[Zawgyi]

Sunscreen နဲ႔ Sunblock တုိ႔ရဲ႕ျခားနားခ်က္က ဘာေတြလဲ

မိန္းကေလးေတြဟာ ျဖဴစင္ေခ်ာေမြ႔တဲ႔ ျပစ္မ်ဳိးမွဲ႔မထင္ အသားအေရကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ေန႔စဥ္အလွအပထိန္းသိမ္းမႈေတြကို ဂရုတစိုက္ျပဳလုပ္ၾကပါတယ္။ အဲဒီလိုထိန္းသိမ္းတဲ႔အခါမ်ဳိးမွာ ေနေရာင္ျခည္မွာ ပါဝင္တဲ႔ ခရမ္းလြန္ေရာင္ျခည္ (UV Rays)နဲ႔ တုိက္ရုိက္မထိေစဖို႔ ဂရုတစိုက္ ထိန္းသိမ္းရပါတယ္။ ခရမ္းလြန္ေရာင္ျခည္ (UV Rays) ထိၿပီး ေနေလာင္ဒဏ္မခံရေစဖို႔အတြက္ မိန္းကေလးေတြဟာ ေန႔စဥ္ Sunscreen (သုိ႔) Sunblock တို႔လို ေနေလာင္ဒဏ္ကာကြယ္ေပးတဲ႔ Skincare Product ေတြကို အလွအပေရးရာမွာ မရွိမျဖစ္ ထည္႔သြင္းအသံုးျပဳရပါတယ္။ အဲဒီလို အသံုးျပဳၾကတဲ႔အခါမွာ တခ်ဳိ႕က Sunscreen နဲ႔ Sunblock ကိုအတူတူထင္ၿပီး ဘယ္ဟာပဲျဖစ္ျဖစ္ဆိုၿပီး အသံုးျပဳၾကတာ ေတြ႔ရပါတယ္။ အမွန္မွာေတာ့ ဒီႏွစ္ခုဟာ ကဲြျပားတဲ႔အတြက္ ကဲြျပားျခားနားခ်က္ကို ေသေသခ်ာခ်ာသိရွိနားလည္ထားၿပီး ကိုယ့္လုိအပ္ခ်က္နဲ႔ ကိုက္ညီတဲ႔ အမ်ဳိးအစားကို ေရြးခ်ယ္ဝယ္ယူ သံုးစဲြသင္႔ပါတယ္။ အဲဒီလို ေရြးခ်ယ္ဝယ္ယူသံုးစဲြႏိုင္ဖို႔အတြက္ ကဲြျပားျခားနာခ်က္ေတြကို ေလ့လာၾကည့္လုိက္ၾကရေအာင္….

Sunblock နဲ႔ Sunscreen ဟာ ကဲြျပားျခားနားတဲ႔ ေနေရာင္ဒဏ္ကာကြယ္လိမ္း Lotion အမ်ဳိးအစားေတြပဲ ျဖစ္ပါတယ္။ Sunblock က Organic ပစၥည္းေတြနဲ႔ေကာ Non-organic ပစၥည္းေတြနဲ႔ေကာ ေပါင္းစပ္ျပဳလုပ္ထားၿပီး အေရျပားကို ဒိုင္းလို အကာကြယ္ျပဳလုပ္ေပးထားပါတယ္။ Sunscreen မွာ ပါဝင္တဲ့ PABA( para- aminobenzoic Acid) က အခန္႔မသင့္ရင္ အေရျပားကို ဓာတ္မတည္႔မႈေတြ၊ Allegries ေတြ ျဖစ္္ေစတတ္ပါတယ္။ ဒါေၾကာင့္မို႔ ကိုယ္ရဲ႕အသားအေရက Sensitive ျဖစ္လြယ္တတ္ဆိုရင္ Sunscreen အစား Sunblock ကို အသံုးျပဳေပးလုိ႔ ရပါတယ္။ ဒါအျပင္ Sunblock ဟာ အသားအေရဆီကို UVB rays မေရာက္ရွိလာေစဖို႔အတြက္ အဓိက ကာကြယ္ေပးပါေသးတယ္။

