဗီတာမင်တွေကိုတော့ မလိုအပ်ဘူးဆိုတာ ပိုပြီးတိတိကျကျသိသွားမှာပါ။

ဗီတာမင် D – သောက်သင့်ပါတယ်။ ဗီတာမင် D ကအရိုးကိုသန်မာစေပြီး ဒီဗီတာမင်ကိုအစားအသောက်ထဲကနေ ရဖို့မလွယ်ကူပါဘူး။

ဗီတာမင် D ကကျွန်မတို့ စားသုံးနေတဲ့အစားအသောက်အများစုကနေ မရနိုင်ပါဘူး။ ဒါပေမဲ့ ဗီတာမင် D ဟာ အရိုးအဆစ်တွေအတွက်မဖြစ်မနေလိုအပ်တဲ့ဗီတာမင်ဖြစ်ပါတယ်။ သူက ကယ်လ်ဆီယမ်ကိုစုပ်ယူပေးပါတယ်။ နေရောင်နုနုခံပေးမယ်ဆိုရင်လည်း လိုအပ်တဲ့ဗီတာမင် D ကိုတော့ရရှိနိုင်ပါတယ်။ လေ့လာချက်တော်တော်များများအရ ဗီတာမင် D သောက်တဲ့သူတွေဟာ ပိုပြီးအသက်ရှည်တယ်လို့ဆိုထားပြန်ပါတယ်။

Antioxidants – သောက်ဖို့မလိုပါဘူး။ Antioxidants လွန်လွန်ကဲကဲသောက်မိရင် ကင်ဆာဖြစ်နိုင်ပါတယ်။

ဗီတာမင် A,C,E ဟာ အင်တီအောက်ဆီးဒင့်တွေဖြစ်ပြီး အသီးအနှံတွေထဲမှာအများဆုံးတွေ့ရပါတယ်။ အထူးသဖြင့် ဘယ်ရီသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာပါ။ အင်တီအောက်ဆီးဒင့်ကို လိုအပ်တာထက်ပိုမိုသောက်သုံးမိရင် လူကိုအန္တရာယ်ပေးပါတယ်။ ဆေးလိပ်သောက်တဲ့သူအချင်းချင်းမှာတောင် ဘာဗီတာမင်မှမသောက်သူနဲ့ ဗီတာမင် A ပုံမှန်သောက်သုံးသူကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဗီတာမင် A သောက်တဲ့လူက အဆုတ်ကင်ဆာပိုမိုဖြစ်ပွားနိုင်ချေရှိပါတယ်တဲ့။ ဒါက ဘေးထွက်ဆိုးကျိုးပါ။ ဗီတာကာရိုတင်း၊ ဗီတာမင် A ၊ ဗီတာမင် E နဲ့ကုသတဲ့ Treatment တွေဟာ အသေအပျောက်နှုန်းပိုမြင့်တယ်လို့ ဆိုထားပါတယ်။

ဗီတာမင် C – ဗီတာမင် C ကိုမဖြစ်မနေသီးသန့်သောက်ဖို့ မလိုအပ်ပါဘူး။ အဲဒီအစားချဉ်တဲ့အသီးတွေပဲစားပါ။

လေ့လာချက်တွေအရတော့ ဗီတာမင် C သောက်သုံးခြင်းရဲ့ သိသာတဲ့ရလဒ်ဟာ ပြောပလောက်အောင်မရှိဘူးလို့ဆိုပါတယ်။ ဗီတာမင် C သောက်ရင် အဖျားအနာတွေကို ခုခံနိုင်စွမ်းရှိတယ်လို့သိထားကြပါတယ်နော်။ ဗီတာမင် C လုံလုံလောက်လောက်မရခြင်းကိုဖြည့်စွမ်းလို့ရပေမယ့် ပမာဏလွန်သွားခဲ့ရင်တော့ အန္တရာယ်ရှိပါတယ်။ ဗီတာမင် C ၂၀၀၀ မီလီဂရမ်နဲ့အထက်ခန္ဓာကိုယ်ထဲရောက်သွားခဲ့ရင် ကျောက်ကပ်မှာကျောက်တည်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် စိတ်ချရဖို့ဆိုရင် အစားအစာကနေပဲ ဗီတာမင် C လုံလောက်အောင်ဖြည့်စွမ်းသင့်ပါတယ်။ မာလကာသီး၊ စတော်ဘယ်ရီလေးတွေသာ ဝယ်စားလိုက်ပါ။

ဗီတာမင် B3 – သောက်ဖို့မလိုပါ။ သူ့အစား ဆယ်လ်မွန်၊ တူနာငါးတွေနဲ့ Beets တွေသာစားပါ။

နှစ်များစွာကတည်းက ဗီတာမင် B3 ကို အယ်လ်ဇိုင်းမားမှသည် နှလုံးရောဂါကုသဖို့အထိ သုံးခဲ့ကြပါတယ်။ ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ သီးသန့်သောက်ဖို့ညွှန်းလေ့မရှိတော့ပါဘူး။
ဗီတာမင် B3 လွန်ကဲခဲ့မယ်ဆိုရင် အသဲမှာပြဿနာတက်မယ်၊ ခန္ဓာကိုယ်တွင်းသွေးယိုစိမ့်မှုရှိနိုင်တယ်၊ Infections ဝင်မယ်စတဲ့ ပြဿနာတွေကိုရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် သောက်မယ်ဆိုရင်တောင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်။

