[Zawgyi]

ေတာ္ဝင္ကေလးထိန္းတစ္ေယာက္ျဖစ္ဖို႔ မရွိမျဖစ္လုိအပ္တဲ႔ စံခ်ိန္စံညႊန္းမ်ား

တစ္စံုတစ္ေယာက္လာတိုက္ခို္က္တဲ႔အခါမွာ ကုိယ္ကုိယ္ကို ကာကြယ္တဲ႔အေနနဲ႔ တန္ျပန္တံုျပန္တိုက္္ခိုက္တာ၊ မေတာ္တဆမႈေတြၾကံဳလာတဲ႔အခါ အေရးေပၚေရွးဦးသူနာျပဳစုနည္းေတြ ျပဳလုပ္ႏိုင္တာ၊ စိတ္ပညာရဲ႕အေျခခံကို သိရွိၿပီး ေကာင္းေကာင္းအသံုးခ်ႏုိင္တာ၊ ကားေမာင္းကၽြမ္းက်င္တာ အစရွိတဲ့ အရည္အခ်င္းေတြနဲ႔ ျပည္႔စံုတဲ႔သူေတြက FBI Agent တစ္ေယာက္ပဲ ျဖစ္မယ္လို႔ ေတြးမိၾကမွာပါ။ အမွန္မွာေတာ့ ဒီအရည္အခ်င္းေတြနဲ႔ ျပည္႔စံုတဲ႔သူေတြက FBI Agent တင္မဟုတ္ဘဲ ေတာ္ဝင္မ်ဳိးႏြယ္ရွိ ကေလးေတြကို ထိန္းသိမ္းေစာင္႔ေရွာက္ရတဲ႔ ကေလးထိန္းေတြမွာရွိတဲ႔ အရည္အခ်င္းေတြပဲ ျဖစ္ပါတယ္။ ေတာ္ဝင္မ်ဳိးႏြယ္ကေလးထိန္းေတြရဲ႕ အရည္အခ်င္းေတြကို အေသးစိတ္ေလ့လာၾကည္႔တဲ႔အခါမွာ…

(၁) ေတာ္ဝင္ကေလးထိန္းျဖစ္ဖို႔ဘာေတြေလ့လာရလဲ

ကေလးထိန္းလုပ္မွေတာ့ ကေလးခ်စ္တတ္ၿပီး ကေလးကို ေခ်ာ့ျမဴဳတတ္ရင္ရၿပီလို႔ လူေတာ္ေတာ္မ်ားမ်ားက ထင္ၾကမွာပါ။ အမွန္မွာေတာ့ ေတာ္ဝင္္မ်ဳိးႏြယ္ကေလးထိန္းရတာ သာမန္ကေလးေတြ ထိန္းရတာနဲ႔မတူဘဲ တာဝန္ဝတၱရားပိုႀကီးသလို သိရတတ္ရမယ္႔ ပညာေတြကလည္း မ်ားျပားပါတယ္။ သိရတတ္ရမည္႔ဟာေတြ မ်ားတဲ႔အတြက္ေၾကာင္႔ ေတာ္ဝင္ကေလးထိန္းေတြဟာ Norland College မွာ ပညာသင္ယူဆည္းပူးရပါတယ္။ ဒီေကာလိပ္က သာမန္လူေတြ တက္လို႔မရဘဲ ေတာ္ဝင္ကေလးကိုထိန္းမယ့္ ေတာ္ဝင္ကေလးထိန္းေတြသာ တက္လို႔ရတဲ႔ ေကာလိပ္ျဖစ္ပါတယ္။ ေတာ္ဝင္ကေလးထိန္းလုပ္မယ့္သူေတြက အနည္းဆံုးက်န္္းမာေရးအေျခအေနေကာင္းမြန္ၿပီး ျပစ္မ်ဳိးမွဲ႔မထင္တဲ႔ ေနာက္ေၾကာင္းရွိတဲ႔သူ ျဖစ္ဖို႔ေတာ့လုိပါတယ္။ အဂၤလိပ္စကား ေကာင္းမြန္စြာ ေျပာႏိုင္တဲ႔သူ ျဖစ္ဖို႔လည္း လိုအပ္ပါေသးတယ္။ ကေလးေတြကို ဘယ္လိုထိန္းသိမ္းေစာင္႔ေရွာက္ရမလဲဆိုတာကို သင္ယူရတဲ႔အျပင္ Norland College မွာ သူတိုထပ္ၿပီးလ့လာရတာကေတာ့ စိတ္ပညာ၊ သမိုင္းပညာ၊ ေတြးေခၚမႈပညာ၊ လူမႈေပါင္းသင္းဆက္ဆံေရးပညာနဲ႔ စာေပပညာတို႔ပဲ ျဖစ္ပါတယ္။

