[Zawgyi] 

 

႐ံုးေတြ၊ ေက်ာင္းေတြမွာ Presentation ျပဳလုပ္တဲ့အခါ ေနရာေပၚမူတည္ၿပီး Whiteboard ဒါမွမဟုတ္ Projector ကိုအသံုးျပဳၿပီး အမ်ားကို ရွင္းျပရပါတယ္။ Whiteboard နဲ႔ Projector ကိုမသံုးခ်င္ဘူးဆိုရင္ေတာ့ TV အႀကီးႀကီးကို Computer နဲ႔ခ်ိတ္ၿပီး အသံုးျပဳလို႔ရပါေသးတယ္။ ဒါေပမယ့္ Whiteboard ၊ Projector နဲ႔ TV ေတြၾကားမွာ အျခားအစားထိုးသံုးစရာမရွိေတာ့ပါဘူး။ 

Surface Hub 2 Landscape

TV နဲ႔အနီးစပ္ဆံုးျဖစ္တဲ့ ထုတ္ကုန္တစ္ခုကို Microsoft က လြန္ခဲ့တဲ့ ၃ ႏွစ္က ထုတ္ျပခဲ့ပါတယ္။ Surface Hub လို႔နာမည္ေပးထားတဲ့ Interactive Whiteboard ႀကီးတစ္ခုပါ။ Display ေပၚမွာ Touch နဲ႔လည္း အသံုးျပဳႏိုင္သလို Stylus နဲ႔လည္း အသံုးျပဳလို႔ရပါတယ္။ လြယ္လြယ္ေျပာရရင္ေတာ့ TV နဲ႔ Whiteboard ကိုေပါင္းထားတဲ့ ထုတ္ကုန္တစ္ခုပါ။ 

Surface Hub 2 on Stand

Presentation တစ္ခုလုပ္ဖို႔အတြက္ TV လည္းမလိုေတာ့သလို Projector လိုလည္း အလုပ္မ႐ႈပ္ေတာ့တဲ့ ထုတ္ကုန္တစ္ခုပါ။ အခုေတာ့ လြန္ခဲ့တဲ့ ၃ ႏွစ္ကထုတ္ခဲ့တဲ့ Surface Hub ထက္အမ်ားႀကီးပိုေကာင္းလာတဲ့ Surface Hub 2 ကို Microsoft က ေၾကညာလိုက္ပါၿပီ။ အရင္က Surface Hub ကိုေတာ့ Full HD 55 Inch Display ဒါမွမဟုတ္ 4K 84 Inch Display ဆိုၿပီး Version နွစ္မ်ိဳးထုတ္ေပးခဲ့ပါတယ္။ 

မၾကာခင္မွာ တရားဝင္မိတ္ဆက္ေတာ့မယ့္ Surface Hub 2 အသစ္နဲ႔ပတ္သက္တဲ့ Spec ေတြကိုေတာ့ Microsoft ကေၾကညာထားျခင္းမရွိေသးပါဘူး။ ထူးျခားခ်က္အေနနဲ႔ကေတာ့ TV ေတြလို နံရံမွာအေသကပ္ထားတာမ်ိဳးမဟုတ္ဘဲ လိုအပ္သလို လွည့္လို႔ရပါတယ္။ အလ်ားလိုက္သံုးခ်င္ရင္ပဲျဖစ္ျဖစ္ ေဒါင္လိုက္ သံုးဖုိ႔လိုအပ္ရင္ပဲျဖစ္ျဖစ္ အဆင္ေျပသြားပါၿပီ။ Surface Hub ေတြအမ်ားႀကီးကိုလည္း ခ်ိတ္ဆက္ၿပီး တစ္ၿပိဳက္နက္အသံုးျပဳႏိုင္ပါေသးတယ္။

4 Tiles of Surface Hub 2

Software ကေတာ့ Windows 10 ကိုအေျခခံထားတဲ့ Custom OS တစ္ခုကို အသံုးျပဳထားတယ္လို႔သိရပါတယ္။ Video Call ေတြမွာ ျပတ္ျပတ္သားသားျမင္ႏိုင္ေစဖို႔ 4K Camera လည္း ပါဝင္ပါေသးတယ္။ အဖြဲ႔အစည္းနဲ႔ အလုပ္လုပ္သူေတြအတြက္ရည္ရြယ္ထားတဲ့အတြက္ Fingerprint Scanner ထည့္ေပးထားပါတယ္။ တစ္ေယာက္ခ်င္းစီရဲ႕ Fingerprint နဲ႔ သက္ဆိုင္ရာ User Account ကို အလြယ္တကူဝင္လို႔ရပါတယ္။ Surface Hub 2 ကို နံရံမွာတပ္ထားလို႔ရသလို Stand တစ္ခုမွာတင္ၿပီး အသံုးျပဳလို႔လည္းရတဲ့အတြက္ ေနရာက်ဥ္းတဲ့ ႐ံုးခန္းေတြအတြက္လည္း အဆင္ေျပပါတယ္။ တပ္ဆင္ရတာ၊ သယ္ရတာလြယ္ကူေအာင္ ထုပ္လုပ္ေပးထားပါတယ္။ ေအာက္မွာေတာ့ Microsoft ရဲ႕ Video ေလးကို ၾကည့္ႏိုင္ပါတယ္။ 

