[Zawgyi] 







Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Apple ရဲ့ Mac ကြော်ငြာတွေနောက်ကွယ်မှာ ဘယ်လိုအဓိပ္ပါယ်တွေ ပါမယ်ထင်သလဲ

WWDC ပွဲကြီးပြီးသွားတာ မကြာသေးပါဘူး။ 2018 အတွက် Hardware ပိုင်း နည်းနည်းအဆင့်မြှင့်ပေးထားတဲ့ Mac အသစ်တွေကို မိတ်ဆက်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် Mac နဲ့ပတ်သက်လို့ macOS အသစ်ကလွဲပြီး ဘာမှမိတ်ဆက်ခဲ့ခြင်းမရှိပါဘူး။ 

Mac တွေကို အသုံးပြုရင်း လက်တွေ့ဘဝမှာ ကိုယ်လုပ်ချင်တာလုပ်ရင်း ဖြတ်သန်းနေကြသူတွေရဲ့ရှုထောင့်ကနေ ရိုက်ပြထားတဲ့ Behind The Mac ဆိုတဲ့ Video တွေကို YouTube မှာ တင်ခဲ့ပါတယ်။ တစ်ခုခုကို ဖန်တီးဖို့ကြိုးစားနေကြသူတွေဖြစ်ပြီး Mac ရဲ့နောက်မှာ အလုပ်ရှုတ်နေကြသူတွေအဖြစ် တွေ့ရမှာပါ။ Video တွေထဲမှာတော့ အမြင်အာရုံချို့ယွင်းနေတဲ့ ဓာတ်ပုံသမားတစ်ဦး၊ Code ရေးတဲ့ Developer နဲ့ သီချင်းဖန်တီးရှင်တစ်ဦးတို့ကို တွေ့ရမှာပါ။

ဒီ Video မှာတော့ ဓာတ်ပုံသမားတစ်ဦးရှုထောင့်ကနေ Mac ရဲ့ အထောက်အကူဖြစ်ပုံကို ပြသွားပါတယ်။ Bruce Hall ဆိုသူက အမြင်အာရုံချို့ယွင်းနေသူတစ်ယောက်ဖြစ်ပြီး ဓာတ်ပုံဖန်တီးရတာ ဝါသနာပါသူဖြစ်ပါတယ်။ Mac ဟာ သူ့ကို ဘယ်လိုအထောက်အကူဖြစ်စေသလဲဆိုတာ ပြောသွားပါတယ်။

ဒီ Video မှာ Code ရေးတဲ့ လူငယ်တစ်ယောက်အကြောင်း ကိုဖော်ပြထားပါတယ်။ သူရေးပေးထားတဲ့ App ကြောင့် ပတ်ဝန်းကျင်က ဆိုင်ကယ် Taxi သမားတွေအကြောင်း ငှားမယ့်လူက အလွယ်တကူသိနိုင်လာပါတယ်။ Mac ကိုအသုံးပြုပြီး ဖန်တီးထားတဲ့ App တေစ်ခုပါ။

ဒါကတော့ ဂီတဖန်တီးမှုတွေကို ပြုလုပ်နေသူ တစ်ယောက်ရဲ့နေရာကနေ ရိုက်ကူးပေးသွားပါတယ်။ Grimes ဆိုတဲ့ ကောင်မလေးတစ်ယောက်ကတော့ သူ့ရဲ့ဖန်တီးမှုအတွေအတွက် အဟန့်အတားတွေရှိတာကို မလိုအပ်သူတစ်ယောက်ပါ။ သူ့အတွက် Mac က ဘယ်နေရာကနေ အထောက်အကူပြုတယ်ဆိုတာ ရိုက်ပြသွားတာပါ။

Apple ကတော့ Mac နဲ့ပတ်သက်လို့ ရှေ့ဆက်မယ့် ချေလှမ်းက ဘယ်လိုလာဦးမလဲဆိုတာ ဒီ ကြောငြာတွေကြည့်ပြီးစဉ်းစားစရာပါ။ Mac တွေက လက်ရှိဈေးကွက်ထဲမှာပေါများလာပြီဖြစ်တဲ့ Windows Laptop တွေလောက် စွမ်းဆောင်ရည်မမြင့်သလို ဈေးလည်း ပိုများတယ်လို့ခံစားနေရပါသေးတယ်။ ဈေးကွက်လေ့လာသူတွေကတော့ Mac တွေက သက်တမ်းသိပ်မကျန်တော့ဘူးဆိုတာမျိုးတွေ ပြောလေ့ရှိပါတယ်။ သင့်အနေနဲ့ Mac တွေနဲ့ပတ်သက်လို့ ဒီကြောငြာတွေရဲ့နောက်ကွယ်မှာ Apple ဘာကိုဆိုလိုချင်သလဲဆိုတာသိရင် ပြောပြခဲ့လို့ရပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။