They study Norland College

They study Norland College

(၂) အႀကိဳေလ့လာသင္ယူျခင္း

ေလ့လာသင္ယူေနစဥ္အေတာအတြင္းမွာ ေတာ္ဝင္ကေလးထိန္းေတြဟာ စက္ရုပ္ကေလးေလးေတြနဲ႔ အစမ္းေလ့က်င္ထိန္းသိမ္းရပါတယ္။ စက္ရုပ္ကေလးေတြကို အစမ္းမထိန္းၾကည္႔ဘဲ ေတာ္ဝင္ကေလးေတြကို ထိန္းဖိို႔ ေတာ္ဝင္မ်ဳိးႏြယ္စုေတြကို ခြင့္မျပဳထားပါဘူး။ စက္ရုပ္ကေလးေတြနဲ႔ ေလ့က်င္တဲ႔အခါမွာ ညဘက္မွာ ႏို္းလာရင္ ဘာေကၽြးရမလဲ ဘာလို႔ေျဖရွင္းရမလဲဆိုတာကိုပါ တစ္ခါတည္းေလ့က်င္သင္ၾကားေပးပါတယ္။ ကေလးေတြရဲ႕လိုအပ္ခ်က္ကို ဘယ္အခ်ိန္ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ေကာင္းမြန္ေျပလည္ေအာင္ မေျဖရွင္းႏိုင္ဘူးဆိုရင္ ေတာ္ဝင္ကေလးထိန္းေတြကို သင္တန္းဆင္းခြင္႔မေပးပါဘူး။

Preliminary practice

Preliminary practice

(၃) သက္ေတာ္ေစာင္႔တာဝန္ယူရျခင္း

ကိုယ့္ကိုယ္ကိုလည္း ကာကြယ္ႏိုင္ဖို႔လိုအပ္သလို ကေလးေတြကိုလည္း ေဘးကင္းစိတ္ခ်လံုျခဳေအာင္ ကာကြယ္ႏိုင္ဖို႔လည္း ေတာ္ဝန္ကေလးထိန္းေတြအတြက္ အေရးႀကီးပါတယ္။ ဒါေၾကာင္႔မို႔ စစ္ေထာက္လွမ္းေရးေဟာင္းအရာရွိေတြက ေတာ္ဝင္ကေလးထိန္းေတြကို ကိုယ့္ကိုယ္ကို ကာကြယ္နည္းသင္တန္းေတြ၊ ခုခံနည္းေတြ ပို႔ခ်ေပးပါတယ္။ သူတိုိ႔ရဲ႕သင္တန္းကာလ ေနာက္ဆံုးသံုးႏွစ္မွာေတာ့ ေရွးဦးသူနာျပဳေစာင္႔ေရွာက္နည္းေတြကို ေလ့လာသင္ယူရပါတယ္။

The nanny is also a bodyguard

The nanny is also a bodyguard

(၄) အကၽြမ္းက်င္ဆံုးကားေမာင္းသမားျဖစ္ျခင္း

ေတာ္ဝင္ကေလးထိန္းေတြဟာ ကားေမာင္းအရမ္းကၽြမ္းက်င္ရပါတယ္။ ကေလးေတြဟာ သူတုိ႔နဲ႔ရွိရင္ ေဘးကင္းလံုျခံဳစိတ္ခ်စြာ ရွိေနႏိုင္ဖို႔အတြက္ ကေလးထိန္းေတြဟာ ကားေမာင္းျခင္းကို ေသခ်ာစြာ ေလ့က်င္သင္ၾကားထားရပါတယ္။ ေလ့က်င္သင္ၾကားၿပီးတဲ႔ေနာက္မွာေတာ့ ေတာ္ဝင္ကေလးထိန္းေတြဟာ ဘယ္လိုအေျခအေနမ်ဳိးမွာပဲျဖစ္ျဖစ္ ကားကို ကၽြမ္းက်င္စြာေမာင္းႏွင္ႏိုင္သြားမွာ ေသခ်ာပါတယ္။