Sunscreen မွာေတာ့ မ်က္ႏွာအသားအေရ အတြင္းပိုင္းအလႊာထိကို ပ်က္စီးေအာင္ျပဳလုပ္ႏိုင္တဲ႔ Ultraviolet A (UVA) rays ေတြဝင္ေရာက္လာမႈကို စုပ္ယူေပးႏုိင္တဲ႔ ပါဝင္ပစၥည္းေတြနဲ႔ ျပဳလုပ္ထားပါတယ္။ ဒါေၾကာင္႔မို႔ Sunscreen ကို ေတာ္ေတာ္မ်ားမ်ားက Chemical Sunscreen ဆိုၿပီး ေခၚတတ္ၾကပါတယ္။ Sunscreen ကို လိမ္းလုိက္တဲ႔အခါမ်ဳိးမွာ ေပါ့ေပါ့ပါးပါးရွိၿပီး လိမ္းထားမွန္း မသိသာေစပါဘူး။ ဒါေပမယ့္ Sunscreen ရဲ႕အားနည္းခ်က္ကေတာ့ ေနေရာင္ျခည္နဲ႔ အသားအေရထိေတြ႔ၿပီး အခ်ိန္အေတာ္ၾကာလာရင္ အာနိသင္ပ်က္ျပယ္သြားတတ္တဲ႔အတြက္ ျပန္ျပန္ၿပီးေတာ့ လိမ္းေပးဖုိ႔ လိုအပ္ျခင္းပဲ ျဖစ္ပါတယ္။

Sunscreen နဲ႔ Sunblock ႏွစ္ခုစလံုးကေတာ့ အသားအေရကုိ ေနေလာင္ဒဏ္မခံရေစဖုိ႔အတြက္ ကာကြယ္ေပးတဲ့ ပစၥည္းေတြပဲ ျဖစ္ပါတယ္။ အကယ္၍ အသားအေရက အထိခိုက္မခံဘူး Sensitive ျဖစ္လြယ္တယ္ဆိုရင္ေတာ့ ပါဝင္ပစၥည္းေတြကို ေသခ်ာေရြးခ်ယ္ၿပီး အသံုးျပဳေပးသင္႔ပါတယ္။ သာမန္အသားအေရမ်ဳိးပဲရွိတယ္ဆိုရင္ေတာ့ ကိုယ္ႀကိဳက္ႏွစ္သက္တဲ႔ အမ်ဳိးအစားကုိ စိတ္ႀကိဳက္ေရြးခ်ယ္ၿပီး ဝယ္ယူအသံုးျပဳေပးလို႔ ရပါတယ္။ ပရိသတ္ႀကီးေကာ ဘယ္လိုအခ်က္ေတြနဲ႔ ေနေလာင္ဒဏ္ကာကြယ္ေဆးကို ေရြးခ်ယ္ၿပီး သံုးေလ့ရွိလဲဆိုတာကို ျပန္လည္မွ်ေဝေပးခဲ႔ပါဦး။

H.H(Akhayar)

www.akhayar.com

[Unicode]

Sunscreen နဲ့ Sunblock တို့ရဲ့ခြားနားချက်က ဘာတွေလဲ

မိန်းကလေးတွေဟာ ဖြူစင်ချောမွေ့တဲ့ ပြစ်မျိုးမှဲ့မထင် အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက် နေ့စဉ်အလှအပထိန်းသိမ်းမှုတွေကို ဂရုတစိုက်ပြုလုပ်ကြပါတယ်။ အဲဒီလိုထိန်းသိမ်းတဲ့အခါမျိုးမှာ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် (UV Rays)နဲ့ တိုက်ရိုက်မထိစေဖို့ ဂရုတစိုက် ထိန်းသိမ်းရပါတယ်။ ခရမ်းလွန်ရောင်ခြည် (UV Rays) ထိပြီး နေလောင်ဒဏ်မခံရစေဖို့အတွက် မိန်းကလေးတွေဟာ နေ့စဉ် Sunscreen (သို့) Sunblock တို့လို နေလောင်ဒဏ်ကာကွယ်ပေးတဲ့ Skincare Product တွေကို အလှအပရေးရာမှာ မရှိမဖြစ် ထည့်သွင်းအသုံးပြုရပါတယ်။ အဲဒီလို အသုံးပြုကြတဲ့အခါမှာ တချို့က Sunscreen နဲ့ Sunblock ကိုအတူတူထင်ပြီး ဘယ်ဟာပဲဖြစ်ဖြစ်ဆိုပြီး အသုံးပြုကြတာ တွေ့ရပါတယ်။ အမှန်မှာတော့ ဒီနှစ်ခုဟာ ကွဲပြားတဲ့အတွက် ကွဲပြားခြားနားချက်ကို သေသေချာချာသိရှိနားလည်ထားပြီး ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အမျိုးအစားကို ရွေးချယ်ဝယ်ယူ သုံးစွဲသင့်ပါတယ်။ အဲဒီလို ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ဖို့အတွက် ကွဲပြားခြားနာချက်တွေကို လေ့လာကြည့်လိုက်ကြရအောင်….

