[Zawgyi] 

Mazda လို႔ေျပာလိုက္တာနဲ႔ လမ္းေတြေပၚမွာ ေတြ႕ရမ်ားတဲ့ Mazda 3 ၊ Mazda 6 နဲ႔ Mazda CX-5 တို႔လို ကားေတြကို ေျပးျမင္မိၾကမွာပါ။ Mazda ဆိုတာ လြန္ခဲ့တဲ့ ၉၈ ႏွစ္ေက်ာ္က စတင္တည္ေထာင္ခဲ့တဲ့ ဂ်ပန္ႏိုင္ငံ အေျခစိုက္ ေမာ္ေတာ္ကားကုမၸဏီႀကီးျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ Mazda ဟာ Mazda cares for you, Mazda car for the family. ဆိုတဲ့ ေဆာင္ပုဒ္ေတြနဲ႔အညီ ယံုၾကည္စိတ္ခ်ရဆံုး ကား Brand တစ္ခုအျဖစ္ ရပ္တည္ေနၿပီပဲျဖစ္ပါတယ္။ 

ျပည္တြင္းေစ်းကြက္မွာလည္း Mazda Myanmar က တရားဝင္ ရွိေနၿပီျဖစ္တာေၾကာင့္ လမ္းေပၚမွာ Mazda ကားေတြကို အရင္ကထက္ ပိုၿပီးေတြ႕လာရပါၿပီ။ Mazda ကားေတြမွာသံုးထားတဲ့ SKYACTIV ဆိုတဲ့ နည္းပညာေတြက ကားမွာပါတဲ့ အဓိကအစိတ္အပိုင္းေတြအတြက္ဖန္တီးေပးထားတာျဖစ္ၿပီး  ေမာ္ေတာ္ယာဥ္အသံုးျပဳေနစဥ္ အႏၱရာယ္ကင္းရွင္းေရးနဲ႔ စက္သံုးဆီေႁခြတာေရးအပိုင္းေတြမွာ အေထာက္အကူျဖစ္ေစပါတယ္။ 

Mazda ဖန္တီးထားတဲ့ SKYACTIV နည္းပညာေအာက္မွာေတာ့ Engine ၊ Drive (Transmission) ၊ Chassis နဲ႔ Body ဆိုၿပီး တစ္ဆင့္ျခင္း ခြဲထားပါေသးတယ္။ 

Engine ပိုင္းနဲ႔ပတ္သက္လို႔ေတာ့ Mazda ရဲ႕ SKYACTIV-G နည္းပညာက ဆီအသံုးျပဳမႈကို  ေလွ်ာ့ခ်ေပးရင္း Engine စြမ္းေဆာင္ရည္ကိုသာမန္ Engine ေတြထက္ ပိုေကာင္းေအာင္ လုပ္ေပးထားတာပါ။ အဲ့ဒီအတြက္ေၾကာင့္ ေမာင္းႏွင္တဲ့အခါမွာလည္း စိတ္ေက်နပ္ေစသလို ဆီစားႏႈန္းကိုလည္းသက္သာေစပါတယ္။ 

ကားတစ္စီးကို ေမာင္းႏွင္ေစဖို႔အတြက္ Transmission က အခရာက်ပါတယ္။ Transmission က ကားကို အရွိန္အမ်ိဳးမ်ိဳးမွာ ေခ်ာေမြ႕ေအာင္ေမာင္းႏွင္ႏိုင္ေစဖို႔အျပင္ ဆီအသံုးျပဳတဲ့အပိုင္းမွာလည္း အေရးပါပါတယ္။ SKYACTIV-Drive ဆိုတဲ့နည္းပညာေၾကာင့္ Mazda ကားေတြမွာပါတဲ့ Transmission ေတြက ေမာင္းႏွင္တဲ့အခါ ေခ်ာေမြ႔မႈနဲ႔ ၿမိဳ႕တြင္းေမာင္းႏွင္မႈလို အရွိန္ေႏွးတဲ့အခါေတြမွာ ဆီစားသက္သာေစမႈေတြအတြက္ အေထာက္အကူျဖစ္ေအာင္ ဖန္တီးေပးထားတာပါ။

ကားတစ္စီးရဲ႕ ကိုယ္ထည္ႀကံခိုင္မႈအတြက္ SKYACTIV-Body နည္းပညာက အေထာက္အကူျဖစ္ေအာင္ အားျဖည့္ေပးထားပါတယ္။ ေတာင့္တင္းၿပီး ေပါ့ပါးတဲ့ကားကိုယ္ထည္က ေမာင္းႏွင္တဲ့အခါတိုင္းမွာ ေ ပ်ာ္စရာေကာင္းၿပီး အႏၱရာယ္ကင္းေစမွာပါ။ SKYACTIV-Chasis နည္းပညာေၾကာင့္လည္း  ျမန္ႏႈန္းအမ်ိဳးမ်ိဳးနဲ႔ ကားကိုေမာင္းႏွင္ေနတဲ့အခါမွာ ကားကိုယ္ထည္တည္ၿငိမ္ေစဖို႔နဲ႔ အေတြ႕အႀကံဳေကာင္းကိုရႏိုင္ေစဖို႔အတြက္ အေသးစိတ္တြက္ခ်က္ၿပီး ဖန္တီးေပးထားတာေၾကာင့္ Mazda ကားေတြကို ေမာင္းႏွင္တဲ့အခါတိုင္း စိတ္ေက်နပ္စရာအခိုက္အတန္႔ေတြကိုခံစားရင္း ကိုယ္သြားခ်င္တဲ့ေနရာကို အေရာက္သြားႏိုင္ေတာ့မွာပါ။ 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Mazda ကားတွေမှာ တွေ့ရတတ်တဲ့ SKYACTIV ဆိုတဲ့နည်းပညာက ဘာလဲ