(၅) ကေလးထိန္းေခါင္းေဆာင္ကနန္းေတာ္မွာပဲေနရျခင္း

နန္းေမြနန္းလ်ာဆက္ခံမယ္႔ Prince William နဲ႔ သူရဲ႕ၾကင္ယာေတာ္က Kate Middleton တို႔ဟာ သူတို႔ရဲ႕ကေလးသံုးေယာက္ကိုထိန္းဖို႔ ေတာ္ဝင္ကေလးထိန္းအမ်ားႀကီး မထားရွိထားပါဘူး။ အဲဒီကေလးသံုုးေယာက္ကုိ ထိိန္းဖို႔ တာဝန္ရွိသူေတြကေတာ့ ကေလးထိန္းေခါင္းေဆာင္ Maria Borrallo တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမဟာ Norland Collage ကေန ဘဲြ႔ရရွိခဲ႔တာ ႏွစ္ (၂၀) ၾကာၿပီး George ရွစ္လသားအရြယ္မွာကတည္းက နန္းေတာ္မွာ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္ပါတယ္။

The Chief nanny in the palace

The Chief nanny in the palace

(၆) လွ်ဳိ႕ဝွက္ခ်က္ေတြကိုထိန္းသိမ္းႏိုင္ျခင္း

ေတာ္ဝင္ေတြရဲ႕ဘဝေတြဟာ လူတကာေစာင္႔ၾကည္႔ျခင္း ခံေနရတာျဖစ္တဲ႔အတြက္ အေနအထိုင္သိုသိပ္စြာ ေနထိုင္ရပါတယ္။ ေတာ္ဝင္ကေလးထိန္းေတြဟာ ေတာ္ဝင္မ်ဳိးႏြယ္စုေတြနဲ႔ အနီးကပ္ဆံုးေနထုိင္တဲ့သူ ျဖစ္တဲ့အတြက္ သူတို႔ဆီကေန လွ်ဳိ႕ဝွက္ခ်က္ေတြ မေပါက္ၾကားဖို႔အတြက္ အလြန္အေရးႀကီးပါတယ္။ ဒါေၾကာင္႔မို႔ မဟုတ္မမွန္တဲ႔ ေကာလာဟလေတြမထြက္ေစဖို႔ ေတာ္ဝင္ကေလးထိန္းေတြအေနနဲ႔ Social Media ေတြကို အလြန္အကၽြံအသံုးမျပဳရတဲ႔အျပင္ ဘယ္မဂၢဇင္းေတြမွာမွလည္း အင္တာဗ်ဴး ေျဖခြင့္မရွိပါဘူး။ ဒါအျပင္ ေတာ္ဝင္ကေလးထိန္းေတြဟာ ကေလးေတြကုိ ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ နန္းေတာ္ကို ဝင္တဲ႔အခါမွာ နန္းေတာ္ရဲ႕အတြင္းေရးေတြကို အျပင္မေပါက္ၾကားေအာင္ ထိန္းသိမ္းပါ့မယ္ဆိုၿပီး လက္မွတ္ေရးထိုးကာ လွ်ဳိ႕ဝွက္ခ်က္ကို ေစာင္႔ထိန္းရသူ ျဖစ္ပါတယ္။