Ref: Microsoft

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Microsoft ရဲ့ နောက်ထွက်မယ့် Surface Hub 2 ဆိုတာ ဘာလဲ

ရုံးတွေ၊ ကျောင်းတွေမှာ Presentation ပြုလုပ်တဲ့အခါ နေရာပေါ်မူတည်ပြီး Whiteboard ဒါမှမဟုတ် Projector ကိုအသုံးပြုပြီး အများကို ရှင်းပြရပါတယ်။ Whiteboard နဲ့ Projector ကိုမသုံးချင်ဘူးဆိုရင်တော့ TV အကြီးကြီးကို Computer နဲ့ချိတ်ပြီး အသုံးပြုလို့ရပါသေးတယ်။ ဒါပေမယ့် Whiteboard ၊ Projector နဲ့ TV တွေကြားမှာ အခြားအစားထိုးသုံးစရာမရှိတော့ပါဘူး။ 

Surface Hub 2 Landscape

TV နဲ့အနီးစပ်ဆုံးဖြစ်တဲ့ ထုတ်ကုန်တစ်ခုကို Microsoft က လွန်ခဲ့တဲ့ ၃ နှစ်က ထုတ်ပြခဲ့ပါတယ်။ Surface Hub လို့နာမည်ပေးထားတဲ့ Interactive Whiteboard ကြီးတစ်ခုပါ။ Display ပေါ်မှာ Touch နဲ့လည်း အသုံးပြုနိုင်သလို Stylus နဲ့လည်း အသုံးပြုလို့ရပါတယ်။ လွယ်လွယ်ပြောရရင်တော့ TV နဲ့ Whiteboard ကိုပေါင်းထားတဲ့ ထုတ်ကုန်တစ်ခုပါ။ 

Surface Hub 2 on Stand

Presentation တစ်ခုလုပ်ဖို့အတွက် TV လည်းမလိုတော့သလို Projector လိုလည်း အလုပ်မရှုပ်တော့တဲ့ ထုတ်ကုန်တစ်ခုပါ။ အခုတော့ လွန်ခဲ့တဲ့ ၃ နှစ်ကထုတ်ခဲ့တဲ့ Surface Hub ထက်အများကြီးပိုကောင်းလာတဲ့ Surface Hub 2 ကို Microsoft က ကြေညာလိုက်ပါပြီ။ အရင်က Surface Hub ကိုတော့ Full HD 55 Inch Display ဒါမှမဟုတ် 4K 84 Inch Display ဆိုပြီး Version နှစ်မျိုးထုတ်ပေးခဲ့ပါတယ်။

မကြာခင်မှာ တရားဝင်မိတ်ဆက်တော့မယ့် Surface Hub 2 အသစ်နဲ့ပတ်သက်တဲ့ Spec တွေကိုတော့ Microsoft ကကြေညာထားခြင်းမရှိသေးပါဘူး။ ထူးခြားချက်အနေနဲ့ကတော့ TV တွေလို နံရံမှာအသေကပ်ထားတာမျိုးမဟုတ်ပဲ လိုအပ်သလို လှည့်လို့ရပါတယ်။ အလျားလိုက်သုံးချင်ရင်ပဲဖြစ်ဖြစ် ဒေါင်လိုက် သုံးဖို့လိုအပ်ရင်ပဲဖြစ်ဖြစ် အဆင်ပြေသွားပါပြီ။ Surface Hub တွေအများကြီးကိုလည်း ချိတ်ဆက်ပြီး တစ်ပြိုက်နက်အသုံးပြုနိုင်ပါသေးတယ်။

4 Tiles of Surface Hub 2

Software ကတော့ Windows 10 ကိုအခြေခံထားတဲ့ Custom OS တစ်ခုကို အသုံးပြုထားတယ်လို့သိရပါတယ်။ Video Call တွေမှာ ပြတ်ပြတ်သားသားမြင်နိုင်စေဖို့ 4K Camera လည်း ပါဝင်ပါသေးတယ်။ အဖွဲ့အစည်းနဲ့ အလုပ်လုပ်သူတွေအတွက်ရည်ရွယ်ထားတဲ့အတွက် Fingerprint Scanner ထည့်ပေးထားပါတယ်။ တစ်ယောက်ချင်းစီရဲ့ Fingerprint နဲ့ သက်ဆိုင်ရာ User Account ကို အလွယ်တကူဝင်လို့ရပါတယ်။ Surface Hub 2 ကို နံရံမှာတပ်ထားလို့ရသလို Stand တစ်ခုမှာတင်ပြီး အသုံးပြုလို့လည်းရတဲ့အတွက် နေရာကျဉ်းတဲ့ ရုံးခန်းတွေအတွက်လည်း အဆင်ပြေပါတယ်။ တပ်ဆင်ရတာ၊ သယ်ရတာလွယ်ကူအောင် ထုပ်လုပ်ပေးထားပါတယ်။ အောက်မှာတော့ Microsoft ရဲ့ Video လေးကို ကြည့်နိုင်ပါတယ်။ 

Ref: Microsoft

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။