[Zawgyi]

အတာအုိးဆုိတာ ဘာကုိေခၚတာလဲ

“ကူးေျပာင္းျခင္း၊ေျပာင္းေရႊ႕ျခင္း” လုိ႔ အဓိပၸာယ္ရတဲ့ ပါဠိဘာသာစကား “သကၤႏၱ” ကုိ ျမန္မာမွဳျပဳၿပီးေတာ့ “သၾကၤန္” လုိ႔ေခၚတာ ျဖစ္ပါတယ္။ ႏွစ္ေဟာင္းကေန ႏွစ္သစ္ကုိ ကူးေျပာင္းတဲ့ကာလကုိ “သၾကၤန္ကာလ”လုိ႔ ေခၚဆုိပါတယ္။ ပါဠိစကားလုံး”အႏၱ” မွ ဆင္းသက္လာတဲ့ “ေနာက္ဆုံး” လုိ႔ အဓိပၸာယ္ရတဲ့ အတာႏွင့္တြဲဖက္ၿပီးေတာ့လည္း “အတာသၾကၤန္” လုိ႔ ဆုိၾကပါေသးတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

အတာအုိးဆုိတာ ဘယ္လုိဟာ

သၾကၤန္ပြဲေတာ္ က်င္းပပုံနဲ႔ဆက္စပ္ၿပီး “အတာအုိး” အေၾကာင္းကုိလည္း ဗဟုသုတျဖစ္ဖြယ္ ေဖာ္ျပပါဦးမယ္။ အတာအုိးကုိ သၾကၤန္ေစာင့္ၾကဳိတဲ့အထိမ္းအမွတ္နဲ႔ သၾကၤန္မက်ခင္ ၾကဳိတင္ျပင္ဆင္ရပါတယ္။ ပန္း ၇မ်ဳိး ဒါမွမဟုတ္ရင္လည္း အညြန္႔ ၇ မ်ဳိးနဲ႔ ေရျပည့္အုိးမွာ ထည့္ၾကရပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

နံပါတ္၇ဆုိတာ ဘယ္လုိဟာ

နံပတ္ ၇ ဆုိတာက ၇ ရက္သားသမီးကုိ ကုိယ္စားျပဳတာျဖစ္ပါတယ္။ သၾကၤန္က်ၿပီဆုိတာနဲ႔ အတာအုိးကေရကုိ သြန္ၿပီး သၾကၤန္ပန္း၊ သၾကၤန္အညြန္႔ေတြကုိ အိမ္ဦး၀င္းထရံေတြမွာ ထုိးစုိက္ကာ ဆုေတာင္းၾကရတာ ျဖစ္ပါတယ္။ ဒီလုိဆုေတာင္းလုိက္မယ္ဆုိရင္ မေကာင္းတဲ့ ကံဆုိး၊ ကံညံ႔ေတြ ေပ်ာက္ကာ ကံဇာတာတက္လာၿပီး  လူမႈနယ္ပယ္မွာ ေအာင္ျမင္မယ္လုိ႔ ရုိးရာဓေလ့အရ ယုံၾကည္ၾကပါတယ္။ ၂၁ရာစုေခတ္မွာေတာ့ အတာအုိးထားျခင္းဓေလ့ကလည္း ျမန္မာလူမႈနယ္ပယ္မွာ ကြယ္ေပ်ာက္စျပဳလာပါျပီျဖစ္ပါတယ္။

အကုိးအကား ။ အရွင္နႏၵ၀ံသ (ေဇယ်သုခ ဓမၼရိပ္သာ)

၁၃၇၉ခုႏွစ္ မဟာသႀကၤန္စာ

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အတာအိုးဆိုတာ ဘာကိုခေါ်တာလဲ

“ကူးပြောင်းခြင်း၊ပြောင်းရွှေ့ခြင်း” လို့ အဓိပ္ပာယ်ရတဲ့ ပါဠိဘာသာစကား “သင်္ကန္တ” ကို မြန်မာမှုပြုပြီးတော့ “သင်္ကြန်” လို့ခေါ်တာ ဖြစ်ပါတယ်။ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ကာလကို “သင်္ကြန်ကာလ”လို့ ခေါ်ဆိုပါတယ်။ ပါဠိစကားလုံး”အန္တ” မှ ဆင်းသက်လာတဲ့ “နောက်ဆုံး” လို့ အဓိပ္ပာယ်ရတဲ့ အတာနှင့်တွဲဖက်ပြီးတော့လည်း “အတာသင်္ကြန်” လို့ ဆိုကြပါသေးတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

အတာအိုးဆိုတာ ဘယ်လိုဟာ

သင်္ကြန်ပွဲတော် ကျင်းပပုံနဲ့ဆက်စပ်ပြီး “အတာအိုး” အကြောင်းကိုလည်း ဗဟုသုတဖြစ်ဖွယ် ဖော်ပြပါဦးမယ်။ အတာအိုးကို သင်္ကြန်စောင့်ကြိုတဲ့အထိမ်းအမှတ်နဲ့ သင်္ကြန်မကျခင် ကြိုတင်ပြင်ဆင်ရပါတယ်။ ပန်း ၇မျိုး ဒါမှမဟုတ်ရင်လည်း အညွန့် ၇ မျိုးနဲ့ ရေပြည့်အိုးမှာ ထည့်ကြရပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

နံပါတ်၇ဆိုတာ ဘယ်လိုဟာ

နံပတ် ၇ ဆိုတာက ၇ ရက်သားသမီးကို ကိုယ်စားပြုတာဖြစ်ပါတယ်။ သင်္ကြန်ကျပြီဆိုတာနဲ့ အတာအိုးကရေကို သွန်ပြီး သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တွေကို အိမ်ဦးဝင်းထရံတွေမှာ ထိုးစိုက်ကာ ဆုတောင်းကြရတာ ဖြစ်ပါတယ်။ ဒီလိုဆုတောင်းလိုက်မယ်ဆိုရင် မကောင်းတဲ့ ကံဆိုး၊ ကံညံ့တွေ ပျောက်ကာ ကံဇာတာတက်လာပြီး  လူမှုနယ်ပယ်မှာ အောင်မြင်မယ်လို့ ရိုးရာဓလေ့အရ ယုံကြည်ကြပါတယ်။ ၂၁ရာစုခေတ်မှာတော့ အတာအိုးထားခြင်းဓလေ့ကလည်း မြန်မာလူမှုနယ်ပယ်မှာ ကွယ်ပျောက်စပြုလာပါပြီဖြစ်ပါတယ်။

အကိုးအကား ။ အရှင်နန္ဒဝံသ (ဇေယျသုခ ဓမ္မရိပ်သာ)

၁၃၇၉ခုနှစ် မဟာသင်္ကြန်စာ

ကျော်စိုးအောင် (အခရာ)

www.akhayar.com