Probiotics – သူ့အစားဒိန်ချဉ်စားပါ။

ခန္ဓာကိုယ်တွင်းအတွက်လိုအပ်တဲ့ ပိုးကောင်းတွေဆိုတာ ဒိန်ချဉ်နဲ့အခြားသော အချဉ်ဖောက်ပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်။ ဒီ့အတွက် Probiotics သီးသန့်သောက်ဖို့မလိုပါဘူး။ Probiotics ရဲ့အစွမ်းက တစ်ခါတလေအထောက်အကူပြုသလို တစ်ခါတလေတော့လည်း ကောင်းကျိုးရှိတယ်လို့မပြပြန်ပါဘူး။ ဒါကြောင့် ဒိန်ချဉ်လိုမျိုး သွားရည်စာတွေကိုသာစားပါ။

Zinc – Zinc ကိုတော့ မဖြစ်မနေသောက်သုံးသင့်ပါတယ်။

သူက အအေးမိဖျားနာခြင်းတွေကိုမြန်မြန်သက်သာစေပါတယ်။
ဗီတာမင် C ကအအေးမိဖျားနာခြင်းတွေကို ထင်ထားသလောက်မပျောက်ကင်းနိုင်စေဘဲ Zinc ကသာတကယ်ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဒီသတ္တုဓာတ်ဟာအအေးမိခြင်းကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ၊ ရောဂါပိုးမွှားတွေကို ခုခံတိုက်ထုတ်နိုင်စွမ်းရှိပါတယ်။ နေမကောင်းဖြစ်နေတဲ့ လူနာနှစ်ယောက်မှာတစ်ယောက်ကို Zinc တိုက်ပြီး နောက်တစ်ယောက်ကို ဗီတာမင် C တိုက်ကျွေးတဲ့အခါ Zinc တိုက်ကျွေးတဲ့လူမမာဟာ ပိုပြီးတော့ မြန်မြန်သက်သာပျောက်ကင်းတယ်လို့ သိရပါတယ်။

Vitamin E – တကူးတကသောက်သုံးဖို့မလိုအပ်ပါဘူး။ အလွန်အကျွံဖြစ်သွားရင် ကင်ဆာဖြစ်နိုင်ခြေကိုပိုတိုးလာစေပါတယ်။ ဗီတာမင် E အစား ဟင်းနုနယ်ကိုသာများများစားပါ။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဗီတာမင် E ဟာ လူတွေကြားထဲမှာပေါ်ပြူလာဖြစ်ပါတယ်။ ကင်ဆာကိုကာကွယ်တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့လည်းဆိုထားပါတယ်။ ဒါပေမဲ့ ဗီတာမင် E သောက်သုံးသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများတယ်လို့ လေ့လာတွေ့ရှိရပြန်ပါတယ်။ Vitamin E သောက်သုံးမှု အလွန်အကျွံဖြစ်ခဲ့ရင် သေဆုံးနိုင်ခြေမြင့်မားလာမယ်လို့ သုတေသနတွေအရသိရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို Vitamin E ဖြည့်စွမ်းရမယ်လို့ထင်မိရင် ဟင်းနုနယ်ရွက်သုပ်ကိုသာများများစားပေးပါ။ ဒါမှမဟုတ် အရည်ကြိတ်သောက်တာမျိုးလုပ်ပါ။

Folic acid – ကိုယ်ဝန်ဆောင်နေရင်၊ ဒါမှမဟုတ် ကိုယ်ဝန်ရချင်ရင် ဖောလစ်အက်ဆစ်သောက်သင့်ပါတယ်။

Folic acid ဆိုတာ ဗီတာမင်ဘီဖြစ်ပြီး ဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ National Institutes of Health ရဲ့ညွှန်ကြားချက်မှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကိုယ်ဝန်ရချင်တဲ့အမျိုးသမီးဟာနေ့စဉ် ဖောလစ်အက်ဆစ် ၄၀၀ မိုက်ခရိုဂရမ်သောက်သုံးဖို့လိုတယ်လို့ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုရင် သူကသန္ဓေသားလောင်းအဓိကလိုအပ်တဲ့ အာဟာရဓာတ်ဖြစ်နေလို့ပါပဲ။

ဒါတွေကတော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေအကြောင်းပါပဲ။ တချို့တွေက ဗီတာမင်ပဲအကျိုးမယုတ်ပါဘူးဆိုတဲ့အမြင်ရှိကြတာတွေ့ရပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတာက ရှိပြန်တော့မလိုအပ်ဘဲကျော်လွန်လာတဲ့အခါ အဆိုးဘက်သာ ဦးတည်ပါတယ်။ ဒါကြောင့်ဘယ်လိုဆေးမျိုးမဆို ဆရာဝန်နဲ့တိုင်ပင်ပြီးမှပဲ သောက်သုံးစေချင်ပါတယ်။

Ref#businessinsider

ဂျူဂျူး(Akhayar)

www.akhayar.com