(၇) ကေလးေတြကိုရုိက္ၿပီးဆံုးမခြင့္မရွိျခင္း

မိဘေတြေတာ္ေတာ္မ်ားမ်ားဟာ ကေလးေတြအမွားလုပ္ရင္ ရုိက္ၿပီးဆံုးမေလ့ရွိပါတယ္။ ဒါေပမယ္႔ ေတာ္ဝင္မ်ဳိးႏြယ္စုေတြမွာေတာ့ အဲဒီလုိရုိက္ၿပီး ဆံုးမခြင္႔မရွိပါဘူး။ အဲဒီလုိပါပဲ ေတာ္ဝင္ကေလးထိန္္္းေတြဟာ ကေလးေတြကို ၾကည္႔ရႈထိန္းသိမ္းေစာင့္ေရွာက္တဲ့အခါမွာ ရုိက္ႏွက္ၿပီး အျပစ္ေပးခြင့္ မရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ Norland Collage ကေန ဆင္းလာတဲ႔ ေတာ္ဝင္ကေလးထိန္းေတြဟာ ကေလးေတြကို ဘယ္ေသာအခါမွ ရုိက္ႏွက္ဆံုးမျခင္း မျပဳပါဘူးလို႔ ကတိေပးထားတဲဲ႔အတြက္ေၾကာင္႔ ျဖစ္ပါတယ္။ ကေလးေတြရဲ႕လက္ကို အတင္းဆဲြၿပီး သြားတာကိုလည္း ေတာ္ဝင္ေတြက တားျမစ္ထားပါတယ္။

(၈) မိဘေနရာကိုဘယ္ေတာ့မွအစားမဝင္ျခင္း

ကေလးထိန္းေတြ ဘယ္ေလာက္ေကာင္းတယ္ပဲေျပာေျပာ ကေလးေတြအတြက္ မိဘဟာ အေရးႀကီးဆံုးနဲ႕ အေကာင္းဆံုး ျဖစ္မွန္းသိတဲ႔အတြက္ မိဘေတြေနရာကို ဘယ္ေတာ့မွ အစားမဝင္ပါဘူး။ Norland Collage က ကေလးထိန္းေတြကို ေလ့က်င္သင္ၾကားေပးတဲ႔အခါမွာ ေရခ်ဳိးတဲ႔အခါမ်ဳိးနဲ႔ ကေလးေတြ အိပ္ရာဝင္တဲ႔အခါမ်ဳိးမွာ မိဘေတြပါဝင္လုပ္ေဆာင္ဖို႔ အခြင္႔အေရးေပးဖို႔ မေမ႔ရန္ သင္ၾကားေပးေလ့ရွိပါတယ္။

A nanny doesn’t replace parents

A nanny doesn’t replace parents

ေတာ္ဝင္ကေလးေတြကို ထိန္းသိမ္းေစာင္႔ေရွာက္ရတာ ျဖစ္တဲ႔အတြက္ ကေလးထိန္းအလုပ္ဆိုတာ ထင္သေလာက္ မလြယ္ကူပါဘူး။ ဒီလုိခက္ခဲတဲ႔ ေတာ္ဝင္အလုပ္ေတြကို ထမ္းရြက္ႏိုင္တဲ႔သူေတြကလည္း အဘက္ဘက္က ျပည္႔စံုေအာင္ ႀကိဳးစားေလ့လာသင္ယူထားၾကရသူေတြျဖစ္ပါတယ္။ ဒါကိုၾကည္႔ျခင္းအားျဖင္႔ စိတ္ရွည္သည္းခံၿပီး အရည္အခ်င္းေကာင္းေတြနဲ႔ျပည္႔ဝသူမွသာ ေတာ္ဝင္ကေလးထိန္း ျဖစ္ခြင္႔ရိွတာကို ေတြ႔ျမင္ႏိုင္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

တော်ဝင်ကလေးထိန်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ စံချိန်စံညွှန်းများ