Sunblock နဲ့ Sunscreen ဟာ ကွဲပြားခြားနားတဲ့ နေရောင်ဒဏ်ကာကွယ်လိမ်း Lotion အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Sunblock က Organic ပစ္စည်းတွေနဲ့ကော Non-organic ပစ္စည်းတွေနဲ့ကော ပေါင်းစပ်ပြုလုပ်ထားပြီး အရေပြားကို ဒိုင်းလို အကာကွယ်ပြုလုပ်ပေးထားပါတယ်။ Sunscreen မှာ ပါဝင်တဲ့ PABA( para- aminobenzoic Acid) က အခန့်မသင့်ရင် အရေပြားကို ဓာတ်မတည့်မှုတွေ၊ Allegries တွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ရဲ့အသားအရေက Sensitive ဖြစ်လွယ်တတ်ဆိုရင် Sunscreen အစား Sunblock ကို အသုံးပြုပေးလို့ ရပါတယ်။ ဒါအပြင် Sunblock ဟာ အသားအရေဆီကို UVB rays မရောက်ရှိလာစေဖို့အတွက် အဓိက ကာကွယ်ပေးပါသေးတယ်။

Sunscreen မှာတော့ မျက်နှာအသားအရေ အတွင်းပိုင်းအလွှာထိကို ပျက်စီးအောင်ပြုလုပ်နိုင်တဲ့ Ultraviolet A (UVA) rays တွေဝင်ရောက်လာမှုကို စုပ်ယူပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားပါတယ်။ ဒါကြောင့်မို့ Sunscreen ကို တော်တော်များများက Chemical Sunscreen ဆိုပြီး ခေါ်တတ်ကြပါတယ်။ Sunscreen ကို လိမ်းလိုက်တဲ့အခါမျိုးမှာ ပေါ့ပေါ့ပါးပါးရှိပြီး လိမ်းထားမှန်း မသိသာစေပါဘူး။ ဒါပေမယ့် Sunscreen ရဲ့အားနည်းချက်ကတော့ နေရောင်ခြည်နဲ့ အသားအရေထိတွေ့ပြီး အချိန်အတော်ကြာလာရင် အာနိသင်ပျက်ပြယ်သွားတတ်တဲ့အတွက် ပြန်ပြန်ပြီးတော့ လိမ်းပေးဖို့ လိုအပ်ခြင်းပဲ ဖြစ်ပါတယ်။

Sunscreen နဲ့ Sunblock နှစ်ခုစလုံးကတော့ အသားအရေကို နေလောင်ဒဏ်မခံရစေဖို့အတွက် ကာကွယ်ပေးတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အကယ်၍ အသားအရေက အထိခိုက်မခံဘူး Sensitive ဖြစ်လွယ်တယ်ဆိုရင်တော့ ပါဝင်ပစ္စည်းတွေကို သေချာရွေးချယ်ပြီး အသုံးပြုပေးသင့်ပါတယ်။ သာမန်အသားအရေမျိုးပဲရှိတယ်ဆိုရင်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အမျိုးအစားကို စိတ်ကြိုက်ရွေးချယ်ပြီး ဝယ်ယူအသုံးပြုပေးလို့ ရပါတယ်။ ပရိသတ်ကြီးကော ဘယ်လိုအချက်တွေနဲ့ နေလောင်ဒဏ်ကာကွယ်ဆေးကို ရွေးချယ်ပြီး သုံးလေ့ရှိလဲဆိုတာကို ပြန်လည်မျှဝေပေးခဲ့ပါဦး။

H.H(Akhayar)

www.akhayar.com