Mazda လို့ပြောလိုက်တာနဲ့ လမ်းတွေပေါ်မှာ တွေ့ရများတဲ့ Mazda 3 ၊ Mazda 6 နဲ့ Mazda CX-5 တို့လို ကားတွေကို ပြေးမြင်မိကြမှာပါ။ Mazda ဆိုတာ လွန်ခဲ့တဲ့ ၉၈ နှစ်ကျော်က စတင်တည်ထောင်ခဲ့တဲ့ ဂျပန်နိုင်ငံ အခြေစိုက် မော်တော်ကားကုမ္ပဏီကြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ Mazda ဟာ Mazda cares for you, Mazda car for the family. ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့အညီ ယုံကြည်စိတ်ချရဆုံး ကား Brand တစ်ခုအဖြစ် ရပ်တည်နေပြီပဲဖြစ်ပါတယ်။ 

ပြည်တွင်းဈေးကွက်မှာလည်း Mazda Myanmar က တရားဝင် ရှိနေပြီဖြစ်တာကြောင့် လမ်းပေါ်မှာ Mazda ကားတွေကို အရင်ကထက် ပိုပြီးတွေ့လာရပါပြီ။ Mazda ကားတွေမှာသုံးထားတဲ့ SKYACTIV ဆိုတဲ့ နည်းပညာတွေက ကားမှာပါတဲ့ အဓိကအစိတ်အပိုင်းတွေအတွက်ဖန်တီးပေးထားတာဖြစ်ပြီး  မော်တော်ယာဉ်အသုံးပြုနေစဉ် အန္တရာယ်ကင်းရှင်းရေးနဲ့ စက်သုံးဆီခြွေတာရေးအပိုင်းတွေမှာ အထောက်အကူဖြစ်စေပါတယ်။ 

Mazda ဖန်တီးထားတဲ့ SKYACTIV နည်းပညာအောက်မှာတော့ Engine ၊ Drive (Transmission) ၊ Chassis နဲ့ Body ဆိုပြီး တစ်ဆင့်ခြင်း ခွဲထားပါသေးတယ်။ 

Engine ပိုင်းနဲ့ပတ်သက်လို့တော့ Mazda ရဲ့ SKYACTIV-G နည်းပညာက ဆီအသုံးပြုမှုကို  လျှော့ချပေးရင်း Engine စွမ်းဆောင်ရည်ကိုသာမန် Engine တွေထက် ပိုကောင်းအောင် လုပ်ပေးထားတာပါ။ အဲ့ဒီအတွက်ကြောင့် မောင်းနှင်တဲ့အခါမှာလည်း စိတ်ကျေနပ်စေသလို ဆီစားနှုန်းကိုလည်းသက်သာစေပါတယ်။ 

ကားတစ်စီးကို မောင်းနှင်စေဖို့အတွက် Transmission က အခရာကျပါတယ်။ Transmission က ကားကို အရှိန်အမျိုးမျိုးမှာ ချောမွေ့အောင်မောင်းနှင်နိုင်စေဖို့အပြင် ဆီအသုံးပြုတဲ့အပိုင်းမှာလည်း အရေးပါပါတယ်။ SKYACTIV-Drive ဆိုတဲ့နည်းပညာကြောင့် Mazda ကားတွေမှာပါတဲ့ Transmission တွေက မောင်းနှင်တဲ့အခါ ချောမွေ့မှုနဲ့ မြို့တွင်းမောင်းနှင်မှုလို အရှိန်နှေးတဲ့အခါတွေမှာ ဆီစားသက်သာစေမှုတွေအတွက် အထောက်အကူဖြစ်အောင် ဖန်တီးပေးထားတာပါ။

ကားတစ်စီးရဲ့ ကိုယ်ထည်ကြံခိုင်မှုအတွက် SKYACTIV-Body နည်းပညာက အထောက်အကူဖြစ်အောင် အားဖြည့်ပေးထားပါတယ်။ တောင့်တင်းပြီး ပေါ့ပါးတဲ့ကားကိုယ်ထည်က မောင်းနှင်တဲ့အခါတိုင်းမှာ ေ ပျာ်စရာကောင်းပြီး အန္တရာယ်ကင်းစေမှာပါ။ SKYACTIV-Chasis နည်းပညာကြောင့်လည်း  မြန်နှုန်းအမျိုးမျိုးနဲ့ ကားကိုမောင်းနှင်နေတဲ့အခါမှာ ကားကိုယ်ထည်တည်ငြိမ်စေဖို့နဲ့ အတွေ့အကြုံကောင်းကိုရနိုင်စေဖို့အတွက် အသေးစိတ်တွက်ချက်ပြီး ဖန်တီးပေးထားတာကြောင့် Mazda ကားတွေကို မောင်းနှင်တဲ့အခါတိုင်း စိတ်ကျေနပ်စရာအခိုက်အတန့်တွေကိုခံစားရင်း ကိုယ်သွားချင်တဲ့နေရာကို အရောက်သွားနိုင်တော့မှာပါ။ 

Min Than Htike (Akhayar)

www.akhayar.com