တစ်စုံတစ်ယောက်လာတိုက်ခိုက်တဲ့အခါမှာ ကိုယ်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ တန်ပြန်တုံပြန်တိုက်ခိုက်တာ၊ မတော်တဆမှုတွေကြုံလာတဲ့အခါ အရေးပေါ်ရှေးဦးသူနာပြုစုနည်းတွေ ပြုလုပ်နိုင်တာ၊ စိတ်ပညာရဲ့အခြေခံကို သိရှိပြီး ကောင်းကောင်းအသုံးချနိုင်တာ၊ ကားမောင်းကျွမ်းကျင်တာ အစရှိတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့သူတွေက FBI Agent တစ်ယောက်ပဲ ဖြစ်မယ်လို့ တွေးမိကြမှာပါ။ အမှန်မှာတော့ ဒီအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့သူတွေက FBI Agent တင်မဟုတ်ဘဲ တော်ဝင်မျိုးနွယ်ရှိ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ကလေးထိန်းတွေမှာရှိတဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ တော်ဝင်မျိုးနွယ်ကလေးထိန်းတွေရဲ့ အရည်အချင်းတွေကို အသေးစိတ်လေ့လာကြည့်တဲ့အခါမှာ…

(၁) တော်ဝင်ကလေးထိန်းဖြစ်ဖို့ဘာတွေလေ့လာရလဲ

ကလေးထိန်းလုပ်မှတော့ ကလေးချစ်တတ်ပြီး ကလေးကို ချော့မြူုတတ်ရင်ရပြီလို့ လူတော်တော်များများက ထင်ကြမှာပါ။ အမှန်မှာတော့ တော်ဝင်မျိုးနွယ်ကလေးထိန်းရတာ သာမန်ကလေးတွေ ထိန်းရတာနဲ့မတူဘဲ တာဝန်ဝတ္တရားပိုကြီးသလို သိရတတ်ရမယ့် ပညာတွေကလည်း များပြားပါတယ်။ သိရတတ်ရမည့်ဟာတွေ များတဲ့အတွက်ကြောင့် တော်ဝင်ကလေးထိန်းတွေဟာ Norland College မှာ ပညာသင်ယူဆည်းပူးရပါတယ်။ ဒီကောလိပ်က သာမန်လူတွေ တက်လို့မရဘဲ တော်ဝင်ကလေးကိုထိန်းမယ့် တော်ဝင်ကလေးထိန်းတွေသာ တက်လို့ရတဲ့ ကောလိပ်ဖြစ်ပါတယ်။ တော်ဝင်ကလေးထိန်းလုပ်မယ့်သူတွေက အနည်းဆုံးကျန်းမာရေးအခြေအနေကောင်းမွန်ပြီး ပြစ်မျိုးမှဲ့မထင်တဲ့ နောက်ကြောင်းရှိတဲ့သူ ဖြစ်ဖို့တော့လိုပါတယ်။ အင်္ဂလိပ်စကား ကောင်းမွန်စွာ ပြောနိုင်တဲ့သူ ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကလေးတွေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာကို သင်ယူရတဲ့အပြင် Norland College မှာ သူတိုထပ်ပြီးလ့လာရတာကတော့ စိတ်ပညာ၊ သမိုင်းပညာ၊ တွေးခေါ်မှုပညာ၊ လူမှုပေါင်းသင်းဆက်ဆံရေးပညာနဲ့ စာပေပညာတို့ပဲ ဖြစ်ပါတယ်။

They study Norland College

They study Norland College

(၂) အကြိုလေ့လာသင်ယူခြင်း

လေ့လာသင်ယူနေစဉ်အတောအတွင်းမှာ တော်ဝင်ကလေးထိန်းတွေဟာ စက်ရုပ်ကလေးလေးတွေနဲ့ အစမ်းလေ့ကျင်ထိန်းသိမ်းရပါတယ်။ စက်ရုပ်ကလေးတွေကို အစမ်းမထိန်းကြည့်ဘဲ တော်ဝင်ကလေးတွေကို ထိန်းဖို့ တော်ဝင်မျိုးနွယ်စုတွေကို ခွင့်မပြုထားပါဘူး။ စက်ရုပ်ကလေးတွေနဲ့ လေ့ကျင်တဲ့အခါမှာ ညဘက်မှာ နိုးလာရင် ဘာကျွေးရမလဲ ဘာလို့ဖြေရှင်းရမလဲဆိုတာကိုပါ တစ်ခါတည်းလေ့ကျင်သင်ကြားပေးပါတယ်။ ကလေးတွေရဲ့လိုအပ်ချက်ကို ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကောင်းမွန်ပြေလည်အောင် မဖြေရှင်းနိုင်ဘူးဆိုရင် တော်ဝင်ကလေးထိန်းတွေကို သင်တန်းဆင်းခွင့်မပေးပါဘူး။

Preliminary practice

Preliminary practice

(၃) သက်တော်စောင့်တာဝန်ယူရခြင်း

ကိုယ့်ကိုယ်ကိုလည်း ကာကွယ်နိုင်ဖို့လိုအပ်သလို ကလေးတွေကိုလည်း ဘေးကင်းစိတ်ချလုံခြုအောင် ကာကွယ်နိုင်ဖို့လည်း တော်ဝန်ကလေးထိန်းတွေအတွက် အရေးကြီးပါတယ်။ ဒါကြောင့်မို့ စစ်ထောက်လှမ်းရေးဟောင်းအရာရှိတွေက တော်ဝင်ကလေးထိန်းတွေကို ကိုယ့်ကိုယ်ကို ကာကွယ်နည်းသင်တန်းတွေ၊ ခုခံနည်းတွေ ပို့ချပေးပါတယ်။ သူတို့ရဲ့သင်တန်းကာလ နောက်ဆုံးသုံးနှစ်မှာတော့ ရှေးဦးသူနာပြုစောင့်ရှောက်နည်းတွေကို လေ့လာသင်ယူရပါတယ်။

The nanny is also a bodyguard

The nanny is also a bodyguard

(၄) အကျွမ်းကျင်ဆုံးကားမောင်းသမားဖြစ်ခြင်း

တော်ဝင်ကလေးထိန်းတွေဟာ ကားမောင်းအရမ်းကျွမ်းကျင်ရပါတယ်။ ကလေးတွေဟာ သူတို့နဲ့ရှိရင် ဘေးကင်းလုံခြုံစိတ်ချစွာ ရှိနေနိုင်ဖို့အတွက် ကလေးထိန်းတွေဟာ ကားမောင်းခြင်းကို သေချာစွာ လေ့ကျင်သင်ကြားထားရပါတယ်။ လေ့ကျင်သင်ကြားပြီးတဲ့နောက်မှာတော့ တော်ဝင်ကလေးထိန်းတွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကားကို ကျွမ်းကျင်စွာမောင်းနှင်နိုင်သွားမှာ သေချာပါတယ်။

(၅) ကလေးထိန်းခေါင်းဆောင်ကနန်းတော်မှာပဲနေရခြင်း

နန်းမွေနန်းလျာဆက်ခံမယ့် Prince William နဲ့ သူရဲ့ကြင်ယာတော်က Kate Middleton တို့ဟာ သူတို့ရဲ့ကလေးသုံးယောက်ကိုထိန်းဖို့ တော်ဝင်ကလေးထိန်းအများကြီး မထားရှိထားပါဘူး။ အဲဒီကလေးသုံးယောက်ကို ထိန်းဖို့ တာဝန်ရှိသူတွေကတော့ ကလေးထိန်းခေါင်းဆောင် Maria Borrallo တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ Norland Collage ကနေ ဘွဲ့ရရှိခဲ့တာ နှစ် (၂၀) ကြာပြီး George ရှစ်လသားအရွယ်မှာကတည်းက နန်းတော်မှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

The Chief nanny in the palace

The Chief nanny in the palace

(၆) လျှို့ဝှက်ချက်တွေကိုထိန်းသိမ်းနိုင်ခြင်း

တော်ဝင်တွေရဲ့ဘဝတွေဟာ လူတကာစောင့်ကြည့်ခြင်း ခံနေရတာဖြစ်တဲ့အတွက် အနေအထိုင်သိုသိပ်စွာ နေထိုင်ရပါတယ်။ တော်ဝင်ကလေးထိန်းတွေဟာ တော်ဝင်မျိုးနွယ်စုတွေနဲ့ အနီးကပ်ဆုံးနေထိုင်တဲ့သူ ဖြစ်တဲ့အတွက် သူတို့ဆီကနေ လျှို့ဝှက်ချက်တွေ မပေါက်ကြားဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့်မို့ မဟုတ်မမှန်တဲ့ ကောလာဟလတွေမထွက်စေဖို့ တော်ဝင်ကလေးထိန်းတွေအနေနဲ့ Social Media တွေကို အလွန်အကျွံအသုံးမပြုရတဲ့အပြင် ဘယ်မဂ္ဂဇင်းတွေမှာမှလည်း အင်တာဗျူး ဖြေခွင့်မရှိပါဘူး။ ဒါအပြင် တော်ဝင်ကလေးထိန်းတွေဟာ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ နန်းတော်ကို ဝင်တဲ့အခါမှာ နန်းတော်ရဲ့အတွင်းရေးတွေကို အပြင်မပေါက်ကြားအောင် ထိန်းသိမ်းပါ့မယ်ဆိုပြီး လက်မှတ်ရေးထိုးကာ လျှို့ဝှက်ချက်ကို စောင့်ထိန်းရသူ ဖြစ်ပါတယ်။

(၇) ကလေးတွေကိုရိုက်ပြီးဆုံးမခွင့်မရှိခြင်း

မိဘတွေတော်တော်များများဟာ ကလေးတွေအမှားလုပ်ရင် ရိုက်ပြီးဆုံးမလေ့ရှိပါတယ်။ ဒါပေမယ့် တော်ဝင်မျိုးနွယ်စုတွေမှာတော့ အဲဒီလိုရိုက်ပြီး ဆုံးမခွင့်မရှိပါဘူး။ အဲဒီလိုပါပဲ တော်ဝင်ကလေးထိန်းတွေဟာ ကလေးတွေကို ကြည့်ရှုထိန်းသိမ်းစောင့်ရှောက်တဲ့အခါမှာ ရိုက်နှက်ပြီး အပြစ်ပေးခွင့် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ Norland Collage ကနေ ဆင်းလာတဲ့ တော်ဝင်ကလေးထိန်းတွေဟာ ကလေးတွေကို ဘယ်သောအခါမှ ရိုက်နှက်ဆုံးမခြင်း မပြုပါဘူးလို့ ကတိပေးထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကလေးတွေရဲ့လက်ကို အတင်းဆွဲပြီး သွားတာကိုလည်း တော်ဝင်တွေက တားမြစ်ထားပါတယ်။

(၈) မိဘနေရာကိုဘယ်တော့မှအစားမဝင်ခြင်း

ကလေးထိန်းတွေ ဘယ်လောက်ကောင်းတယ်ပဲပြောပြော ကလေးတွေအတွက် မိဘဟာ အရေးကြီးဆုံးနဲ့ အကောင်းဆုံး ဖြစ်မှန်းသိတဲ့အတွက် မိဘတွေနေရာကို ဘယ်တော့မှ အစားမဝင်ပါဘူး။ Norland Collage က ကလေးထိန်းတွေကို လေ့ကျင်သင်ကြားပေးတဲ့အခါမှာ ရေချိုးတဲ့အခါမျိုးနဲ့ ကလေးတွေ အိပ်ရာဝင်တဲ့အခါမျိုးမှာ မိဘတွေပါဝင်လုပ်ဆောင်ဖို့ အခွင့်အရေးပေးဖို့ မမေ့ရန် သင်ကြားပေးလေ့ရှိပါတယ်။

A nanny doesn’t replace parents

A nanny doesn’t replace parents

တော်ဝင်ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတာ ဖြစ်တဲ့အတွက် ကလေးထိန်းအလုပ်ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး။ ဒီလိုခက်ခဲတဲ့ တော်ဝင်အလုပ်တွေကို ထမ်းရွက်နိုင်တဲ့သူတွေကလည်း အဘက်ဘက်က ပြည့်စုံအောင် ကြိုးစားလေ့လာသင်ယူထားကြရသူတွေဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စိတ်ရှည်သည်းခံပြီး အရည်အချင်းကောင်းတွေနဲ့ပြည့်ဝသူမှသာ တော်ဝင်ကလေးထိန်း ဖြစ်ခွင့်ရှိတာကို တွေ့မြင်နိုင်ပါတယ်။

H.H(Akhayar)

www.akhayar.com